Monday, December 8, 2014

Far Cry 4 Review



Game of the year 2014 မှာ အကောင်းဆုံး Shooting ဂိမ်းအဖြစ် ဆုရသွားတဲ့ ဂိမ်းဟာ FarCry 4 ဖြစ်ပါတယ်။ GOTY က ပေးတဲ့ ဆုနဲ့ တန်အောင်လဲ တကယ်ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ FarCry 3 မှာ Vass ရဲ့ စိတ္တဇ ဆန်ဆန် လုပ်ရပ်တွေကို တိုက်ခိုက်ခဲ့ပီးကျပီး ဖြစ်မှာပါ။ အခု FarCry 4 မှာလဲ Pagan Minn ရဲ့ အာဏာ လွမ်းမိုး ရုပ်မာမှုတွေကို တွန်းလှန် တိုက်ခိုက်ဖို့သာ ပြင်ထားပေးတော့

Story of the Far Cry 4


Ajay Ghale ဟာ သူရဲ့အမေ Ishwari ကွယ်လွန်ပီးနောက် သူရဲ့အမေ နောက်ဆုံး wish အရ သူရဲ့ ဇာတိအရပ်ကို ပြန်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူအမေရဲ့ အရိုးပြာကို ဇာတိမြေမှာ လွင့်မျှောပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သူရဲ့ဇာတိကို Ajay ဟာ လိုင်းကားစီးပီး နယ်စပ်ကို ရောက်ရှိခဲ့ပါတယ်...သို့သော် နယ်စပ် စစ်တပ်တစ်ခုရဲ့ စစ်ဆေး မှုကို ခံယူခဲ့သော်လဲ စစ်တပ်ရဲ့ အတင်းအကြပ် စစ်ဆေးမှုကြောင့် ရုတ်ရုတ်သဲသဲ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ Pagan Minn Helicopter နဲ့ရောက်ချလာပါတော့တယ်။ ထိုအချိန် ကျနော် အကြိုက်ဆုံး Pagan Minn ရဲ့ စကားတစ်ခု- (I telling u to stop the bus, not mean shoot the bus .... stop the bus, shoot the bus, stop the bus and shoot the bus .... do those two words song same ) ဆိုပီး သူရဲ့ စစ်သားကို သတ်လိုက်ပါတော့တယ်။ Pagan Minn ဟာ တ Ajay ရဲ့
ဇာတိရပ်မှာ ဆိုးသွမ်းပီး အကြမ်းဖက်နေသော အာဏာကြီး ဘုရင် ဖြစ်ပါတယ်။ ဒီလိုနဲ့ Ajay ကို Pagan Minn စစ်တပ်တည်ရှိရာကို ခေါ်သွားပါတော့တယ်။

