Showing posts with label PC. Show all posts
Showing posts with label PC. Show all posts

Sunday, August 7, 2022

Digimon Survive

Digimon Survive First Playthrough တော့ပြီးသွားပြီ Non Spoiler Review လေးတင်ချင်လို့ပါ


Digimon Survive ကိုအစက သိပ်စိတ်မ၀င်စားခဲ့ဘူး Digimon နဲ့ X com tactical gameplay မလိုက်ဘူးထင်လို့‌ ဒါပေမဲ့ ကိုယ်တိုင်ကလဲ Digimon fan ဖြစ်နေတော့ ဘာပဲဖြစ်ဖြစ် ဆော့ဖူးတယ်ရှိ‌ေအာင် ဆော့လိုက်တာပါ။ အဓိက အားရတာက Visual Novel Story ကတော်တော်ကောင်းပါတယ် Character တစ်ယောက်ချင်းစီရဲ့ Role က ကျန်နေခဲ့တာမျိုးမရှိအောင် ဖန်တီးထားပါတယ်။

Thursday, January 21, 2021

Tom Clancy's Ghost Recon Phantom Review

 

Tom Clancy's Ghost Recon Phantom ဟာ April 10, 2014 မှာ ထုတ်ဝေခဲ့တဲ့ Free to play game တစ်ခုဖြစ်ပါတယ်။ Ghost Recon series တွေရဲ့ထုံးစံအတိုင်း 3rd person shooter ဖြစ်ပြီး ကောင်းမွန်တဲ့ cover mechanic လည်းပါဝင်ပါတယ်။ Ghost Recon fan တွေ အတွက်တော့ ဘာမှ အထူးအဆန်း မိတ်ဆက်ပေးစရာမလိုလောက်အောင် သိပြီးသားဖြစ်ကြမှာပါ။

Ghost Recon Phantom မှာ Assault, Recon နဲ့ Support ဆိုပြီး Class 3ခုရှိကြပြီး class တိုင်းဟာ တစ်ခုနဲ့တစ်ခု well balanced ဖြစ်ပါတယ်။ game mode တွေကတော့ point တွေကို တိုက်ခိုက်ရတာ ကာကွယ်ရတာနဲ့ သတ်မှတ်အချိန်အတွင်းထိန်းထားနိုင်အောင် ကြိုးစားရတာဆိုပြီး အစားစားရှိပါတယ်။ Ghost Recon Phantom ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆော့ရတာမဟုတ်ပဲ Teamwork ကိုအသားပေးတဲ့ game တစ်ခုဖြစ်တာကြောင့် သူငယ်ချင်းတွေစုပြီးကစားရင် ပိုပြီး ပျော်ဖို့ကောင်းမှာဖြစ်ပါတယ်။

Friday, January 1, 2021

Death Stranding Complete Review

 

Personal verdict 7/10
-----------------------------

Introduction
-----------------

Death Stranding ဟာဆိုရင်တော့ 2019 ရဲ့ AAA title Game တစ်ခုဖြစ်ပါတယ်။ Kojima Production အတွက်တော့ ပွဲဦးထွက် Game တစ်ခုဖြစ်ပြီး Creator က Hideo Kojima ဆိုတော့ Fan အားလုံးက မျှော်လင့်ထားတယ့် Game တစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း Game release လုပ်အပြီးမှာတော့ ‌ချီးမွန်းခံရတာရှိသလို ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ Mix review ပေါ့ positive လည်းမဟုတ်သလို Negative လို့လည်းပြောလို့မရပါဘူး။ Death Stranding ဟာ Limited time exclusive for PS4 ဖြစ်တယ့်အတွက် လောလောဆယ် PS4 မှာပဲထွက်ပါသေးတယ်။ 2020 မှာတော့ PC platform မှာထွက်မယ်လို့‌ကြေညာထားပါတယ်။ ဒီ Game ထွက်တာကတော့ November 2019 ကတည်းကပါ။ သို့သော်လည်း အလုပ်တွေမအားတာနဲ့ ကောင်းကောင်းအချိန်ပေး မဆော့နိုင်ခဲ့ပါဘူး။ ဒါကြောင့် မနေ့ကမှပြီးလို့ Complete Review လေးရေးလိုက်ပါတယ်။

