Thursday, January 21, 2021

Tom Clancy's Ghost Recon Phantom Review

 

Tom Clancy's Ghost Recon Phantom ဟာ April 10, 2014 မှာ ထုတ်ဝေခဲ့တဲ့ Free to play game တစ်ခုဖြစ်ပါတယ်။ Ghost Recon series တွေရဲ့ထုံးစံအတိုင်း 3rd person shooter ဖြစ်ပြီး ကောင်းမွန်တဲ့ cover mechanic လည်းပါဝင်ပါတယ်။ Ghost Recon fan တွေ အတွက်တော့ ဘာမှ အထူးအဆန်း မိတ်ဆက်ပေးစရာမလိုလောက်အောင် သိပြီးသားဖြစ်ကြမှာပါ။

Ghost Recon Phantom မှာ Assault, Recon နဲ့ Support ဆိုပြီး Class 3ခုရှိကြပြီး class တိုင်းဟာ တစ်ခုနဲ့တစ်ခု well balanced ဖြစ်ပါတယ်။ game mode တွေကတော့ point တွေကို တိုက်ခိုက်ရတာ ကာကွယ်ရတာနဲ့ သတ်မှတ်အချိန်အတွင်းထိန်းထားနိုင်အောင် ကြိုးစားရတာဆိုပြီး အစားစားရှိပါတယ်။ Ghost Recon Phantom ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆော့ရတာမဟုတ်ပဲ Teamwork ကိုအသားပေးတဲ့ game တစ်ခုဖြစ်တာကြောင့် သူငယ်ချင်းတွေစုပြီးကစားရင် ပိုပြီး ပျော်ဖို့ကောင်းမှာဖြစ်ပါတယ်။

:D Game ထဲမှာ ပါတဲ့ အရာရာတိုင်းကို အပြင်လောကက ပိုက်ဆံနဲ့ဝယ်လို့ရသလို သေနတ်တွေ armor တွေတော်တော်များများကို ပိုက်ဆံသုံးစရာမလိုပဲ in game cash နဲ့ဝယ်လို့ရတာကလည်း တခြား F2P game တွေလို ပိုက်ဆံပေးတဲ့သူက အသာစီးရစေတာမျိုးမဟုတ်ပဲ Balance ဖြစ်တာကိုတွေ့ရပါတယ်။ အဓိကကတော့ game flow ကိုနားလည်ပြီး Teammate ကောင်းကောင်းရှိရင် ဘယ်သူ့ကိုမဆို အလွယ်နဲ့အနိုင်ယူနိုင်မှာဖြစ်ပါတယ်။

