Wednesday, August 26, 2020

Ghost of Tsushima (Complete Review)

Ghost of Tsushima (Complete Review)
Personal Verdict 7.5/10

Sucker Punch Production ရဲ့အောင်မြင်မှုတွေကို သိမ်းပိုက်ယူလိုက်တယ့် Game ဆိုရင်လည်းမမှားပါ။ ၃ ရက်အတွင်း 2.4 Million copies ရောင်းချနိုင်ခဲ့ကြောင်းလဲသိရပါတယ်။

ရုပ်ရှင်ဖြစ်စေ၊ Video Game ဖြစ်စေ အားလုံးသိပြီးကြတယ့်အတိုင်းပါပဲ Historical နဲ့ပတ်သက်တာတွေကို ဖန်တီးအသက်သွင်းရတယ်ဆိုတာ တော်တော်ကို မလွယ်ကူတယ့်ကိစ္စပါ။ အခု Ghost of Tsushima ကတော့ 1274 ခုနှစ်၊ Tsushima Island ရဲ့ Mongol first invasion အကြာင်းကို အခြေခံထားတာပဲဖြစ်ပါတယ်။

သမိုင်းမှာ Kublai Khan ဦးဆောင်ညွှန်ကြားတဲ့ တပ်တွေက Korea ကနေထွက်ခွာပြီး အပြန်မှာ Tsushima ကျွန်းကို ဝင်သိမ်းတာပဲဖြစ်ပါတယ်။ ငယ်ငယ်က အရမ်းစိတ်ဝင်စားလို့ခဏခဏ ဖတ်ဖြစ်တယ်။ အခု Ghost of Tsushima Game ထဲမှာတော့ Khotun Khan (Cousin of Kublai Khan) က Main Villain ‌ပေါ့။ စပြီး ဒီ Game ကြေကြာကတည်းက အရမ်းဆော့ချင်မိတယ်။ ဘာလို့ဆို History ကြီးကိုသိပြီးသား ဖြစ်နေတော့ ဘယ်လို History မပျက်အောင် ဖန်တီးမလဲဆိုတာကိုပေါ့။ Tom Cruise ရဲ့ Valkyrie ရုပ်ရှင်လိုပေါ့ဗျာ။ Adolf Hitler ကိုလုပ်ကြံတယ့် ဇာတ်လမ်းပေါ့။ Hitler ကတော့လူတိုင်းသိတယ် လုပ်ကြံခံရလို့သေတာမှမဟုတ်ပဲ Russia နဲ့တိုက်ပွဲမှာ စစ်ရုံးလို့ suicide လုပ်သွားတာကိုးဗျ။ အဲ့ကတည်းက Tom Cruise ရဲ့ Valkyrie ဇာတ်ကားမှာ ဘယ်လို ရှုံးမလဲဆိုတာကို ပဲသိချင်လို့ကို ထိုင်ကြည့်ရတယ့်ပုံစံမျိုးပေါ့။ လုပ်ကြံမှုက အောင်မြင်စရာကို မရှိတာလေ။ အောင်မြင်ပြီဆိုရင်တော့ History ပျက်သွားတော့မှာပေါ့။ ဒါကြောင့် အခု Ghost of Tsushima Historical based Game ကိုအားအရမ်းမျှော်လင့်မိတယ်။ မျှော်လင့်ထားတဲ့အတိုင်းလည်း အားရမိပါတယ်။

မနေ့ကမှ အဖိုးအိမ်လာလည်တော့ အဲ့ Game ရဲ့ History လေးအကြောင်းပြောပြရာကနေ မှတ်သားစရာတစ်ခုရလိုက်တယ်။ 1274 ခုနှစ်ဝန်းကျင်မှာ Kublai Khan က Tsushima မှမဟုတ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပုဂံမြို့ကိုပါ ဝင်သိမ်းတာကိုးဗျ။ အားလားလား အဲ့မှာ မြန်မာနိုင်ငံရဲ့ တိုးမပေါက် တိုက်တိုင်းအောင်တဲ့ ဆင်တတ်ကျလို့ နရသီဟပတေ့မင်း စစ်ပွဲကတိမ်းရှောင်ရင်းကနေ (တရုတ်ပြေးမင်း) ဆိုတဲ့နံမည်တွင်ခဲ့တာပေါ့။ နောက်ပိုင်းမှ ရှင်ဒီသာပါမောက္ခ ကိုသံတမာန်စေလွှတ်ပြီး ညှိနိုင်းတော့မှ မွန်ဂိုတတ်ပြန်ဆုတ်ခွာသွားတာ‌ပေ့ါလေ။ ဆိုတော့ ပုံဂံ History ကိုနောက်မှထားပြီး Tsushima History လေးဆီကိုပြန်သွားကြတာပေ့ါ

