Sunday, August 7, 2022

Digimon Survive

Digimon Survive First Playthrough တော့ပြီးသွားပြီ Non Spoiler Review လေးတင်ချင်လို့ပါ


Digimon Survive ကိုအစက သိပ်စိတ်မ၀င်စားခဲ့ဘူး Digimon နဲ့ X com tactical gameplay မလိုက်ဘူးထင်လို့‌ ဒါပေမဲ့ ကိုယ်တိုင်ကလဲ Digimon fan ဖြစ်နေတော့ ဘာပဲဖြစ်ဖြစ် ဆော့ဖူးတယ်ရှိ‌ေအာင် ဆော့လိုက်တာပါ။ အဓိက အားရတာက Visual Novel Story ကတော်တော်ကောင်းပါတယ် Character တစ်ယောက်ချင်းစီရဲ့ Role က ကျန်နေခဲ့တာမျိုးမရှိအောင် ဖန်တီးထားပါတယ်။

Thursday, January 21, 2021

Tom Clancy's Ghost Recon Phantom Review

 

Tom Clancy's Ghost Recon Phantom ဟာ April 10, 2014 မှာ ထုတ်ဝေခဲ့တဲ့ Free to play game တစ်ခုဖြစ်ပါတယ်။ Ghost Recon series တွေရဲ့ထုံးစံအတိုင်း 3rd person shooter ဖြစ်ပြီး ကောင်းမွန်တဲ့ cover mechanic လည်းပါဝင်ပါတယ်။ Ghost Recon fan တွေ အတွက်တော့ ဘာမှ အထူးအဆန်း မိတ်ဆက်ပေးစရာမလိုလောက်အောင် သိပြီးသားဖြစ်ကြမှာပါ။

Ghost Recon Phantom မှာ Assault, Recon နဲ့ Support ဆိုပြီး Class 3ခုရှိကြပြီး class တိုင်းဟာ တစ်ခုနဲ့တစ်ခု well balanced ဖြစ်ပါတယ်။ game mode တွေကတော့ point တွေကို တိုက်ခိုက်ရတာ ကာကွယ်ရတာနဲ့ သတ်မှတ်အချိန်အတွင်းထိန်းထားနိုင်အောင် ကြိုးစားရတာဆိုပြီး အစားစားရှိပါတယ်။ Ghost Recon Phantom ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆော့ရတာမဟုတ်ပဲ Teamwork ကိုအသားပေးတဲ့ game တစ်ခုဖြစ်တာကြောင့် သူငယ်ချင်းတွေစုပြီးကစားရင် ပိုပြီး ပျော်ဖို့ကောင်းမှာဖြစ်ပါတယ်။

Friday, January 1, 2021

Death Stranding Complete Review

 

Personal verdict 7/10
-----------------------------

Introduction
-----------------

Death Stranding ဟာဆိုရင်တော့ 2019 ရဲ့ AAA title Game တစ်ခုဖြစ်ပါတယ်။ Kojima Production အတွက်တော့ ပွဲဦးထွက် Game တစ်ခုဖြစ်ပြီး Creator က Hideo Kojima ဆိုတော့ Fan အားလုံးက မျှော်လင့်ထားတယ့် Game တစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း Game release လုပ်အပြီးမှာတော့ ‌ချီးမွန်းခံရတာရှိသလို ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ Mix review ပေါ့ positive လည်းမဟုတ်သလို Negative လို့လည်းပြောလို့မရပါဘူး။ Death Stranding ဟာ Limited time exclusive for PS4 ဖြစ်တယ့်အတွက် လောလောဆယ် PS4 မှာပဲထွက်ပါသေးတယ်။ 2020 မှာတော့ PC platform မှာထွက်မယ်လို့‌ကြေညာထားပါတယ်။ ဒီ Game ထွက်တာကတော့ November 2019 ကတည်းကပါ။ သို့သော်လည်း အလုပ်တွေမအားတာနဲ့ ကောင်းကောင်းအချိန်ပေး မဆော့နိုင်ခဲ့ပါဘူး။ ဒါကြောင့် မနေ့ကမှပြီးလို့ Complete Review လေးရေးလိုက်ပါတယ်။

Wednesday, August 26, 2020

Ghost of Tsushima (Complete Review)

Ghost of Tsushima (Complete Review)
Personal Verdict 7.5/10

Sucker Punch Production ရဲ့အောင်မြင်မှုတွေကို သိမ်းပိုက်ယူလိုက်တယ့် Game ဆိုရင်လည်းမမှားပါ။ ၃ ရက်အတွင်း 2.4 Million copies ရောင်းချနိုင်ခဲ့ကြောင်းလဲသိရပါတယ်။

ရုပ်ရှင်ဖြစ်စေ၊ Video Game ဖြစ်စေ အားလုံးသိပြီးကြတယ့်အတိုင်းပါပဲ Historical နဲ့ပတ်သက်တာတွေကို ဖန်တီးအသက်သွင်းရတယ်ဆိုတာ တော်တော်ကို မလွယ်ကူတယ့်ကိစ္စပါ။ အခု Ghost of Tsushima ကတော့ 1274 ခုနှစ်၊ Tsushima Island ရဲ့ Mongol first invasion အကြာင်းကို အခြေခံထားတာပဲဖြစ်ပါတယ်။

Tuesday, July 21, 2020

Horizon: Zero Dawn Complete Edition Review

 

Horizon: Zero Dawn ဂိမ်းဟာ Open-World/ ARPG အနောက်တိုင်းစတိုင် အက်ရှင် ဇာတ်လမ်းသွားဂိမ်းတစ်ခုဖြစ်ပြီး ဆုတွေ အများကြီး ရထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ထူးခြားတဲ့ ဂိမ်းပလေးစတိုင်နှင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ကြောင့် ကျော်ကြားပါတယ် ။ PS4 အတွက်သာ ထွက်ရှိခဲ့တဲ့ Horizon: Zero Dawn ဂိမ်းဟာ ၂၀၁၇ ဖေဖော်ဝါရီလက ထွက်ရှိခဲ့ပြီး Complete Edition အမျိုးအစားကိုတော့ ၂၀၁၇ ဒီဇင်ဘာလမှာ ထုတ်လုပ်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ် ။