Friday, May 20, 2016

XCOM 2 Review

XCOM 2 ဟာ Sci-fi / Turn based strategy game အမျိုးအစားဖြစ်ပြီး 2016 Feburary မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် Sid Meiers game တွေနဲ့ ထင်ရှားတဲ့ Firaxis က ဖန်တီးခဲ့တာဖြစ်ပြီး 2K Interactives က ဖြန့်ချီတာဖြစ်ပါတယ်။

XCOM 2 ဟာ 2012 ခုနှစ် XCOM - Enemy Unknown ရဲ့ ဇာတ်လမ်းအဆက်လည်းဖြစ်သလို feature အသစ်တွေ ရန်သူ Alien အမျိုးအစား အသစ်တွေအပြင် Tatical Map တွေကိုလည်း တစ်ကြိမ်နဲ့ တစ်ကြိမ်မတူရအောင် ဆန်းသစ်စွာဖန်တီးထားပါတယ်။ XCOM 2 ဟာ TBS အမျိုးအစားဖြစ်တာနဲ့အညီ Friaxisဟာ strategyကို ပိုပြီး အသားပေးရန်အတွက် perma death system လည်း ထည့်သွင်းထားပါတယ်။