Ghost of Tsushima Synopsis

Ghost of Tsushima ကတော့ Mongol invasion မှာ Samurai တွေ ရှုံးနိမ့်နေရကနေစတင်ပါတယ်။ ၄င်းစစ်ပွဲမှာ Player တွေက အသက်မသေပဲကျန်ခဲ့ သူ Jin Sakai အနေနဲ့ဆော့ရမှာပဲဖြစ်ပါတယ်။ အသက်သေလုမျောပါးဖြစ်နေတယ့် Jin ကိုကယ်တင်ခဲ့သူကတော့ Thief တစ်ယောက်ဖြစ်တယ့် Yuna ကကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ကစလို့ Samurai တစ်ယောက်က မိမိကျွန်းကိုသိမ်းပိုက်ထားတယ့် Mongol တွေကို ဘယ်လိုတိုက်ခိုက်တွန်းလှန်မလဲ? Samurai တွေမှာတန်ဖိုးအထားဆုံးကတော့ Honor ပါ။ ရန်သူကို သတ်ရင် ရက်ရက်စက်စက်သတ်လို့မရပါ။ နောက်ကျောဘက်မှာ မခုတ်သတ်ပါ။ လက်နက်ဗုံး မသုံးပါ။ စသဖြင့် samurai code တွေနဲ့ ဉာဏ်များတဲ့ Mongol တွေကိုတိုက်ခိုက်ဖို့ဆိုတာ တစ်ယောက်ထဲသော Jin အတွက်မလွယ်ကူနိုင်။ ဒါကြောင့် Ghost of Tsushima ဆိုတဲ့အတိုင်း Honorable Samurai တစ်ယောက်ကနေ Ghost တစ်ယောက်အဖြစ်ကို တစ်ဖြည်းဖြည်း ကူးပြောင်းလာပုံကို ဇာတ်လမ်းအချိုးအကွေ့များနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Game Play

Game play က ပေါတောတော samurai ဒါးခုတ် Game မျိုးလုံးဝ မဟုတ်ပါ။ တိုက်ခိုက်တဲ့ အကွက်တိုင်းက အရမ်းကို လေးပင်ပြီး အနှစ်ပါပါတယ်။ အကြိုက်ဆုံးကတော့ Deflect လုပ်ပြီးချတာကို အရမ်းကြိုက်တယ်။ Sekiro လောက်တော့ အားရပါးရလုပ်လို့မရပေမယ့်။ တော်တော်လေး reasonable ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ stand off လုပ်ပြီး samurai ဆန်ဆန် စိန်ခေါ်ပြီး နေရာမရွေ့ပဲတက်လာတယ့်ရန်သူကို ပိုင်းတာပဲ ဖြစ်ပါတယ်။ Kenshi Hemura စကားအရပြောရမယ်ဆိုရင်တော့ Battojutsu ပေါ့ XD
Ghost လုပ်ပြီးဆော့ရင်လည်း လူသုံးယောက်တန်းပြီး Chain assassinate လုပ်လို့ရတာတွေကို သေချာလုပ်ထားတာလဲတွေ့ရပါတယ်။

နောက်တစ်ခုအားအရဆုံးကတော့ world ကြီးတစ်ခုလုံးပါပဲ။ Open world type ဖြစ်ပြီးအလွန်လှပတယ့် ရှုခင်းတွေကိုခံစားရင် ဆော့ရမှာပဲဖြစ်ပါတယ်။ Tsushima မြေပုံကြီးတစ်ခုလုံးကို explore လုပ်လို့ရမှာဖြစ်ပြီး မိမိနှစ်သက်သလို ဓာတ်ဖမ်းလို့လဲရပါသေးတယ်။

