Sunday, July 6, 2014
Valiant Hearts: The Grate War (Review)
ကျွန်နော် နှလုံးသားကို ရိုက်ထိစေခဲ့သော Valiant Hearts: The Grate War
(Review)
Valiant Hearts: The Grate War ဟာ Ubi-art ရဲ့ နောက်ထပ်အကောင်းဆုံး ခြေလှမ်းလေးပါ။ ဒီဂိမ်းလေးကို ကျွန်နော် Child of Light ထက် ပိုကြိုက်ပါတယ်။ Child of Light ဟာ မကောင်းဘူးရယ်လို့ မဟုတ်ပါဘူး ကောင်းပါတယ်....ဒါပင်မဲ့ ဘာလို့လဲတော့ မသိဘူး ကျွန်နော် Valiant Hearts ကို ပိုကြိုက်ခဲ့ပါတယ်။
ကျွန်နော် ဒီဂိမ်းလေးကို kick torrant မှာတွေ့လိုက်တာနဲ့ တန်းဒေါင်းလိုက်မိတယ်။ 3GB နီးပါးပဲရှိတာ ...... ဒီလိုနဲ့ နှစ်ရက်လောက် အချိန်ပေးဒေါင်းပြီးနောက် Valiant Hearts ဂိမ်းဟာ
ပြီးသွားပြီးလေ။ ဒီတော့ Install လုပ်ပြီးနောက် ကစားဖို့ဖွင့်လိုက်တော့ ကျနော်ကို စတင် ခံစားချက်ထိစေတဲ့ Story လေးနဲ့ အစပျိုးခေါ်ဆောင်သွားပါတော့တယ်။
Story လေးက 1914 မှာစတင်ခဲ့တာပါ ..... Archduke Franz Ferdinand အသတ်ခံရပြီးနောက် Germany ဟာ Russia အပေါ် စစ်ကြေညာချက် ထုတ်ခဲ့ပါတယ်။ ထိုနောက် France တွေဟာ စတင်ပြီး German နိုင်ငံသားအားလုံးကို ပြည်နှင်ဒါဏ်ပေးခဲ့ပါတယ်။ အဲဒီမှာ Karl ဟာ France တွေရဲ့ ပြည်နှင်ဒါဏ်ပေးခံရခြင်းသူတွေထဲက တစ်ယောက်ပါ .. ဒီအပြင် Karl ကို သူ့မိန်းမ Marie နှင့် သူ့တို့ရဲ့ကလေးထံမှာ အတင်းအဓမ္မ ခွဲခြားပစ်လိုက်ပါတယ်။ ကံဆိုးစွာပဲ Karl ဟာ German army မှာ အလုပ်လုပ်ဖို့ မဖြစ်မနေ တာဝန်ပေးခံရပါတယ်။ ထိုနည်းတူစွာပဲ Marie ရဲ့ အဖေ Karl ရဲ့ ယောက္ခမ Emile ဟာလဲ French army မှာအလုပ်လုပ်ဖို့ မဖြစ်မနေတာဝန်ပေးခံရရှာပါတယ်။ လေးကျင့်ရေးတွေပြုလုပ်ပြီးနောက် Emile ရဲ့ French
Army တစ်ခုလုံးဟာ သုတ်သင် ခံရပြီးပါတယ် ..... Emile အား German တွေကို ဟင်းချက်ပြုတ်ကျွေးမွေးရန် အတင်းအဓမ္မ ထမ်မံခေါ်ယူခြင်း ခံယူရရှာပါတယ်။
Emile ကို ဖမ်းခေါ်တဲ့သူက မကောင်းသတင်းနဲ့ ကျော်စောသော Baron Von Dorf ဖြစ်ပြီး သူဟာ သူရဲ့ရန်သူတွေကို ကာကွယ်ဖို့အတွက် ဆန်းသစ်သော လက်နက်ကြီးများဖြစ်တဲ့ Chlorine gas (အဆိပ်ဓါတ်ငွေ့ Chlorine) နဲ့ Zeppelin ( လေသင်္ဘော) ကြီးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ နှစ်ပင်လှိမ် ကံကြမ္မာကြီးကြောင့် Baron Von Dorf ရဲ့လက်အောက် စစ်သားအဖြစ်လုပ်နေရသော Karl ဟာ သူရဲ့ ယောက္ခမ Emile နဲ့တွေ့ဆုံခဲ့ပါတယ်။ ထိုအချိန်ကာလအတွင်း Baron Von Dorf ရဲ့ စစ်တပ်စခန်းကို လောင်ချာများဖြင့်တိုက်ခိုက်ခံရပါတယ်။ Emile ဟာ မီးဖိုချောင်အတွင်း ပိတ်မိပြီး Baron လက်မှ လွတ်ခဲ့သော်လဲ Karl ဟာလေသင်္ဘော မောင်းနှင်ဖို့ Baron ကဖိနှိပ်အမိန်ပေးခံခဲ့ရပါတယ်။ Emile ကို ဆေးတပ်ခွေးစစ်သား ( Medical dog) လေးရဲ့အကူအညီနဲ့ မီးဖိုချောင်အတွင်းမှ လွတ်မြောက်ပြီး နောက် Freddie နဲ့တွေ့ခဲ့ပါတယ်။
