Friday, January 1, 2021
Death Stranding Complete Review
Personal verdict 7/10
-----------------------------
Introduction
-----------------
Death Stranding ဟာဆိုရင်တော့ 2019 ရဲ့ AAA title Game တစ်ခုဖြစ်ပါတယ်။ Kojima Production အတွက်တော့ ပွဲဦးထွက် Game တစ်ခုဖြစ်ပြီး Creator က Hideo Kojima ဆိုတော့ Fan အားလုံးက မျှော်လင့်ထားတယ့် Game တစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း Game release လုပ်အပြီးမှာတော့ ‌ချီးမွန်းခံရတာရှိသလို ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ Mix review ပေါ့ positive လည်းမဟုတ်သလို Negative လို့လည်းပြောလို့မရပါဘူး။ Death Stranding ဟာ Limited time exclusive for PS4 ဖြစ်တယ့်အတွက် လောလောဆယ် PS4 မှာပဲထွက်ပါသေးတယ်။ 2020 မှာတော့ PC platform မှာထွက်မယ်လို့‌ကြေညာထားပါတယ်။ ဒီ Game ထွက်တာကတော့ November 2019 ကတည်းကပါ။ သို့သော်လည်း အလုပ်တွေမအားတာနဲ့ ကောင်းကောင်းအချိန်ပေး မဆော့နိုင်ခဲ့ပါဘူး။ ဒါကြောင့် မနေ့ကမှပြီးလို့ Complete Review လေးရေးလိုက်ပါတယ်။
Synopsis and terms Explanations
--------------------------------------------- 
Death Stranding Game ဇာတ်လမ်းဟာ နည်းနည်းရှုပ်ထွေးပြီး နားလည်ရခက်ခဲတာကြောင့် synopsis ပြောဖို့ရာပါ မလွယ်ကူပါ။ ထို့ကြောင့် တစ်ခါတည်း အခေါ်အဝေါ် တွေကိုပါ ရှင်းထားလိုက်ပါတယ်။ သို့သော်လည်း ဒီ Terms တွေက စဆော့ဆော့ချင်းမှာပဲရှင်းသွားမှာဖြစ်လို့ Spoiler လို့မယူဆဘူးဆိုရင် ဆက်ဖတ်လို့ရပါတယ်ခင်ဗျာ။ 
Death Stranding လို့ခေါ်တယ့် ကပ်ဆိုးတစ်ခုကြောင့် Post-Apocalypse ကာလတစ်ခု ဖြစ်နေချိန်ပေါ့။ Death Stranding ကြောင့် Beach Things (BTs) ခေါ်တယ့် သာမန်မျက်စိနဲ့ မမြင်နိုင်တယ့် ပရလောက သတ္တဝါတွေဟာ လက်ရှိကမ္ဘာ၊လူ့လောကမှာ လွင့်မျောလျှက်ရှိနေပါတယ်။ ၄င်း တို့အများဆုံးတည်ရှိရာနေရာဟာ ကွင်းကွင်းကွက်ကွက်မြင်နေရတာမျိုးမဟုတ်ပဲ Dimension တစ်ခုအနေနဲ့ရှိနေတာဖြစ်ပါတယ်။ သေဆုံးပြီးတယ့်သတ္တဝါတွေဟာ သောင်ပြင်ကြီးတစ်ခုမှာ ရေမျောကမ်းတင် (stranding) လျှက်ရှိနေတာကိုတင်စားပြီး “The Beach” လို့အဓိက ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ထိုနေရာမှာရှိနေတယ့် ပရလောကသတ္တဝါတွေကို “Beach Things” လို့ခေါ်ဆိုတာဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ လက်ရှိလူသားတို့ရှိနေတယ့်နေရာ နဲ့  After life နောင်ဘ၀မကူးခင် ကြားထဲကနေရာဖြစ်ပြီး Limbo, Purgatory, Other side တို့နဲ့အတူတူပဲလို့မှတ်လို့ရပါတယ်။