သိပ်အားမရတယ့်အပိုင်းလေးတွေကတော့ side quest တွေက ပုံစံတူလေးတွေနဲနဲများပါတယ်။ သို့ပေမယ့် Grab and Fetch ပုံစံမျိုးတော့လုံးဝ မဟုတ်ပါ story လေးတွေနဲ့ reasonable တော့ဖြစ်ပါတယ်။ World ကြီးက ကြီးလွန်းတာကြောင့် အချိန်ကြာလာတယ့်အခါ နဲနဲလေး ပျင်းလာတယ့် feel လေးရလာတာတစ်ခုပါပဲ။ ဒါပေမယ့် Game play ကကောင်းလွန်းတော့ ခွင့်လွှတ်လို့ရပါတယ်။

နောက်တစ်ခုကတော့ Ghost Items တွေကလုံးဝ သုံးစရာမလိုလောက်အောင်အပိုတွေဖြစ်နေတယ့်ကိစ္စပါ။ ကျွန်တော် update patch ထွက်ပြီးမှ အခက်ဆုံးနဲ့ဆော့တာတောင် လုံးဝ Easy going ဆော့လို့ရတယ့်အနေအထားပါ။ အဲ့ Item တွေသုံးတာကမှ အပိုအလုပ်တွေလုပ်နေသလိုမျိုးဖြစ်နေတယ်။ Tenchu တို့လို stealth ပုံစံအသားပေးမဟုတ်တော့ Ghost Item တွေက တိတိကျကျ သုံးစရာမလိုဘူးပေါ့လေ။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် strict ဖြစ်တယ့် stealth ပုံစံ mission တွေထပ်တိုးစေချင်တယ်၊ boss fight တွေကို ခက်ခက်လေးဖြစ်စေချင်တယ်။

Conclusion

အချုပ်ပြန်ပြောရရင်တော့ Sucker Punch Production အတွက်တစ်ကယ့်ကို အားရစရာပါပဲ။ Sony အတွက်ကတော့ Flag ထောင်ပြီးရင်ထောင်ရတာပေါ့။ Score အရဆိုရင်လည်း critics ရော user score ပါတော်တော်ကောင်းတဲ့ အနေအထားပါ။ Game of the Year ဆုအတွက်တော့ နောက်တစ်မျိုး ရင်ခုံစရာထပ်တိုးတာပေါ့။

Ghost of Tsushima ဟာ အစအလယ်အဆုံး အကုန်ကောင်းတယ့် Game တစ်ခုဖြစ်ပြီး လှလှပပ presentation ကောင်းကောင်းနဲ့ ထွက်ရှိလာပြီးပြီပဲဖြစ်ပါတယ်။ ကျွန်တော် Platinum trophy farm တာအပါအဝင်ဆိုရင် အားလုံးပေါင်း နာရီပေါင်း 120hr လောက်ကြာပါတယ်။

Twist တွေအများကြီးမရှိပေမယ့် ဇာတ်လမ်းကော Game Play ပါဆွဲဆောင်မှုကောင်းကောင်း နဲ့တင်ဆက်သွားနိုင်တာကိုတော့ အားရပါတယ်။ World ကြီးကအရမ်းကြီးတော့ ထပ်ပြီး new quests material လေးတွေဖြည့်ရင်တော့ ပိုကောင်းတာပေါ့လေ။
အခုဆိုရင်တော့ Multi Player mission တွေ raid တွေ အတွက် DLC လည်းထွက်လာတော့မှာဖြစ်လို့ ရင်ခုန်စွာစောင့်စားရင်းနဲ့ပဲ

 

Have Fun,
Ed


Zawgyi

 


Ghost of Tsushima (Complete Review)

Personal Verdict 7.5/10

Sucker Punch Production ရဲ႕ေအာင္ျမင္မႈေတြကို သိမ္းပိုက္ယူလိုက္တယ့္ Game ဆိုရင္လည္းမမွားပါ။ ၃ ရက္အတြင္း 2.4 Million copies ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းလဲသိရပါတယ္။