Monday, June 29, 2020

Charm of Death Stranding


မင်းတို့ Death Stranding ကို walking stimulator ဆိုပီး ပျင်းစရာကြီး ဆိုပီး Blame နေပေမဲ့ Death Stranding မှာ Delivering လုပ်ရတဲ့ Feel ကို တစ်ကယ်ကစားကြည့်မှ သိပီး addicting ဖြစ်သွားမှာ.

Goods တွေကို တစ်နေ့ရာနဲ့ တစ်ရာပို့တဲ့အခါ လမ်းမှာ ပျင်းနေရတယ်လို့မရှိတဲ့ရဘူး.... ဘာလို့လဲဆိုတော့ မပို့ခင်မှာ လိုအပ်တာတွေ ပြင်ဆင်ရတယ်.ပြင်ဆင်ရေးလုပ်တဲ့အခါ လိုတဲ့ ladder.Rope.Weapon.Armor.Skeleton စတာတွေမပြင်ဆင်ပဲ သွားရင် goods တွေ Damage ထိပြီး mission point ရတာ အရမ်းနည်းမယ် mission fail မယ်. လမ်းမှာလဲ ဖြတ်ကျော်ရမဲ့ တောင်တန်းတွေ ကျောက်တွေ rainfall တွေ ပြီးတော့ ရန်သူတွေဖြစ်တဲ့ Beached things တွေ Mule တွေလဲ ရင်ဆိုင်ရမယ်. သူတို့ကို ရင်ဆိုင်ရင်းနဲ့ Deliver လုပ်တဲ့အခါမှာ goods တွေကို Balance ညီအောင်လဲ ထိန်းသိမ်းရသေးတယ် BB ကို stress မဖြစ်အောင် ထိန်းရသေးတယ်....

Monday, April 1, 2019

Sekiro : Shadow Die Twice Review

Personal Rating 9.5/10
-----------------------

ဒီဂိမ်းကတော့ တစ်ကမ္ဘာလုံးမှာ ခက်လှချည်ရဲ့ ဆိုပြီး လူပြောများ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ကယ်လည်းခက်ပါတယ်။ Developer ကတော့ Darksoul series တွေထုတ်ခဲ့တဲ့ Fromsoftware ကဆိုတော့ နံမည်မြင်တာနဲ့ ၉ ၀% က ခက်မယ်မှန်းသေချာနေပါပြီ။ ဒါမျိုးဂိမ်းကတော့ သာမာန် စိတ်အပန်းဖြေဖို့ ဂိမ်းဆော့မယ် ဆိုရင် အမှားကြီးမှားပါလိမ့်မယ်။ ဘာလို့ဆို ဒီဂိမ်းက Hardcore player တွေအတွက်ဖြစ်ပြီး ဆော့နေရင် Stress ပါတိုးပါလိမ့်မယ်။

Monday, March 4, 2019

Red Dead Redemption 2 Review

 
 
Red Dead Redemption 2 က Red Dead Redemption ရဲ့ Prequel Game ဖြစ်ပါတယ်။ ဒါပင်မဲ့ အခုခေတ် Gaming Technology ကို အပြည့်အ၀ သုံးချပြီး လုပ်ထားတာကြောင့် Red Dead Redemption 2 က Highly Detailed Wild West Openworld Game တစ်ခုဖြစ်လာခဲ့ပါတယ်။ Game ရဲ့ Story က ကိုယ်တိုင် ခံစားရမှ ကောင်းမှာမိုလို့ story ပိုင်းကို လျော့ရေးပြီ Gameplay ကို အသားပေးရေးလိုက်ပါတယ်။ ကျနော် ရေးသမျှ review တွေထဲမှာ အရှည်ဆုံးမိုလို့ ပြီးသည်အထိ သီးခံ ဖတ်ပေးကြပါ ဟီးဟီး။


