Sunday, September 4, 2016
Inside Review
နာမည်ကြီး indie game Limbo ကို သိတယ်မလား ??? အဲဒီ နာမည်ကြီး Limbo creator က နောက်ထပ် Game အသစ်တစ်ခုကို E3 2014 မှာထုတ်ပြလိုက်တော့ Limbo fan တွေ အားလုံး Hype train ပေါ် ဝုန်းခဲ့နဲ့ ဝုန်းခဲ့နဲ့ ခုန်တက်ကြတာ Hype ရထားပေါ်မှာ အပြည့်ပါပဲ .... ဘာလို့ Inside ဂိမ်းကို Limbo fan တွေ စိတ်ဝင်စားကြတာလဲဆိုတာ ကြည့်ရအောင်
Inside ဂိမ်းက ခင်ဗျားတို့ကို ဘာက ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောမှာမဟုတ်ပါဘူး ကစားရင်း ကစားရင်း story ကို ခံစားလာရမှာဖြစ်ပါတယ်။ ဟမ် ဟုတ်လား ??လို့ မေးလာရင် ဟုတ်ပါတယ်။ Inside ကို ကစားမယ်ဆိုရင် လုံး၀ simple keyတွေဖြစ်တဲ့ ... left,up,down,right မျှား key ရယ် CTRL ရယ် ပဲ သုံးပြီ ကစားရမဲ့ 2D+3D 2D platform game ပါ။ အဲတော့ Inside က ဘယ်လိုဂိမ်းလဲဆိုတော့ Limbo လိုပဲ Dark world ကို အခြေခံရေးဆွဲထားတာမို့လို့ Game တစ်ခုလုံး အလင်းရောင်ဆိုလို့ ပါသင့်တဲ့နေရာလောက်မှာပဲ ပါမှာပါ။
အစက ဒီလိုဗျ ဘယ်ကနေ ဘယ်လိုလုပ်ရမယ်မှန်းမသိ အင်္ကျီအနီနဲ့ လူငယ်တစ်ယောက်ဟာ သစ်တောထဲရောက်နေခဲ့တယ်
သူစစချင်း သစ်တောထဲက ထွက်တော့သူ မျက်နှာဖုံးအဖြူနဲ့ လူနှစ်ယောက် ဓါတ်မီးတစ်လက်စီနဲ့ စကားပြောနေတာ တွေ့လိုက်တယ် အဲဒါနဲ့ သူထိုလူတွေ မကြားအောင် ကျောက်ဆောင်ပေါ်က
ဖြေးဖြေးခုန်ချသော်လဲ ထိုမျက်နှာဖုံးအဖြူ လူနှစ်ယောက်က ကြားသွားပြီး လိုက်ဖမ်းတာပေါ့ဗျာ .... သို့သော် ပုန်းရင်း ရှောင်ရင်းနဲ့လွတ်သွားတယ် ... အဲဒီလူနှစ်ယောက်က ဘာလို့သူ့ကို လိုက်ဖမ်းတာလဲဆိုတာ မတွေးတတ်ဘူး သို့သော်လဲ ရအောင်ထွက်ပြေးခဲ့ရတယ် .... အဲဒါနဲ့ သူပြေးရင် Tracker ကားတစ်စီး ကားလမ်းပေါ်က ဖြတ်သွားတာ တွေ့လိုက်ရတယ် .... သူအသေအချာမသိသေးဘူး ဘာလဲဆိုတာ ...... သူပြေးတာကို မသိလောက်ပါဘူးဆိုပြီ ပြေးနေသော်လဲ မျက်နာဖုံးလူတစ်စုက သူ့ကို ကားနဲ့လိုက်ဖမ်းကြတာပါ ... .မှောင်ကလဲ မှောင် ကြောက်ကလဲ ကြောက် ....သူတို့မမြင်အောင်
ပုန်းလို့ရတဲ့နေရာမှာ ပုန်းလိုက် ပြန်ပြေးလိုက်နဲ့ ဘေးပါတ်ဝန်းကျင်ကို ကြည့်လိုက်တော့မှ apocalypse ဖြစ်နေတာကို သူတွေ့သွားတယ် .... ကားပျက်တွေ လူသူမရှိတာတွေ ဝက်သေတွေ လမ်း
