Monday, March 4, 2019
Red Dead Redemption 2 Review
Red Dead Redemption 2 က Red Dead Redemption ရဲ့ Prequel Game ဖြစ်ပါတယ်။ ဒါပင်မဲ့ အခုခေတ် Gaming Technology ကို အပြည့်အ၀ သုံးချပြီး လုပ်ထားတာကြောင့် Red Dead Redemption 2 က Highly Detailed Wild West Openworld Game တစ်ခုဖြစ်လာခဲ့ပါတယ်။ Game ရဲ့ Story က ကိုယ်တိုင် ခံစားရမှ ကောင်းမှာမိုလို့ story ပိုင်းကို လျော့ရေးပြီ Gameplay ကို အသားပေးရေးလိုက်ပါတယ်။ ကျနော် ရေးသမျှ review တွေထဲမှာ အရှည်ဆုံးမိုလို့ ပြီးသည်အထိ သီးခံ ဖတ်ပေးကြပါ ဟီးဟီး။
Red Dead Redemption 2 က Prequel ဖြစ်တာကြောင့် Red Dead Redemption မကစားထားရင်တောင် ကစားလို့ရပါတယ်။ Red Dead Redemption 2 ကို အတိုကောက် RDR2 လို့ပဲ ပြောမယ်နော်။ ဒီတော့ RDR 2 က Arthur Morgan နေနဲ့ ကစားရမှာဖြစ်ပြီ
Out law Gang လေးတစ်ခုက နှင်းတောင်တွေဘက်မှာ survive လုပ်ရာကနေ စမှာဖြစ်ပါတယ်။ Arthur တို့ရဲ့ Gang ခေါင်းဆောင်က တော့ Dutch Van der Linde ဖြစ်ပါတယ်။ Dutch က ဒီ Out Law gang ကို မိသားစုလေး အသက်ရှင်ရမယ် အတူနေရမယ် ငွေရှာမယ် ဒီနေရာက ထွက်ခွာပြီး တနေရာရာမှာ အခြေ ချ နေမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိသူပါ။ ဒီတော့ Arthur ရယ် Dutch ရယ် ဒီ Gang လေး survive ဖြစ်ဖို့ ကြိုးစားတယ်ဆိုပါတော့ Game မှာ Arthur ချည့် Dutch ချည့် အရေးပါ အရာရောက်တာမဟုတ်ပါဘူး Charles Smith, Sadie Adler, Uncle, John Marston, Micah Bell စတဲ့ Character တွေကလဲ အရေးပါ အရာရောက်ပါတယ် ဒီ Gang story တစ်ခုလုံးကို သူတို့ကပဲ ထိန်းသွားတာ ဆိုပါတော့။ ဒီ Gang လေး survive ဖို့ Dutch က အများဆုံး ပဲ့ထိန်းပြီး ဦးဆောင်သွားတာ.... Dutch အပြောအဆိုတွေက လုံး၀ ခေါင်းဆောင်ပီသတာကြောင့် Gang တစ်ဖွဲ့လုံးက လေးစားတယ် Royal လဲရှိကြတယ်။ Dutch Gang ထဲမှာက အတော်ဆုံး စိတ်ထားအကောင်းဆုံးက Arthur ပါ။ Arthur က Badass ဖြစ်တယ် အပြောအဆို ကြမ်းတယ် ဒါပင်မဲ့ Good Heart ပိုင်ရှင်မိုလို့ အကူအညီလိုလာရင် Arthur ကပဲ ကူညီပေးတာပါ။ ဒီထဲမှာ John နဲ့ Arthur ရဲ့ Bond ကိုလဲ တဖြည်းဖြည်းခံစားလာရပါမယ်။ Dutch Gang ကို Pinkerton လိုခေါ်တဲ့ ရဲအဖွဲ့က လိုက်ပြီး ဖမ်းဖို့ ကြိုးစားနေတာပါ။ Dutch Gang က Pinkerton တွေ မတွေ့အောင် ဂျောင်ဂျို ဂျောင်ကြား မှာ သွားပုန်းပြီ နေရပါတယ်။ Pinkerton တွေ လက်က လွတ်အောင်ရယ် ဒီ Gang မိသားစုလေ လိုရာ ခရီးရောက်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ story ကို ခံစားရမှာပါ။ Wild West ရဲ့ ပြသနာတွေ အကုန်လုံးကို RDR2 မှာ မြင်တွေ့ရမှာပါ။ ဒီတော့ Story ကို ထပ်မပြောတော့ဘူး Chapter 6 ခုပါတယ် story အစက အတက် အလည်နားမှာ အကျ ဖြစ်ပြီး နောက်ဆုံးနားမှာ ဇာတ်ရှိန် ပြန်တက်သွားပါလိမ့်မယ်။
