Monday, April 1, 2019
Sekiro : Shadow Die Twice Review
Personal Rating 9.5/10
-----------------------
ဒီဂိမ်းကတော့ တစ်ကမ္ဘာလုံးမှာ ခက်လှချည်ရဲ့ ဆိုပြီး လူပြောများ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ကယ်လည်းခက်ပါတယ်။ Developer ကတော့ Darksoul series တွေထုတ်ခဲ့တဲ့ Fromsoftware ကဆိုတော့ နံမည်မြင်တာနဲ့ ၉ ၀% က ခက်မယ်မှန်းသေချာနေပါပြီ။ ဒါမျိုးဂိမ်းကတော့ သာမာန် စိတ်အပန်းဖြေဖို့ ဂိမ်းဆော့မယ် ဆိုရင် အမှားကြီးမှားပါလိမ့်မယ်။ ဘာလို့ဆို ဒီဂိမ်းက Hardcore player တွေအတွက်ဖြစ်ပြီး ဆော့နေရင် Stress ပါတိုးပါလိမ့်မယ်။
ကျွန်တော်ကတော့ ဒါကို Souls series တွေထက်ပိုကြိုက်ပါတယ်။ Western မှာဆို Victorian Era ကိုကြိုက်သလို Asia/Japan မှာဆို Sengoku Era ကို အသေကြိုက်ပါတယ်။ အခု ဒီဂိမ်းက Sengoku Era လည်းဖြစ် နောက်ပြီး ငယ်ငယ်က အရမ်းကြိုက်ရတဲ့ Tenchu ဆိုတဲ့ Ninja assassin game မျိုးကို ငတ်နေတာလည်းကြာတော့ အခု Sekiro ကလုံး၀ ကွက်တိကိုဖြစ်သွားတော့တာပေါ့။
Gameplay ပိုင်းကလည်းလုံး၀ Unique ဖြစ်လွန်းတယ်။ ဒီလို Game အမျိုးအစားကတော့ ခဏခဏကိုသေသေနေပြီး Learn လုပ်ရမှပါ။ သေလို့စိတ်ဓာတ်မကျပါနဲ့။ ခဏခဏ သေမှ နိုင်မဲ့ နည်းလမ်းသစ်ရှာလို့ရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ အကြိုက်ဆုံး ၂ချက် ရှိပါတယ် တစ်ခုကတော့ ခက်ခက်ခဲခဲ ဆော့ရတာကိုပါ။ အရမ်း Challenging ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Parry လုပ်ပြီးချရတာပါပဲ၊ အရမ်းကို မိုက်တယ်။ Sight seeing လုပ်လို့လည်းကောင်းမှကောင်း၊ အသေလှတယ် နေရာလေးတွေက။ Graphic ကတော့ Red dead တို့ Uncharted 4 တို့လိုတော့ အရမ်း Excellent မဖြစ်၊ သာမာန်ပေါ့။ Story လည်း အရမ်းကြီး Epic တော့ဖြစ်မနေပေမယ့် သူ့ဟာနဲ့သူကောင်းတယ်။ ကျွန်တော်ကတော့ လောလောဆယ် Normal Ending ပဲပွင့်ထားသေးတယ်။ နာရီ ၅၀ ကြာဆော့ခဲ့ရပါတယ်။ Ending က အားလုံးပေါင်း ၄ ခုရှိတယ်။ New Game Plus နဲ့ ပြန်ဆော့ပြီး အကုန်ပွင့်အောင်လုပ်ဦးမှာပါ။ 😁
အားမရတာပြောရမယ်ဆိုရင်တော့ မရှိပါဘူး။ ဟီးဟီးဟီး... ဒါပေမယ့် မရှိရှိတာ ရှာကျန်ပြောရမယ်ဆိုရင်တော့ဖြင့် Finishing အကွက်ကြီးတွေက ထပ်လွန်းတယ်။ Tenchu မှာဆိုရင် ရှေ့၊ ဘေး ၊ အပေါ်၊ အောက်၊ အနောက် ဘက်ပေါင်းစုံကကို သတ်လို့ရတယ်။ ဒီမှာက အလွန်နဲပါတယ်။ အဲ့ဟာလေးတစ်ခုပါပဲ။ ကျန်တာက အကုန်မိုက်မှမိုက်ပဲ
အချုပ် အနေနဲ့ကတော့ အားလုံးကောင်းပါတယ်။ ဒါကြောင့် 2019 အတွက် လောလောဆယ် အကြိုက်ဆုံး ဂိမ်းဖြစ်နေပါတယ်။ Hardcore Player တွေအတွက်ကတော့ လုံး၀ကို လက်မလွတ်သင့်တဲ့ Masterpiece game တစ်ခုဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲ...
Have Fun,
Ed
Zawgyi
Sekiro : Shadow Die Twice
====================
Personal Rating 9.5/10
-----------------------
Have Fun,
Ed
No comments:
Post a Comment