Tuesday, June 5, 2018
Detroit: Become Human Review
Personal Rating: 7/10
---------------------
Introduction....
ဒီ Game ကို ဗုဒ္ဓဘာသာ စကားအရပြောရမယ်ဆိုရင်တော့ ပဋိစ္စသမုပ္ပ္ဗါဒ် ပေါ့..... အယ်လယ် (စကားကြီးစကားကျယ်ပြောပြီး မြောက်သွားသံ)... အကြောင်းကြောင့် အကျိုးဖြစ် ဆိုသလိုပါပဲ ကိုယ်လုပ်သမျှ အရာတိုင်းဟာ နောက်ပိုင်းမှာ အကုန်ခံစားရမှာပါ။ ကိုယ်ရွေးချယ်လိုက်တယ့် အရာတိုင်းမှာ ကွင်းဆက်များရှိပါတယ်။ အဲ့ကွင်းစက်တွေပေါ်မူတည်ပြီး Player တစ်ယောက်နဲ့တစ်ယောက် ဇာတ်သိမ်းတွေကွဲပြားသွားကြမှာပါ။ ဒီလို Game အမျိုးအစားက ကိုယ်ကိုတိုင် ဇာတ်ကောင်တွေနေရာ ဝင်ပြီးခံစားပြီးဆော့ရတော့ ခံစားမှုကိုတစ်ဆုံး တွန်းပေးနိုင်တာပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့အပြင်ဘဝတွေအတိုင်း ရွေးချယ်ရသိပ်ခက်တဲ့ ရွေးချယ်မှုတွေလဲရွေးချယ်ရသလို ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေလဲချရတယ်။ ကိုယ်ရွေးချယ်ဆုံးဖြတ်ခဲ့ရတဲ့အတိုင်း နောက်ပိုင်းမှာ ကွင်းဆက်တွေဖြစ်ပေါ်လာတဲ့အခါ... အော်တော်သေးတယ် ငါရွေးချယ်မှုမှန်ကန်သွား လို့...၊ ဟာ
.. ငါဆုံးဖြတ်ချက်တော့လွဲပြီ အစကတည်းက မလုပ်ခဲ့မိရင် ကောင်းသား စသဖြင့် ပျော်စရာရော၊ ဝမ်းနည်းစရာရော၊ နောင်တရော အကုန်တစ်လှေကြီးခံစားရပြီး အရမ်းလက်တွေ့ဆန်လွန်းပါတယ်။ ဒါကြောင့် Quantic Dream ကထွက်တဲ့ Games တွေကတော့ ကျွန်တော့် Personal favourite ပေါ့။ အခုမှာတမ်းမှာတင် အစပျိုးများသွားပြီ ဒီတော့ Priority review လေးဆီ ဆက်လိုက်ရအောင်။
Priority Review
===========
ဒီ Game က Ending အမျိုးမျိုးရှိပြီး ဒီ Ending ကြောင့်ကောင်းတယ် ဒါကြီးက Complete ending မှမဟုတ်တာဒါကြောင့် story ကိုမကောင်းဘူးထင်တယ် ဘာ၊ညာ ထောက်စရာမဖြစ်ရလေအောင် စာရေးသူ Platinum Trophy ပွင့်အောင်ဆော့ပြီးမှ Review လေးကိုရေးလိုက်ပါကြောင်း စကားဦးသန်း အစပျိုးပရစေ။ 