Freddie ဟာလဲ Baron Von Dorf ရဲ့ လေသင်္ဘော Bomb ကြောင့် သူ့ရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးချောလေး ဆုံးရှုံးခဲ့ရသူပါ။ ဒီအပြင် American နိုင်ငံသားဖြစ်သူ Freddie ဟာ French army အတွင်းသို့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်သူလဲဖြစ်ပါတယ်။အဲဒီနောက် သူတို့ Anna ဆိုတဲ့ စစ်မြေပြင် nurse မလေးနဲ့တွေ့ခဲ့ကျပါတယ်။ Anna ဟာလဲ Baron Von Dorf နောက်ကို လိုက်နေသူဖြစ်ပါတယ် ...... ဘာလို့လိုက်ရသလဲဆိုတော့ Anna ရဲ့ အဖေ Scientist ကို ဖမ်းခေါ်သွားပြီး စစ်လက်နက်ဆန်းတွေ ထွင်ခိုင်းနေလို့ပါပဲ။ ထို သုံးဦးရဲ့ ပစ်မှတ်ဟာ Baron Von Dorf ရဲ့ လေသင်္ဘောကို ဖျက်စီးဖို့နဲ့ Baron ကို သတ်ဖို့ဖြစ်ပါတယ်။ သူတို့လေသင်္ဘောကြီးကို တိုက်ခိုက်နိုင်သော်လဲ Baron ဟာ Anna ရဲ့ အဖေကို လေယာဉ်ပျံဖြင့် ထပ်မံခေါ်ဆောင်သွားပါတော့တယ်။
သူတို့ တိုက်ခိုက်လိုက်သော လေင်္ဘောကြီးရဲ့ အပျက်အစီးတွေကြားမှာ Karl ဟာပိနေခဲ့ပါတယ်။ Anna ဟာ Karl ကို ဆေးအကူ( Medical dogs) လေးနဲ့ ကယ်ဆယ်ပေးနေတုန်း Emile နဲ့ Freddie တို့ဟာ Baron နောက်ကို ကလဲ့စားချေဖို့နှင့်
Anna အဖေကို ကယ်ဖို့အတွက် လိုက်သွားကြပါတော့တယ်။ သူတို့ရဲ့ သဲကြီးမဲကြီးလိုက်လံ တိုက်ခိုက်မှုဟာ Baron ရဲ့ လျှိုဝှက် ခံတပ်နဲ့ သူရဲ့ နောက်ထပ် ဆန်းသစ်တဲ့ တင်ကားကြီးကိုရရှိခဲ့သလို Anna ရဲ့ အဖေကိုလဲ ကယ်နိုင်ခဲ့ပါတယ် ... သို့သော် Baron ဟာ လွတ်မြောက်သွားပြန်ခဲ့ပါတယ်။ Farddie ရဲ့ ကလဲ့စားဟာ Baron ကို သတ်ဖို့ဖြစ်ပါတယ်...
ဒီကြောင့် Farddie ဟာ Baron နောက်ကို လိုက်တိုက်ခိုက်ရင် Baron နဲ့ Farddie တို့ လက်သီးခြင်းထိုးတိုက်ခိုက်ခဲ့ကြပါတယ်။ Baron ဟာ Farddie ရဲ့ လက်သီးအောက်မှာ အရေးနိမ့်သွားခဲ့ပါသည်။ Farddie ရဲ့ ဖြူစင်သော နှလုံးသားအသိတရားဟာ Baron ကို သတ်လိုက်လို့လဲ သူ့ရဲ့ချစ်ဇနီးလေးကို ပြန်မရနိုင်ဘူးလို့ သံဝေဂ ရစေခဲ့ပါတယ်။ ထိုကြောင့် Farddie ဟာ Baron ကို အသက်ချမ်းသာပေးပြီး ဖမ်းခဲ့ပါတယ်။ အဖမ်းခံရတဲ့Baron ဟာ ရာထူးအလျော့ခံရပြီး အရှေ့တန်းထွက်စစ်တိုက်ဖို့အပြစ်ပေးခံရပါတယ်။ ဲဒီအချိန်တောအတွင်းမှာပဲ Karl ဟာ သူ့ရဲ့ချစ်သားလေး ဖျားနေတာကို သိရှိခဲ့ရပါတယ်။
ဒီတော့ အဖေတစ်ယောက်ရဲ့ သောကနဲ့ Karl ဟာ French POW Camp ကနေ သူတို့မိသားစုလေး ပြန်လည် ပူးပေါင်းနေထိုင်ဖို့အတွက် မရမက ထွက်ပြေးလာခဲ့ပါတော့တယ်။
ထိုသို့ထွက်ပြေးနေချိန်မှာပဲ Anna နဲ့ တွေ့ခဲ့ပါတယ် .......... Anna ဟာ သူတို့မိသားစုလေးပြန်လည် ပူးပေါင်းခွင့်ရရေးအတွက်ကူညီ ကားမောင်းပြီးလိုက်ပိုပေးနေတုန်း
လမ်းတစ်ဝက်တွင် French တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ Karl ရဲ့ ဖခင်သောကဟာ
အထွတ်အထိပ်ရောက်နေပြီးဖြစ်ပါတယ် ....... Karl ဟာ French army ကနေ မရမက အမျိုးမျိုးအဖုံဖုံ ကြိုးစားထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ အဆိပ်တွေ လွှမ်းဖုံးထားတဲ့ သူ့မိသားစုလေးနေထိုင်ရာ လယ်ကွင်းလေးကို ရောက်ရှိသွားပါတော့တယ်။ ဒါပင်မဲ့ Karl ရဲ့မိန်းမ နှင့် သူကလေးဟာ လယ်ကွင်းအတွင်းရှိ အိမ်အတွင်း အဆိပ်တွေကြား၊ ပျက်စီးနေသောနံရံတွေကြားကနေ............................
