Sunday, August 7, 2022

Digimon Survive

Digimon Survive First Playthrough တော့ပြီးသွားပြီ Non Spoiler Review လေးတင်ချင်လို့ပါ


Digimon Survive ကိုအစက သိပ်စိတ်မ၀င်စားခဲ့ဘူး Digimon နဲ့ X com tactical gameplay မလိုက်ဘူးထင်လို့‌ ဒါပေမဲ့ ကိုယ်တိုင်ကလဲ Digimon fan ဖြစ်နေတော့ ဘာပဲဖြစ်ဖြစ် ဆော့ဖူးတယ်ရှိ‌ေအာင် ဆော့လိုက်တာပါ။ အဓိက အားရတာက Visual Novel Story ကတော်တော်ကောင်းပါတယ် Character တစ်ယောက်ချင်းစီရဲ့ Role က ကျန်နေခဲ့တာမျိုးမရှိအောင် ဖန်တီးထားပါတယ်။ Digimon Movie အရှည်ကြီး/Series တစ်ခုကို ကြည့်နေရသလိုပါပဲ Story ကHorror ဆန်ပြီး တော်တော် Mature ဆန်ပါတယ်Character တွေရဲ့ စိတ်ခံစားချက်နဲ့ သူတို့သဘာ၀ကို သေချာ မြင်ရမှာပါ။ အဲတာကြောင့် သူတို့နဲ့အတူတူ ခရီးသွားနေရသလိုတောင်ခံစားရတယ်။ Story ကကောင်းလို့ Story ပြီးသွား‌ေတာ့ ရင်ထဲဟာတာတာကြီးဖြစ်နေသလိုခံစားရတယ်။

Story ပိုင်းက ဘယ်လို Developဖြစ်သွားလဲဆို Main Character (Player)ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ဇာတ်ကြောင်းတွေကွဲထွက်သွားမှာပါ။ Karma System လို့ခေါ်ပါတယ် KS မှာ Harmony , Moral and Wrath ဆိုပြီးPath သုံးခုရှိပါတယ် Dialogue Choice လုပ်ရင် အဲ 3ခုပေါ်မှာမူတည်ပြီး ရွေးရတာပါ Wrath အခြေခံတဲ့ Choice တွေ ဆိုရင် တဇွတ်ထိုးနိုင်တယ် ရန်လိုတယ် အတင်းအနိုင်လိုချင်စိတ် ရှိတယ် စိတ်မရှည်ဘူး ကိုယ့်ဖြစ်ချင်တာအလေးထားတာများတယ် Moral ဆိုရင်တော့ ကြားနေဖြစ်တယ် Logic ကိုအခြေခံတယ် အဖြစ်နိုင်ဆုံးကို ဆုံးဖြတ်တယ် မျှတတယ် ဒါတွေပေါ့ Harmony ကျတော့ သူရဲကောင်းဆန်တယ် တစ်ဖက်သူခံစားချက်ကို စာနာနားလည်တယ် ညှိနှိုင်းပူးပေါင်းမှု တွေလုပ်တယ် အဲပေါ်မှာမူတည်ပြီး Story line ကွဲသွားတဲ့ အပြင် NPC တွေရဲ့ ကံကြမ္မာလဲ ပြောင်းကုန်တယ် နောက်အရေးကြီးတာကတော့ အဲ 3 ခုပေါ်မူတည်ပြီး ကိုယ့် Digimon Digivolution Line တွေအပြောင်းအလဲ ရှိတယ် Wrath ဆိုရင် Virus Attribute Digimon , Moral ဆိုရင် Vaccine attribute , Harmony ဆိုရင် Data Attribute ဆိုပြီးရှိတယ်။