႐ုပ္ရွင္ျဖစ္ေစ၊ Video Game ျဖစ္ေစ အားလုံးသိၿပီးၾကတယ့္အတိုင္းပါပဲ Historical နဲ႔ပတ္သက္တာေတြကို ဖန္တီးအသက္သြင္းရတယ္ဆိုတာ ေတာ္ေတာ္ကို မလြယ္ကူတယ့္ကိစၥပါ။ အခု Ghost of Tsushima ကေတာ့ 1274 ခုႏွစ္၊ Tsushima Island ရဲ႕ Mongol first invasion အၾကာင္းကို အေျခခံထားတာပဲျဖစ္ပါတယ္။ သမိုင္းမွာ Kublai Khan ဦးေဆာင္ၫႊန္ၾကားတဲ့ တပ္ေတြက Korea ကေနထြက္ခြာၿပီး အျပန္မွာ Tsushima ကြၽန္းကို ဝင္သိမ္းတာပဲျဖစ္ပါတယ္။ ငယ္ငယ္က အရမ္းစိတ္ဝင္စားလို႔ခဏခဏ ဖတ္ျဖစ္တယ္။ အခု Ghost of Tsushima Game ထဲမွာေတာ့ Khotun Khan (Cousin of Kublai Khan) က Main Villain ‌ေပါ့။ စၿပီး ဒီ Game ေၾကၾကာကတည္းက အရမ္းေဆာ့ခ်င္မိတယ္။ ဘာလို႔ဆို History ႀကီးကိုသိၿပီးသား ျဖစ္ေနေတာ့ ဘယ္လို History မပ်က္ေအာင္ ဖန္တီးမလဲဆိုတာကိုေပါ့။ Tom Cruise ရဲ႕ Valkyrie ႐ုပ္ရွင္လိုေပါ့ဗ်ာ။ Adolf Hitler ကိုလုပ္ႀကံတယ့္ ဇာတ္လမ္းေပါ့။ Hitler ကေတာ့လူတိုင္းသိတယ္ လုပ္ႀကံခံရလို႔ေသတာမွမဟုတ္ပဲ Russia နဲ႔တိုက္ပြဲမွာ စစ္႐ုံးလို႔ suicide လုပ္သြားတာကိုးဗ်။ အဲ့ကတည္းက Tom Cruise ရဲ႕ Valkyrie ဇာတ္ကားမွာ ဘယ္လို ရႈံးမလဲဆိုတာကို ပဲသိခ်င္လို႔ကို ထိုင္ၾကည့္ရတယ့္ပုံစံမ်ိဳးေပါ့။ လုပ္ႀကံမႈက ေအာင္ျမင္စရာကို မရွိတာေလ။ ေအာင္ျမင္ၿပီဆိုရင္ေတာ့ History ပ်က္သြားေတာ့မွာေပါ့။ ဒါေၾကာင့္ အခု Ghost of Tsushima Historical based Game ကိုအားအရမ္းေမွ်ာ္လင့္မိတယ္။ ေမွ်ာ္လင့္ထားတဲ့အတိုင္းလည္း အားရမိပါတယ္။

မေန႔ကမွ အဖိုးအိမ္လာလည္ေတာ့ အဲ့ Game ရဲ႕ History ေလးအေၾကာင္းေျပာျပရာကေန မွတ္သားစရာတစ္ခုရလိုက္တယ္။ 1274 ခုႏွစ္ဝန္းက်င္မွာ Kublai Khan က Tsushima မွမဟုတ္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ပုဂံၿမိဳ႕ကိုပါ ဝင္သိမ္းတာကိုးဗ်။ အားလားလား အဲ့မွာ ျမန္မာႏိုင္ငံရဲ႕ တိုးမေပါက္ တိုက္တိုင္းေအာင္တဲ့ ဆင္တတ္က်လို႔ နရသီဟပေတ့မင္း စစ္ပြဲကတိမ္းေရွာင္ရင္းကေန (တ႐ုတ္ေျပးမင္း) ဆိုတဲ့နံမည္တြင္ခဲ့တာေပါ့။ ေနာက္ပိုင္းမွ ရွင္ဒီသာပါေမာကၡ ကိုသံတမာန္ေစလႊတ္ၿပီး ညႇိႏိုင္းေတာ့မွ မြန္ဂိုတတ္ျပန္ဆုတ္ခြာသြားတာ‌ေပ့ါေလ။ ဆိုေတာ့ ပုံဂံ History ကိုေနာက္မွထားၿပီး Tsushima History ေလးဆီကိုျပန္သြားၾကတာေပ့ါ