သူရဲ့ ဓါတ်ငွေ့ကာကွယ်မျက်နာဖုံကို သူရဲ့မိန်းမအားပေးပြီး အဆိပ်သင့်ခံကာကွယ်ပေးခဲ့ပါတယ်။ ထိုနောက် Anna ဟာ အဆိပ်သင့်ခံ Karl ကို အမျိုးမျိုး အဖုံဖုံကြိုးစားပြီး ကယ်ဆယ်လိုက်ရာ Karl ဟာ ကျန်းမာခဲ့လေပြီး....သူရဲ့ချစ်မိသားစုနဲ့ ပြန်လည်း ပူးပေါင်းစုံတွေ့ခွင့်လေးရရှိခဲ့ပြီး။---------------
( ကျွန်နော် ဒီလောက်အထိပဲ Review ရေးတာရပ်လိုက်ပါတော့မယ်...
......နောက်ဆုံးအခန်းလေးကို MMGF က ဂိမ်းမာတွေ မျက်ရည်းဝဲဖို့ ထိမ်ချန်ထားတော့လိုက်တော့မယ်နော်)
Gameplay ကတော့ -----------
ထူးထူးဆန်းဆန်းကြီးမဟုတ်ပါဘူး Chapter 5 ခုထဲပါ။ Chapter တစ်ခုတိုင်း Puzzle လေးတွေ
နောက်ခံတီးလုံးလေးတွေနဲ့ MMGF က ဂိမ်းမာတွေ ဆွဲဆောင်ခေါ်ယူသွားမှာပါ။ Puzzle လေးတွေ ကို မဖြေရှင်းနိုင်ရင်လဲ Hint လေးတွေ ပေးထားပါတယ်။ နောက်ပြီး Valiant Hearts ဂိမ်းကို အားဖြည့်ပေးထားတဲ့ Medical dog လေးကို အမျိုးမျိုးခိုင်းပြီး Puzzle တွေကို အဖြေရှာရမှာဖြစ်သလို/လူတွေကို ကူညီပေးရအုံးမှာဖြစ်ပါတယ်။ ဒီအပြင် Game ကစားသူဟာ Karl , Emile, Anna,Freddie စသည့် Character နေရာကနေ ခံစားပြီး
ကစားရအုံးမှာဖြစ်ပါတယ်။ 2D platfrom ကို Battle Art တွေ,လှပလွန်းတဲ့ နောက်ခံတိုက်ပွဲ အသံတွေ,Story တစ်ခုလုံးကို အပြစ်ပြောစရာမရှိတဲ့ ဆွဲဆောင်မှုတွေဟာ Valiant Hearts : The Grate war ဂိမ်းအတွင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း တစ်ခုခုကိုအားမလိုအားရ ဖြစ်စေခြင်းတွေ ရရှိစေမှာဖြစ်ပါတယ်။
ကျွန်နော်နှလုံးသားကို ရိုက်ထိစေခဲ့သော Valiant Hearts: The Grate war ဂိမ်းကို ---------------------
ကျွန်နော်က Rating 9 ပေးထားပါတယ်။ 9 ပေးရအောင်လဲ ပေးသင့်တဲ့ ဂိမ်းပါ။
Gameplay Photos တွေအကုန်မဖော်ပြတော့ဘူးနော် ... ကစားရတာ အရသာပျက်မှာစိုးလို့။
PC, PS3, Xbox360, PS4 and Xbox One မှာ ကစားခွင့်ရတာမို့လို့ ဂိမ်းမာတိုင်း ကစားကြပါလို့ တိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါတယ်။
#JameSam
Zawgyi
(Review)
Gameplay ကတော့ -----------
#JameSam
No comments:
Post a Comment