Red Dead Redemption 2 က Prequel ဖြစ်တာကြောင့် Red Dead Redemption မကစားထားရင်တောင် ကစားလို့ရပါတယ်။ Red Dead Redemption 2 ကို အတိုကောက် RDR2 လို့ပဲ ပြောမယ်နော်။ ဒီတော့ RDR 2 က Arthur Morgan နေနဲ့ ကစားရမှာဖြစ်ပြီ

Tuesday, June 5, 2018

Detroit: Become Human Review


Personal Rating: 7/10
---------------------

Introduction....

ဒီ Game ကို ဗုဒ္ဓဘာသာ စကားအရပြောရမယ်ဆိုရင်တော့ ပဋိစ္စသမုပ္ပ္ဗါဒ် ပေါ့..... အယ်လယ် (စကားကြီးစကားကျယ်ပြောပြီး မြောက်သွားသံ)... အကြောင်းကြောင့် အကျိုးဖြစ် ဆိုသလိုပါပဲ ကိုယ်လုပ်သမျှ အရာတိုင်းဟာ နောက်ပိုင်းမှာ အကုန်ခံစားရမှာပါ။ ကိုယ်ရွေးချယ်လိုက်တယ့် အရာတိုင်းမှာ ကွင်းဆက်များရှိပါတယ်။ အဲ့ကွင်းစက်တွေပေါ်မူတည်ပြီး Player တစ်ယောက်နဲ့တစ်ယောက် ဇာတ်သိမ်းတွေကွဲပြားသွားကြမှာပါ။ ဒီလို Game အမျိုးအစားက ကိုယ်ကိုတိုင် ဇာတ်ကောင်တွေနေရာ ဝင်ပြီးခံစားပြီးဆော့ရတော့ ခံစားမှုကိုတစ်ဆုံး တွန်းပေးနိုင်တာပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့အပြင်ဘဝတွေအတိုင်း ရွေးချယ်ရသိပ်ခက်တဲ့ ရွေးချယ်မှုတွေလဲရွေးချယ်ရသလို ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေလဲချရတယ်။ ကိုယ်ရွေးချယ်ဆုံးဖြတ်ခဲ့ရတဲ့အတိုင်း နောက်ပိုင်းမှာ ကွင်းဆက်တွေဖြစ်ပေါ်လာတဲ့အခါ... အော်တော်သေးတယ် ငါရွေးချယ်မှုမှန်ကန်သွား လို့...၊ ဟာ

Wednesday, October 5, 2016

Mafia 3 Review


Mafia II ကို Gamer အများစုနှစ်သက်ကြတယ် ကြိုက်ကြတယ် ဟုတ်ပါတယ် တကယ်ကိုလဲပဲ ကောင်းပါတယ်။ မကောင်းတဲ့အချက်လေး အနည်းငယ်ရှိတော့ရှိတာပေါ့ ....... Mafia 2 က 2010 တုန်းက ထွက်ခဲ့တာ အခုဆို ၆ နှစ်လောက်ရှိပြီလေ Mafia 2 ပြီနောက် Gamer တွေ Mafia 3 အကြောင်း ဘယ်လိုလာမည့်အကြောင်း တတွတ်တွတ်ပြောနေကျပင်မဲ့လဲ 2K က Mafia 3 ကို မထုတ်ခဲ့ပါဘူး ဒါပင်မဲ့ 2015ခုနှစ် မနှစ်က Mafia 3 international trailer ထုတ်ချလိုက်တော့Maifa fan တွေအကုန်လုံးအတွက် Mafia 3 Dream ဟာ ပြည့်စုံသွားတော့တယ်........