Gameplay အပိုင်းပြောရအောင်
Gameplay အပိုင်းပြောရရင် RDR 2 က လုံး၀ Outstanding masterpiece ပါ။ NPC တွေနဲ့ စကားပြောနိုင်တယ် NPC တွေ လုပ်ဆောင်နေတာကို ကြည့်နိုင်တယ် NPC တွေနဲ့ ပြသနာဖြစ်ထားရင် NPC တွေက မှတ်ထားပါတယ် တွေ့တာနဲ့ ပြသနာ ရှာတော့တာပဲ။ NPC တွေ ညဏ်ကောင်းလှပြီ မထင်ပါနဲ့အုံး နည်းနည်းလေးတော့ Dumb တယ် မြင်းတစ်ကောင်လုံးလာတာကို မဖယ်ပေးဘူး တိုက်မိတာနဲ့ သေတဲ့ကောင်က သေ ဒါမှမဟုတ် Crime rate တက်ပြီ ရဲအဖမ်းခံရတာ ခဏခဏပါပဲ LOL ။ RDR 2 ရဲ့ Open world က အပြစ်ပြောစရာမရှိအောင် Highly Detail ဖြစ်ပြီး အသေလှတာပါ ဘယ်နားကို သွားသွား ဘယ်နားကို ကြည့်ကြည့် အသေလှပါတယ်။ Open world ကြီးကို ပါတ်သွားရတာ မပျင်းစေရအောင် လုပ်ပေးတာ သူရဲ့ Graphic ကြီးလို့ပဲ ကျနော် ပြောချင်တယ်။ RDR 2 က Cowboy Game ဆိုတဲ့ အတိုင်း အပြစ်အခတ် နွားဖမ်း မြင်းဖမ်း အကောင်ဖမ်း အကောင်သတ် အကုန်လုံး လုပ်လို့ရပါတယ်။ ငါးမျှားရတာဆိုရင် fishing simulator လားလို့အောင်းမေ့ရအောင် မိုက်တာပါ။ အကောင်မျိုးစိပ်ပေါင်း ရာချီရှိပြီး အကုန်ရှာပြီး လေ့လာလို့ရပါတယ်။ Legendary animal တွေကိုလဲ လိုက်လံ စုံစမ်း သတ်ဖြတ်ရအုံးမှာပါ။ လမ်းသွားလာရင်းနဲ့ side quest တွေ အများကြီး တွေ့ရနိုင်ပါတယ် တစ်ချို့ side quest တွေက simple story ဖြစ်ပင်မဲ့ တစ်ချို့ side quest တွေက ဇာတ်လမ်း တေ်ာတေ်ာ ကောင်းပါတယ် ဒါတင်မက လမ်းသွားရင်း တစ်ချို့ အကူအညီ တောင်းသူတွေက တကယ် အကူအညီ လိုအပ်နေသူတွေဖြစ်သလို တစ်ချို့ အကူအညီတောင်းနေသူတွေက မိမိကို သတ်ပြီး rob လုပ်ဖို့ စောင့်နေကြသူတွေပါ။ သတိလေးထားပြီး ကူညီကြပေါ့။
RDR 2 မှာ နောက်တစ်ချက်က High Breed မြင်းတွေပါတယ် အဲ့ထဲက White Arabian တစ်ကောင်ကို Early Game မှာရထားရင် တစ်ဂိမ်းလုံးနီးပါး လုံလောက်ပါတယ် ဒီမြင်းကို နည်းနည်း အားစိုက်ပြီး ရှာရမှာဖြစ်ပြီး မြင်းနားကို တဖြေးဖြေးကပ်ပြီး Clam ဖြစ်သည်ထိ ပြောပြီး ကပ်သွားရမယ် ပြီးရင် မြင်းပေါ်ကနေ ပြုတ်မကျအောင် ထိန်းထိန်းပြီး စီးရမယ် မြင်းက လက်ခံသွားပြီဆိုရင်တော့ စီးရင်း စီးရင်းနဲ့ မြင်းနဲ့ လူနဲ့က Bond ဖြစ်သွားပါတယ်။ ဒီလိုပုံစံက မြင်းတိုင်းကို အဲလိုပဲ လုပ်ရမှာပါ။ ကစားရင်း ကစားရင်းနဲ့ Stamina , Health, eagle eye စတာတွေ တက်လာပါမယ် ထိုနည်းအတူ မိမိမြင်းရဲ့ Health နဲ့ Stamina ကလဲ တက်လာမှာဖြစ်ပါတယ် တစ်ခုတော့ရှိတယ် မြင်းကို ထိန်းထိန်းသိမ်းသိမ်း သန့်သန့်ပြန့်ပြန့်ထားတာတို့
