Saturday, May 31, 2014

Contract War Review

 


 ကျွန်တော်တို့ Call of Duty series တွေ Battle Field series တွေ ဆော့ပြီးရင် Multiplayer server တွေမှာ onlineဝင်ကစားလိုစိတ်တွေဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် Multiplayer ကစားဖို့က official game copy ရှိရမှာ ဖြစ်သလို လုံးဝမ lag ပဲ ကောင်းကောင်းမွန်မွန်ကစားနိုင်ဖို့ 1mb/s အင်တာနက်လိုင်းရှိဖို့ညွှန်းဆိုကြပါတယ်။ ကျွန်တော်တို့နိုင်ငံလို တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့နိုင်ငံအဖို့ Payment အခက်အခဲတွေရှိသလို Game တစ်ခုကို $50/60 ပေးဆော့ရမှာ ဈေးကြီးလွန်းလှပါတယ်။ ထို့အတူ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသာဖြစ်တာမို့ အင်တာနက်မြန်နှုန်းကလည်း အကန့်အသတ်နဲ့သာရရှိတာကြောင့် online game တွေဆော့ဖို့ဆိုတာ အတော့်ကိုခက်ခဲပါတယ်။

Sunday, May 18, 2014

Walking Dead Season 2 : Episode 3 : In Harm's Way Review

" SPOILER ALERT "
Walking Dead Season 2 : Episode 3 : In Harm's Way ကို ကစားပြီးတဲ့အခါမှာ ငါဘာလုပ်ခဲ့သလဲလို့တွေးမိပါတယ်။ Season 1 နဲ့ Season 2 ရဲ့ အရင်အပိုင်းတွေနဲ့မတူပဲ ဒီအပိုင်းမှာ Violence act တွေကိုပဲ ရွေးချယ်မိခဲ့ပါတယ်။ အရင်အပိုင်းတွေမှာ Clementine ကို စိတ်ထားကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆော့ကစားစေခဲ့ပေမယ့် In Harm's Way မှာ ရက်စက်တဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်စေခဲ့မိတာက Episode 3 ရဲ့ အလှည့်အပြောင်းတစ်ခုပါ။

Saturday, May 17, 2014

Gravity Rush Review



MMGF မှာ PS Vita Gamer တွေပါကောင်းပါ သလို့ ဝယ်ဖို့စိတ်ကူးနေပင်မဲ့ ဘာဂိမ်းကောင်းတွေ ရှိလဲ? ဘာဂိမ်းတွေ အချိန်ပေးကစားသင့်လဲဆိုတာ မသိဖြစ်နေတဲ့ လူတွေရှိမှာပါ။ Vita က Jailbreak မရသေးတာကြောင့် ထွက်သမျှ Game အခွေတိုင်း ဝယ်ဆော့ဖို့ဆို မဖြစ်နိုင်ပါဘူး (ချွင်းချက်---ပိုက်ဆံရှိတဲ့ အခွေ ဖိုးတတ်နိုင်တဲ့ Vita ပိုင်ရှင်တွေမပါ)။ ဒါကြောင့် Game ကောင်းလေးရွေးချယ် ကစားဖြစ်သွားအောင် ဒီ Game လေးကို Review အဖြစ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။
Gravity Rush ရဲ့ Storyline လေးက ဒီလိုပါ------