Sunday, September 4, 2016

Inside Review


နာမည်ကြီး indie game Limbo ကို သိတယ်မလား ??? အဲဒီ နာမည်ကြီး Limbo creator က နောက်ထပ် Game အသစ်တစ်ခုကို E3 2014 မှာထုတ်ပြလိုက်တော့ Limbo fan တွေ အားလုံး Hype train ပေါ် ဝုန်းခဲ့နဲ့ ဝုန်းခဲ့နဲ့ ခုန်တက်ကြတာ Hype ရထားပေါ်မှာ အပြည့်ပါပဲ .... ဘာလို့ Inside ဂိမ်းကို Limbo fan တွေ စိတ်ဝင်စားကြတာလဲဆိုတာ ကြည့်ရအောင်

Friday, May 20, 2016

XCOM 2 Review

XCOM 2 ဟာ Sci-fi / Turn based strategy game အမျိုးအစားဖြစ်ပြီး 2016 Feburary မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် Sid Meiers game တွေနဲ့ ထင်ရှားတဲ့ Firaxis က ဖန်တီးခဲ့တာဖြစ်ပြီး 2K Interactives က ဖြန့်ချီတာဖြစ်ပါတယ်။

XCOM 2 ဟာ 2012 ခုနှစ် XCOM - Enemy Unknown ရဲ့ ဇာတ်လမ်းအဆက်လည်းဖြစ်သလို feature အသစ်တွေ ရန်သူ Alien အမျိုးအစား အသစ်တွေအပြင် Tatical Map တွေကိုလည်း တစ်ကြိမ်နဲ့ တစ်ကြိမ်မတူရအောင် ဆန်းသစ်စွာဖန်တီးထားပါတယ်။ XCOM 2 ဟာ TBS အမျိုးအစားဖြစ်တာနဲ့အညီ Friaxisဟာ strategyကို ပိုပြီး အသားပေးရန်အတွက် perma death system လည်း ထည့်သွင်းထားပါတယ်။

Thursday, May 28, 2015

"Batman: Arkhan Knight" Preview

 


Batman : Arkhan Knight <<< Preview >>>
++++++++++++++++++++++++++++++++++
Gamer တိုင်း စောင့်မျှော်နေတဲ့ Batman: Arkham Knight Game အသစ် June 23 မှာ ထွက်တော့မှာဖြစ်ပါတယ်။ Batman ဖြစ်ဖို့ စိတ်လှုပ်ရှားနေပြီလား??
ဒုစရိုက်သမားကြီးတွေကို နှိမ်နှင်းဖို့ သင် အဆင်သင့်ဖြစ်နေပီလား?? ဒုစရိုက်လွှမ်းမိုးနေတဲ့ Gotham city ကြီးအား သင် ကယ်တင်ဖို့ Ready ဖြစ်နေပီလား??
အားလုံး Batman:Arkham Knight Game ကို ကစားဖြစ်စိတ် တွေ လှုပ်ရှားနေမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါဆို Storyline အကြောင်းလေး စလိုက်ရအောင်ဗျာ-

Storyline
++++++++++
အဖြစ်အပျက်စပုံက ဒီလိုဗျ.......Arkhan City မှ Joker ကြီးသေသွားပီး ၁ နှစ်အကြာမှာ Batman ဟာ ပြေးမလွတ်သော အကုသိုလ် ဝိပါက တွေနဲ့ ရုန်းကန် နေခဲ့ပါတယ်။