ကျွေးမွေးတာတို့မလုပ်ရင် မြင်းက သေသွားနိုင်ပါတယ် အဲ့ကျရင် ပြန်မရနိုင်ပါဘူး ထို့ကြောင့် အထူးသတိထားဖို့လိုပါတယ်။ ထိုနည်းလည်ကောင်း မိမိ သေနတ်တွေကိုလဲ Clean လုပ်တာတို့ Upgrade လုပ်တာတို့ လုပ်မှ သေနတ်တွေရဲ့ စွမ်းဆောင်ရည် တွေက မကျပဲ ကောင်းကောင်းအသုံးပြုလို့ရမှာပါ။ အဝတ်အစားတွေကိုလဲ ရာသီဥတုနဲ့ ကိုက်ညီတာ ရွေးချယ် ဝယ်ယူ Grind ပြီလဲ ဝတ်ရမှာပါ။
RDR 2 မှာ ရာသီဥတု system ကလဲ အသေမိုက်တယ် မိုးရွာ နေပူအေး နှင်းကျ စတာတွေအပြင် တောတွေထဲဝင်သွားရင် အပင်ကြားက အလင်ရောင် ဖြာကျနေတာကို ခံစားရအုံးမှာပါ။ RDR2 မှာ မိမိ Game character က ဆံပင် မှုတ်ဆိတ် မရိတ်ပဲထားရင် တနေ့တခြားရှည်လာမှာဖြစ်ပါတယ် ဒါကြောင့် ဆံပင် မှုတ်ဆိတ် ခဏခဏ ရိတ်ဖို့ တိုက်တွန်းချင်ပါတယ်။ Wild West game ဆိုတဲ့ အတိုင်း အပြစ်အခတ် တွေ အကုန်လုံး Feel ပါပဲ aim assist နဲ့ ဆော့ရင် ပြစ်ရတာ ပိုလွယ်ပင်မဲ့ Controller ပိုင်တဲ့သူတို့ free aim နဲ့ ဆော့ဖို့ တိုက်တွန်းပါတယ်။ RDR 2 မှာ player က ရွှေရှာမယ် ငွေရှာမယ် ဓါးပြတိုက်မယ် သူသတ်မယ် စတာတွေ အကုန်လုပ်လို့ရပါတယ်။ ဒါပင်မဲ့ Crime rate တက်တိုင်း Bounty Hunter တွေက မိမိ ကို လိုက် Hunt မှာမို့လို့ သူတို့ လက်က လွတ်အောင် ပြေးရင် ပြေး မပြေးရင်လဲ ရင်ဆိုင်ရဖို့ ဆုံးဖြတ်ထားပါ။ Crime rate မတက်ချင်ရင် လူတွေကို အကုန်လိုက်ကူညီပြီး လူကောင်းအဖြစ်နေလို့ရပါတယ်။
မိုက်တဲ့အချက်က RDR 2 မှာ သေသွားပြီရင် No UI နဲ့ ရှု့ခင်းလေးကို မြင်ရတာမို့လို့ သေသွားတာတောင် ကျေနပ်မှု့ရရှိအုံးမှာပါ။ RDR 2 မှာ Player ကို Stealth လုပ်ခွင့်လဲ ပေးထားပါတယ် old Assassin's creed but Rockstar version ကျနေတာပဲ stealth mission တွေလဲ ပေးထားသလို သေနတ်နဲ့ ထင်ရာစိုင်း ဝင်ဆွဲ လို့ရသလို မျှားနဲ့ ပြစ် ဓါးနဲ့ ထိုးသတ်တာတွေလဲ လုပ်လို့ရပါတယ်။ Game မှာ အားနည်းချက်က Fast travel မရပါဘူး ဒါပင်မဲ့ Cinematic mod နဲ့ မြင်းစီးရင်း သွားရင် အချိန် ခဏကြာရင် ရောက်သွားပါလိမ့်မယ်။ RDR 2 မှာက စကားပြောခန်းတွေ အကုန်လုံးက အနှစ်တွေမိုလို့ ဘယ်စကားပြောခန်းမှ ကျော်မချပါနဲ့ နားထောင်ပါ Folk တို့ Falla တို့ Mr တို့ စတဲ့ စကားတွေကို ဘယ်နှစ်ခါးနားထောင် ထောင် မရိုးအောင် ကြားရမှာပါ။