Assault class တွေဟာ Firing Squad လို့ခေါ်တဲ့ Team တစ်ခုရဲ့ Work horse နဲ့ Killing machine တွေဖြစ်ကြပြီး သူတို့ဟာ Medium damage, Medium to Long range နဲ့ High armor တွေကိုပိုင်ဆိုင်ထားကြပါတယ်။ Assault Rifles တွေ နဲ့ Shotgun တွေဟာ သူတို့ရဲ့ ပင်တိုင်လက်နက်တွေဖြစ်ကြပြီး shotgun တွေကတော့ close combat အတွက်အကောင်းမွန်ဆုံး လက်နက်တွေဖြစ်ပါတယ်။ သူတို့ရဲ့ ကစားဟန်ကတော့ run - cover - shoot - cover ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထူထဲတဲ့ armor အနေအထားနဲ့ game တစ်ခုလုံးမှာ သွေးအများဆုံး class ဖြစ်တာကြောင့် တခြား class 2 ခုဖြစ်တဲ့ Recon နဲ့ Support တို့ကို ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ အသာလေးအနိုင်ယူနိုင်ကြပါတယ်။ Assault Class ရဲ့ အဓိက အားသာချက်ကတော့ သူတို့ရဲ့ Health regen ပါပဲ။ COD မှာလိုမျိုးပဲ cover ယူလိုက်ရင် သွေးပြန်ပြည့်လာစေတာမျိုးပါ။ သူတို့မှာ Blitz နဲ့ HEAT ဆိုတဲ့ skill နှစ်ခုရှိကြပါတယ်။ Blitz ကတော့ ဒိုင်းကာကိုထုတ်ပြီး တစ်ဖက်ရန်သူကို ပြေးရိုက်တာမျိုးဖြစ်ပြီး offensive ကို အသားပေးတဲ့ player တွေအတွက် အကြိုက်တွေ့စေမယ့် skill ဖြစ်ပါတယ်။ Blitz ကို activate လုပ်ထားတဲ့ Player တစ်ယောက်ဟာ ခြေထောက်ကလွဲရင် သူ့ဒိုင်းကာထားတဲ့ ရှေ့မျက်နှာစာ တစ်ခုလုံးကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ခြေထောက်ကို အကာအကွယ်မပေးနိုင်ဘူးဆိုပေမယ့် အရှိန်နဲ့ပြေးတာဖြစ်တဲ့အတွက်ကြောင့် သိပ်ပြီး အန္တရာယ်မရှိဘူးလို့ဆိုရပါမယ်။ ဒါ့အပြင် မသုံးတဲ့ အချိန်အတွင်းမှာ ဒိုင်းကာလွယ်ထားတဲ့ နောက်ကျောဖက်ကိုလည်း ရန်သူပစ်ခတ်မှုကနေ အကာအကွယ်ပေးပါသေးတယ်။ HEAT ကတော့ Teamwork ကောင်းကောင်းနဲ့ဆော့ကစားတဲ့ Player တွေအတွက် အသုံးဝင်ပါတယ်။ သူ့ကို activate ထားလိုက်ရင် range တစ်ခုအတွင်းက ရန်သူအားလုံးရဲ့ screen ဟာ မှုန်ဝါးသွားမှာဖြစ်ပြီး အကာအကွယ်မယူမချင်း ဒီ effect ဟာ ဝင်နေမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်အတွင်းမှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းလည်း မရှိတာကြောင့် ကိုယ့်လူတွေက အလွယ်တကူ ဝင်ရောက်ပစ်ခတ်နိုင်တဲ့ အခွင့်အရေးကိုရရှိစေမှာဖြစ်ပါတယ်။

Recon class ကတော့ sniper နဲ့ ရန်သူ့နောက်ကျောကိုဝင်ရောက်ပြီး ဖျက်ဆီးတဲ့ class နဲ့ဖြစ်ပါတယ်။ သူတို့ဟာ high damage, long range နဲ့ light armor တို့ကိုပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ အဓိက အားသာချက်ကတော့ လျှင်လျှင်မြန်မြန်ရွှေ့လျားနိုင်တာဖြစ်ပြီး ကစားသူတော်တော်များများ ရွေးချယ်လေ့ရှိကြတဲ့ class တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ short range အတွက် SMG တွေနဲ့Long Range အတွက် Sniper တွေကို သုံးနိုင်ကြပါတယ်။ သူတို့ရဲ့ Light armor အနေအထားကြောင့် သိုသိုသိပ်သိပ်လှုပ်ရှားမှုကိုသာ အသားပေးသင့်ပြီး ထိပ်တိုက်ရင်ဆိုင်ရတဲ့ အနေအထားမှာ လက်ဦးမှုမယူနိုင်ရင် အန္တရာယ်များတဲ့ class တစ်ခုဖြစ်ပါတယ်။ သူတို့မှာ skill တွေအနေနဲ့ cloak နဲ့ Oracle တို့ရှိပြီး cloak ဟာ ပတ်ဝန်းကျင်ကအရောင်တွေနဲ့ရောထွေးပြီး ကိုယ်ပျောက်သွားစေနိုင်တဲ့ skill ဖြစ်ပါတယ်။ ဒီ skill နဲ့ ရန်သူ့နောက်တန်းကို ကျော်ဖြတ်ဝင်ရောက်ပြီး ဒုက္ခပေးနေတဲ့ sniper တွေ ခံစစ်တွေကို ရှောင်တခင်တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီ skill ဟာ အတွေ့အကြုံရှိ player တွေအတွက်တော့ cloaked recon ချဉ်းကပ်လာတာကို အလွယ်တကူနဲ့သိနိုင်ပါတယ်။ Resolution ကောင်းကောင်းနဲ့ ဆော့ကစားရရင်လည်း cloak recon player ချဉ်းကပ်လာတာကို အလွယ်နဲ့ခန့်မှန်းနိုင်ပါတယ်။ နောက်တစ်ခုကတော့ Oracle ပါ။ Oracle ဟာ သူ့ရဲ့ range တစ်ခုအတွင်း ရန်သူတွေအားလုံးကို cloaked recon တွေအပါအဝင် မြင်ရစေပါတယ်။ ဒီ skill ဟာ Sniper ကိုင်တဲ့ recon တွေအတွက် အကောင်းဆုံးဖြစ်ပြီး ချဉ်းကပ်လာတဲ့ cloaked recon တွေကိုလည်း အလွယ်နဲ့ မြင်ရစေပါတယ်။