အကြောင်းအရင်းကတော့ Pagan Minn ဟာ Ajay အမေနဲ့ အရင်တုန်းက အချစ်ရေး ဆက်နွယ်မှုရှိနေတာပါ။ ဒါကြောင့် Ajay ကို Pagan Minn က အနည်းငယ် အခွင့်အရေးပေး လွတ်ထားတာပေါ့။ Ajay ရ တဲ့ အခွင့်အရေးကို ယူပီး Pagan minn လက်ကနေ လွတ်အောင် ထွက်ပြေးရင်း Sabal နဲ့ တွေ့ဆုံသွားတယ်။ Sabal ဟာ Golden Path ဂိုဏ်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ထို Golden Path ကို Ajay ရဲ့ အဖေဖြစ်သူ Mohan Ghale က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Sabal ဟာ Ajay ကို ခေါ်ပီး Golden Path စစ်တပ်ရှိရာ ကို ခေါ်ဆောင်သွားပါတော့တယ် .... အဲဒီမှာ Golden Path ရဲ့ တခြား ခေါင်ဆောင်ဖြစ်သူ Amita နဲ့တွေ့ခဲ့တယ် .... ဒီလိုနဲ့ Ajay က Golden Path ဂိုဏ်းအဖွဲ့ထဲ ဝင်လိုက်ပါတော့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူရဲ့ အမေ wish လေးဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ Sabal နဲ့ Amita တို့ရဲ့ အလုပ်တွေမှာ ဝင်ရောက် တိုက်ခိုက်ပေးရင်း Ajay ဟာ Golden Path ဂိုဏ်းရဲ့ Hero တစ်ယောက်အဖြစ်သို့ လျှင်မြန်စွာရောက်ရှိခဲ့ပါတော့တယ်။
Golden path ရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ Sabal နှင့် Amita တို့ ဦးတည်ရာအရပ်တစ်ခုထဲဖြစ်ပါတယ်။ Sabal ရဲ့ တာဝန်ဟာ Kyart's ရဲ့ ရိုးရာ နှင့် သာသနာကိုတည်မြဲအောင် ရှာဖွေပီး Amita ကတော့ Pagan Minn ကြောင့် အပြောင်းအလဲဖြစ်တဲ့လူတွေနှင့် Outdate ရိုးရာဓလေ့သမားတွေကို ရှင်းထုတ်တာဖြစ်ပါတယ်။ ဒီ့အပြင် Pagan Minn တွန်းလှန် တိုက်ခိုက်အနိုင်ယူပြီး တိုင်းပြည်အေးချမ်းရန်အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။........
( ဘာဆက်ဖြစ်အုံးမလဲ ဆိုတာ Story တစ်ခုလုံးကို မရေးပေးတော့ဘူး ဂိမ်းရဲ့အရသာ အရမ်းပေါ့သွားမှာစိုးလို့ Spoiler တွေဖြစ်နေမှာကြောက်လို့ပါ .... ဂိမ်းကောင်းဆိုတော့ Storyline ရဲ့အရသာကို ခံစားရအုံးမယ်လေ ........)

Gameplay of the FarCry 4


FarCry Series ကစားသူတွေအတွက်တော့ ထွေထွေထူးထူးပြောစရာ မလိုတော့ပါဘူး။ ဒါပင်မဲ့ အခုမှ FarCry ကို ကစားမယ်သူတွေအတွက် ပြောပြပါမယ်။ FarCry 4 ဟာ Dunia Engin 2 ကို အသုံးပြုထားတာဖြစ်ပီး Graphic အင်မတန်မှ လှပပါတယ်။ PC Gamer ( Ultra setting ကို 60FPS,120FPS ) ကစားတဲ့သူတွေပိုသိရမယ်။ လုံး၀ Reality ပါပဲ။ ရင်သက်ရှုမောဖွယ် နှင်းတောင်တွေ, အပင်တွေ, ကြည်လင်လှပတဲ့ ရေတွေ အပြင် Animal များစွားကိုလဲ ထည့်သွင်းပေးထားတာပါ။

