Monday, February 16, 2015
Witcher 3: Wild Hunt Review
The Witcher 2 : Assassins of kings ထွက်ပီးနောက် ၂ နှစ်ကြာမှ CD Projeket RED ဟာ The Witcher 3 : Wild Hunt ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Gamer အားလုံး အံအားသင့်ပြီး အရမ်းသဘောကျခဲ့ကြပါတယ်။ အကြောင်းအရင်းက အရာအားလုံးကို improve လုပ်ထားလို့ပဲ။ CD Projeket RED ဟာ Witcher series နဲ့ နာမည်ရခဲ့တဲ့ Game Company ပါ။ အခုလဲ The Witcher 3 : Wild Hunt ကို 2014 မှာ ထုတ်ပေးမလိုလိုနဲ့ ၂၀၁၅ ကို ရွှေ့လိုက်တယ်။ ဒီ့အပြင် ထပ်ပြီး Delay လုပ်ကာ May 19,2015 အထိရွှေ့လိုက်ပါတယ်။ အကြောင်းအရင်းကတော့ လုံး၀ bug မရှိပဲ Gamer တွေကြားမှာ တတွတ်တွတ်ပြောနေတဲ့ Best Action RPG တစ်ခုဖြစ်လာအောင် လုပ်တာလို့ CD Projeket RED အဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ဒါနဲ့ The Witcher 2 : Assassins of kings ကို 2012 May မှာ PC, Xbox 360 အတွက် 1.7 million units အထိရောင်းလိုက်ရတာနော်။ ပြီးတော့ကျနော် ပြောချင်တာကတော့ Game Developer တွေက PS3 နဲ့ Xbox 360 ကို စတင် လက်လျှော့လာကြပြီး PC, PS4 နှင့် Xbox One အတွက်ပဲ အလေးထားလုပ် လာကြပါတယ်။ Dying Light ကိုလဲ PS3 နှင့် Xbox 360 အတွက် Official cancel လုပ်လိုက်ကြပါတယ်။ Witcher 3 ကိုလဲ PS3 နှင့် Xbox 360 က စွမ်းဆောင်နိုင်မှုမရှိလို့ဆိုပီး PC, PS4 နှင့်Xbox One အတွက်ပဲ ထုတ်မယ်လို့ အတည်ပြုထားပါတယ်။ နောက်ထွက်လာမဲ့ ဂိမ်းတော်တော်များများကလဲ PC, PS4, Xbox One အတွက်ပဲ များပါတယ်။
Story of The Witcher
--------------------------
Witcher 3 ရဲ့ Storyline ကြောင်း ကောင်းကောင်းမသိရသေးပါဘူး။ ဒါကြောင့် Witchers တွေရဲ့ အကြောင်းပြောပြပါမယ်။ Witchers တွေဟာ Monster-Hunters တွေပါ။ သူတို့ Bodies တွေဟာ supernatural စွမ်းဆောင်ရည်တွေကို အသုံးပြုနိုင်ဖို့ မွမ်းမံလေ့ကျင့်ထားပြီး အလွန့်အလွန် ဆိုးဝါးသော Monsters များကို သတ်နိုင်သလို့ Monsters များရဲ့ ရန်မှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။
သူတို့ရဲ့ မွမ်းမံလေ့ကျင်ထားတဲ့ စွမ်းရည်ကြောင့် ကိုယ်လက်ဖြတ်လတ်မှုရှိသော စွမ်းဆောင်ရည်မြင့်လူသားအဖြစ် အရောင်ထပ်ဟပ်စေခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက ဆေးဘက်ဝင်ဆေးပင်များထံမှ ကြိုတင် ဆေးဖေါ်ပြီး အသုံးပြုနိုင်တယ်၊ Magic Potion တွေလုပ်နိုင်တယ်၊ Virus ဒါဏ်ခံနိုင်ပီးသား ဖြစ်သလို ည တွေမှာလဲ ကြည့်ရှုနိုင်အောင် စွမ်းဆောင်နိုင်တာပါပဲ။ ဒါပင်မဲ့ အဲဒီ စွမ်းဆောင်ရည်တွေကို တချို့သော လူတွေကြားမှာ လူသားမျိုးနွယ်ကို ဆန့်ကျင်သော မျိုးနွယ်တစ်ခုဟု သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ Witcher တွေထဲမှာပဲ အတော်ဆုံး Witcher တွေကတော့ Geralt ပါပဲ။