ဒီကြားထဲ BTs တွေကိုလည်းကြောက်ရပါသေးတယ်။ လူတစ်ယောက်က သေသွားလျှင် ၁၂ နာရီအတွင်း Necrosis state ကိုရောက်ပါတယ်။ ရေခဲခန်းထဲမှာထားလျှင်တော့ ၄၈နာရီအကြာမှာ Necrosis sate ကိုရောက်ပါတယ်။ Necrosis Stage ဖြစ်လျှင် လူသေလောင်းက BTs စဖြစ်လာပါတယ်။ ဖြစ်လာတယ့် BTs က အလောင်းကို consuming လုပ်လိုက်တယ့်အချိန်မှာ Voidout (အင်မတန်ကြီးမားတယ့် ‌ပေါက်ကွဲမှုကြီးတစ်ခု) ဖြစ်ပေါ်လာပါတယ်။ ပေါက်ကွဲမှုထဲမှာ သိပ်သည်းများပြားတယ့် Chiralium particle တွေပါ၀င်နေပါတယ်။ ထို Chiralium particle ပါ၀င်တယ့် အခိုးအငွေ့တွေဟာ များပြားလာတယ့်အခါမှာတော့ ထုံးစံအတိုင်း ငွေ့ရည်ဖွဲပြီး မိုးအဖြစ်ရွာချပါတော့တယ်။ ဒီဖြစ်ဆင်ကိုတော့ “Timefall” လို့ခေါ်ပါတယ်။ ဒါကြောင့် လူသေအလောင်းကို necrosis state မ‌ရောက်ခင် မီးသင်းကြိုပြီး ဖျက်ဆီးပြစ်ရချင်းသာြဖစ်သည်။ မီးသင်းကြိုတယ့်အချိန်မှာလည်း ခေါင်းတိုင်ကထွက်တယ့်အငွေ့တွေထည်းမှာ chiralium ပါ၀င်တာကြောင့် လူတွေနေထိုင်ရာနေရာြဖင့် ‌ဝေးသောနေရာတွင်သာ Incinerator ကိုတည်ဆောက်ထားရပါသည်။
 BTs တွေရှိတယ့်နေရာတွေမှာ Timefall ဖြစ်ပါတယ်။ ဘာကြောင့်ဆို Chiralium radiation က BTs တွေထည်းကပဲထွက်တာကြောင့်ပါ။ ထိုမိုးရေများနဲ့ ထိတွေမိပါက အသက်ကြီးနှုန်းကို အလွန်မြန်ပြီး အိုမင်းရွတ်တွကာ အရိုးပုံအထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မိုးရွာတယ်လို့မသုံးပဲ “TimeFall” လို့သုံးပါတယ်။ Discovery Channel တွေမှာ Time-lapse တွေနဲ့ အပင်လေးတွေ အစေ့လေးတွေကစလို့ အပင်ပေါက် အရွက်တွေထွက်လာတယ့်အထိ အမြန်ရစ်ပြီးပြလိုက်သလိုပေါ့။ လူတစ်ယောက်ရဲ့သက်တမ်းကို သေတယ့်အထိ ရစ်ပြီး မိနစ်ပိုင်းအတွင်းပြလိုက်သလို ဖြစ်သွားမှာပါ။ ပိုပြီးဆိုတာကတော့ Timefall effect ဟာ သက်ရှိတွေပဲဖြစ်တာမဟုတ်ပဲ သက်မဲ့အရာ၀တ္ထုပစ္စည်းတွေပါြဖစ်တာဖြစ်ပါတယ်။ ဒါကြောင့်လူနေအိမ်ရယ်လို့ မရှိတော့ပါဘူး အကုန် Timefall ကြောင့်ဆွေးမြေ့ပျက်စီးကုန်ပါပြီ။ ဒါကြောင့် အသက်ရှင်လျှက် ကျန်ရှိနေကြတယ့်လူသားတွေအတွက် ရှင်သန်ဖို့နည်းလမ်းရှာ၊ရုန်းကန်နေရတယ် အခြေအနေတစ်ခုပေါ့။ 