နောက်ထပ် class တစ်ခုကတော့ Support ဖြစ်ပြီး သူတို့ဟာ မိမိအဖွဲ့အတွက် ပစ်ကူပေး ရတဲ့ နေရာကနေပါဝင်ပါတယ်။ သူတို့မှာ high damage, high firing rate နဲ့ light armor တို့ကိုပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ အဓိကတာဝန်ကတော့ sniper ပစ်ကူပေးဖို့နဲ့ ကိုယ့်ရဲ့ အဖွဲ့ဝင်တွေရှေ့တက်နိုင်အောင် ကာပစ် ပစ်ပေးဖို့ပါပဲ။ လက်နက်တွေအနေနဲ့ကတော့ Light machine gun နဲ့ Sniper တွေကိုကိုင်ကြပါတယ်။ သူတို့ skill တွေမှာ Aegis နဲ့ Black out ဆိုပြီးနှစ်မျိုးရှိပါတယ်။ Aegis ဟာ support player ရဲ့ရှေ့မှာ စက်ဝိုင်းခြမ်းသဏ္ဍာန် ဒိုင်းတစ်ခုကို ဖန်တီးပေးပြီး အဝန်းအဝိုင်းထဲမှာရှိသမျှ ကိုယ့်ဖက်ကလူတွေကို ရန်သူ့ပစ်ခတ်မှုကနေ ကာကွယ်ပေးပါတယ်။ ဒါဟာ ရန်သူက အပြင်းအထန်ခုခံနေတဲ့ နေရာကို တိုက်ခိုက်တဲ့အခါ အလွန်အသုံးဝင်တဲ့ skill တစ်ခုပါ။ နောက်တစ်ခုကတော့ Black out ပါ။ Black Out ဟာ EMP တစ်မျိုးဖြစ်ပြီး မည်သည့်ရန်သူ၏ skill တွေကိုမဆို recharge ပြန်လုပ်ရအောင် ဖြစ်စေပါတယ်။

Assault , Recon နဲ့ Support class တွေဟာ တစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီပြုနေရတဲ့အတွက် Teammate ကောင်းကောင်းရဖို့အလွန်အရေးကြီးပါတယ်။ Ghost Recon Phantom ရဲ့ အဓိကအားနည်းချက်ကတော့သူ့ရဲ့ match making ပါပဲ။ player တစ်ယောက်ဟာ Lv.5 မကျော်ခင်အထိ Beginner ဟု သတ်မှတ်ပြီး တခြား beginner player တွေနဲ့အတူတူကစားခွင့်ရပါတယ်။ ဒါပေမယ့် level တစ်ခု တက်ဖို့ဟာ ခဏလေးသာကြာပြီး Game ရဲ့ ကစားဟန်ကို မသိခင်တင် level 6 ကို ရောက်ရှိသွားစေပါလိမ့်မယ်။ Level 6 ကိုရောက်ရင်တော့ ကြုံရာ ပွဲတွေမှာ ဝင်ဆော့ရမှာဖြစ်ပြီး ကိုယ်လိုသူလို low level တွေနဲ့တွေ့နိုင်သလို နာရီထောင်ချီအောင် ကစားထားပြီးဖြစ်တဲ့ Level 150 ကျော်တွေနဲ့လည်း ရင်ဆိုင်တွေ့ရနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ အထက်မှာပြောခဲ့သလို teammate ကောင်းကောင်းရမယ်ဆိုရင် မည်သည့်ရန်သူကိုမဆို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ Game ရဲ့ အဓိကရည်ရွယ်ချက်က Kill count နဲ့အမှတ်တွေအပေါ်အမှီပြုပြီး အနိုင်ရတာမျိုးမဟုတ်ပဲ Point တွေ သိမ်းနိုင်တာ Point တွေထိန်းထားနိုင်တာကသာ အနိုင်ရစေမှာဖြစ်ပါတယ်။