Game play ပိုင်းနဲ့ပါတ်သက်ပြီးတော့ဘာမှ ထွေထွေထူးထူးပြောစရာမရှိတဲ့ game အမျိုုးအစားဆိုတော့ story ကိုပဲ base လုပ်ပြီးပြောတာပေါ့။ ပထမဆုံးအနေနဲ့တော့ Director Devid Cage ကိုတော်တော်လေးစားပါတယ်။ ဒီလို နဲနဲနောနော route တွေ ending တွေကို စဉ်းစားရတာလွယ်တဲ့ကိစ္စမှမဟုတ်တာ။ ဒါပေမယ့် developer ကိုဘယ်လောက်ကြိုက်ကြိုက် မကြိုက်ကြိုက်အမှန်အတိုင်းရေးရမှာကတော့ reviewer တိုင်းရဲ့တာဝန်ပဲလေဆိုတော့က ရေးကြတာပေါ့ဗျာ။ 
Detroit: Become Human ဟာအရမ်းကောင်းတဲ့ Game တစ်ခုကငြင်းလို့မရတဲ့အချက်ပေါ့။ ဒါပေမယ့် ကျွန်တော်ကပဲအရမ်း Hpye နေခဲ့လို့လားမသိ၊ အခုဆော့ရတဲ့အချိန်မှာတော့ ဇာတ်လမ်းကို Heavy Rain လောက်တော့ မကြိုက်ဘူး။ ဒါပေမယ့် ထပ်ပြောပရစေ အရမ်းကောင်းတဲ့ game ပါ။ ကျွန်တော်သာ Heavy Rain မဆော့ထားဘူးရင်တော့ ကြိမ်းသေကြိုကမိမှာအမှန်ပါ။ သို့သော်လည်း Beyond Two Souls ထက်တော့ ပိုကြိုက်ပါတယ်။ Detroit ဟာအဖက်ဖက်ကသာရဲ့သားနဲ့ ဘာလို့ Heavy Rain လောက်မကြိုက်ရလဲဆိုရင်ဒီလိုဗျ story ဇာတ်လမ်းတစ်ခုက ဘယ်လောက်ပဲ ဇာတ်အိမ်သေးသေး ကြည့်တဲ့သူစိတ်ထဲ ထိအောင်ပြနိုင်ပြီး ရင်ထဲထင်ကျန်နေခဲ့ပြီဆိုရင် ဇာတ်လမ်းကောင်းလို့ပါပဲ။ 127 hours ဇာတ်ကားလိုပေါ့။ ဘာမှမ မဟုတ်ပဲ လူမရှိသူမရှိ တောင်ကြားထဲရွပြီးသွား ပြုတ်ကျပြီးလက်ညပ်တဲ့ ဇာတ်လမ်း၊ ဒါပေမယ် တစ်ကယ်ကောင်းတယ်နော်။ ဒါပေမယ့် Detriot ကဘယ်လိုဖြစ်သလဲဆိုရင် ကောင်းတယ်သို့သော်လည်း ဇာတ်အိမ်ကသိပ်ကြီးတယ်။ သိပ်ကြီးသလို ဇာတ်လမ်းကို ဆွဲဆန့်လို့ရသလားဆိုတော့လည်း Technically အရအစဉ်မပြေ။ ဒီလိုနဲ့ပဲ အကျဉ်းချုုပ်လုပ်ရတော့ ရင်ထဲထိသင့်သလောက်မထိဘူးပေါ့။ လုပ်ထားတဲ့ ဇာတ်လမ်းကြောရိုးကြီးက နည်းနည်းနောနောမှမဟုတ်တာ၂၀၃၈ ခုနှစ်ရဲ့ Civilization ကြီးတစ်ခုလုံးကို ရေးထားတာ။ တစ်နေရာထဲဖြစ်ပျက်နေတဲ့အရာမဟုတ်တော့ဘူးလေ နယ်သိပ်ကျယ်လွန်းသွားတော့ Focus လုပ်ရမယ့်အရာတွေမှာ နည်းနည်းပေါ့သွားတယ့်သဘောပေါ့။ နောက်တစ်ချက်က သူက route အမျိုးမျိုး ending အမျိုးမျိုးကလည်း စဉ်းစားရသေးတာကိုးဗျ။ နောက်တစ်ချက်က ဇာတ်လမ်းက အတန်းလိုက်ကြီး တည့်တည့်ပဲသွားတယ် Plot twist ရယ်လို့မယ်မယ်ရရမရှိပါဘူး။ Heavy Rain ကသူ့လောက် မကျယ်ပြန့်လူး ရိုးရိုး Serial Killer ကိုလိုက်ရတယ့် ဇာတ်လမ်း။ ဒါပေမယ့် Plot twist တွေကကြောက်စရာကြီး... ဟာကနည်းကိုဖြစ်သွားရတဲ့အခြေအနေ။ ရင်ထဲကို ဒိန်းကနဲတန်းထိတယ်လေ။ ဒီမှာစကားပြောသွားတာပေါ့။ နောက်တစ်ချက်ကတော့ Detriot မှာ emotion ဖြစ်ရမယ့်ဟာက ဖြစ်ပျက်တာတွေသိပ်ပြီးမြန်လွန်းသွားတော့ feel လေးဝင်ကာရှိပြန်ပျောက်သွားရပြန်ကော။ ဇာတ်လမ်းအရ သူတို့ဇာတ်ကောင်တစ်ကောင်နဲ့တစ်ကောင်က သိပြီးသားဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ဆော့တဲ့သူအနေနဲ့ကတော့ ၂နာရီလောက်အတွင်း သိပြီးချက်ခြင်းကြီး attach တွေဖြစ်ကုန်ကြတော့ ရင်ထဲသိပ်မရောက်ဘူးပေါ့ဗျာ။ ဇာတ်ကောင်တွေကို ပုရိသတ်တွေနဲ့ ပိုပြီးထိခွင့်ပေးလေလေ သူတို့အပေါ် ခံစားမှုကပိုရောက်လေလေ။ အခုက ဖြစ်ပျက်တာသိပ်မြန်ဆန်နေတာကပြသနာ။
Conclusion
========
Overall အကုန်ကောင်းပါတယ် Graphic and Voice acting ကတော့ လုံး၀ အလွင့်ပါ။ ဇာတ်လမ်းကတော့ ခုနပြောတာလေးတွေတော့အားနည်းတာပေါ့။ သိုပေမယ့် Heavy Rain မဆော့ဘူးထားရင် အကုန်ကောင်းတယ်ပြောသင့်ပါတယ်။ ကဲအခုစကားတွေလဲ များလွန်းလို့ရိုက်ပေါက်ဖြစ်တော့မယ်။ ဒီတော့ Detriot ရဲ့ လူတွေကပဲမှားတာလား စက်ရုပ်တွေကပဲမှားတာလားဆိုတာထက် ဘယ်သူ့ဘက်ကသင်ရပ်တည်မလဲလို့မေးရင်ပိုမှန်လိမ့်မယ်။ ဘာလို့ဆိုရင် တစ်ဖက်ကလည်း စက်ရုပ်(သက်မဲ့) ကိုတည်ထွင်အသုံးပြုတဲ့သူ။ လူဆိုတာကလည်း တစ်ချို့ အသက်ရှိတဲ့ ပိုးကောင်တို့ ငှက်တို့တောင် ဂဲနဲ့ပေါက်ချင်ပေါက်နေတာ။ အခုသက်မဲ့ စက်ရုပ်ဆိုတော့ ပြောမနေနဲ့တော့။ အဲ့တော့ဟို စက်ရုပ်တွေဘက်ကလည်း ခံစားချက်တွေရှိလာတော့ သီးမခံနိုင်တော့ဘူးပေါ့။ နာကြဉ်းရပါများတော့လည်း ပြန်ခံလုပ်တော့မှာပေါ့။ ပြီးတော့လွတ်လပ်ခွင့်ကို တောင်းတော့တယ်။ လူဘက်ကလည်း ဥပမာ ကိုယ်တည်ဆောက်ထားတဲ့စက်ရုပ်က ကိုယ့်အိမ်ကိုတစ်ဝက်ခွဲပြီး ငါ့ကိုပေးဆိုတော့လည်း ဘယ်ပေးချင်မလဲလေနော့်။ ဒါကြောင့် Player တွေက Detroit ကိုဆော့ရင် ဘယ်သူဘက်ကရပ်တည်ပေးမလဲ ဆိုတာကိုတော့ ကိုယ့်ဟာကိုသာရွေးခြယ်ကြပါလို့ပြောရင်းနဲ့ တစ်ခန်းရပ်လိုက်ပါတယ်ခင်ဗျာ။
Have fun,
Ed
Zawgyi
 Detroit: Become Human Review
--------------------------------
Personal Rating: 7/10
---------------------
Introduction....
Priority Review
===========
Conclusion
========
Have fun,
Ed
No comments:
Post a Comment