Thursday, May 28, 2015
"Batman: Arkhan Knight" Preview
Batman : Arkhan Knight <<< Preview >>>
++++++++++++++++++++++++++++++++++
Gamer တိုင်း စောင့်မျှော်နေတဲ့ Batman: Arkham Knight Game အသစ် June 23 မှာ ထွက်တော့မှာဖြစ်ပါတယ်။ Batman ဖြစ်ဖို့ စိတ်လှုပ်ရှားနေပြီလား??
ဒုစရိုက်သမားကြီးတွေကို နှိမ်နှင်းဖို့ သင် အဆင်သင့်ဖြစ်နေပီလား?? ဒုစရိုက်လွှမ်းမိုးနေတဲ့ Gotham city ကြီးအား သင် ကယ်တင်ဖို့ Ready ဖြစ်နေပီလား??
အားလုံး Batman:Arkham Knight Game ကို ကစားဖြစ်စိတ် တွေ လှုပ်ရှားနေမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါဆို Storyline အကြောင်းလေး စလိုက်ရအောင်ဗျာ-
Storyline
++++++++++
အဖြစ်အပျက်စပုံက ဒီလိုဗျ.......Arkhan City မှ Joker ကြီးသေသွားပီး ၁ နှစ်အကြာမှာ Batman ဟာ ပြေးမလွတ်သော အကုသိုလ် ဝိပါက တွေနဲ့ ရုန်းကန် နေခဲ့ပါတယ်။
Joker ကြီးရဲ့ ရမ်းပတာလုပ်ရပ်တွေမရှိတော့တာကြောင့် Gotham မြို့သူမြို့သားတွေဟာ သူတို့ ဒုစရိုက်သမားများမှ လုံခြုံပီဟု ထင်နေကြတယ် ပီးတော့ မြို့အတွင်းထဲမှာရှိတဲ့ ဒုစရိုက်တွေကလဲ ငြိမ်နေခဲ့တယ်။ ဒါပင်မဲ့ ကွယ်ရာတွင် Batman series အတွင်းသောင်းကြမ်းသူတွေဖြစ်တဲ့ Penguin, Two-Face, Harley Quinn, Riddler, Poison IVY တို့ဟာ
Batman ကို သတ်ဖို့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ ပူပေါင်းပီး Batman အားသတ်ဖို့ ပြင်ဆင်နေခဲ့တယ်။ သူတို့ ရဲ့ ဒုစရိုက်ဘုရင် Joker သေခဲ့သော်လဲ Holloween ညမှာ Scarecrow ကြီး မြို့ထဲမှာရှိတဲ့ TV မှန်သမျှမှာ ကောက်ပေါ်လာပါတော့တယ်။ Scarecrow က Gotham မြို့တစ်ခုလုံးကို Toxic ထိစေရမယ် ပီးတော့ Toxin Boom တွေကိုလဲ Gotham မြို့ရဲ့နေရာအနှံမှာ ဖြန့်ကျက်ထားပီးဖြစ်တယ် ဒါကြောင့် Gotham တွင် ဒုစရိုက်သမားတွေသာ ကျန်ရစ်နေရမည်ဖြစ်ပီး မြို့သူမြို့သား အကုန် မြို့ထဲက ထွက်တော့ နောက်ကို ပြန်တောင်လှဲ့မကြည့်နဲ့ ဆိုပီး ချိန်းခြောက် မောင်းထုတ်ခဲ့ပါတယ်။ အဲမှာ Penguin တို့ အုပ်စုဟာရဲ့ လိုချင်တဲ့အခြေအနေကြီး ဗျုန်းဒိုင်းဆိုပီး ကောက်ရောက်လာတော့တယ်။ မြို့ကြီးဟာလဲ အရင်လိုမဟုတ်ပဲ နေရာ
တကာမှာ ဒုစရိုက်သမားတွေ လွှမ်းမိုးပီး ဖရိုဖရဲဖြစ်နေခဲ့ပါတော့တယ်။ မြို့အတွင်းမှာလဲ လူအနည်းငယ်ရယ် Commissioner Gordon ရယ် Gotham ရဲအနည်းငယ်သာ ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒါကို Batman က အရ ပြန်ကယ်တင်ရမှာဖြစ်ပါတယ်။ Batman တစ်ယောက်ထဲ ကယ်တင်မှာ မဟုတ်ပါဘူး Commissioner Gordon ရဲ့သမီးဖြစ်သူ Barbara က Commissioner Gordon ကြီးမသိအောင် နောက်ကွယ်ကနေ Batman ကို အကူအညီပေးမှာဖြစ်ပါတယ်။ Barbara ဟာ ဗျာဒိတ်တော် Hacker အဖြစ် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ သူတစ်ယောက်ထဲ Batman ကို ကူညီပေးနေတာလား ဆိုတော့ မဟုတ်ပါဘူး Robin ရယ် Nightwing ရယ် Catwoman တို့က ပါဝင်ပီး ဒုစရိုက်သမားတွေကို လိုက်တိုက်ပေးမှာဖြစ်ပါတယ်။ Scarecrow နဲ့ အတူတူ Advanced War machine တွေသုံးတဲ့ Army တစ်ဖွဲ့လဲ ပေါ်ပေါက်လာအုံးမှာဖြစ်ပါတယ်။