ခြုံငုံပြောရမယ်ဆိုရင် Ghost Recon Phantom ဟာ သူငယ်ချင်တွေနဲ့စုပြီး ကစားသင့်တဲ့ Teamwork အခြေပြု 3rd person shooter ဖြစ်ပါတယ်။ လက်ရှိမှာတော့ map 3 ခု game mode 3 ခုရှိပြီး map တွေကို အချိန်နဲ့အမျျ ပြန် edit လုပ်နေတော့ ငြီးငွေ့ခြင်းကို ခံစားရစေမှာမဟုတ်ပါဘူး။ အနာဂတ်မှာလည်း map အသစ်တွေ ဆက်ထွက်လာဦးမယ်လို့ ယူဆရပါတယ်။

Ghost Recon Phantom ကို Steam မှာ Free to play အနေနဲ့ download ရယူနိုင်ပြီး ဒီလို ကောင်းမွန်တဲ့ F2P 3rd person shooter game လေးကို ဆော့ကစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ^_^

~|Genie_zin|~

 

Zawgyi

 

Tom Clancy's Ghost Recon Phantom ဟာ April 10, 2014 မွာ ထုတ္ေ၀ခဲ့တဲ့ Free to play game တစ္ခုၿဖစ္ပါတယ္။ Ghost Recon series ေတြရဲ ့ထံုးစံအတိုင္း 3rd person shooter ၿဖစ္ၿပီး ေကာင္းမြန္တဲ့ cover mechanic လည္းပါ၀င္ပါတယ္။ Ghost Recon fan ေတြ အတြက္ေတာ့ ဘာမွ အထူးအဆန္း မိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ သိၿပီးသားၿဖစ္ၾကမွာပါ။

Ghost Recon Phantom မွာ Assault, Recon နဲ ့ Support ဆိုၿပီး Class 3ခုရွိၾကၿပီး class တိုင္းဟာ တစ္ခုနဲ ့တစ္ခု well balanced ၿဖစ္ပါတယ္။ game mode ေတြကေတာ့ point ေတြကို တိုက္ခိုက္ရတာ ကာကြယ္ရတာနဲ ့ သတ္မွတ္အခ်ိန္အတြင္းထိန္းထားႏိုင္ေအာင္ ၾကိဳးစားရတာဆိုၿပီး အစားစားရွိပါတယ္။ Ghost Recon Phantom ဟာ တစ္ဦးေကာင္းတစ္ေယာက္ေကာင္း ေဆာ့ရတာမဟုတ္ပဲ Teamwork ကိုအသားေပးတဲ့ game တစ္ခုၿဖစ္တာေၾကာင့္ သူငယ္ခ်င္းေတြစုၿပီးကစားရင္ ပိုၿပီး ေပ်ာ္ဖို ့ေကာင္းမွာၿဖစ္ပါတယ္။ :D Game ထဲမွာ ပါတဲ့ အရာရာတိုင္းကို အၿပင္ေလာကက ပိုက္ဆံနဲ ့၀ယ္လို ့ရသလို ေသနတ္ေတြ armor ေတြေတာ္ေတာ္မ်ားမ်ားကို ပိုက္ဆံသံုးစရာမလိုပဲ in game cash နဲ ့၀ယ္လို ့ရတာကလည္း တၿခား F2P game ေတြလို ပိုက္ဆံေပးတဲ့သူက အသာစီးရေစတာမ်ိဳးမဟုတ္ပဲ Balance ၿဖစ္တာကိုေတြ ့ရပါတယ္။ အဓိကကေတာ့ game flow ကိုနားလည္ၿပီး Teammate ေကာင္းေကာင္းရွိရင္ ဘယ္သူ ့ကိုမဆို အလြယ္နဲ ့အႏိုင္ယူႏိုင္မွာၿဖစ္ပါတယ္။