ထိုကဲ့သို့သော BTs ကိုလည်းကြောက်ရ၊ Timefall ဒုက္ခကိုလည်း‌ကြောက်ရတာကြောင့် ကျန်ရှိနေတယ့်လူတွေဟာ “Knot Cities” လို့ခေါ်တယ့်မြို့တွေဆောက်ပြီး ဘယ်သူနဲ့မှ အချိတ်အဆက်မလုပ်ကျပဲ တစ်နေရာ၊တစ်နေရာ သူ့အဖွဲ့အစီးနဲ့သူ မြေအောက်မှာသာ နေရဲကျပါတော့တယ်။ ဒါကြောင့် အခုအချိန်မှာတော့ United cities of America (UCA) လို့ပြောင်းလဲခေါ်ခဲ့ကြပါတယ်။ ဒီအခြေအနေမှာ အဓိက Communication လုပ်တယ့် Company က အရမ်းကို အရေးပါ၊အားထား လာပါတော့တယ်။ ဒါကတော့ “Bridges” Company ပဲဖြစ်ပါတယ်။
Bridges Company က Porters တွေရဲ့တာ၀န်ကတော့ မြို့တစ်ခုကမှာတယ့် order တွေကို တစ်ခြားမြို့သို့ လိုက်လံပို့ဆောင်ရသူများဖြစ်ပါတယ်။ (Delivery Man)တွေပေါ့။ Porters တွေအတွက် အဓိကလိုအပ်ချက်ကတော့ B.B pod (Bridge Baby) ဆိုတယ့် incubator လိုဖန်အုပ်ထည်းထည့်ထားတယ့် Premature ကလေးလေးပဲ။ Bridge Baby ဆိုတယ့် နံမည်ကတော့ obvious ဖြစ်ပါတယ်။ လူ့လောကနဲ့ ပရလောကကို ဆက်သွယ်မယ့် တံတားသဖွယ်လုပ်ပေးနိုင်တယ့် အတွက်ကြောင့်ပါ။ အသေးစိတ်ရှင်းလင်ချက်ကတော့ ဆော့ရင်းနဲ့သာ ဖတ်ပါလေ။ BB pod တွေဟာဒါကြောင့် BTs တွေကို sensor တစ်ခုကနေ detect လုပ်နိုင်ပါတယ်။ ၄င်းနည်းကို အသုံးပြုပြီး Porter တွေက BTs အန္တရာယ်ကနေ ရှောင်ရှားသွားလာနိုင်ကြရပါတယ်။ 
Sam Porter Bridges ကတော့ ဇာတ်လမ်းအစမှာ အကြောင်းကြောင်းကြောင့် Freelancer တစ်ယောက်ပေါ့။ Porter တစ်ယောက်ဖြစ်တယ့်အလျှာက် Central Knot City ကိုပစ္စည်း order တစ်ခုကိုပို့ဆောင်ဖို့သွားခဲ့ပါတယ့်။ သို့သော်လည်း ခရီးရောက်မဆိုက် Central Knot City ကလူတစ်ယောက်ဟာ Suicide လုပ်ပြီး necrosis state ရောက်ဖို့ အရမ်းနီးနေပြီဖြစ်တယ့် သတင်းပဲဖြစ်ပါတယ်။ Sam ဟာ Repatriate လုပ်နိုင်တယ့်အပြင် DOOMs လည်းရှိနေပါသေးတယ်။ Repatriate ဆိုသည်မှာ သေသွားသောအခါ Seam ကိုရောက်ရှိသွားပြီဖြစ်သော်လည်း မိမိခန္တာကိုယ်ရှိရာနေရာကို ပြန်လည်၀င်ရောက်နိုင်သော ability တစ်ခုဖြစ်ပါတယ်။ Repatriate မရှိတယ့်လူတွေဟာ သေသွားရင် Beach ကိုတန်းရောက်သွားမှာဖြစ်ပါတယ်။ Dimension တွေရှုပ်ကုန်မှာဆိုးလို့ ကျွန်တော် ဒီလိုခွဲပြပါမယ်။  
