Tuesday, July 7, 2020

The Last of Us Part 2 Review


The Last of Us Part 2 အခြေအနေက အခုချိန်မှာ ကောင်းတဲ့ဘက်မှာလဲရှိသလို ဆိုးတဲ့ဘက်မှာရှိပါတယ်.... အပြင်မှာဖြစ်နေတဲ့ ပြသနာတွေက မသေးဘူး.

ဒါပေမဲ့ Game review လေ...Game review ဆိုတော့ Game review ပဲလုပ်ပါမယ်.... ( စာရှည်ပါမည်)
စ​ပြောချင်တာ Gameplay နဲ့ Graphic!!

Gameplay ကော Graphic ကော လုံးဝ outstanding ပါ.... Graphic Detail ဘယ်လောက်ကောင်းသလဲဆိုရင် အပင် တစ်ပင်ရဲ့ အရွက် ပန်းပွင့် စတာတွေကအစ အသေးစိတ် ကျကျ မြင်တွေ့ရတာမို့လို့ပါ..... ဒါတင်မဟုတ်သေးဘူး သဘာဝကျတဲ့ Zombie apocalypse game လို့ပြောလို့ရအောင် ဂိမ်းပလေး အရမ်းကောင်းပါတယ် ...... ရန်သူ AI တွေက ကိုယ်ပစ်နေတဲ့ သေနတ်ကို ခံပစ်တာမျိုးမဟုတ်ဘူး .... တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက် ရှိတယ် နာမည်တွေ ခေါ်ကြတယ် ပုန်းကွယ်တယ် အသိပေးကြတယ် ... ပစ်နေတဲ့ ကျည်ဆံကိုလဲ ရှောင်နိုင်ပြီး ပြန်ပစ်ခတ်နိုင်တယ် ..... Difficulties မြင့်ရင် မြင့်သလို ရန်သူက ပိုပြီး မိမိကို sense လုပ်လာနိုင်တယ် ..... လုံးဝ survival horror ခံစားချက်ပဲ .... လူရန်သူတွေ ကို clicker or runners စတဲ့ infected တွေနဲ့ ရန်တိုက်ပေးလို့လဲရသေးတယ် ..... Player ဘက်ကတော့ တတ်နိုင်သမျှ stealth အများဆုံးသုံးပြီး ရန်သူကို သတ်ရမယ် .... အားအရဆုံးက နောက်ဆုံးတစ်ယောက်ထဲ ကျန်တော့တဲ့ ရန်သူကို ခြေထောက်ကို သေနတ်နဲ့ပစ်လိုက်မှာလား? ရန်သူက လက်နက်ချ အရှုံးပေးတာတောင် အားရပါးရ ခုတ်ချလိုက်တာမျိုး ...... ခုတ်တာ ထစ်တာတွေက အရမ်းကို လူမဆန်၊ ရက်စက်လွန်းလို့ သွေးသံသရဲရဲ အရမ်းဖြစ်ပြီး ကျေနပ် အားရတဲ့ ခံစားချက်မျိုး ရခဲ့တယ် ....

Naughty dog ရဲ့ Cinematic scene တွေ ပိုင်နိုင်မှုက ချီးကျူးလို့မဆုံးပါဘူး .... Story cut scene ကနေ gameplay ပြောင်းချိန် loading time မရှိ ၊ ဂိမ်းတစ်ခုလုံး ချုံငုံကြည့်လိုက်ရင် ပြစ်ချက် ဆိုလို့ ရှာလို့မတွေ့လောက်အောင် ဖြစ်နေတာပဲ .... ဂိမ်းတစ်လျှောက်မှာ အရမ်းကောင်းတဲ့ chasing and running scene တွေပါပါတယ် ... အဲ့တာတွေက လုံးဝအနှစ်ချည့်ပဲ ... တစ်ချို့အခန်းတွေဆို pure horror စစ်စစ် ... လက်ဖဝါး ချွေးပြန်အောင် စိတ်လှုပ်ရှားစွာ ကစားခဲ့ရပါတယ် ...... ဂိမ်း ထဲမှာပါတဲ့ runners က dumb တဲ့ အဆင့်မှာရှိပေမဲ့ clickers တွေက ဆိုးနေတုန်းပဲ ... စိတ်ရှုပ်စရာအကောင်းဆုံး ကတော့ အသစ်ပါလာတဲ့ stalkers တွေနဲ့ Shamblers တွေပါ ..... လူ ရန်သူ တွေဖြစ်တဲ့ Abby တို့ရဲ့ WLF အဖွဲ့က ဖွံ့ဖြိုးပြီးဘယ်လောက်ကြီးတဲ့ အဖွဲ့ဖြစ်တယ် ဆိုတဲ့ background story ကို မြင်ရခဲ့သလို .. Scars လို့ခေါ်တဲ့ ဘာသာရေးအယူသီးအဖွဲ့ရဲ့ သူတို့အယူအဆအတိုင်း လုပ်ဆောင်နေကြပုံ သူတို့ကို နားလည်ရခက်ပုံ .... လူအဖွဲ့အစည်းများပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိတရှိပုံစံ နဲ့ သူတို့ရဲ့ ပန်းတိုင်ကဘာလဲ ဆိုတာ မြင်တွေ့ခဲ့ရတယ်....

