Monday, March 3, 2014

PROTOTYPE Review



"သူငယ်ချင်းတို့ တိုက်ပေါ် နံရံပေါ် ခုန်ပြီးပြေးချင်လား??
လေပေါ်မှာ ပုံမှန်မဟုတ်ပဲ ပျံသန်းချင်လား??
မိမိလက်နှစ်ဖက်ကနေ လက်နက် အစုံသုံးပြီး ကြမ်းချင်ကြလား??
အလန်းစား ခေါင်းစွပ်ပါတဲ့ ဂျာကင်နဲ့ ဘယ်သူနဲ့မှ မတူတဲ့ Pro တစ်ယောက်လို ကြမ်းချင်လား???

ဒါဆို အဲလိုဖြစ်ဖို့ Story လေးတစ်ခု ပြောပြပါမယ်...... New York City ကြီးရဲ လူဦးရေ ထူပြောသောနေရာတစ်ခုဖြစ်တဲ့ Manhattan မြို့ကြီးတစ်မြို့မှာ သာမှန်မျက်စိနဲ့ မမြင်ရသော အလွန့်အလွန် လျှင်မြန်လွယ်ကူစွာ ကူးစက်သော Blacklight လို့ခေါ်ဆိုတဲ့ Virus ပြန့်ပွားခဲ့ပါတယ် ... Virus ထိသူဟာ အရုပ်အင်မတန် ရုပ်ဆိုးပြီး အရမ်းရက်စက်တဲ့ လူပုံစံ Monster ကြီးတွေ ဖြစ်ကုန်တော့တာပဲ။ အဲဒီမှာ လုံး၀ ထိန်းသိမ်းမရတဲ့ ပြန်ပွားမှုကြီးကို military black operations force လိုခေါ်တဲ့ စစ်တပ် အခြေဆိုက် Blackwatch စစ်တပ် အဖွဲ့ကြီးက မရရတဲ့နည်းနဲ့ ထိန်းသိမ်းပါတော့တယ် ..........

အဲဒီမှာ Alex ဟာ အရမ်းအစွမ်းထက်တဲ့ Shapeshifter (အသွင်ပြောင်းလူသား)ပါ။ ပြီးတော့ သူဟာ သူ့ရဲ့ နောက်ကြောင်းမေ့နေတဲ့လူတစ်ယောက်လဲဖြစ်ပါတယ်....သူနဲ့ အဲဒီ
Virus ပျံ့နေတဲ့ NY မြို့ကြီးဆုံတွေ့တဲ့အခါကျတော......."

""ဒီလို Gameplay လေးဖြစ်လာတော့တယ်......""

Alex ဟာ အသွင်ပြောင်းလူသား ဖြစ်သလို သူဟာ သူများ Body ထဲလဲ ဝင်လို့ရတဲ့သူတစ်ယောက်ပါ .... ကျနော်တို့က သူ့နေရာကနေ ကစားရမှာဆိုတော့ Feel ပေါ့နော် ....Alex ဟာ Virus ဖြစ်နေတဲ့ အကောင်တွေဆီက သွေးလဲ ပြန်စုပ်ယူခွင့်ရမယ်။ သူလက်က ထုတ်သမျှ လက်နက်တွေက အရမ်းကို ကောင်းလွန်းတာကြောင့် Tank တစ်စီးကို တစစီ လုပ်နိုင်ခွင့်ရအုံးမယ် .... သူရဲ့ ပြေးနှုန်းဟာ သာမန် လူတွေထပ် ၁၀ ဆပြေးနိုင်တာကြောင့် လုံး၀ ရွှီးဒိုင်းပဲ .... .လေပေါ်မှာလဲ Level များရင် များသလို ပြန်သန်းနိုင်ဦးမှာပါ ...ဘာလို့လဲဆိုတော့ ဂိမ်းတစ်ခန်းပြီးတိုင်း Level တိုးရမှာမို့လို့ ပိုပိုကြမ်းလာတာပါ......

တိုက်နံရံတွေပေါ်မှာ ဝုန်းဒိုင်းကျဲ ပြေးနိုင်စွမ်းလဲ ရနေတာမို့လို့.... Prototype ( Pro အဆင့်) ပါပဲ ... Alex ဟာ Virus ဖြစ်နေတဲ့ အကောင်တွေကို တိုက်ခိုက်ရမှာဖြစ်သလို ...... Blackwatch စစ်တပ်နဲ့လဲ အမြဲ တိုက်ခိုက်နေရမှာပါ။ ဘာကြောင့်လဲဆိုတော့ Virus ပြန့်နှုန်းကို Red, Green, Yellow Zone တွေကိုခွဲထားတဲ့ Blackwatch စစ်တပ်ဟာ သူကို အရမ်းအလိုရှိနေလို့ပါ ........ Open world action adventure ဖြစ်တဲ့ [PROTOTYPE] ဂိမ်းဟာ Gamer တစ်ချို့က Infamous ဂိမ်းမျိုးပဲလို့ ယူဆကြတယ် ..... တစ်ချို့က Incredible Hulk:Ultimate Destruction ကဲသို့ ကြမ်းသောဂိမ်းလို့ လဲယူဆကြပါတယ်......

Spoiler အရမ်းများပင်မဲ့ ဒီဂိမ်းကစားမဲ့ ဂိမ်မာတွေ ဒီဂိမ်းအကြောင်းကို နားလည်စေချင်လို့ပါ.......
အခုတလော Lord of Shadow 2 ရဲ့ ခပ်ကြမ်းကြမ်းကစားကွက်တွေရှိတဲ့
ဂိမ်းတွေ ကစားချင်တယ်ဆိုရင် 2009 မှာ Activition ကထုတ်တဲ့ Alex Mercer(shapeshifter) အနေနဲ့ ကြမ်းခွင့်ရမဲ့ [PROTOTYPE] ဂိမ်းကို ရွေးချယ်ပြီး အမုန်းကြမ်းပစ်ပါလို့ တိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါတယ်.......

PC,PS3,XBOX 360 မှာ အကုန်ရတာမို့လို့ ရှယ်ပဲနော်
Rating ကျတော့ 8.0 ပါ......

Admin_ Jame Sam



Zawgyi









Rating ကျတော့ 8.0 ပါ......

Admin_ Jame Sam



No comments:

Post a Comment