Open World ဆိုသည့်အတိုင်း သွားစရာတွေ အများကြီးပဲ ... .တောင်ပေါ်ကနေ လှေထီးနဲ့ ခုန်ချတာတို့ Four-wheel cycle စီးပီး လိုရာသွားတာတို့ အပြင် ။ လုပ်စရာ Side mission တွေလဲ အများကြီးပါ။ Far Cry ထဲမှာ ပါတဲ့ Animal တွေကိုလဲ Hunt လုပ်ရအုံးမှာဖြစ်ပါတယ်။ အရင် Far Cry ထပ် ထူးခြားအောင် အများကြီး လုပ်ထားသလို့ Animal တွေနှင့်တကွ Pagan min ရဲ့ စစ်တပ်ကို ဝိုင်းတိုက်ခိုက်ရအုံးမှာလဲ ဖြစ်ပါတယ်။ လက်နက်တွေကတော့ ရန်သူလက်နက်တွေလဲ ကောက်သုံးလို့ ရသလို မိမိကိုယ်တိုင်လဲ သေနတ်တွေ လက်နက်တွေ ဝယ်ယူရမှာဖြစ်ပါတယ်။
Skill Tree ကလဲ ဝေေ၀ဆာဆာရှိပါတယ်။ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ လေးမျှားလဲ အသုံးပြုတိုက်ခိုက်ရအုံးမှာဖြစ်ပါတယ်။ Far Cry 3 တုန်းက Vehicles တွေကို Auto Drive ထဲ့မပေးထားပါဘူး Far Cry 4 မှာ Auto-Drive ထဲ့ပေးထားတာမို့လို့ Vehicles တွေမောင်းရတာ အဆင်မပြေသူတွေအတွက် အဆင်ပြေစေမှာပါ။ Vehicles မောင်ရင် ပစ်ခတ်ရတာလဲ တော်တော်ကောင်းသွားပါတယ်။ Gun-Shooting ပိုင်းမှာ တော်တော်လေး ကောင်းသွားတယ်။ ပစ်ရ ခတ်ရတာ အရမ်းအရသာရှိတယ်။
Shot-gun နဲ့ မီးလောင်ဗုံး ခွဲတဲ့ကောင်တွေ ပစ်ရတာ အရသာရှိသလို လေးမျှားဖြင့် Animal တွေကို Hunting လုပ်တာကလဲ မိမိကိုယ် မိမိ တကယ် မုဆိုးကဲ့သို့ခံစားစေရမှာပါ။ ( Hunting ပီးရင်လဲ Animal တွေရဲ့ အသားကို Craft လုပ်ပီး ရယူရအုံးမှာဖြစ်ပါတယ်)။ ရေထဲ ဒိုင်ပင်ထိုးပီး ရေကူးတာကလဲ တကယ်ရေကူးနေရသလိုပဲ ပီးတော့ ရေအောက်သဘာ၀ အလှအပတွေကိုလဲ မြင်တွေ့ရအုံးမှာဖြစ်ပါတယ်။ မြေပုံကို အသုံးပြုပီး တခြားမြို့ မိမိလိုရာကို Fast Travel သွားလို့ရပါသေးတယ်။ Open-world and shooting အရသာကို အပြည့်အ၀ ပေးနေတဲ့ Far Cry 4 ဟာ ဂိမ်မာတိုင်းလိုလို လက်မထောင်ပီး ကောင်းတယ်လို့ ချီးမွမ်းပြောဆိုကြပါတယ်။

Ubisoft ဟာ Assassin's Creed Unity PC Version မှာ မျက်နာပျက်စရာဖြစ်ခဲ့သော်လဲ သူရဲ့ Far Cry 4 ရဲ့ Development ကောင်းမွန်မှုကြောင့် Game of the Year 2014 မှာ Best Shooting ဂိမ်းအဖြစ် ဆုရရှိခဲ့တာပါ။ Graphic ကောင်း သောလဲ Storyline မကောင်း , Storyline ကောင်းသောလဲ Graphic မကောင်း Gameplay မကောင်းသော ဂိမ်းတွေ အများကြီးဖြစ်နေတဲ့ ခေတ်မှာ Graphic ကော Storyline ကော Gameplay ကောင်းမွန်နေတဲ့ Far Cry 4 ကို MMGF က Gamer က လက်မလွတ် ကစားကြပါလို့ တိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါတယ်။

playable Platform- PC, PS3 , PS4 ,Xbox 360 , XBOX ONE
#JameSam


Zawgyi

FarCry 4 Review


Game of the year 2014 မွာ အေကာင္းဆံုး Shooting ဂိမ္းအျဖစ္ ဆုရသြားတဲ႕ ဂိမ္းဟာ FarCry 4 ျဖစ္ပါတယ္။ GOTY က ေပးတဲ႕
ဆုနဲ႕ တန္ေအာင္လဲ တကယ္ေကာင္းတဲ႕ ဂိမ္းတစ္ခုပါ။ FarCry 3 မွာ Vass ရဲ႕ စိတၱဇ ဆန္ဆန္ လုပ္ရပ္ေတြကို တိုက္ခိုက္ခဲ႕ပီးက်ပီး
ျဖစ္မွာပါ။ အခု FarCry 4 မွာလဲ Pagan Minn ရဲ႕ အာဏာ လြမ္းမိုး ရုပ္မာမႈေတြကို တြန္းလွန္ တိုက္ခိုက္ဖို႕သာ ျပင္ထားေပးေတာ႕