Story Line မှာ Main Story Mode, Free Mode , Exploration Mode ဆိုပြီးသုံးခုရှိတယ်

Main Story Mode ကတော့ ဒီတိုင်း ဇာတ်လမ်း Flow အတိုင်း သွားရုံပဲ Exploration Mode မှာတော့ Character တွေနဲ့ စကားပြောရမယ် Item တွေရှာလို့ရတယ် Wild Digimon တွေ နဲ့ Battle ဆိုင်ချင်ဆိုင်လို့ရတယ် Free Mode မှာတော့ နည်းနည်းအရေးကြီးတာရှိတယ် Character တွေinteraction လုပ်ကိုလုပ်ရမှာ လုပ်ခွင့်ကိုလဲ Move 5/5အဲလို အကန့်အသတ် လုပ်ထားတယ် တစ်ယောက်နဲ့ပြောပြီးရင် Move တစ်ခုကုန်တယ်ပေါ့

စကားပြောရတဲ့အကြောင်းက သူတို့နဲ့ Relationship Gameထဲမှာတော့ Affinity တိုးအောင်ပေါ့ သူတို့ ကြိုက်တဲ့ Dialogue ကိုရွေးပြောနိုင်ရင် Affinity တိုးပြီးပေါ့ Affinity တိုးရင်ဘာတွေအကျိုးရှိလဲဆို Battle မှာ Digimon တွေအချင်းချင်း support ပေးတာတွေ များလာတယ် Affinity က သတ်မှတ်ထားတဲ့ point ကိုရောက်ရင် သူတို့ရဲ့ Digimon တွေ Digivolve ဆက်လုပ်နိုင်တယ် ပိုကြမ်းပြီးပိုကူညီပေးလာနိုင်တယ်ပေါ့

Tactical Battle system

ဒါကတော့ Digimon တွေ ‌မြေပုံ arena မှာချကြပြီ ပေါ့ System ကတော့ X com လိုဟာနဲ့ ခပ်ဆင်ဆင် turn based ပါ တိုတိုပြောရရင် Digimon တွေ ကိုEvolve Devolve လုပ်နိုင်တယ် Special Skill သုံးနိုင်တယ် ဒါ့အပြင် Story Battle မဟုတ်တဲ့ Free Battle Mode မှာဆိုရင်ရန်သူ ကို Recruit လို့ရပါတယ် Pokemon လို Gotta Catch'em all လိုပေါ့ ဒီမှာ ကျတော့ သူတို့မေးခွန်း 3ခုကို မှန်အောင်ဖြေရင် ကိုယ့်အကောင်လုပ်ဖို့ အခွင့်အရေးရပါတယ် မလုပ်စေချင်လဲ ရန်သူ ဆီကrandom item တောင်းလို့ရတယ်

Story Ending And New game Plus

Story ပြီးသွားလို့ ဟာတာတာကြီးဖြစ်နေသလား မပူပါနဲ့ New Game Plus အနေနဲ့ အစကပြန်ဆော့လို့ရပါတယ် ကိုယ့် မ try ကြည့်ရသေးတဲ့ story line တွေကို ဆော့ကြည့်လို့ရပါတယ်။ story တစ်ခုနဲ့တစ်ခာ တော်တော်လေးကိုကွာသွားတာကြောင့် Multiple Ending ရှိနေပါတယ်။

အကျဉ်းချုပ်ပြောရရင်

ဒီဂိမ်းက ကျွန်တော်လို Visual novel မဆော့ဖူးတဲ့သူတောင်တော်တော်စွဲစေတဲ့ ဂိမ်းပါ။ Digimon fan ဖြစ်ရင် multiple ending ရှိတဲ့ story line အသားပေးကြိုက်တဲ့ သူဖြစ်ရင် ဆော့သင့်တဲ့ ဂိမ်းတစ်ခုပါ။ တိုက်တာခိုက်တာ ကတော့ သိပ်မပါလို့ အရမ်းကြီး မမျှော်လင့်ပါနဲ့ တိုက်ချင်သပဆိုလဲ Free Battle Mode မှာ ထိုင်တိုက်နေလဲ ရပါတယ်။

Personal Rating 8/10

Okkar Min
Gameworn reincarnation

No comments:

Post a Comment