တစ်လျှောက်မှာ မြင်လိုက်ရတယ် ..... ဒါတင်ပဲလား မဟုတ်ပါဘူး သူမျက်နာဖုံးနဲ့လူတွေက ဘာလုပ်တယ်ဆိုတာ သူမြင်တွေ့လိုက်ရတယ် .... ကလေး လူကြီးမကျန်အကုန်လုံး ရုပ်သေးရုပ်သကဲ့
သို့ တန်းစီခိုင်းထားပြီ စက်ရုံထဲဝင်ခိုင်းနေတာကိုပါ ...... ဘာလဲ ဒီလူတွေက ဘာသဘောလဲ Apocalypse ဖြစ်ပြီလို့ လူတွေကို ရုပ်သေးရုပ်လို ထိန်းချုပ်နေတာလား ဒါမှမဟုတ် မျက်နာဖုံးအဖြူလူတစ်စုကြောင့် apocalypse ဖြစ်ပြီး ဒီလိုဖြစ်တာလား ?? ဆိုတဲ့အတွေးပေါ်လာခဲ့တယ် ..... ဒီလိုနဲ့ သူတတ်နိုင်သလောက် ဒီလိုနေရာက လွတ်အောင် ပြေးနေခဲ့ပါတယ်။
သူပြေးသာပြေးနေရတယ် သူကိုယ်တိုင်လဲ လူသားတွေကို ထိန်းချုပ်တဲ့စက်ရုံကြီးထဲ ရောက်သွားပါတယ် ... .ဖြစ်ချင်တော့ စိတ်ထိန်းချုပ်ခံထားရတဲ့ တန်းစီ လမ်းလျှောက်နေတဲ့လူတွေကြားကို မတော်မဆ ရောက်သွားခဲ့တယ် ... ထိုလူတွေကြားက ထွက်ပြေးဖို့ကြံပြီး ပြေးမယ်လုပ်ခါမှ ထိုလူတွေကို ထိန်းသိမ်းတဲ့ Drone က သူ့ကို မသင်္ကာလို့ မီးထိုးပြီး စောင့်ကြည့်နေတော့ မဖြစ်မနေ ထိုလူတွေနဲ့ အတူအရုပ်လို လမ်းလျှောက်ခဲ့ရတယ် .... ထိုအရုပ်လိုဖြစ်နေတဲ့လူတွေအတိုင်း အကုန်လိုက်လုပ်နေခဲ့နေသော်လဲ Drone က သူနောက် လိုက်မြဲလိုက်နေဆဲပဲ ရင်တွေ တဒုတ်ဒုတ်နဲ့ ခုန်နေခဲ့ပါတယ် ... .နောက်ဆုံး Drone မလိုက်တော့ဘူး ပျော်ပြီလို့ တွေးနေကာမှ လူကင်းစောင့်တွေနဲ့ ထပ်တိုးပါလေရော။
ဟန်ဆောင်နေနေသော်လဲ အစောင့်ခွေးက သိလို့ လိုက်ကိုက်တာ မနည်းပြေးခဲ့ရတယ် ...
ဟူး မလွယ်ဘူး ..... ခက်တာက သူတို့ရဲစက်ရုံထဲဆိုတော့ ကင်းစောင့်တဲ့ စက်တွေ အပြည့်အစုံရှိနေတယ် သူတို့ မီးမောင်းထိုးပြီး လိုက်ရှာနေတာကို ကို ပုန်းလိုက်ပြေးလိုက် ကျော်ဖြတ်လိုက် puzzle တွေကို ဖြေရှင်းပြီး နောက်တစ်နေရာကို သွားဖို့ကြိုးစားလိုက်နဲ့ လမ်းခုလတ်မှာ သူတွေ့လိုက်ရတာက ခွေပြီးကျနေတဲ့ လူတွေ .... ဒီလူတွေက ဘာလို့ အဲလို အရုပ်ကြိုးပြတ်ခွေလဲကြနေတာလဲဆိုပြီး ကြည့်လိုက်တော့ သူတို့တွေကို အလုပ်ခိုင်းဖို့အတွက် သုံးထားတာပါ ...... ဘယ်လိုခိုင်းသလဲဆိုတော့ ခေါင်းမှာတတ်ရတဲ့ ခေါင်းစွပ်နဲ့ခိုင်းရတာ ..... ဒီလူတွေကို မခိုင်းရက်သော်လဲ ကိုယ့်အသက်အတွက်
ပြေးဖို့ အသုံးချခဲ့ရတယ် .... ဒါဆို ဒီမျက်နာဖုံးနဲ့လူတွေက လူတွေကို ဒီလို အသုံးချဖို့အတွက် ဖမ်းပြီး ရုပ်သေးရုပ်တွေလို လုပ်နေတာပါလားလို့ သိလိုက်ရတယ် ..... ဒီလိုနဲ့ ပြေးလွှားနေရင်း ခွေးတစ်သိုက်တွေ့လို့ ပြေးလိုက်ရတာ သေမတတ်ပါပဲ...