(Living world > Seam > The Beach > Land of dead/ Afterlife)
DOOMs ကတော့ တစ်ဦးနဲ့တစ်ဦး ability ချင်းမတူပါ၊ level ပေါ်မှာမူတည်ပြီး ability တွေကွာခြားသွားမှာြဖစ်ပါတယ်။ မင်းသား Sam ကတော့ Dooms Level 2 ဖြစ်ပြီး BTs တွေအနားရှိရင် ခံစားနိုင်စွမ်းရှိပါတယ်။ (မြင်နိုင်၊ထိတွေ့နိုင်တာမျိုးမဟုတ်) ကျန်တယ့် ဘယ်သူကဘယ်လို DOOMs ability ရှိတယ်ဆိုတာတွေကိုတော့ Story အရ သိရပါမည်ဖြစ်သောကြောင့် ထည့်မရေးတော့ပါ။
ဒါကြောင့် Sam ဟာ အလောင်းကို မီးသင်းကြိုတယ့်နေရာကို ပို့ဖို့တာ၀န်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ထိုအချိန်မှစတင်ပြီး Sam တစ်ယောက် ဘာတွေကို ချိတ်ဆက်ပေးမှာလည်း၊ ကိုယ့်အတွက်ကိုယ်ပဲ စိတ်ဝင်စားတယ့် လူတစ်ယောက်က ကမ္ဘာကြီးကိုရောဘယ်လိုကယ်တင်မလည်းဆိုတာကိုတော့ Plot twist တစ်လှေကြီးနဲ့ သာ မဆော့ရသေးလျှင် ကိုယ်တိုင်ဆော့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Gameplay
--------------
 Gameplay ကတော့ open world ဖြစ်ပြီး တစ်နေရာနဲ့တစ်နေရာကို ခက်ခက်ခဲ တောင်တွေတက် ချောင်းတွေဖြတ်ပြီး ပစ္စည်းတွေပို့ Network တွေချိတ်ဆက်ရမှာပဲဖြစ်ပါတယ်။ bandits တွေ rebellion တွေနဲ့ ခရီးလမ်းမှာတိုက်ခိုက်ရမှာလည်းဖြစ်သလို BTs တွေ Timefall တွေကိုလည်း ရင်ဆိုင် ကျော်လွှားရမှာဖြစ်ပါတယ်။ Story progress အရ weapon တွေ Gadget တွေကို upgrade လုပ်လုပ်သွားရမှာဖြစ်ပါတယ်။ ဂိမ်းတစ်ခုဖြစ်လို့ ပုံမှန်လို တောင်တက်တာလောက်က လွယ်လွယ်လေးပါလို့တော့ မထင်ပါလေနဲ့။ စိတ်ဖိဆီးမှုအမျိုးမျိုးကိုပေးမှာပါ။ တောင်တက်ကြိုးကအစ လှေကားကအဆုံး သယ်သွားရမှာပဲဖြစ်ပါတယ်။ ဖိနပ်လည်း လဲရပါတယ် ပစ္စည်း weight ကိုလည်း ချိန်ရပါတယ်။ များနေရင် ယိုင်ထိုးနေပြီး လမ်းသွားရတာတောင်အစဥ်မပြေတော့ပါဘူး။ ဒီမှာတော့ Stealth system မပါလို့ ရန်သူတွေတွေ့ရင် ပေါ်တင်ပဲ တိုက်ခိုက်ရမှာပါ။ သတ်လို့ရပါတယ်၊ သို့ပေမယ့် လူသေရှိပြီဆိုရင် voidout ဖြစ်မှာကို စိတ်ထဲစွဲထားရပါမယ်။ သတ်ပြီး incinerator ကိုထမ်းပို့ နိုင်ရင်တော့ မိမိတို့သ‌ဘောပါ။ side quest တွေကိုလည်း သက်ဆိုင်ရာ cities တွေမှာယူလို့ရပါတယ်။ အကုန်လုံးကတော့ Transportation ပဲလုပ်ရမှာပါ။ ဒီထက်ထူးပြီးဘာမှလုပ်စရာမရှိပါ။ ဒီ Game ရဲ့ အားသာချက်တစ်ခုကတော့ Online ချိတ်ထားရင် တစ်ခြား