Tuesday, June 5, 2018

Detroit: Become Human Review


Personal Rating: 7/10
---------------------

Introduction....

ဒီ Game ကို ဗုဒ္ဓဘာသာ စကားအရပြောရမယ်ဆိုရင်တော့ ပဋိစ္စသမုပ္ပ္ဗါဒ် ပေါ့..... အယ်လယ် (စကားကြီးစကားကျယ်ပြောပြီး မြောက်သွားသံ)... အကြောင်းကြောင့် အကျိုးဖြစ် ဆိုသလိုပါပဲ ကိုယ်လုပ်သမျှ အရာတိုင်းဟာ နောက်ပိုင်းမှာ အကုန်ခံစားရမှာပါ။ ကိုယ်ရွေးချယ်လိုက်တယ့် အရာတိုင်းမှာ ကွင်းဆက်များရှိပါတယ်။ အဲ့ကွင်းစက်တွေပေါ်မူတည်ပြီး Player တစ်ယောက်နဲ့တစ်ယောက် ဇာတ်သိမ်းတွေကွဲပြားသွားကြမှာပါ။ ဒီလို Game အမျိုးအစားက ကိုယ်ကိုတိုင် ဇာတ်ကောင်တွေနေရာ ဝင်ပြီးခံစားပြီးဆော့ရတော့ ခံစားမှုကိုတစ်ဆုံး တွန်းပေးနိုင်တာပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့အပြင်ဘဝတွေအတိုင်း ရွေးချယ်ရသိပ်ခက်တဲ့ ရွေးချယ်မှုတွေလဲရွေးချယ်ရသလို ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေလဲချရတယ်။ ကိုယ်ရွေးချယ်ဆုံးဖြတ်ခဲ့ရတဲ့အတိုင်း နောက်ပိုင်းမှာ ကွင်းဆက်တွေဖြစ်ပေါ်လာတဲ့အခါ... အော်တော်သေးတယ် ငါရွေးချယ်မှုမှန်ကန်သွား လို့...၊ ဟာ

Friday, May 18, 2018

God of War Review < Spoiler include >

 

God of War 3 ပြီးကတည်းက SantaMonica ပျောက်ချင်းမလှ ပျောက်သွားတာ E3 2016 မှာ New God of War Gameplay Demo နဲ့ ပေါ်ချလာရော ဝေါကနဲ့ ပရိတ်သက်တွေ လက်ခုတ်တီး အားပေးကြတာ ရုံတစ်ခုလုံး အသံလှိုင်ထွက်သွားတာပဲ .... ထူးခြားတာက အရင် God of War လိုကစားတဲ့ပုံစံမျိုးမဟုတ်ပဲ Third Person Shooter စတိုင် Action RPG စတိုင် ဖြစ်နေတာပါပဲ စစ ပြတုန်းက တချို့ကလဲ မကြိုက်ဖူး တစ်ချို့ကလဲ ကြိုက်တယ် နဲ့ အငြင်းအခုန်ဖြစ်နေကြရာကနေ ၂၀၁၈ ဧပရယ် ၂၀ မှာ God of War ထွက်လာပြီ 10 out of 10 ratingနဲ့ Game media Game လောကတစ်ခု လွှမ်းခြုံလိုက်တဲ့အပြင် အခုဆို world wide 3 Million sale အထိ ရောင်းရကြောင်း သိရပါတယ်။

Monday, May 7, 2018

God of War Review


Personal rating 9/10 

God of War ဆိုရင် Playstation 2 Era ထဲကအားလုံးရင်းနီးပြီးသားဖြစ်ကြပါလိမ့်မယ်။ Greek Mythology ကရှိသမျှ နတ်ဘုရားတွေနဲ့ ပိုးဆိုးပက်ဆက်တိုက်ခိုက် သတ်ဖြတ်ရတဲ့ Game ဖြစ်ပါတယ်။ အရမ်းကောင်းလွန်းလို့ ဆုတွေလည်း မနဲ ရခဲ့တဲ့ Game တစ်ခုပါ။ ကျွန်တော် ၉တန်းတက်နေတဲ့နှစ်လောက်ကဖြစ်မယ် ဒီ Game ကိုစွဲစွဲလန်းလန်း အိမ်မှာကော သူငယ်ချင်းတွေနဲ့ဆိုင်မှာရော ဆော့ဖြစ့်ခဲ့တဲ့ Game ပါ။ ၁၈+ Game ကို အသက် ၁၅ နှစ်လောက်နဲ့ဆော့ခဲ့တယ်ဆိုပါတော့။ XD