Monday, February 16, 2015

Witcher 3: Wild Hunt Review


The Witcher 2 : Assassins of kings ထွက်ပီးနောက် ၂ နှစ်ကြာမှ CD Projeket RED ဟာ The Witcher 3 : Wild Hunt ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Gamer အားလုံး အံအားသင့်ပြီး အရမ်းသဘောကျခဲ့ကြပါတယ်။ အကြောင်းအရင်းက အရာအားလုံးကို improve လုပ်ထားလို့ပဲ။ CD Projeket RED ဟာ Witcher series နဲ့ နာမည်ရခဲ့တဲ့ Game Company ပါ။ အခုလဲ The Witcher 3 : Wild Hunt ကို 2014 မှာ ထုတ်ပေးမလိုလိုနဲ့ ၂၀၁၅ ကို ရွှေ့လိုက်တယ်။ ဒီ့အပြင် ထပ်ပြီး Delay လုပ်ကာ May 19,2015 အထိရွှေ့လိုက်ပါတယ်။ အကြောင်းအရင်းကတော့ လုံး၀ bug မရှိပဲ Gamer တွေကြားမှာ တတွတ်တွတ်ပြောနေတဲ့ Best Action RPG တစ်ခုဖြစ်လာအောင် လုပ်တာလို့ CD Projeket RED အဖွဲ့ဝင်တွေက ဆိုကြပါတယ်။