Ghost of Tsushima Synopsis

Ghost of Tsushima ကေတာ့ Mongol invasion မွာ Samurai ေတြ ရႈံးနိမ့္ေနရကေနစတင္ပါတယ္။ ၄င္းစစ္ပြဲမွာ Player ေတြက အသက္မေသပဲက်န္ခဲ့ သူ Jin Sakai အေနနဲ႔ေဆာ့ရမွာပဲျဖစ္ပါတယ္။ အသက္ေသလုေမ်ာပါးျဖစ္ေနတယ့္ Jin ကိုကယ္တင္ခဲ့သူကေတာ့ Thief တစ္ေယာက္ျဖစ္တယ့္ Yuna ကကယ္တင္ေပးခဲ့တာပဲျဖစ္ပါတယ္။ အဲ့ကစလို႔ Samurai တစ္ေယာက္က မိမိကြၽန္းကိုသိမ္းပိုက္ထားတယ့္ Mongol ေတြကို ဘယ္လိုတိုက္ခိုက္တြန္းလွန္မလဲ? Samurai ေတြမွာတန္ဖိုးအထားဆုံးကေတာ့ Honor ပါ။ ရန္သူကို သတ္ရင္ ရက္ရက္စက္စက္သတ္လို႔မရပါ။ ေနာက္ေက်ာဘက္မွာ မခုတ္သတ္ပါ။ လက္နက္ဗုံး မသုံးပါ။ စသျဖင့္ samurai code ေတြနဲ႔ ဉာဏ္မ်ားတဲ့ Mongol ေတြကိုတိုက္ခိုက္ဖို႔ဆိုတာ တစ္ေယာက္ထဲေသာ Jin အတြက္မလြယ္ကူႏိုင္။ ဒါေၾကာင့္ Ghost of Tsushima ဆိုတဲ့အတိုင္း Honorable Samurai တစ္ေယာက္ကေန Ghost တစ္ေယာက္အျဖစ္ကို တစ္ျဖည္းျဖည္း ကူးေျပာင္းလာပုံကို ဇာတ္လမ္းအခ်ိဳးအေကြ႕မ်ားနဲ႔ ေဆာ့ကစားရမွာ ျဖစ္ပါတယ္။

Game Play

Game play က ေပါေတာေတာ samurai ဒါးခုတ္ Game မ်ိဳးလုံးဝ မဟုတ္ပါ။ တိုက္ခိုက္တဲ့ အကြက္တိုင္းက အရမ္းကို ေလးပင္ၿပီး အႏွစ္ပါပါတယ္။ အႀကိဳက္ဆုံးကေတာ့ Deflect လုပ္ၿပီးခ်တာကို အရမ္းႀကိဳက္တယ္။ Sekiro ေလာက္ေတာ့ အားရပါးရလုပ္လို႔မရေပမယ့္။ ေတာ္ေတာ္ေလး reasonable ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ stand off လုပ္ၿပီး samurai ဆန္ဆန္ စိန္ေခၚၿပီး ေနရာမေ႐ြ႕ပဲတက္လာတယ့္ရန္သူကို ပိုင္းတာပဲ ျဖစ္ပါတယ္။ Kenshi Hemura စကားအရေျပာရမယ္ဆိုရင္ေတာ့ Battojutsu ေပါ့ XD
Ghost လုပ္ၿပီးေဆာ့ရင္လည္း လူသုံးေယာက္တန္းၿပီး Chain assassinate လုပ္လို႔ရတာေတြကို ေသခ်ာလုပ္ထားတာလဲေတြ႕ရပါတယ္။

ေနာက္တစ္ခုအားအရဆုံးကေတာ့ world ႀကီးတစ္ခုလုံးပါပဲ။ Open world type ျဖစ္ၿပီးအလြန္လွပတယ့္ ရႈခင္းေတြကိုခံစားရင္ ေဆာ့ရမွာပဲျဖစ္ပါတယ္။ Tsushima ေျမပုံႀကီးတစ္ခုလုံးကို explore လုပ္လို႔ရမွာျဖစ္ၿပီး မိမိႏွစ္သက္သလို ဓာတ္ဖမ္းလို႔လဲရပါေသးတယ္။