Monday, February 16, 2015

Witcher 3: Wild Hunt Review


The Witcher 2 : Assassins of kings ထွက်ပီးနောက် ၂ နှစ်ကြာမှ CD Projeket RED ဟာ The Witcher 3 : Wild Hunt ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Gamer အားလုံး အံအားသင့်ပြီး အရမ်းသဘောကျခဲ့ကြပါတယ်။ အကြောင်းအရင်းက အရာအားလုံးကို improve လုပ်ထားလို့ပဲ။ CD Projeket RED ဟာ Witcher series နဲ့ နာမည်ရခဲ့တဲ့ Game Company ပါ။ အခုလဲ The Witcher 3 : Wild Hunt ကို 2014 မှာ ထုတ်ပေးမလိုလိုနဲ့ ၂၀၁၅ ကို ရွှေ့လိုက်တယ်။ ဒီ့အပြင် ထပ်ပြီး Delay လုပ်ကာ May 19,2015 အထိရွှေ့လိုက်ပါတယ်။ အကြောင်းအရင်းကတော့ လုံး၀ bug မရှိပဲ Gamer တွေကြားမှာ တတွတ်တွတ်ပြောနေတဲ့ Best Action RPG တစ်ခုဖြစ်လာအောင် လုပ်တာလို့ CD Projeket RED အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

Monday, December 8, 2014

Far Cry 4 Review



Game of the year 2014 မှာ အကောင်းဆုံး Shooting ဂိမ်းအဖြစ် ဆုရသွားတဲ့ ဂိမ်းဟာ FarCry 4 ဖြစ်ပါတယ်။ GOTY က ပေးတဲ့ ဆုနဲ့ တန်အောင်လဲ တကယ်ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ FarCry 3 မှာ Vass ရဲ့ စိတ္တဇ ဆန်ဆန် လုပ်ရပ်တွေကို တိုက်ခိုက်ခဲ့ပီးကျပီး ဖြစ်မှာပါ။ အခု FarCry 4 မှာလဲ Pagan Minn ရဲ့ အာဏာ လွမ်းမိုး ရုပ်မာမှုတွေကို တွန်းလှန် တိုက်ခိုက်ဖို့သာ ပြင်ထားပေးတော့

Sunday, July 6, 2014

Valiant Hearts: The Grate War (Review)



ကျွန်နော် နှလုံးသားကို ရိုက်ထိစေခဲ့သော Valiant Hearts: The Grate War

(Review)


Valiant Hearts: The Grate War ဟာ Ubi-art ရဲ့ နောက်ထပ်အကောင်းဆုံး ခြေလှမ်းလေးပါ။ ဒီဂိမ်းလေးကို ကျွန်နော် Child of Light ထက် ပိုကြိုက်ပါတယ်။ Child of Light ဟာ မကောင်းဘူးရယ်လို့ မဟုတ်ပါဘူး ကောင်းပါတယ်....ဒါပင်မဲ့ ဘာလို့လဲတော့ မသိဘူး ကျွန်နော် Valiant Hearts ကို ပိုကြိုက်ခဲ့ပါတယ်။

Sunday, May 18, 2014

Walking Dead Season 2 : Episode 3 : In Harm's Way Review

" SPOILER ALERT "
Walking Dead Season 2 : Episode 3 : In Harm's Way ကို ကစားပြီးတဲ့အခါမှာ ငါဘာလုပ်ခဲ့သလဲလို့တွေးမိပါတယ်။ Season 1 နဲ့ Season 2 ရဲ့ အရင်အပိုင်းတွေနဲ့မတူပဲ ဒီအပိုင်းမှာ Violence act တွေကိုပဲ ရွေးချယ်မိခဲ့ပါတယ်။ အရင်အပိုင်းတွေမှာ Clementine ကို စိတ်ထားကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆော့ကစားစေခဲ့ပေမယ့် In Harm's Way မှာ ရက်စက်တဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်စေခဲ့မိတာက Episode 3 ရဲ့ အလှည့်အပြောင်းတစ်ခုပါ။

Sunday, March 23, 2014

The Crew Review


သူငယ်ချင်းတို့တော့ မသိဘူး ကျနော်ကတော့ သူငယ်ချင်းတွေနဲ့ ပြိုင်ကား အရမ်းပြိုင်မောင်းချင်ခဲ့တာ (ကိုယ်ပိုင်ပြိုင်ကားမှ မရှိတာကို) ..... အခု The Crew ကြောင့် ကျနော်တို့ သူငယ်ချင်းတွေ အများကြီးနဲ့ ကားပြိုင်ခွင့်ရပါတော့မည်။.....