Assault class ေတြဟာ Firing Squad လို ့ေခၚတဲ့ Team တစ္ခုရဲ ့ Work horse နဲ ့ Killing machine ေတြၿဖစ္ၾကၿပီး သူတို ့ဟာ Medium damage, Medium to Long range နဲ ့ High armor ေတြကိုပိုင္ဆိုင္ထားၾကပါတယ္။ Assault Rifles ေတြ နဲ ့ Shotgun ေတြဟာ သူတို ့ရဲ ့ ပင္တိုင္လက္နက္ေတြၿဖစ္ၾကၿပီး shotgun ေတြကေတာ့ close combat အတြက္အေကာင္းမြန္ဆံုး လက္နက္ေတြၿဖစ္ပါတယ္။ သူတို ့ရဲ ့ ကစားဟန္ကေတာ့ run - cover - shoot - cover ၿဖစ္ပါတယ္။ ဒါေပမယ့္ သူတို ့ရဲ ့ ထူထဲတဲ့ armor အေနအထားနဲ ့ game တစ္ခုလံုးမွာ ေသြးအမ်ားဆံုး class ၿဖစ္တာေၾကာင့္ တၿခား class 2 ခုၿဖစ္တဲ့ Recon နဲ ့ Support တို ့ကို ထိပ္တိုက္ရင္ဆိုင္မွဳေတြမွာ အသာေလးအႏိုင္ယူႏိုင္ၾကပါတယ္။ Assault Class ရဲ ့ အဓိက အားသာခ်က္ကေတာ့ သူတို ့ရဲ ့ Health regen ပါပဲ။ COD မွာလိုမိ်ဳးပဲ cover ယူလိုက္ရင္ ေသြးၿပန္ၿပည့္လာေစတာမ်ိဳးပါ။ သူတို ့မွာ Blitz နဲ ့ HEAT ဆိုတဲ့ skill ႏွစ္ခုရွိၾကပါတယ္။ Blitz ကေတာ့ ဒိုင္းကာကိုထုတ္ၿပီး တစ္ဖက္ရန္သူကို ေၿပးရိုက္တာမ်ိဳးၿဖစ္ၿပီး offensive ကို အသားေပးတဲ့ player ေတြအတြက္ အၾကိဳက္ေတြ ့ေစမယ့္ skill ၿဖစ္ပါတယ္။ Blitz ကို activate လုပ္ထားတဲ့ Player တစ္ေယာက္ဟာ ေၿခေထာက္ကလြဲရင္ သူ ့ဒိုင္းကာထားတဲ့ ေရွ ့မ်က္ႏွာစာ တစ္ခုလံုးကို ကာကြယ္ၿပီးသားၿဖစ္သြားပါတယ္။ ေၿခေထာက္ကို အကာအကြယ္မေပးႏိုင္ဘူးဆိုေပမယ့္ အရွိန္နဲ ့ေၿပးတာၿဖစ္တဲ့အတြက္ေၾကာင့္ သိပ္ၿပီး အႏၱရာယ္မရွိဘူးလို ့ဆိုရပါမယ္။ ဒါ့အၿပင္ မသံုးတဲ့ အခ်ိန္အတြင္းမွာ ဒိုင္းကာလြယ္ထားတဲ့ ေနာက္ေက်ာဖက္ကိုလည္း ရန္သူပစ္ခတ္မွဳကေန အကာအကြယ္ေပးပါေသးတယ္။ HEAT ကေတာ့ Teamwork ေကာင္းေကာင္းနဲ ့ေဆာ့ကစားတဲ့ Player ေတြအတြက္ အသံုး၀င္ပါတယ္။ သူ ့ကို activate ထားလိုက္ရင္ range တစ္ခုအတြင္းက ရန္သူအားလံုးရဲ ့ screen ဟာ မွဳန္၀ါးသြားမွာၿဖစ္ၿပီး အကာအကြယ္မယူမခ်င္း ဒီ effect ဟာ ၀င္ေနမွာၿဖစ္ပါတယ္။ ဒီလိုၿဖစ္ေနခ်ိန္အတြင္းမွာ ၿပန္လည္ပစ္ခတ္ႏိုင္ၿခင္းလည္း မရွိတာေၾကာင့္ ကိုယ့္လူေတြက အလြယ္တကူ ၀င္ေရာက္ပစ္ခတ္ႏိုင္တဲ့ အခြင့္အေရးကိုရရွိေစမွာၿဖစ္ပါတယ္။

