Wednesday, October 5, 2016
Mafia 3 Review
Mafia II ကို Gamer အများစုနှစ်သက်ကြတယ် ကြိုက်ကြတယ် ဟုတ်ပါတယ် တကယ်ကိုလဲပဲ ကောင်းပါတယ်။ မကောင်းတဲ့အချက်လေး အနည်းငယ်ရှိတော့ရှိတာပေါ့ ....... Mafia 2 က 2010 တုန်းက ထွက်ခဲ့တာ အခုဆို ၆ နှစ်လောက်ရှိပြီလေ Mafia 2 ပြီနောက် Gamer တွေ Mafia 3 အကြောင်း ဘယ်လိုလာမည့်အကြောင်း တတွတ်တွတ်ပြောနေကျပင်မဲ့လဲ 2K က Mafia 3 ကို မထုတ်ခဲ့ပါဘူး ဒါပင်မဲ့ 2015ခုနှစ် မနှစ်က Mafia 3 international trailer ထုတ်ချလိုက်တော့Maifa fan တွေအကုန်လုံးအတွက် Mafia 3 Dream ဟာ ပြည့်စုံသွားတော့တယ်........
Story
======
Mafia 3 က 1968,New Bordeaux မှာ အခြေခံထားတာဖြစ်ပါတယ်။ Lincoln Clay ဟာ Orphan တစ်ယောက်ပါ လမ်းပေါ်လေလွင့်နေတဲ့ ကလေးတစ်ယောက်ပါ သူနဲ့သက်ဆိုင်မယ်ဆိုတဲ့
နေရာကို လိုက်ရှာနေရင်း black mobsters အဖွဲ့မှ မွေးစားခဲ့တယ် ဒါပင်မဲ့ သူနဲ့မသက်ဆိုင်တဲ့နေရာဟု ယူဆပြီး စစ်တပ်ထဲ ဝင်ခဲ့ပါတယ် သို့သော်လဲပဲ စစ်တပ်ကလဲ သူနဲ့ မသက်ဆိုင်တဲ့ နေရာဆိုတာ
သူသိလိုက်ရပြီးတဲ့နောက် Vietnam War အပြီးမှာ New Bordeaux ကို ထွက်လာခဲ့ပါတယ်.....အဲမှာ သူကို မွေးစားခဲ့တဲ့အဖွဲ့ကို ပြန်တွေ့ခဲ့ပြီ သူနဲ့ တကယ်သက်ဆိုင်တဲ့ မိသားစုက ဒီမှာဟု
တွေးပြီး မုချယုံကြည်ခဲ့တယ်။ သူ့ကို မွေးစားခဲ့တဲ့ Black mobsters တို့ရဲ့ ခေါင် New Bordeaux ရဲ့ Crime လောကကို ဦးစီးထားသူ Marcanos ဆီသူရောက်သွားခဲ့တယ် က သူရဲ့သား Gorgie နဲ့အတူ Federal Reserve Bank ကို ဓါးပြတိုက်ဖို့
mission ပေးခဲ့ပြီးနောက် Licon Clay နဲ့ Gorgie တို့ ဟာ အောင်မြင်စွာ ဓါးပြတိုက်နိုင်ခဲ့ပါတယ် ..... Licon Clay က သူအလုပ်ပြီးတော့ သူရဲ့အဖွဲ့ဆီ ပြန်သွားခဲ့ပါတယ် သူရဲ့ခွဲတမ်းကို ယူပြီးတော့ပေါ့ Gorgie ရဲ့အဖေကနဂိုကတည်းက တခြားအကြံရှိပြီးသားပါ အဲဒါကတော့ Licon Clay နဲ့ Black mobsters အဖွဲ့ တစ်ဖွဲ့လုံးကို သတ်ပစ်ဖို့ပဲ ..... Gorgie တို့သားအဖက Black mobsters တစ်ဖွဲ့လုံး နဲ့သတ်ခဲ့ပြီ Lincoln ရဲ့
ခေါင်းကို Gorgie က သေနတ်နဲ့ပစ်သတ်ခဲ့သော်လဲ Lincoln ရဲ့အသက်ပြင်းမှု့ကြောင့် ခေါင်းအတွင်း ကျည်ဆံကျန်နေခဲ့ပါတယ် Lincoln ကို fatherr James ဟာတွေ့ပြီးနောက် Lincoln ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် .... Lincoln ပြန်သတိရလာတဲ့အချိန်မှာ Gorgie တို့ သားအဖတို့ အဖွဲ့ကို revenge ပြန်လုပ်ဖို့အကွက်ချပါတော့တယ် ..... သူကိုယ်ပိုင် Black mobsters အဖွဲ့ကို ပြန်လည် ထူထောင်ခဲ့တဲ့အပြင် Crime Boss တွေဖြစ်တဲ့ Cassandra,Burke,
Vito Scaletta ( Mafia 1,2 main protagonist အဖြစ်ပါဝင်ခဲ့သူ ) ရယ် Marcano family's members တွေရယ် သူတို့ Operations တွေအကြောင်းကိုပြောပြတဲ့ John Donovan တို့နှင့် Marcano Family ပိုင်ရှင် Gorgie တို့သားအဖကို revenge လုပ်ပါတော့တယ်။
Gameplay
=========