Monday, March 3, 2014

PROTOTYPE Review



"သူငယ်ချင်းတို့ တိုက်ပေါ် နံရံပေါ် ခုန်ပြီးပြေးချင်လား??
လေပေါ်မှာ ပုံမှန်မဟုတ်ပဲ ပျံသန်းချင်လား??
မိမိလက်နှစ်ဖက်ကနေ လက်နက် အစုံသုံးပြီး ကြမ်းချင်ကြလား??
အလန်းစား ခေါင်းစွပ်ပါတဲ့ ဂျာကင်နဲ့ ဘယ်သူနဲ့မှ မတူတဲ့ Pro တစ်ယောက်လို ကြမ်းချင်လား???

ဒါဆို အဲလိုဖြစ်ဖို့ Story လေးတစ်ခု ပြောပြပါမယ်......

Monday, February 24, 2014

Ninja Blade Review


သူငယ်ချင်းတို့ ငယ်ငယ်တုန်းက နင်ဂျာတွေ အရမ်းဖြစ်ချင်ခဲ့ဖူးလား???
ကျနော်ကတော့ အရမ်းဖြစ်ချင်ခဲ့တာ.......2009တုန်းကဖြစ်ခွင့်ရခဲ့တယ်...
ရိုးရိုးနင်ဂျာမဟုတ်ဖူး လက်နက်အဆုံးကိုင်ခွင့်ရတဲ့ နင်ဂျာပေါ့....
ကြမ်းချက်ကတော့ Ninja Gaiden နဲ့ Devil May Cry တို့ ပေါင်းထားသလားလို့ အောက်မေ့ရတယ်....

Review နဲ့ Gameplay က ဒီလိုပါ.......

Thursday, February 20, 2014

Far Cry 3 Review


သူငယ်ချင်းတို့ ပြန်ပေးဆွဲကားတွေ ကြည့်ဖူးတယ်မလား .... .ကျောင်းသားတွေ ခရီးထွက်ရင်း ပြန်ပေးဆွဲခံရတဲ့ ဇာတ်ကားမျိုးလေ။ သူတို့လိုပဲ မိမိနဲ့ မိမိသူငယ်ချင်းတွေ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲ? အဲလိုမျိုးအချိန်မှာဆို .......ထိုင်ငိုနေမလား။ လွတ်လမ်းရှာထွက်ပြေးမလား။ ဒါမှမဟုတ် မိမိကို ပြန်ပေးဆွဲတဲ့ လူတွေကို ပြန်ပြီး တွန်းလှန်တိုက်ခိုက်မလား????

မေးခွန်းလေးမေးပြီးပြီးဆိုတော့ review နဲ့ Game-play လေးပြောပြတော့မယ်နော်......

Monday, February 17, 2014

Watch Dogs Review


ဂိမ်မားတွေ အရမ်း ဖြစ်ချင်တဲ့ Super Hacker တစ်ယောက်ဖြစ်ဖို့ Ubisoft ကနေထုတ်ပေးလိုက်တဲ့ Watch Dogs ဂိမ်းဖြစ်ပါတယ်။

Open World action adventure ဂိမ်းဖြစ်တာမို့လို့ မိမိ စိတ်တိုင်းကျ ကဲခွင့်ရမှာပါ .........
ဒါဆို Gameplay နဲ့ ဇာတ်လမ်းအတိုချုံးပြောတော့မယ် ... သူက ဒီလိုပါ Chicago မှာအခြေပြုပြီး စထားတာပါ။