Thursday, February 20, 2014

Far Cry 3 Review


သူငယ်ချင်းတို့ ပြန်ပေးဆွဲကားတွေ ကြည့်ဖူးတယ်မလား .... .ကျောင်းသားတွေ ခရီးထွက်ရင်း ပြန်ပေးဆွဲခံရတဲ့ ဇာတ်ကားမျိုးလေ။ သူတို့လိုပဲ မိမိနဲ့ မိမိသူငယ်ချင်းတွေ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲ? အဲလိုမျိုးအချိန်မှာဆို .......ထိုင်ငိုနေမလား။ လွတ်လမ်းရှာထွက်ပြေးမလား။ ဒါမှမဟုတ် မိမိကို ပြန်ပေးဆွဲတဲ့ လူတွေကို ပြန်ပြီး တွန်းလှန်တိုက်ခိုက်မလား????

မေးခွန်းလေးမေးပြီးပြီးဆိုတော့ review နဲ့ Game-play လေးပြောပြတော့မယ်နော်......
Jason Brody နဲ့ သူရဲ့ သူငယ်ချင်း တစ်စုဟာ Jason ရဲ့ ညီ လေယာဉ်မောင်း licnese ရလို့ Bangkok မြို့ကနေတွေ အတူထွက်လာပြီး ကျွန်းတစ်ကျွန်းသို့ ပျော်ပွဲစားထွက်ခဲ့တယ် ...... ထုံစံအတိုင်း သောက်ရမ်းကဲကြတာပဲ .. အရက်သောက်မယ် တစ်ယောက်နဲ့တစ်ယောက်စမယ် ရယ်မယ် မောမယ် ပေါ့ဗျာ။

သူတို့ သူငယ်ချင်းတစ်အုပ်လုံး Sky drive ခေါ်တဲ့ လေဟုန်စီးဂျွန်းထိုးခြင်းကို Jason ရဲညီ လေယာဉ်ပေါ်ကနေ ပျော်ပျော်ရွှင်ရွှင်ကြီး ခုန်ချခဲ့ကျတယ် ... ဒါပင်မဲ့ သူတို့ အားလုံးခုန်ချခဲ့တဲ့ ကျွန်းဟာ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ ကျွန်းဖြစ်နေတယ်.....

အဲမှာ သူတို့ကို Vass လို့ခေါ်တဲ့(Amazing Crazy Character လို့Gamer တွေ သတ်မှတ်ထားသူ) လူဆိုးခေါင်းဆောင်က ခေါ်ဆောင်သွားတော့တယ်။ Vass ရဲ့ အကြံက သူတို့မိဘတွေဆီက ပြန်ပေးငွေရဖို့ပဲ ... ဒါပင်မဲ့ Jason ရဲ့ အကို Grant အကူအညီနဲ့ လွတ်မြောက်ခဲ့တယ် ... သူ့ရဲ့အကို Grant ကို Vass လက်ချက်နဲ့ အသတ်ခံရတာတောင်မှ လွတ်မြောက်သွားခဲ့တယ် ..... ကဲ Gamplay စပြီး ----------------- Jason က Vass ကို ပြန်လည်ကလဲ့စားချေပါတော့မယ်.............................

သူထွက်ပြေးလွတ်မြောက်ပြီးနောက် Dennis Rogers က သူ့ကို ကယ်တင်လိုက်ပါတယ် ..... Dennis Rogers က ပင်လယ်ဓားပြတွေရဲ့ ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ကျွန်းသားတစ်ဦးပါ။ Jason ကသူ့အကူအညီနဲ့ Vass ကို ချေပတော့တာပဲ ... အဲဒီမှာ Jason က ကျွန်းတစ်ခုလုံးမှာရှိတဲ့ Vass ရဲ့ စခန်းခွဲတွေ လိုက်သိမ်း တိုက်ခိုက်မယ် ..... အစားအစာအတွက် ကျွန်းပေါ်မှာရှိတဲ့ အကောင်တွေကို Hunt လုပ်မယ် ... ရရာလက်နက်ကိုကိုင်ပြီး နောက်ကွယ်ကနေ တိတ်တိတ်လေး လူဆိုးတွေကို ချောင်းခိုးတိုက်ရမှာ သတ်ရမှာ ဖြစ်သလို Camera နဲ့လဲ ဓာတ်ပုံတွေရိုက်ပြီး သူတို့နောက်လုပ်ရှာမဲ့ အကွက်ကိုလဲ လေ့လာရမှာဖြစ်ပါတယ်..

(Gamer တွေကို အမြဲတန်း အရသာ တစ်မျိုးစီပေးနေတဲ့ Ubisoft က
အခု ဂိမ်မာတွေကို Open World FPS ဂိမ်း,Role Play ဂိမ်း အမျိုးစားဖြစ်တဲ့ Farcry 3 ကို ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်)....
ကျယ်ပြန့်တဲ့ Island ပေါ်မှာ လုံး၀ ပြောရက်စရာမရှိတဲ့ Graphic ကြောင့် အရာရာဟာ လှပ စိမ်းစိုနေတာတော့ အမှန်ပါပဲ။ ဒါကြောင့် Gameplay, Story line, Graphic ကောင်းမွန်တဲ့ FarCry 3
ဂိမ်းကို လူကြိုက်များခဲ့တာပါ...

PC, PS3 နဲ့ Xbox 360 မှာထွက်တာမို့လို့ Gamer တိုင်း အကြိုက်တွေ့ခဲ့တာပါ..... ဒါဆို FarCry 3 ဆော့ပြီးသား ဂိမ်းမာတွေ ပြန်ဆော့စိတ်ပေါက်လာပြီလို့ထင်တယ်......
မဆော့ရသေးတဲ့ Gamer တွေလဲ ဆော့ချင် နေလောက်ပြီ။
Review များသွားရင် ခွင့်လွတ်ပါနော် ..... ဂိမ်းကောင်းမိုလို့ review နဲ့ Gameplay အရမ်းရှည်သွားတယ် .... ဒါပင်မဲ့ Gamer တိုင်း လက်မလွတ်သင့်တဲ့ ဂိမ်းကောင်းမိုလို့ အခုတလော ဘာဆော့ရမှန်း မသိဖြစ်နေတဲ့ဂိမ်းမာတွေ အတွက် အရသာ ရှိရှိနဲ့ Farcry 3 ကို ကစားကြပါလို့ တိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါတယ်။

Admin_Jame Sam

Zawgyi


Far Cry 3 Review










Admin_Jame Sam

No comments:

Post a Comment