Thursday, January 21, 2021

Tom Clancy's Ghost Recon Phantom Review

 

Tom Clancy's Ghost Recon Phantom ဟာ April 10, 2014 မှာ ထုတ်ဝေခဲ့တဲ့ Free to play game တစ်ခုဖြစ်ပါတယ်။ Ghost Recon series တွေရဲ့ထုံးစံအတိုင်း 3rd person shooter ဖြစ်ပြီး ကောင်းမွန်တဲ့ cover mechanic လည်းပါဝင်ပါတယ်။ Ghost Recon fan တွေ အတွက်တော့ ဘာမှ အထူးအဆန်း မိတ်ဆက်ပေးစရာမလိုလောက်အောင် သိပြီးသားဖြစ်ကြမှာပါ။

Ghost Recon Phantom မှာ Assault, Recon နဲ့ Support ဆိုပြီး Class 3ခုရှိကြပြီး class တိုင်းဟာ တစ်ခုနဲ့တစ်ခု well balanced ဖြစ်ပါတယ်။ game mode တွေကတော့ point တွေကို တိုက်ခိုက်ရတာ ကာကွယ်ရတာနဲ့ သတ်မှတ်အချိန်အတွင်းထိန်းထားနိုင်အောင် ကြိုးစားရတာဆိုပြီး အစားစားရှိပါတယ်။ Ghost Recon Phantom ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆော့ရတာမဟုတ်ပဲ Teamwork ကိုအသားပေးတဲ့ game တစ်ခုဖြစ်တာကြောင့် သူငယ်ချင်းတွေစုပြီးကစားရင် ပိုပြီး ပျော်ဖို့ကောင်းမှာဖြစ်ပါတယ်။

Friday, January 1, 2021

Death Stranding Complete Review

 

Personal verdict 7/10
-----------------------------

Introduction
-----------------

Death Stranding ဟာဆိုရင်တော့ 2019 ရဲ့ AAA title Game တစ်ခုဖြစ်ပါတယ်။ Kojima Production အတွက်တော့ ပွဲဦးထွက် Game တစ်ခုဖြစ်ပြီး Creator က Hideo Kojima ဆိုတော့ Fan အားလုံးက မျှော်လင့်ထားတယ့် Game တစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း Game release လုပ်အပြီးမှာတော့ ‌ချီးမွန်းခံရတာရှိသလို ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ Mix review ပေါ့ positive လည်းမဟုတ်သလို Negative လို့လည်းပြောလို့မရပါဘူး။ Death Stranding ဟာ Limited time exclusive for PS4 ဖြစ်တယ့်အတွက် လောလောဆယ် PS4 မှာပဲထွက်ပါသေးတယ်။ 2020 မှာတော့ PC platform မှာထွက်မယ်လို့‌ကြေညာထားပါတယ်။ ဒီ Game ထွက်တာကတော့ November 2019 ကတည်းကပါ။ သို့သော်လည်း အလုပ်တွေမအားတာနဲ့ ကောင်းကောင်းအချိန်ပေး မဆော့နိုင်ခဲ့ပါဘူး။ ဒါကြောင့် မနေ့ကမှပြီးလို့ Complete Review လေးရေးလိုက်ပါတယ်။