Geralt ဟာ စုန်းမကြီး Visenna ရဲ့ သားဖြစ်ပြီး သူကို မွေးပြီးပြီးချင်းမှာပဲ Visenna ဟာ Geralt ကို Kaer Morhen မှာရှိတဲ့ the Witchers' stronghold မှာ စွန့်ပစ်ထားခဲ့တာပါ။ Grealt ဟာ သူပရဲ့အသက်ကြီးထွားစဉ်ကာလတွင် အမျိုးမျိုးပြောင်းလဲခြင်း ဒါဏ်မှ ကြံကြံခံပြီး အသက်ရှင်လာသူဖြစ်ပါတယ်။ side effect အနည်းငယ်ရှိသော သူရဲ့ ကိုယ်ပိုင် abilities တွေက ပိုမိုပြေးနိုင်ခြင်း။ ကြံကြံခံနိုင်ခြင်း။ ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိခြင်။ ခံနိုင်ရည်ရှိခြင်း။ အာရုံခံနိုင်စွမ်း မြင့်မားခြင်းနှင့် စွမ်းဆောင်ရည်များကို Regen လုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့်သူကို့ငယ်ငယ်တုန်း လေ့ကျင်ပေးသော ဆရာများကိုတိုင်း အရမ်းကို Dangerous ဖြစ်တဲ့ စမ်းသက်ချက်တွေ လုပ်တာတောင် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်။
ဒီစမ်းသပ်မှုတွေကြောင့် သူရဲ့ body ဟာ ဖြူလျော့လာပြီး ဆံပင်တွေဟာ အဖြူရောင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ သူကို ''Gwynbleidd", the White Wolf လို့ သမုတ်ခေါ်ဆိုကြပါတယ်။ အဲလိုနဲ့ Witcher လေးကျင့်မှုတွေပြီးနောက် Wolf medallion (the symbol of Kaer Morhen) ကိုရရှိခဲ့ပါတော့တယ်။ Geralt of Rivia ( the White Wolf ) ဟာ Płotka လို ကိုယ်ပိုင်နာမည်ပေးထားသောမြင်းဖြင့် စတင်ကာ
Monster slayer ( Monster သတ်ဖြတ်သူ ) အဖြစ် အငှားလိုက် သတ်ဖြတ်ပါတော့တယ်။
Gameplay at The Witcher 3 : Wild Hunt
-------------------------------------------------
Witcher အကြောင်းပိုနားလည်ချင်တယ်ဆိုရင်တော့ Witcher seires ကို ကစားရမှာဖြစ်ပါတယ်။ Witcher 3 : Wild Hunt က Action RPG ဂိမ်းအမျိုးအစားဖြစ်ပြီး Open World အမျိုးအစားဖြစ်ပါတယ်။ Over 180 Award ကြိုတင်ဆုပေးခံရတဲ့ ဂိမ်းလဲဖြစ်ပါတယ်။ အားရစရာကတော့ Bug မရှိအောင် သေသေချာချာ ကြိုးစားပေးတဲ့ CD Projeket Red ကို ကျေးဇူးတင်စရာပဲ။ Witcher 1 တုန်းက Graphic တွေကာ Gameplay တွေကော လိုအပ်ချက်လေးတွေရှိခဲ့တယ်။ ဒါကိုကြိုးစားပြီး 2012 မှာ Witcher 2 : Assassin of Kings မှာ Graphic improve တွေ အကုန် improvement တွေလုပ်ခဲ့ပါတယ်။
အခု The Witcher 3 : Wild Hunt မှာ ပိုမိုပီး Improve လုပ်ထားတာကို တွေ့ရပြီး Sex အခန်းတွေလဲ ပါဝင်အုံးမှာဖြစ်သလို ဆော်လေးတွေကလဲ အရမ်း sexy ကျပြီး အရမ်းလှပါတယ်။ Gameplay ကတော့အရင်က Witcher ထဲကလိုပဲ ဆိုပင်မဲ့ Improvement တွေအများကြီးလုပ်ထားတာကြောင့် လန်ပြန်နေတာပဲ။ Graphic ကလဲ လုံး၀ မြင့်ပါတယ်။ Gameplay ကို ကျနော် ကြည့်လိုက်တာ Enviroment တစ်ခုလုံးကို detail improve လုပ်ထားတာကို တွေ့ရတယ်။ Gameplay ကလဲ အရမ်းကို smooth ဖြစ်ပါတယ်။ Action RPG မိုလို့ ကစားရတာ ပိုမိုက်အုံးမှာပါ။ပီးတော့ Witcher 3 မှာ Geralt အပြင် Ciri ဆိုသော girl character အား ကစားခွင့်ရအုံးမှာဖြစ်ပါတယ်။ Monster Hunting ကတော့ တကယ်မိုက်တယ်။ Monster အကောင်ကြီးတွေက သူအမျိုးအစားနဲ့သူ ကြမ်းထှော်နေတာပဲ။ Combat system က တိုက်ရင်းခိုက်ရင် Magic တွေပါ အသုံးပြုပီး တိုက်ခိုက်ရမှာပါ။Wild Hunt မှာ အသစ်ထပ်တိုးပါဝင်သော( witcher ရဲ့အာရုံခံစွမ်းရည်ကဲ့သိုသော) new Mechanics မြင်းရဲ့ကျောကုန်းပေါ်မှာတိုက်ခိုက်တာတို့, ပင်လယ်ထဲ ရေကူးသွားတာတို့ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ player ဟာ သေးငယ်သောနေရာတွေမှာ ပုန်းခိုတာတို့ , ခုန်တာတို့ တက်တာတို့ကို လုပ်နိုင်ပါတယ်။ တက်တာက Assassin Creed လိုမဟုတ်ပင်မဲ့ Uncharted ထဲက Drake ရဲ့ တောင်တက်သလိုမျိုးပဲလိုဆိုပါတယ်။ နောက်တစ်ခုက Player နှစ်သက်မှာကတော့ More open world than Witcher 2 ပါပဲ။ ဘာလို့လဲဆိုတော့ Witcher 2 Map ထပ်အဆ ၃၀ ပိုမိုကြီးမားလို့ပဲ။အဲဒါကြောင့် မြင်းစီးပီး တစ်နေရာနှင့်တစ်နေရာ သွားရမယ် ဒါမှမဟုတ် လှေစီပီး တစ်နေရာနှင့်တစ်နေရာ သွားရမယ်။ ရန်သူတွေကလဲ အရင်ကအကောင်တွေနှင့်လုံးဝမတူပဲ အကောင်သစ်တွေကြည့်ပါပဲ။ အကောင်းကြီး Boss တွေလဲ ပါဝင်မှာဖြစ်သလို ဗီလိမ်မိုက်သော Boss တွေနဲ့လဲ တိုက်ခိုက်ရအုံးမှာဖြစ်ပါတယ်။ ဒီလောက် detail ကျကျ bug နည်းနည်း နဲ့ မြေပုံက Witcher 2 ထပ် အဆ ၃၀ကြီးတဲ့သောက်ရမ်းမိုက်တဲ့ ဂိမ်းက ဆုမရပဲ ဘယ်နေပါ့မလဲဗျာ။
The Witcher 3 : Wild Hunt ကို full enjoy ဖြစ်ဖို့အတွက် Witcher 2 နှင့် 1 ကစားရန်မလိုဘူးဟု CD Projeket Red က ပြောပါတယ်။ အခုမှ Witcher ကို ကစားမဲ့သူတွေအတွက် အရမ်းကို အဆင်ပြေတာပေါ့။ Graphic မြင့်သလို့ PC Requirement ကလဲ မြင်တာကြောင့် Graphic ကောင်းကောင်း Ram ကောင်းကောင်း ရှိမှ Witcher 3 : Wild Hunt ကို setting အမြင့်မှာ အဆင်ပြေစွာ Frame per second မကျပဲ ကစားနိုင်မှာဖြစ်ပါတယ်။ Gaming PC သမားတွေအတွက်တော့ shock မရှိသော်လဲ မြန်မာနိုင်ငံ နှင့်အခြားသော နိုင်ငံများမှ mid-core Gaming PC သမားများအတွက် Graphic တွေ Ram တွေမြင့်မှ The Witcher 3 ကို ချောမွေ့စွာ setting ကောင်းမှာ ကစားနိုင်မှာဖြစ်ပါတယ်။ PS4 အတွက်ကိုလဲ 1080P , 60FPS ရမယ်လို့ CD Projeket Red က အတည်ပြုထားပီး HDD space က 60GB ယူမယ်လို့ ဆိုထားပါတယ်။ ဒါဆို May 19,2015 မှာ PC, PS4 နှင့် Xbox One အတွက် ထွက်လာမဲ့ The Witcher 3 : Wild Hunt ကို ကစားခြင်စိတ် ပိုမိုဖြစ်သွားမယ်လို့ ယုံကြည့်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ပါစေ။
#JameSam
.
Zawgyi
Story of The Witcher
--------------------------
-------------------------------------------------
#JameSam
.
No comments:
Post a Comment