Recon class ကေတာ့ sniper နဲ ့ ရန္သူ ့ေနာက္ေက်ာကို၀င္ေရာက္ၿပီး ဖ်က္ဆီးတဲ့ class နဲ ့ၿဖစ္ပါတယ္။ သူတို ့ဟာ high damage, long range နဲ ့ light armor တို ့ကိုပိုင္ဆိုင္ထားပါတယ္။ သူတို ့ရဲ ့ အဓိက အားသာခ်က္ကေတာ့ လွ်င္လွ်င္ၿမန္ၿမန္ေရႊ ့လ်ားႏိုင္တာၿဖစ္ၿပီး ကစားသူေတာ္ေတာ္မ်ားမ်ား ေရြးခ်ယ္ေလ့ရွိၾကတဲ့ class တစ္ခုၿဖစ္ပါတယ္။ သူတို ့ဟာ short range အတြက္ SMG ေတြနဲ ့Long Range အတြက္ Sniper ေတြကို သံုးႏိုင္ၾကပါတယ္။ သူတို ့ရဲ ့ Light armor အေနအထားေၾကာင့္ သိုသိုသိပ္သိပ္လွဳပ္ရွားမွဳကိုသာ အသားေပးသင့္ၿပီး ထိပ္တိုက္ရင္ဆိုင္ရတဲ့ အေနအထားမွာ လက္ဦးမွဳမယူႏိုင္ရင္ အႏၱရာယ္မ်ားတဲ့ class တစ္ခုၿဖစ္ပါတယ္။ သူတို ့မွာ skill ေတြအေနနဲ ့ cloak နဲ ့ Oracle တို ့ရွိၿပီး cloak ဟာ ပတ္၀န္းက်င္ကအေရာင္ေတြနဲ ့ေရာေထြးၿပီး ကိုယ္ေပ်ာက္သြားေစႏိုင္တဲ့ skill ၿဖစ္ပါတယ္။ ဒီ skill နဲ ့ ရန္သူ ့ေနာက္တန္းကို ေက်ာ္ၿဖတ္၀င္ေရာက္ၿပီး ဒုကၡေပးေနတဲ့ sniper ေတြ ခံစစ္ေတြကို ေရွာင္တခင္တိုက္ခိုက္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီ skill ဟာ အေတြ ့အၾကံဳရွိ player ေတြအတြက္ေတာ့ cloaked recon ခ်ဥ္းကပ္လာတာကို အလြယ္တကူနဲ ့သိႏိုင္ပါတယ္။ Resolution ေကာင္းေကာင္းနဲ ့ ေဆာ့ကစားရရင္လည္း cloak recon player ခ်ဥ္းကပ္လာတာကို အလြယ္နဲ ့ခန္ ့မွန္းႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ Oracle ပါ။ Oracle ဟာ သူ ့ရဲ ့ range တစ္ခုအတြင္း ရန္သူေတြအားလံုးကို cloaked recon ေတြအပါအ၀င္ ၿမင္ရေစပါတယ္။ ဒီ skill ဟာ Sniper ကိုင္တဲ့ recon ေတြအတြက္ အေကာင္းဆံုးၿဖစ္ၿပီး ခ်ဥ္းကပ္လာတဲ့ cloaked recon ေတြကိုလည္း အလြယ္နဲ ့ ၿမင္ရေစပါတယ္။

ေနာက္ထပ္ class တစ္ခုကေတာ့ Support ၿဖစ္ၿပီး သူတို ့ဟာ မိမိအဖြဲ ့အတြက္ ပစ္ကူေပး ရတဲ့ ေနရာကေနပါ၀င္ပါတယ္။ သူတို ့မွာ high damage, high firing rate နဲ ့ light armor တို ့ကိုပိုင္ဆိုင္ထားပါတယ္။ သူတို ့ရဲ ့ အဓိကတာ၀န္ကေတာ့ sniper ပစ္ကူေပးဖို ့နဲ ့ ကိုယ့္ရဲ ့ အဖြဲ ့၀င္ေတြေရွ ့တက္ႏိုင္ေအာင္ ကာပစ္ ပစ္ေပးဖို ့ပါပဲ။ လက္နက္ေတြအေနနဲ ့ကေတာ့ Light machine gun နဲ ့ Sniper ေတြကိုကိုင္ၾကပါတယ္။ သူတို ့ skill ေတြမွာ Aegis နဲ ့ Black out ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။ Aegis ဟာ support player ရဲ ့ေရွ ့မွာ စက္၀ိုင္းၿခမ္းသ႑ာန္ ဒိုင္းတစ္ခုကို ဖန္တီးေပးၿပီး အ၀န္းအ၀ိုင္းထဲမွာရွိသမွ် ကိုယ့္ဖက္ကလူေတြကို ရန္သူ ့ပစ္ခတ္မွဳကေန ကာကြယ္ေပးပါတယ္။ ဒါဟာ ရန္သူက အၿပင္းအထန္ခုခံေနတဲ့ ေနရာကို တိုက္ခိုက္တဲ့အခါ အလြန္အသံုး၀င္တဲ့ skill တစ္ခုပါ။ ေနာက္တစ္ခုကေတာ့ Black out ပါ။ Black Out ဟာ EMP တစ္မ်ိဳးၿဖစ္ၿပီး မည္သည့္ရန္သူ၏ skill ေတြကိုမဆို recharge ၿပန္လုပ္ရေအာင္ ၿဖစ္ေစပါတယ္။