Story of the FarCry 4


Ajay Ghale ဟာ သူရဲ႕အေမ Ishwari ကြယ္လြန္ပီးေနာက္ သူရဲ႕အေမ ေနာက္ဆံုး wish အရ သူရဲ႕ ဇာတိအရပ္ကို ျပန္လာခဲ႔ပါတယ္။
ဘာလို႕လဲဆိုေတာ႕ သူအေမရဲ႕ အရိုးျပာကို ဇာတိေျမမွာ လြင္႕ေမွ်ာေပးဖို႕အတြက္ျဖစ္ပါတယ္။ ဒီလိုနဲ႕ သူရဲ႕ဇာတိကို Ajay ဟာ လိုင္းကားစီးပီး နယ္စပ္ကို ေရာက္ရွိခဲ႕ပါတယ္...သို႕ေသာ္ နယ္စပ္ စစ္တပ္တစ္ခုရဲ႕ စစ္ေဆး မႈကို ခံယူခဲ႕ေသာ္လဲ စစ္တပ္ရဲ႕ အတင္းအႀကပ္ စစ္ေဆးမႈေႀကာင္႕ ရုတ္ရုတ္သဲသဲ ပစ္ခတ္မႈေတြ ျဖစ္ခဲ႕ပါတယ္။ ထိုအခ်ိန္္မွာပဲ Pagan Minn Helicopter နဲ႕ေရာက္ခ်လာပါေတာ႕တယ္။ ထိုအခ်ိန္ က်ေနာ္ အႀကိဳက္ဆံုး Pagan Minn ရဲ႕ စကားတစ္ခု- (I telling u to stop the bus, not mean shoot the bus .... stop the bus, shoot the bus, stop the bus
and shoot the bus .... do those two words song same ) ဆိုပီး သူရဲ႕ စစ္သားကို သတ္လိုက္ပါေတာ႕တယ္။ Pagan Minn ဟာ တ Ajay ရဲ႕
ဇာတိရပ္မွာ ဆိုးသြမ္းပီး အႀကမ္းဖက္ေနေသာ အာဏာႀကီး ဘုရင္ ျဖစ္ပါတယ္။ ဒီလိုနဲ႕ Ajay ကို Pagan Minn စစ္တပ္တည္ရွိရာကို ေခၚသြားပါေတာ႕တယ္။
အေႀကာင္းအရင္းကေတာ႕ Pagan Minn ဟာ Ajay အေမနဲ႕ အရင္တုန္းက အခ်စ္ေရး ဆက္ႏြယ္မႈရွိေနတာပါ။ ဒါေႀကာင္႕ Ajay ကို Pagan Minn က အနည္းငယ္ အခြင္႕အေရးေပး လြတ္ထားတာေပါ႕။ Ajay ရ တဲ႕ အခြင္႕အေရးကို ယူပီး Pagan minn လက္ကေန လြတ္ေအာင္ ထြက္ေျပးရင္း Sabal နဲ႕ ေတြ႕ဆံုသြားတယ္။ Sabal ဟာ Golden Path ဂုိဏ္းအဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ပါတယ္။ ထို Golden Path ကို Ajay ရဲ႕ အေဖျဖစ္သူ Mohan Ghale က ဖြဲ႕စည္းခဲ႕တာျဖစ္ပါတယ္။