အဲလိုသေမတတ်ပြေးရင်း ရေတွေကြည့်ရှိတဲ့နေရာကို ရောက်သွားခဲ့တယ် .... အဲဖြစ်ချင်တော့ ရေပေါ်မှာ စခန်းတစ်ခုတွေ့လိုက်ရတယ် ရေပေါ်က ကူးသွားဖို့ကြည့်ကြည့်မယ်လုပ်တော့ မဖြစ်ပါ။ ရေအောက်က ဖြတ်သွားရမှာဆိုတော့ ရေကလဲ အကြာကြီးမငုတ်နိုင်ဟု စိတ်ညစ်နေသကာလ ထိုစခန်းကို လာတဲ့ အလုပ်သမားက ရေငုပ်သင်္ဘောလေးနဲ့ ရောက်လာခဲ့တယ် အဲဒီ ရေငုပ်သင်္ဘောကို ခိုးပြီး ရေငုပ်ထွက်ပြေးခဲ့ပါတယ်။ ပြေးရင်း ပြေးရင်း ဖျက်ကနဲ့ ဖျက်ကနဲ့ ရေထဲမှာတစ်ခုခုဖြတ်သွား တာမြင်လိုက်ရတယ် ရေထဲမှာ အမှောင်ကြီးဆိုတော့ ဘာလဲ မသဲကွဲဘူး ... .နောက်မှ သိလိုက်ရတာက ရေထဲမှာ အဝတ်မပါ ဆံပင်ရှည်နဲ့ ချက်ကြိုးအရှည်ကြီးနှစ်ချောင်းနဲ့ လူလိုလို အကောင်က သူ့နောက်ကို အနောက်ကို လိုက် သတ်နေတာကို သိလိုက်ရတော့ မရမက လွတ်အောင် ပြေးခဲ့ရပါတယ်။ တစ်နေရာက လွတ်အောင် ပြေးနိုင်ခဲ့ပင်မဲ့ တစ်ချို့နေရာမှာ သူလိုကောင်တွေက ရေအောက်ထဲမှာ ရှိတုန်းပဲ ....သူတို့ရှိတဲ့နေရာတွေဆိုရင် ရေအောက်သာမက ရေပေါ်မှာပါ လူနားကို ပြေးပြေးလာပြီ ဟိုးအောက်ထဲ ဆွဲချသတ် လွန်းလို့ သူတို့ မမိအောင် ရေအောက်ထဲမှာ မနည်းပြေးလွှားခဲ့ရပါတယ်။ အဲလိုနဲ့စောစောက တွေ့ခဲ့တဲ့ အလုပ်သမားတွေကို အသုံးချပြီး ခရီးတွင်အောင် ထွက်ပြေးရင်း အရုပ်လိုလူတွေမဟုတ်ပဲ သာမန်လူတွေ အများကြီးရှိတဲ့ အလုပ်လုပ်ရုံခန်းတစ်နေရာကို ရောက်သွားခဲ့တယ်. ... သူရောက်နေတာကို အဲလူတွေက စိတ်မဝင်စားပဲအပြေးအလွှားပြေးပြီး ကြည့်နေတာကို တွေ့လိုက်တော့ ဘာလဲဆိုပြီး လိုက်ကြည့်လိုက်မိတော့.......
ဒီ inside က Gameplay နဲ့ story တစ်ခုကို စွဲခေါ်သွားတဲ့ ဂိမ်းအမျိုးစားပါပဲ .....2D platform လုပ်ထားတယ်ဆိုပင်မဲ့ 3D apocalypse world ကိုရေးဆွဲထားတာ တော်တော်လေးကို လှပါတယ်။ Detail လဲကျပါတယ်။ နောက်တစ်ခုက sound track တွေပါ .... ကစားနေတုန်း မိသွားမလားမသိဘူး ပြေးလို့လွတ်ပါ့မလားမသိဘူး ..... ရပါ့မလားမသိဘူးဆိုတဲ့ ခံစားမှုပေါ်လွင်အောင်လုပ်ထားတာကြောင့် ကစားနေတဲ့အချိန်မှာ အရသာအလွန်ရှိပါတယ်။
Limbo ကောင်းသလိုကောင်းတာဖြစ်ပြီး ဒီ second game Inside ဟာလဲ Limbo fan တွေကော Gamer တွေကိုပါ စိတ်မပျက်စေရလောက်အောင် ကောင်းပါတယ်။ Steam မှာ 19.99$ နဲ့ ရောင်းချပေးနေပြီ ဖြစ်ပြီး Steam user Very Positive review ရရှိထားပါတယ်။ IGN တို့ Gamespot တို့ Metacritic တို့မှာလဲ 10 out of 10 တို့ 9 out of 10 တို့ 93% တို့ စသည်တို့နဲ့ အမှတ်ကောင်းယူထားတဲ့ ဂိမ်းလဲဖြစ်ပါတယ်။
မတတ်နိုင်သူတွေအတွက် skidrow ရှိပါတယ် မပူပါနဲ့ ဒီ Game က Denuvo ကို သုံးထားပင်မဲ့ Rise of Tomb raider လို့ CPY proper crack ရထားတာဖြစ်ပါတယ် .... Game size ကလဲ 2GB လောက်ပဲရှိတာမို့လို့ လူတိုင်းဒေါင်းကစားနိုင်ပါတယ် ..... PC, PS4, XBOX ONE ONLY အတွက်ပဲ ထွက်ရှိသေးတာဖြစ်ပြီ Android and IOSအတွက်က ဘယ်တော့လာမယ်ဆိုတာ မသေချာသေးပါဘူး။ MMGF က Gamer များအားလုံး Inside game ကို မဆော့မဖြစ် ဆော့ကြည့်ပါလိုပြောချင်ပါတယ်။
Zawgyi
Inside Review ( spoiler contained )
-----------------------------------------
No comments:
Post a Comment