Sunday, March 23, 2014

The Crew Review


သူငယ်ချင်းတို့တော့ မသိဘူး ကျနော်ကတော့ သူငယ်ချင်းတွေနဲ့ ပြိုင်ကား အရမ်းပြိုင်မောင်းချင်ခဲ့တာ (ကိုယ်ပိုင်ပြိုင်ကားမှ မရှိတာကို) ..... အခု The Crew ကြောင့် ကျနော်တို့ သူငယ်ချင်းတွေ အများကြီးနဲ့ ကားပြိုင်ခွင့်ရပါတော့မည်။.....

The Crew ဂိမ်းဟာ Open world Online Racing ဂိမ်းဖြစ်ပါတယ် .. .ပြီးတော့ United State တစ်ခုလုံးနီးပါး ကျယ်ဝန်းအောင် လုပ်ထားသော မြေပုံကြီးကြောင့် Open and persistent Map လို့လဲ သတ်မှတ်ထားပါတယ်။ ပင်လယ် ကမ်းခြေ တစ်ခုကနေ တစ်ခုကို ၉၀မိနစ်လောက် မောင်းယူရမှာဖြစ်ပါတယ်။
Missions တွေကို တစ်ယောက်ထဲ ကစားနိုင်သလို သူငယ်ချင်းတွေနဲ့လဲ ကစားနိုင်မယ်။ ပြီးတော့ Online co-op အဖြစ် ဆက်သွယ်ပြီး online က သူငယ်ချင်းတွေနဲ့ အတူတူပြိုင်ပြီးအနိုင်ယူ နိုင်မှာ ဖြစ်ပါတယ်။

ထူးခြားချက်လေးကတော့ Online Multiplayer မှာ ကစားသူဟာ မိမိကိုယ်တိုင်စိတ်တိုင်းကျ Racing အဖွဲ့တစ်ခုဖွဲ့နိုင်တယ်။ (Online မှာ မိမိစိတ်တိုင်းကျ သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့ပြီး mission မှန်သမျှကို အတူတကွ Team work စိတ်ဓာတ်နဲ့ ကျော်ဖြတ်ခွင့်ရမှာပါ)။

Ubisoft ရဲ့ ပြောပုံအရတော့.... ဂိမ်းထဲမှာ Loading Screens မရှိသလို ... Pauses တွေလဲ ရှိမှာမဟုတ်ဖူးတဲ့။ပြီးတော့ ကစားသူ စိတ်တိုင်းကျ မိမိကားများကို The crew ရဲ့ tie-in app for Android and IOS မှာ တည်ဆောက်ပြင်ဆင်နိုင်မှာလဲ ဖြစ်ပါတယ်။ နောက်ပြီး Multiplayer Mission တွေဟာ Single player Mission တွေနဲ့ အတူတူပါပဲဆိုတော့ Ubisoft ရဲ့ Racing game (The Crew ) လေးကို
ကစားဖြစ်အောင် ကစားကြပါလို့ ပြောရင် နိဂုန်းချုပ်လိုက်ပါတယ်။

Release date ကတော့ 2014 နှစ်ကုန်ပိုင်းလောက်ဖြစ်ပြီး
PC, PS4, XBOX ONE Exclusive ဂိမ်းပါ။

~Jame Windy Sam~


Zawgyi

သူငယ္ခ်င္းတို႕ေတာ႕ မသိဘူး က်ေနာ္ကေတာ႕ သူငယ္ခ်င္းေတြနဲ႕ ျပိဳင္ကား အရမ္းျပိဳင္ေမာင္းခ်င္ခဲ႕တာ (ကိုယ္ပိုင္ျပိဳင္ကားမွ မရွိတာကို) ..... အခု The Crew ေႀကာင္႕ က်ေနာ္တို႕ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႕ ကားျပိဳင္ခြင္႕ရပါေတာ႕မည္။.....

The Crew ဂိမ္းဟာ Open world Online Racing ဂိမ္းျဖစ္ပါတယ္ .. .ျပီးေတာ႕ United State တစ္ခုလံုးနီးပါး က်ယ္၀န္းေအာင္ လုပ္ထားေသာ ေျမပံုႀကီးေႀကာင္႔ Open and persistent Map လို႕လဲ သတ္မွတ္ထားပါတယ္။ ပင္လယ္ ကမ္းေျခ တစ္ခုကေန တစ္ခုကို ၉၀မိနစ္ေလာက္ ေမာင္းယူရမွာျဖစ္ပါတယ္။
Missions ေတြကို တစ္ေယာက္ထဲ ကစားႏိုင္သလို သူငယ္ခ်င္းေတြနဲ႕လဲ ကစားႏိုင္မယ္။ ျပီးေတာ႕ Online co-op အျဖစ္ ဆက္သြယ္ျပီး online က သူငယ္ခ်င္းေတြနဲ႕ အတူတူျပိဳင္ျပီးအႏိုင္ယူ ႏိုင္မွာ ျဖစ္ပါတယ္။

ထူးျခားခ်က္ေလးကေတာ႕ Online Multiplayer မွာ ကစားသူဟာ မိမိကိုယ္တိုင္စိတ္တိုင္းက် Racing အဖြဲ႕တစ္ခုဖြဲ႕ႏိုင္တယ္။ (Online မွာ မိမိစိတ္တိုင္းက် သူငယ္ခ်င္းေတြနဲ႕ အဖြဲ႕ဖြဲ႕ျပီး mission မွန္သမွ်ကို အတူတကြ Team work စိတ္ဓာတ္နဲ႕ ေက်ာ္ျဖတ္ခြင္႕ရမွာပါ)။

Ubisoft ရဲ႕ ေျပာပံုအရေတာ႕.... ဂိမ္းထဲမွာ Loading Screens မရွိသလို ... Pauses ေတြလဲ ရွိမွာမဟုတ္ဖူးတဲ႕။ျပီးေတာ႕ ကစားသူ စိတ္တိုင္းက် မိမိကားမ်ားကို The crew ရဲ႕ tie-in app for Android and IOS မွာ တည္ေဆာက္ျပင္ဆင္ႏိုင္မွာလဲ ျဖစ္ပါတယ္။ ေနာက္ျပီး Multiplayer Mission ေတြဟာ Single player Mission ေတြနဲ႕ အတူတူပါပဲဆိုေတာ႕ Ubisoft ရဲ႕ Racing game (The Crew ) ေလးကို
ကစားျဖစ္ေအာင္ ကစားၾကပါလို႕ ေျပာရင္ နိဂုန္းခ်ဳပ္လိုက္ပါတယ္။

Release date ကေတာ႕ 2014 ႏွစ္ကုန္ပိုင္းေလာက္ျဖစ္ျပီး
PC, PS4, XBOX ONE Exclusive ဂိမ္းပါ။

~Jame Windy Sam~

No comments:

Post a Comment