သိပ္အားမရတယ့္အပိုင္းေလးေတြကေတာ့ side quest ေတြက ပုံစံတူေလးေတြနဲနဲမ်ားပါတယ္။ သို႔ေပမယ့္ Grab and Fetch ပုံစံမ်ိဳးေတာ့လုံးဝ မဟုတ္ပါ story ေလးေတြနဲ႔ reasonable ေတာ့ျဖစ္ပါတယ္။ World ႀကီးက ႀကီးလြန္းတာေၾကာင့္ အခ်ိန္ၾကာလာတယ့္အခါ နဲနဲေလး ပ်င္းလာတယ့္ feel ေလးရလာတာတစ္ခုပါပဲ။ ဒါေပမယ့္ Game play ကေကာင္းလြန္းေတာ့ ခြင့္လႊတ္လို႔ရပါတယ္။

ေနာက္တစ္ခုကေတာ့ Ghost Items ေတြကလုံးဝ သုံးစရာမလိုေလာက္ေအာင္အပိုေတြျဖစ္ေနတယ့္ကိစၥပါ။ ကြၽန္ေတာ္ update patch ထြက္ၿပီးမွ အခက္ဆုံးနဲ႔ေဆာ့တာေတာင္ လုံးဝ Easy going ေဆာ့လို႔ရတယ့္အေနအထားပါ။ အဲ့ Item ေတြသုံးတာကမွ အပိုအလုပ္ေတြလုပ္ေနသလိုမ်ိဳးျဖစ္ေနတယ္။ Tenchu တို႔လို stealth ပုံစံအသားေပးမဟုတ္ေတာ့ Ghost Item ေတြက တိတိက်က် သုံးစရာမလိုဘူးေပါ့ေလ။

ကြၽန္ေတာ္ကေတာ့ ျဖစ္ႏိုင္ရင္ strict ျဖစ္တယ့္ stealth ပုံစံ mission ေတြထပ္တိုးေစခ်င္တယ္၊ boss fight ေတြကို ခက္ခက္ေလးျဖစ္ေစခ်င္တယ္။

Conclusion

အခ်ဳပ္ျပန္ေျပာရရင္ေတာ့ Sucker Punch Production အတြက္တစ္ကယ့္ကို အားရစရာပါပဲ။ Sony အတြက္ကေတာ့ Flag ေထာင္ၿပီးရင္ေထာင္ရတာေပါ့။ Score အရဆိုရင္လည္း critics ေရာ user score ပါေတာ္ေတာ္ေကာင္းတဲ့ အေနအထားပါ။ Game of the Year ဆုအတြက္ေတာ့ ေနာက္တစ္မ်ိဳး ရင္ခုံစရာထပ္တိုးတာေပါ့။

Ghost of Tsushima ဟာ အစအလယ္အဆုံး အကုန္ေကာင္းတယ့္ Game တစ္ခုျဖစ္ၿပီး လွလွပပ presentation ေကာင္းေကာင္းနဲ႔ ထြက္ရွိလာၿပီးၿပီပဲျဖစ္ပါတယ္။ ကြၽန္ေတာ္ Platinum trophy farm တာအပါအဝင္ဆိုရင္ အားလုံးေပါင္း နာရီေပါင္း 120hr ေလာက္ၾကာပါတယ္။

Twist ေတြအမ်ားႀကီးမရွိေပမယ့္ ဇာတ္လမ္းေကာ Game Play ပါဆြဲေဆာင္မႈေကာင္းေကာင္း နဲ႔တင္ဆက္သြားႏိုင္တာကိုေတာ့ အားရပါတယ္။ World ႀကီးကအရမ္းႀကီးေတာ့ ထပ္ၿပီး new quests material ေလးေတြျဖည့္ရင္ေတာ့ ပိုေကာင္းတာေပါ့ေလ။
အခုဆိုရင္ေတာ့ Multi Player mission ေတြ raid ေတြ အတြက္ DLC လည္းထြက္လာေတာ့မွာျဖစ္လို႔ ရင္ခုန္စြာေစာင့္စားရင္းနဲ႔ပဲ

Have Fun,
Ed

No comments:

Post a Comment