အနှစ်ကျတဲ့ Gang အုပ်ဖွဲ့လိုက် သွားတဲ့အခန်းတွေကို တသီကြီး တွေ့ရအုံးမှာလဲဖြစ်ပါတယ်။ပြီးတော့ Train rob and chasing mission တွေပါတာမို့လို့ Arthur ရဲ့ Trainနဲ့ ပါတ်သတ်လာရင် စိတ်ပျက်သံတွေကို ကြားရအုံးမှာပါ။ Tons of Easter egg တွေး နဲ့ hidden treasure တွေလဲ ရှာဖွေလို့ရအုံးမှာဖြစ်ပာတယ်... RDR 2 မှာ ပါတဲ့ သီချင်းတွေကလဲ လုံး၀ အနှစ်တွေချည်းပါပဲ ကျနော်ဖုန်းထဲ့တောင် ထဲ့ထားပြီ ခဏခဏ နားထောင်ဖြစ်တဲ့ အထိပဲ။ Game တွင်မှာပါတဲ့ မြို့တွေ အားလုံး Highly Detailed ပါ Saint Denis ဆို လုံး၀ Big city ဖြစ်တဲ့အတိုင်း အားလုံး Highly Detailed လုပ်ထားပါ အသေလှ တာ ...  Saint Denis မြို့က Big city ဖြစ်ပြီး HD မိုလို့ 4K 30FPS မှာ FPS အနည်းငယ် ကျတာကို ခံစားရမှာ ဖြစ်ပါတယ်။ သို့ပင်မဲ့ အမြဲလိုလို မဟုတ်ပါဘူး။ RDR 2 မှာ Arthur ရဲ့ Story ကို Chapter 6 ခုလုံး တဝကြီး ကစားြပ်ီးရင်တော့ John story ကို ကစားရမှာဖြစ်ပါတယ် John သူ့မိန်းမ abigail နဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်ခဲ့တယ် Beecher's hope ကို ဘယ်လို တည်ဆောက်ခဲ့တယ် စတာတွေကို သိစေမှာဖြစ်ပါတယ် RDR ရဲ့ story ကို ဒီကနေ ဆက်သွားမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင် Credit scene ကို မပိတ်လိုက်ပါနဲ့ အဲ့မှာ RDR 2 အပြီးနောက်မှာ ဘယ်သူတွေက ဘာဆက်ဖြစ်တယ်ဆိုတာ ပြအုံးမှာဖြစ်ပါတယ် ...  RDR 1 ကစားပြီသူတွေအတွက် John RDR 1 မဖြစ်လာခင်မှာ ဘယ်လိုနေခဲ့ရတယ် ဘာလုပ်ခဲ့ရတယ်ဆိုတာ သိရတော့ ကျေနပ်မိလို့ဆုံးမှာမဟုတ်ပါဘူး။
RDR 2 မှာ Arthur, Dutch, Sadie, Micah, Charles စတဲ့ character တွေအကုန်လုံးက သင့်ကို အသဲစွဲသွားစေမဲ့ character တွေဖြစ်စေမယ်ဆိုတာ ကျနော် ကတိပေးချင်ပါတယ်။
RDR 2 ဟာ Best Prequel to RDR 1 ပါ RDR 1 မကစားရသေးသူတွေအတွက် အကောင်းဆုံးဖြစ်သလို RDR1 ကစားပြီးသူတွေအတွက် FEEL ပါပဲ။ လုံး၀ Feel ပါ။ ကျနော် ဖြစ်နိုင်ရင် RDR 1 ကို RDR 2 Graphic နဲ့ ပြန်ကစားချင်ပါသေးတယ်။
Gameplay - 10 out of 10
Story - 9 out of 10
Graphic - 10 out of 10
Voice Acting - 10 out 10
Over all MMGF rating - 9 out of 10
- Jame -
Zawgyi 
Red Dead Redemption 2 Review
=========================
Gameplay - 10 out of 10
Story - 9 out of 10
Graphic - 10 out of 10
Voice Acting - 10 out 10
- Jame -
No comments:
Post a Comment