Sabal ဟာ Ajay ကို ေခၚပီး Golden Path စစ္တပ္ရွိရာ ကို ေခၚေဆာင္သြားပါေတာ႕တယ္ .... အဲဒီမွာ Golden Path ရဲ႕ တျခား ေခါင္ေဆာင္ျဖစ္သူ Amita နဲ႕ေတြ႕ခဲ႕တယ္ .... ဒီလိုနဲ႕ Ajay က Golden Path ဂိုဏ္းအဖြဲ႕ထဲ ၀င္လိုက္ပါေတာ႕တယ္။ သူ့ရဲ႕ ရည္ရြယ္ခ်က္ကေတာ႕ သူရဲ႕ အေမ wish ေလးျဖည္႕ဆည္းေပးဖို႕ ျဖစ္ပါတယ္။ Sabal နဲ႕ Amita တို႕ရဲ႕ အလုပ္ေတြမွာ ၀င္ေရာက္ တိုက္ခိုက္ေပးရင္း Ajay ဟာ Golden Path ဂိုဏ္းရဲ႕ Hero တစ္ေယာက္အျဖစ္သို႕ လွ်င္ျမန္စြာေရာက္ရွိခဲ႔ပါေတာ႕တယ္။
Golden path ရဲ႕ ေခါင္းေဆာင္ႏွစ္ဦးျဖစ္တဲ႕ Sabal ႏွင္႕ Amita တို႕ ဦးတည္ရာအရပ္တစ္ခုထဲျဖစ္ပါတယ္။ Sabal ရဲ႕ တာ၀န္ဟာ Kyart's ရဲ႕ ရိုးရာ ႏွင္႕ သာသနာကိုတည္ျမဲေအာင္ ရွာေဖြပီး Amita ကေတာ႕ Pagan Minn ေႀကာင္႕ အေျပာင္းအလဲျဖစ္တဲ႕လူေတြႏွင္႕ Outdate ရိုးရာဓေလ႕သမားေတြကို ရွင္းထုတ္တာျဖစ္ပါတယ္။ ဒီ့အျပင္ Pagan Minn တြန္းလွန္ တိုက္ခိုက္အႏိုင္ယူျပီး တိုင္းျပည္ေအးခ်မ္းရန္အတြက္ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။........
( ဘာဆက္ျဖစ္အံုးမလဲ ဆိုတာ Story တစ္ခုလံုးကို မေရးေပးေတာ႕ဘူး ဂိမ္းရဲ႕အရသာ အရမ္းေပါ႕သြားမွာစုိးလို႕ Spoiler ေတြျဖစ္ေနမွာေႀကာက္လို႕ပါ .... ဂိမ္းေကာင္းဆိုေတာ႕ Storyline ရဲ႕အရသာကို ခံစားရအံုးမယ္ေလ ........)

Gameplay of the FarCry 4


FarCry Series ကစားသူေတြအတြက္ေတာ႕ ေထြေထြထူးထူးေျပာစရာ မလိုေတာ႕ပါဘူး။ ဒါပင္မဲ႕ အခုမွ FarCry ကို ကစားမယ္သူေတြအတြက္ ေျပာျပပါမယ္။ FarCry 4 ဟာ Dunia Engin 2 ကို အသံုးျပဳထားတာျဖစ္ပီး Graphic အင္မတန္မွ လွပပါတယ္။ PC Gamer ( Ultra setting ကို 60FPS,120FPS ) ကစားတဲ႕သူေတြပိုသိရမယ္။ လံုး၀ Reality ပါပဲ။ ရင္သက္ရႈေမာဖြယ္ ႏွင္းေတာင္ေတြ, အပင္ေတြ, ႀကည္လင္လွပတဲ႕ ေရေတြ အျပင္ Animal မ်ားစြားကိုလဲ ထည့္သြင္းေပးထားတာပါ။

Open World ဆိုသည္႕အတိုင္း သြားစရာေတြ အမ်ားႀကီးပဲ ... .ေတာင္ေပၚကေန ေလွထီးနဲ႕ ခုန္ခ်တာတို႕ Four-wheel cycle စီးပီး လိုရာသြားတာတို႕ အျပင္ ။ လုပ္စရာ Side mission ေတြလဲ အမ်ားႀကီးပါ။ Far Cry ထဲမွာ ပါတဲ႕ Animal ေတြကိုလဲ Hunt လုပ္ရအံုးမွာျဖစ္ပါတယ္။ အရင္ Far Cry ထပ္ ထူးျခားေအာင္ အမ်ားႀကီး လုပ္ထားသလို႕ Animal ေတြႏွင္႕တကြ Pagan min ရဲ႕ စစ္တပ္ကို ၀ိုင္းတိုက္ခိုက္ရအံုးမွာလဲ ျဖစ္ပါတယ္။ လက္နက္ေတြကေတာ႕ ရန္သူလက္နက္ေတြလဲ ေကာက္သံုးလို႕ ရသလို မိမိကိုယ္တိုင္လဲ ေသနတ္ေတြ လက္နက္ေတြ ၀ယ္ယူရမွာျဖစ္ပါတယ္။