Mafia 3 ထဲမှာ Lincoln ဟာ Anti-Hero ဖြစ်ပါတယ် Lincoln ဟာတောင်တင်းတဲ့ Body ပိုင်ရှင်ဖြစ်သလို ခေါင်းမှာရထားတဲ့ သေနတ်ဓါဏ်ရာ အမာရွတ်က Lincoln character ကို အလိုလိုနေရင် Badass ဖြစ်နေစေတာ။ Lincoln အသံသရုပ်ဆောင်ကတော့ Alex Hernandez ပါ သူကနာမည်ကြီး Supernaturals ထဲက Witchster's father အဖြစ်သရုပ်ဆောင်သူဖြစ်သလို Walking Dead ထဲမှာ Negan အဖြစ်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် Lincoln Badass အသံကို ရင်းနှီးသလို ခံစားရမှာပါ။ ဟုတ်ပြီ Mafia 3 က Third Person Shooter Open World Game ဖြစ်ပါတယ် Map တစ်ခုထဲ့မှာ မှ Frisco Fields, Pointe Verdun, Trickfaw Harbor, French Ward, Downtown, River Row, Southdowns, Barclay Mills , Delray Hollow နှင့် Bayou Fontom ဆိုပြီ district တွေခွဲပေးထားမှာဖြစ်ပါတယ်။ နဲနဲနောနောကြီးတဲ့ Map မဟုတ်ဖူးနော် လုပ်စရာတွေ တစ်ပုံကြီးပဲ
.... Lincoln ဟာ Militry က ထွက်လာတာမို့လို့ တိုက်ခိုက်ရေးနဲ့ လက်နက်ပေါင်းစုံကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ပါတယ် ..... Lincoln ရဲ့ Stealth Kill နဲ့ Brutal Kill တွေကိုက အရမ်းကြမ်းလို့ Gamer တွေ သဘောတွေ့အုံးမှာပါ။ Weapon တွေကို Weapon Dealer ကို ခေါ်ပြီး ဝယ်နိုင်မှာပါ ပြီတော့ ရန်သူဆီက ကျတဲ့ weapon များကိုလဲ ယူအသုံးပြု ပစ်ခတ်နိုင်ပါတယ်။ ဖေါက်ခွဲတဲ့အပိုင်းတွေ boom ပေါက်ကွဲတဲ့အတိုင်းတွေက တော်တော်လေးကို ပီသတာကြောင့် ကြည့်ရတာ အရသာရှိပါတယ်...
Weapon Chosing tree က GTA နဲ့ နည်းနည်း ဆင်သလိုရှိပါတယ် အဲ ....ပြောဖို့ ကျန်သွားတယ် Reinforcement ကိုလဲ mission အတွင်းမှာ ခေါ်ယူနိုင်အုံးမှာဖြစ်ပါတယ်။ Gameplay အပိုင်းကတော့ တော်တော်လေးကို အားရစရာတွေပါပဲ .... Car Driving ကအစ ကသိကအောက်နဲ့ ထိန်းရခက်လောက်အောင် ကသိကအောင် မနိုင်ပါဘူး .... Graphic အပိုင်းကို ကြည့်မယ်ဆိုရင်လဲ ပြောစရာမလိုအောင် ကောင်းပါတယ် Detail ကျကျဆွဲထားတာကိုလဲ တွေ့ရတယ် NPC ရဲ့ လုပ်ရှားမှုတွေကလဲ သဘာ၀ ကျပါတယ်။
Overall ပြောရရင် Mafia 3 ရဲ့ Story အခံလုပ်ထားတာ တော်တော်ကောင်းတာရယ် Gameplay ပိုင်းကပြောစရာမလိုလောက်အောင် ကောင်းတာရယ် Graphic အပိုင်း Detail ကျပြီး တော်တော်လေး ကောင်းတာရယ် Open world ဖြစ်ပြီး Map တော်တော်လေးကိုကြီးတာကြောင့်Gamer တွေ ထိုင်ရာက မထ New Bordeaux မှာ Gang star လုပ်ကျအုံးမယ်ဟု ကျနော်တို့ ယူဆပါတယ် ... Mafia 3 ဟာ Oct 7,2016 မှာထွက်ရှိမှာဖြစ်ပါတယ်။
သတင်းထူးတစ်ခုပြောရပါအုံးမည် .... ကျနော် TBH Labs page ရဲ့ Co-admin ပါ ..... TBH Labs အကြောင်းမသိသေးဘူးဆိုရင်တော့ TBH Labs ဟာ အခုထွက်ရှိနေတဲ့ IT Products တွေ PC အစိတ်အပိုင်းတွေ နှင့် Game နဲ့ ပါတ်သက်တာတွေ Gaming PC ဘယ်လို့ Built သင့်တယ် စတာတွေကို Video Knowledge ပေးနေသော Facebook page တစ်ခုဖြစ်ပါတယ်။အခု Mafia 3 Preview video ကို ကျနော် အသံနှင့်တကွ TBH Labs မှာ တင်ပေးအုံးမှာဖြစ်တာကြောင့် TBH Labs မှာလဲ အားပေးကျပါအုံးလို့ ပြောချင်ပါတယ်။ Thank for supports :) ဒါကတော့ TBH Labs ရဲ့ facebook page Link ပါ- https://www.facebook.com/tbhlabs/?ref=bookmarks
#MMGFgamereview - by JameSam
( don't forget to like and share ) XD
Zawgyi
Mafia 3 Review
Story
======
Gameplay
=========
No comments:
Post a Comment