Gameplay
++++++++++++++
Batman game တွေကစားသော ဂိမ်းမာတွေတဲ့ Dream တစ်ခုဖြစ်တဲ့ Bat mobile ကို အသုံးပြု တိုက်ခိုက်ခွင့် Batman: Arkhan Knight မှာရသွားပီးဖြစ်ပါတယ်။ Batmoblie ကတော့ Batman:Arkhan Knight Game တစ်ခုလုံးကို ထိပ်ဆုံးရောက်အောင် တွန်းပို့လိုက်တာပဲ။ ဘာလို့လဲဆိုတော့ batmobile ရဲ့ စွမ်းဆောင်ချက်တွေက အံ့မခန်းအောင် လန်ပြန်နေတာပါ။ Player ဟာ မိမိရှိတဲ့နေရာကို Batmoblie အား summon လုပ်လို့ ရပါတယ်။ ပီးတော့ Trailer ထဲက style နဲ့ ကားထဲ ခုန်ဝင်လို့ရမှာဖြစ်ပါတယ်။ ကားထဲ ကနေလဲ အပြင်ကို ခုန်ထွက်ပီး Gotham မြို့ထဲ သွားအုံးမှာဖြစ်ပါတယ်။ Batmobile ဟာ ရန်သူကားတွေကို မောင်းနှင်းလို့မရအောင် ပစ်ခတ်လို့ရတယ်။ ဒါပင်မဲ့ တစ်ချို့ရန်သူတွေကတော့ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ Batmobile က Bulletproof ကားဖြစ်တာကြောင့် ရန်သူသေနတ်များပစ်ခတ်ဒဏ်မှ ခံနိုင်ရည်စွမ်းရှိပါတယ်။ ပီးတော့ နံရံတွေ အပင်တွေ ကားတွေ အကာတွေကိုလဲ ဝင်တိုက်ထိုးဖေါက်နိုင်စွမ်းရှိပါတယ်။ Batmobile မှာ mode နှစ်ခုပါဝင်ပီး ကြိုက်သလို ချိန်းနိုင်ပါတယ် အဲဒါကတော့ Battlemode နဲ့ Pursuit mode တို့ဖြစ်ပါတယ်။ Pursuit mode ဟာ နေရာတစ်ခုကနေ တစ်ခု ပြိုင်ဆိုင်တဲ့ challage မှာအသုံးပြုတာဖြစ်ပီး Battlemode မှာဆိုရင် Batmobile ဟာ tank ကားတစ်စီးထက်ပိုမို သာပီး 360 degree ရွေ့လျားခွင့်ပေးမှာဖြစ်ပါတယ် ။ ကောင်းကင်မှာပျံသန်းနေတဲ့ Helicopter တွေ Drone လို ယာဉ်ပျံတွေကို god of fire gun ဖြင့်အလျှင် damage ဖြစ်အောင်တိုက်နိုင်မယ်၊ 60mm hypervelocity gun နဲ့ Tunk ကားများကိုတိုက်ခိုက်နိုင်မယ်၊ missiles ဖြင့် အဝေးမှာရှိတဲ့ ရန်သူယာဉ်များအား တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ 360 degree ရွေ့လျားနိုင်တာကြောင့် ရန်သူဘက်က တိုက်ခိုက်လာတာတွေကို ပြန်လည် ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါတင်ပဲလား မဟုတ်ပါဘူး
Batmobile မှာ skill tree ပါဝင်မှာဖြစ်ပီး မိမိလိုအပ်သလို armor တွေ Weapons တွေ update လုပ်နိုင်အုံးမှာဖြစ်ပါတယ်။ Batmobile ကို လဲ အဝေးကနေ remote နဲ့ control လုပ်နိုင်မှာဖြစ်ပါတယ်။ Control လုပ်တဲ့နေရာမှာ ဆိုရင် မိမိလိုအပ်တဲ့ တံခါးအတွင်းသို့ ထိုးဖေါက်ဝင်ခိုင်းခြင်းတို့ အပြင် Game အတွင်းမှာရှိတဲ့ puzzle တွေကို ကူပီးဖြေခိုင်းနိုင်အုံးမှာဖြစ်ပါတယ်။ Batplane ( Batwing ) နဲ့လဲ့ တွဲပီး အသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ Batman ရဲ့ armor ကတော့ Iron-man ကဲ့သို့ပဲ iron armor ဖြစ်ပီး တော်တော်လေးကိုလန်းပါတယ်။ Batman ရဲ့ Fighting style တွေက အရင်လိုပဲဆိုပင်မဲ့ အများကြီး Improve လုပ်ပေးထားတာကြောင့် တိုက်ခိုက်ရတာ အရင်ထက် ပိုမိုကောင်းမွန်ပါတယ်။ Gotham ဟာ အရင်က Gotham ထက် ၅ ဆ ကြီးတဲ့ Open world ကြီးဖြစ်ပါတယ်။ Game ကို မြို့လည်ကောင်မှာ တည်နေရာယူထားသော်လဲ ဒုစရိုက်တွေရဲ့ နေရာအပိုင်းအခြားများဖြစ်တဲ့ Stronghold များပါဝင်ပါတယ်။ neon-tinged Chinatown နဲ့ industrial shipping yard ထို ဒုစရိုက်သမားတွေရဲ့ Stronghold တွေထဲက နေရာတချို့ဖြစ်ပါတယ်။ Graphic က Next Gen Graphic ဖြစ်တာကြောင့် အရောင်သွေး ကျစ်လစ်ပါတယ်။ Charater တွေကိုလဲ သေသေချာချာ တိကျစွာလုပ်ထားတာကြောင့် ကြည့်ရတာ အရမ်းပြေပြစ်ပါတယ်။
Batman armor တွေ အများကြီးထပ်ပါအုံးမှာဖြစ်ပီး Batman ရဲ့ Skill tree ပါဝင်တာကြောင့် မိမိလိုအပ်တဲ့ တိုက်ခိုက်ရေးတွေကို upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘူးနော် Player ဟာ Dual-play ဖြစ်တဲ့ Robin,Nighwing နှင့် Catwoman တို့နေရာ switch လုပ်ပီး Free flow combat လုပ်နိုင်အုံးမှာဖြစ်ပါတယ်။ Storyline လေးတင်ကစားရမယ်ထင်နေလား?
မဟုတ်ပါဘူး side mission mini game တွေအများကြီးပါဝင်ပီး hacking လုပ်ရတာတွေလဲပါဝင်မှာဖြစ်ပါတယ်။ Riddler ( Mr.? လို့အသိများတယ် ) သူရဲ့ 243 Riddler challages တွေကို ရင်ဆိုင်ဖြေရှင်းရအုံးမှာဖြစ်ပါတယ်။
Gamplay ကော Graphic ကော Storyline ကောင်းကော Batmobile ကော ပါဝင်တဲ့ Batman : Arkhan Knight ကို ဘာလို့ မကစားပဲ နေမလဲဗျာ။ Developer supporter တွေအတွက်လဲ တကယ်ကို 60$ တန်တဲ့ ဂိမ်းဖြစ်ပါတယ်။ Batman ဖြစ်ဖို့ ပြင်ဆင်ထားပါတော့ MMGF က Gamer တို့။ Jume 23 ရက်နေ့ရောက်ရင် Gotham မြို့ကြီး ကယ်တင်ဖို့ပြင်ထားတော့နော်။ Season Pass
120$ batman :Arkhan Knight ကို ဝယ်နိုင်သူများလဲ ဝယ်စေချင်တယ်။ Batgirl ပါဝင်မှာဖြစ်ပီး mission အသစ်တွေလဲ တော်တော်လေးကို ပါဝင်မှာဖြစ်ပါတယ်။ Playstation 4 Owner တွေကို first Batman Justice League 3000 armor ရရှိမှာဖြစ်ပီး Classic TV series Batman Armor နဲ့ Batmobile Skins ကိုလဲ ရရှိအုံးမှာဖြစ်တယ် ထို့အပြင် Scarecrow Nightmare mission ကို
ကစားခွင့်ရမှာဖြစ်ပါတယ်။ PC နဲ့ XBox One အတွက်တော့ timed exclusiveဖြစ်တာကြောင့် ထို items နှင့် Scarecrow Nightmare mission ကို နောက်မှ ရရှိမှာဖြစ်ပါတယ်။ဒီလောက်ဆိုရင် Batman : Arkhan Knight ကစားချင်တဲ့ ပိုး တော်တော်တိုးနေလောက်ပီ။ June 23 ကျရင် အားလုံပဲ Batman:Arkhan Knight ကို ကစားရင် Batman အဖြစ် Gotham မြို့ကြီးကို ကယ်တင်ကျပါစို့။
Articles Writer #JameSam
Zawgyi
Batman : Arkhan Knight <<< Preview >>>
++++++++++++++++++++++++++++++++++
Storyline
++++++++++
Gameplay
++++++++++++++
No comments:
Post a Comment