Assault , Recon နဲ ့ Support class ေတြဟာ တစ္ခုနဲ ့တစ္ခု ကိုင္းကြ်န္းမွီ ကြ်န္းကိုင္းမွီ အမွီၿပဳေနရတဲ့အတြက္ Teammate ေကာင္းေကာင္းရဖို ့အလြန္အေရးၾကီးပါတယ္။ Ghost Recon Phantom ရဲ ့ အဓိကအားနည္းခ်က္ကေတာ့သူ ့ရဲ ့ match making ပါပဲ။ player တစ္ေယာက္ဟာ Lv.5 မေက်ာ္ခင္အထိ Beginner ဟု သတ္မွတ္ၿပီး တၿခား beginner player ေတြနဲ ့အတူတူကစားခြင့္ရပါတယ္။ ဒါေပမယ့္ level တစ္ခု တက္ဖို ့ဟာ ခဏေလးသာၾကာၿပီး Game ရဲ ့ ကစားဟန္ကို မသိခင္တင္ level 6 ကို ေရာက္ရွိသြားေစပါလိမ့္မယ္။ Level 6 ကိုေရာက္ရင္ေတာ့ ၾကံဳရာ ပြဲေတြမွာ ၀င္ေဆာ့ရမွာၿဖစ္ၿပီး ကိုယ္လိုသူလို low level ေတြနဲ ့ေတြ ့ႏို္င္သလို နာရီေထာင္ခ်ီေအာင္ ကစားထားၿပီးၿဖစ္တဲ့ Level 150 ေက်ာ္ေတြနဲ ့လည္း ရင္ဆိုင္ေတြ ့ရႏိုင္ပါတယ္။ မည္သို ့ပင္ဆိုေစ အထက္မွာေၿပာခဲ့သလို teammate ေကာင္းေကာင္းရမယ္ဆိုရင္ မည္သည့္ရန္သူကိုမဆို ရင္ဆိုင္ႏိုင္မွာၿဖစ္ပါတယ္။ Game ရဲ ့ အဓိကရည္ရြယ္ခ်က္က Kill count နဲ ့အမွတ္ေတြအေပၚအမွီၿပဳၿပီး အႏိုင္ရတာမ်ိဳးမဟုတ္ပဲ Point ေတြ သိမ္းႏိုင္တာ Point ေတြထိန္းထားႏိုင္တာကသာ အႏိုင္ရေစမွာၿဖစ္ပါတယ္။

ၿခံဳငံုေၿပာရမယ္ဆိုရင္ Ghost Recon Phantom ဟာ သူငယ္ခ်င္ေတြနဲ ့စုၿပီး ကစားသင့္တဲ့ Teamwork အေၿခၿပဳ 3rd person shooter ၿဖစ္ပါတယ္။ လက္ရွိမွာေတာ့ map 3 ခု game mode 3 ခုရွိၿပီး map ေတြကို အခ်ိန္နဲ ့အမ်် ၿပန္ edit လုပ္ေနေတာ့ ၿငီးေငြ ့ၿခင္းကို ခံစားရေစမွာမဟုတ္ပါဘူး။ အနာဂတ္မွာလည္း map အသစ္ေတြ ဆက္ထြက္လာဦးမယ္လို ့ ယူဆရပါတယ္။

Ghost Recon Phantom ကို Steam မွာ Free to play အေနနဲ ့ download ရယူႏိုင္ၿပီး ဒီလို ေကာင္းမြန္တဲ့ F2P 3rd person shooter game ေလးကို ေဆာ့ကစားၾကဖို ့ ဖိတ္ေခၚလိုက္ပါတယ္ ^_^

~|Genie_zin|~

No comments:

Post a Comment