ဒါပေမဲ့ The Last of Us Part 2 ရဲ့ ဇာတ်လမ်းက လူတိုင်းလိုချင်တဲ့ မြင်ချင်တဲ့ ဇာတ်လမ်း မျိုးမဟုတ်ခဲ့တော့ တစ်ချို့က အရမ်း​ကြိုက်ပေမဲ့ တစ်ချို့က ခါးခါးသီးသီးမုန်းကြတယ် .... ကျွန်တော်ကတော့ အဲ့နှစ်ခုကြားကပါ ....အရမ်းမ ကြိုက်လောက်အောင် ခါးခါးသီးသီးအဆင့်မဟုတ်ပေမဲ့ မုန်းတော့မုန်းမိတယ်....

ဒီ​တော့ ဇာတ်လမ်းကို လုံးဝ ထူးချွန်ပြောင်မြောက်တဲ့ ဇာတ်လမ်းတစ်ပုဒ် အဖြစ်အနေနဲ့တော့ ကျွန်တော် လက်မခံနိုင်ပါ ...

အကြောင်းပြချက်က ရှင်းပါတယ် .... ကာရိုက်တာအသစ် Abby ကို လွတ် role တင်ပြီး Ellie ကျတော့ လူဆိုးမကြီး ကလဲ့စားချေဖို့ လောက်ပဲ မြင်နေတဲ့အထာနဲ့ ကစားခိုင်းလို့ပဲ .... အခန်းတစ်ခန်းဆိုရင် ဘာလို့များ Abby ကို ကိုင်ပြီး ကစားခိုင်းတာလဲလို့ ဒေါသထွက်ပြီးခဏခဏ ပြန်မေးမိတယ် ...... ပြီးတော့ ဘေးက ဇာတ်ပို့နေရာ ကာရိုက်တာ တစ်ချို့ကို ဇာတ်လမ်းထဲမှာ အရေးပါအောင်လုပ်လာပြီးမှ သတ်ပစ်လိုက်တယ် ... ဒါပေမဲ့ Abby ကာရိုက်တာ အပေါ်မှာကျ သိပ် effect မဖြစ်သလိုကြီး ခံစားရပြန်ရော ....... Ellie ကျတော့ သူသတ်ခဲ့ရသမျှ လူတွေကြောင့် နောင်တတွေနဲ့ ခံစားနေရရှာတာမျိုး။

TLOU part 1 ကစားခဲ့ဖူးတယ် ဆိုရင် Abby ရဲ့ သူ့အဖေပေါ် ချစ်တဲ့အချစ်နဲ့ Ellie က Joel ပေါ်ချစ်တဲ့အချစ်က ယှဥ်လို့ကိုမရတာ ........ Ellie ရဲ့ Joel ပေါ်ချစ်တဲ့အချစ်က Abby က သူ့အဖေပေါ်ချစ်တဲ့အချစ် ထက် အဆ ၁၀၀ ပိုပါတယ် ။

ဒါပေမဲ့ Naughty dog က Abby ဂိမ်းပလေး နဲ့ သူ့ရဲ့ character development ကောင်းအောင်လုပ်ချင်တော့ Abby ရဲ့ ဂိမ်းပလေးနှင့် ဇာတ်လမ်းကြာချိန် ကို Ellie ထက် ရှည်အောင် လုပ်လိုက်ပြီး မရမက သူ့ကို ဇွတ်နားလည်ခိုင်းနေတာပါပဲ ...... Ellie ကျတော့ ဒီပရက်ရှင် နှင့် ကလဲ့စားချေမှု ကြားထဲမှာ နွံနစ်နေခဲ့ရတယ် ။

TLOU part 2 ဇာတ်လမ်း ကို ကိုယ်တွေ နားလည်မပေးနိုင်တဲ့ လူမျိုးမဟုတ်ဘူး ... နားလည်ပေးနိုင်ပါတယ် ... ဇာတ်လမ်းရဲ့ ပြောချင်တဲ့ အဓိပ္ပာယ်က လူတိုင်းဟာ လူဆိုးမဟုတ်ဘူး ... သူတို့ချစ်ရတဲ့သူအတွက် လက်စားချေမှု ဆိုတဲ့ နွံထဲနစ်သွားကြတာပါဆိုတဲ့ သဘောကိုလည်း လက်ခံပါတယ် ..... ဒါပေမဲ့ the last of Us part 2 ကို Abby ပါမှာကွ ဆိုပြီး ဝယ်ဆော့ခဲ့တာမဟုတ်ဘူး .... ငါတို့ Ellie လေးလာပြီကွ ဆိုပြီး ဝယ်ဆော့ကြတာပါ ။

The Last of Us part 2 မှာ Naughty dog ရဲ့ လူပါးဝမှု လူလည်ကျမှု တွေကြောင့် မုန်းတယ် .. ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဒီပရက်ရှင် အတွေ့အကြုံ တွေအများကြီးပေးတဲ့ကြားကကို ပြီးသည်အထိကစားချင်အောင်လုပ်လို့ ကြိုက်လည်းကြိုက်မိတယ် ။

TLOU part 2 ဇာတ်လမ်း ကို outstanding 10 out of 10 အဖြစ်နဲ့တော့ ဘယ်လိုမှကို မပေးနိုင်တာတော့အမှန်ပါ .... ကိုယ်တိုင် rating ပေးရမယ်ဆိုရင်

Gameplay 10 out of 10.
Graphic 10 out of 10.
Game UI and Background sound Score 10 out of 10.
Story 7 out of 10.
Overall rating ဆိုရင် 7.5 out of 10 ပဲ ပေးပါမယ်။

Zawgyi



The Last of Us Part 2 Review















Gameplay 10 out of 10.
Graphic 10 out of 10.
Story 7 out of 10.

No comments:

Post a Comment