Monday, April 1, 2019

Sekiro : Shadow Die Twice Review

Personal Rating 9.5/10
-----------------------

ဒီဂိမ်းကတော့ တစ်ကမ္ဘာလုံးမှာ ခက်လှချည်ရဲ့ ဆိုပြီး လူပြောများ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ကယ်လည်းခက်ပါတယ်။ Developer ကတော့ Darksoul series တွေထုတ်ခဲ့တဲ့ Fromsoftware ကဆိုတော့ နံမည်မြင်တာနဲ့ ၉ ၀% က ခက်မယ်မှန်းသေချာနေပါပြီ။ ဒါမျိုးဂိမ်းကတော့ သာမာန် စိတ်အပန်းဖြေဖို့ ဂိမ်းဆော့မယ် ဆိုရင် အမှားကြီးမှားပါလိမ့်မယ်။ ဘာလို့ဆို ဒီဂိမ်းက Hardcore player တွေအတွက်ဖြစ်ပြီး ဆော့နေရင် Stress ပါတိုးပါလိမ့်မယ်။

Monday, March 4, 2019

Red Dead Redemption 2 Review

 
 
Red Dead Redemption 2 က Red Dead Redemption ရဲ့ Prequel Game ဖြစ်ပါတယ်။ ဒါပင်မဲ့ အခုခေတ် Gaming Technology ကို အပြည့်အ၀ သုံးချပြီး လုပ်ထားတာကြောင့် Red Dead Redemption 2 က Highly Detailed Wild West Openworld Game တစ်ခုဖြစ်လာခဲ့ပါတယ်။ Game ရဲ့ Story က ကိုယ်တိုင် ခံစားရမှ ကောင်းမှာမိုလို့ story ပိုင်းကို လျော့ရေးပြီ Gameplay ကို အသားပေးရေးလိုက်ပါတယ်။ ကျနော် ရေးသမျှ review တွေထဲမှာ အရှည်ဆုံးမိုလို့ ပြီးသည်အထိ သီးခံ ဖတ်ပေးကြပါ ဟီးဟီး။


Red Dead Redemption 2 က Prequel ဖြစ်တာကြောင့် Red Dead Redemption မကစားထားရင်တောင် ကစားလို့ရပါတယ်။ Red Dead Redemption 2 ကို အတိုကောက် RDR2 လို့ပဲ ပြောမယ်နော်။ ဒီတော့ RDR 2 က Arthur Morgan နေနဲ့ ကစားရမှာဖြစ်ပြီ