Skill Tree ကလဲ ေ၀ေ၀ဆာဆာရွိပါတယ္။ အခုေနာက္ပို္င္းမွာ ေခတ္စားလာတဲ႕ ေလးမွ်ားလဲ အသံုးျပဳတိုက္ခိုက္ရအံုးမွာျဖစ္ပါတယ္။ Far Cry 3 တုန္းက Vehicles ေတြကို Auto Drive ထဲ႕မေပးထားပါဘူး Far Cry 4 မွာ Auto-Drive ထဲ႕ေပးထားတာမို႕လို႕ Vehicles ေတြေမာင္းရတာ အဆင္မေျပသူေတြအတြက္ အဆင္ေျပေစမွာပါ။ Vehicles ေမာင္ရင္ ပစ္ခတ္ရတာလဲ ေတာ္ေတာ္ေကာင္းသြားပါတယ္။ Gun-Shooting ပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းသြားတယ္။ ပစ္ရ ခတ္ရတာ အရမ္းအရသာရွိတယ္။

Shot-gun နဲ႕ မီးေလာင္ဗံုး ခြဲတဲ႕ေကာင္ေတြ ပစ္ရတာ အရသာရွိသလို ေလးမွ်ားျဖင္႕ Animal ေတြကို Hunting လုပ္တာကလဲ မိမိကိုယ္ မိမိ တကယ္ မုဆိုးကဲ႕သို႕ခံစားေစရမွာပါ။ ( Hunting ပီးရင္လဲ Animal ေတြရဲ႕ အသားကို Craft လုပ္ပီး ရယူရအံုးမွာျဖစ္ပါတယ္)။ ေရထဲ ဒိုင္ပင္ထိုးပီး ေရကူးတာကလဲ တကယ္ေရကူးေနရသလိုပဲ ပီးေတာ႕ ေရေအာက္သဘာ၀ အလွအပေတြကိုလဲ ျမင္ေတြ႕ရအံုးမွာျဖစ္ပါတယ္။ ေျမပံုကို အသံုးျပဳပီး တျခားၿမိဳ႕ မိမိလိုရာကို Fast Travel သြားလို႕ရပါေသးတယ္။ Open-world and shooting အရသာကို အျပည္႕အ၀ ေပးေနတဲ႕ Far Cry 4 ဟာ ဂိမ္မာတိုင္းလိုလို လက္မေထာင္ပီး ေကာင္းတယ္လို႕ ခ်ီးမြမ္းေျပာဆိုၾကပါတယ္။

Ubisoft ဟာ Assassin's Creed Unity PC Version မွာ မ်က္နာပ်က္စရာျဖစ္ခဲ႕ေသာ္လဲ သူရဲ႕ Far Cry 4 ရဲ႕ Development ေကာင္းမြန္မႈေႀကာင္႕ Game of the Year 2014 မွာ Best Shooting ဂိမ္းအျဖစ္ ဆုရရွိခဲ႔တာပါ။ Graphic ေကာင္း ေသာလဲ Story line မေကာင္း , Story line ေကာင္းေသာလဲ Graphic မေကာင္း Gameplay မေကာင္းေသာ ဂိမ္းေတြ အမ်ားႀကီးျဖစ္ေနတဲ႕ ေခတ္မွာ Graphic ေကာ Storyline ေကာ Gameplay ေကာင္းမြန္ေနတဲ႕ Far Cry 4 ကို MMGF က Gamer က လက္မလြတ္ ကစားၾကပါလို႕ တိုက္တြန္းရင္း နိဂုန္းခ်ဳပ္လိုက္ပါတယ္။

playable Platform- PC, PS3 , PS4 ,Xbox 360 , XBOX ONE
#JameSam

No comments:

Post a Comment