Tuesday, June 5, 2018

Detroit: Become Human Review


Personal Rating: 7/10
---------------------

Introduction....

ဒီ Game ကို ဗုဒ္ဓဘာသာ စကားအရပြောရမယ်ဆိုရင်တော့ ပဋိစ္စသမုပ္ပ္ဗါဒ် ပေါ့..... အယ်လယ် (စကားကြီးစကားကျယ်ပြောပြီး မြောက်သွားသံ)... အကြောင်းကြောင့် အကျိုးဖြစ် ဆိုသလိုပါပဲ ကိုယ်လုပ်သမျှ အရာတိုင်းဟာ နောက်ပိုင်းမှာ အကုန်ခံစားရမှာပါ။ ကိုယ်ရွေးချယ်လိုက်တယ့် အရာတိုင်းမှာ ကွင်းဆက်များရှိပါတယ်။ အဲ့ကွင်းစက်တွေပေါ်မူတည်ပြီး Player တစ်ယောက်နဲ့တစ်ယောက် ဇာတ်သိမ်းတွေကွဲပြားသွားကြမှာပါ။ ဒီလို Game အမျိုးအစားက ကိုယ်ကိုတိုင် ဇာတ်ကောင်တွေနေရာ ဝင်ပြီးခံစားပြီးဆော့ရတော့ ခံစားမှုကိုတစ်ဆုံး တွန်းပေးနိုင်တာပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့အပြင်ဘဝတွေအတိုင်း ရွေးချယ်ရသိပ်ခက်တဲ့ ရွေးချယ်မှုတွေလဲရွေးချယ်ရသလို ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေလဲချရတယ်။ ကိုယ်ရွေးချယ်ဆုံးဖြတ်ခဲ့ရတဲ့အတိုင်း နောက်ပိုင်းမှာ ကွင်းဆက်တွေဖြစ်ပေါ်လာတဲ့အခါ... အော်တော်သေးတယ် ငါရွေးချယ်မှုမှန်ကန်သွား လို့...၊ ဟာ