Monday, June 29, 2020

Charm of Death Stranding


မင်းတို့ Death Stranding ကို walking stimulator ဆိုပီး ပျင်းစရာကြီး ဆိုပီး Blame နေပေမဲ့ Death Stranding မှာ Delivering လုပ်ရတဲ့ Feel ကို တစ်ကယ်ကစားကြည့်မှ သိပီး addicting ဖြစ်သွားမှာ.

Goods တွေကို တစ်နေ့ရာနဲ့ တစ်ရာပို့တဲ့အခါ လမ်းမှာ ပျင်းနေရတယ်လို့မရှိတဲ့ရဘူး.... ဘာလို့လဲဆိုတော့ မပို့ခင်မှာ လိုအပ်တာတွေ ပြင်ဆင်ရတယ်.ပြင်ဆင်ရေးလုပ်တဲ့အခါ လိုတဲ့ ladder.Rope.Weapon.Armor.Skeleton စတာတွေမပြင်ဆင်ပဲ သွားရင် goods တွေ Damage ထိပြီး mission point ရတာ အရမ်းနည်းမယ် mission fail မယ်. လမ်းမှာလဲ ဖြတ်ကျော်ရမဲ့ တောင်တန်းတွေ ကျောက်တွေ rainfall တွေ ပြီးတော့ ရန်သူတွေဖြစ်တဲ့ Beached things တွေ Mule တွေလဲ ရင်ဆိုင်ရမယ်. သူတို့ကို ရင်ဆိုင်ရင်းနဲ့ Deliver လုပ်တဲ့အခါမှာ goods တွေကို Balance ညီအောင်လဲ ထိန်းသိမ်းရသေးတယ် BB ကို stress မဖြစ်အောင် ထိန်းရသေးတယ်....

ဒါပေမဲ့ Kojima ရဲ့ idea ကောင်းတဲ့ mutiplayer co op system ကြောင့် အခြား porter တွေ တစ်ယောက်ကို တစ်ယောက် ကူညီပေးလို့ရအောင် ladder လေးချန်ထားပေးခဲ့တာတို့ rope လေးချန်ထားပေးခဲ့တာတို့ high way ဆောက်လို့ရအောင် မှတ်တိုင်လေးထားပေးခဲ့တာတို့ တို့ bike တို့ car တို့ ချန်ထားပေးခဲ့တာတို့ ဘယ်နားမှာ ဘာရှိတယ်ဆိုတဲ့ warning sign ထားပေးခဲ့တာတို့ စတာ တွေကြောင့် အရမ်းမခက်ပဲ goods တွေ ပို့တဲ့အခါမှာ အဆင်ပြေသွားတာလေးတွေရှိတယ်....အကောင်းဆုံးကတော့ story mission တစ်လျှောက်မှာ Low Roar ရဲ့ music အေးအေး လေးနားထောင်ရင်း goods တွေ ပို့ရတာပဲ.

သိပ်မကြိုက်တာက death stranding side quest တွေက ထပ်နေတာများတယ်...side quest အတိုင်းမှာ သူ့ story နဲ့ သူရှိပြီး အများစုသော story က ပျင်းဖို့ကောင်းတယ်....ဒီတော့ side quest နည်းနည်းလုပ် main quest များများလုပ်.

Death Stranding Story ကတော့ game တစ်လျှောက်လုံး စီးမျောမိသွားစေမယ် နားတော့နားမလည်းဘူး ဒါပေမဲ့ ကြည့်ကောင်းပြီး စိတ်ဝင်စားနေမိမှာအမှန်ပဲ...Game ကစားပြီးသွားပြီးဆိုတော့မှ နည်းနည်းလေးကြာလာတော့မှ ကိုယ်ကိုကိုယ် Death Stranding story အကြောင်း မေးခွန်းလေးတွေ မေးမိသွားရင်း ကိုယ်ကိုကိုယ် ပြန်အဖြေ​ပေးမိရင်းနဲ့ Death Stranding story ကို နားလည်သဘောပေါက်သွားပီး နှစ်သက်သွားလိမ့်မယ်.

Death Stranding Game က လူတိုင်းအတွက်တော့မဟုတ်ဖူး ဒါပေမဲ့ လူတစ်စုအတွက်တော့
overall ခြုံကြည့်ရင် ကြိုက်တာထပ် ပိုပါတယ်ဆိုတဲ့ ဂိမ်းတစ်ခုပဲ.

PC မှာ July 14 ထွက်တော့မှာဆိုတော့ စျေးများနေသေရင် discount ချမှ ဝယ်ပါ...pirate လုပ်လို့ကရတယ် ဒါပေမဲ့ Online function မပါပဲနဲ့ကစားရင် walking stimulator ကြီးပါကွာ delivering ပဲလုပ် နေရတာပါကွား... ပျင်းစရာကြီးဆိုပြီး game ကို ditch သွားတာပဲ အဖတ်တင်မယ်.

#Jame

Zawgyi


Charm of Death Stranding
=====================





PC မှာ July 14 ထွက်တော့မှာဆိုတော့ ဈေးများနေသေရင် discount ချမှ ဝယ်ပါ...pirate လုပ်လို့ကရတယ် ဒါပေမဲ့ Online function မပါပဲနဲ့ကစားရင် walking stimulator ကြီးပါကွာ delivering ပဲလုပ် နေရတာပါကွား... ပျင်းစရာကြီးဆိုပြီး game ကို ditch သွားတာပဲ အဖတ်တင်မယ်.

#Jame

No comments:

Post a Comment