Player တွေရဲ့ ဆောက်ထားတယ့် တံတားတွေ၊ လှေကားတွေ၊ ဖောက်ထားတယ့်လမ်းတွေကို Access လုပ်လို့ရတယ့် system ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရင် Online ချိတ်ကစားရင်တော့ ပိုလွယ်တာပေါ့လေ။ Offline ဆိုရင်တော့ တစ်ပင်တစ်ပန်း ထမ်းပြီးခက်ခက်ခဲခဲကို ဆော့ရမှာဖြစ်ပါတယ်။
Overall
----------
 အချုပ်ပြောရရင်တော့ Death Stranding ဟာ Story အရတော်တော်ကောင်းပါတယ်။ Kojima ရဲ့စမ်းသစ်တယ့် Idea တွေကိုတော့ မလေးစားပဲမနေနိုင်။ နောက်ပိုင်းမှာ Plot twist after Plot twist လုံးဝ မတွေးထားတာတွေ ဖြစ်မယ့် ဇာတ်လမ်းမျိုးပေါ့။ နောက်ပြီး Casting တွေကိုလည်း နံမည်ကြီး Actor/ voice actor တွေကိုသုံးထားတော့ Performance ကတော့လှည့်ကြည့်စရာမလိုပါဘူး။ ဒါတွေကတော့အားသာချက်ပေါ့။
 မကြိုက်တာ/အားနည်းတာတွေကိုပြောဆိုရင်တော့ တစ်ချိန်ကုန် ကူလီထမ်းပြီး တောင်ပတ်တက်နေရတယ့်ကိစ္စပဲ။ Story progress အရ တစ်ဖြည်းဖြည်း Gadget improvement လေးတွေလုပ်ထားပေးပေမယ်။ ဒီ Job ကြီးတွေကိုပဲ repetitive လုပ်နေရတော့ ပျင်းလာရော။ Explore လုပ်ပြီး sightseeing လုပ်ဖို့ကျတော့လည်း တောင်ကြီးရယ်နဲ့ ကိုယ်ရယ်ပဲရှိတယ် တစ်လောကလုံး (Due to Timefall) All living things are mostly dead. တောင်လေးတွေလှလို့ စိတ်လေးမွေးပြီး သွားကြည့်ဖို့ကျပြန်တော့လည်း ကူလီထမ်းတာတာကြီးနဲ့ အဆင်မပြေ။ ဆိုတော့ Gamplay ပိုင်းကတော့ ပျော်စရာ မကောင်းဘူးပေါ့လေ။
 ဒါကြောင့် Death Stranding က ဒီနှစ်အတွက် Game of the Year ဆုနဲ့လွဲခဲ့တာလို့ထင်ပါတယ်။
သို့ပေမယ့်လည်း Gameplay က ပျင်းစရာကောင်းပေမယ့် Story လေး Unique ဖြစ်တာကြောင့်၊ ကျွန်တော့် personal rating ကတော့ 7/10 ဖြစ်ပါတယ်။  အချိန်အားဖြင့်တော့ ၆၀နာရီလောက်ကြာပါတယ်။ ဒါပေမယ့် Story လေးတစ်ခုနဲ့တင်တော့ အချိန်ကုန်ရကျိုးနပ်ပါတယ် ဆော့ကျပါလို့ပြောရင်းနဲ့ပဲ.....
Have Fun,
Ed
Zawgyi
Death Stranding Complete Review
----------------------------------------------
Personal verdict 7/10
-----------------------------
Introduction
-----------------
--------------------------------------------- 
Gameplay
--------------
Overall
----------
Have Fun,
Ed
No comments:
Post a Comment