Sunday, May 18, 2014

Walking Dead Season 2 : Episode 3 : In Harm's Way Review

" SPOILER ALERT "
Walking Dead Season 2 : Episode 3 : In Harm's Way ကို ကစားပြီးတဲ့အခါမှာ ငါဘာလုပ်ခဲ့သလဲလို့တွေးမိပါတယ်။ Season 1 နဲ့ Season 2 ရဲ့ အရင်အပိုင်းတွေနဲ့မတူပဲ ဒီအပိုင်းမှာ Violence act တွေကိုပဲ ရွေးချယ်မိခဲ့ပါတယ်။ အရင်အပိုင်းတွေမှာ Clementine ကို စိတ်ထားကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆော့ကစားစေခဲ့ပေမယ့် In Harm's Way မှာ ရက်စက်တဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်စေခဲ့မိတာက Episode 3 ရဲ့ အလှည့်အပြောင်းတစ်ခုပါ။

Episode 2 : A House Divided မှာ မိတ်ဆက်ခဲ့တဲ့ Bill Carver ရဲ့ စခန်းမှာ အကျဉ်းသားတစ်ဦးအနေနဲ့In Harm's Way မှာ စကစားရမှာပါ။ Season 1 DLC : 400 Days က ရွေးချယ်မှုတွေက ဒီနေရာမှာ အသက်ဝင်မှာပါ။ 400 Days မှာ Tavia ခေါ်လာခဲ့တဲ့သူတွေကို Carver ရဲ့ ဘက်တော်သားအဖြစ်နဲ့မြင်တွေ့ရမှာဖြစ်ပြီး သူတို့ထဲက တစ်ယောက်က Clementine တို့အဖွဲ့ကို ကူညီမှာဖြစ်ပါတယ်။

ှုIn Harm's Way ဟာ ပဟေဌိတွေ ကျယ်ပြောတဲ့ပတ်ဝန်းကျင်စူးစမ်းမှုတွေ အားနည်းပေမယ့် ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေနဲ့ နောက်လာမယ့် အပိုင်းတွေအတွက် အကောင်းဆုံး ပုံဖော်ထားပါတယ်။ Bill Carver ရဲ့ အစွန်းရောက်မှုတွေ က ဇာတ်လမ်းကို အမြင့်ဆုံးရောက်အောင် စွဲဆောင်သွားပြီး ကစားတဲ့သူရဲ့စိတ်ကို ဆိုးသွမ်းတဲ့ရွေးချယ်မှုတွေပြုလုပ်အောင် လှုံ့ဆော်ပေးပါတယ်။ Episode 3 တစ်လျှောက်လုံး ကျွန်တော်သူ့ကိုသေစေချင်ခဲ့ပါတယ်။ အရင်အပိုင်းတွေမှာ ကိုယ့်အဖွဲ့အပေါ် စိမ်းကားစွာဆက်ဆံခဲ့ရင်တောင်မှ ဒီအပိုင်းမှာ Carver ကြောင့် ( Reggie ကို သတ်ဖြတ်မှု Kenny ကို မျက်လုံးကန်းအောင် လုပ်မှု တွေကြောင့် ) သူတို့အပေါ်နွေးထွေးစွာ ဆက်ဆံလာစေပါတယ်။

Carver ဆီကနေ Clementine နဲ့ သူ့အဖွဲ့ရဲ့ ညသန်းခေါင်ယံအချိန်ထွက်ပြေးရန် ကြံစည်မှုဟာ Carver နဲ့သူ့အဖွဲ့တင်မကပဲ မိမိအဖွဲ့ကိုပါ အန္တရာယ်ကျရောက်စေခဲ့ပါတယ်။ Carver ကို အနိုင်ရပြီးချိန်မှာတော့ သူ့ကို ကျွန်တော့်ရဲ့သေစေချင်တဲ့ ဆန္ဒတွေက အမှန်ဖြစ်လာခဲ့ပါပြီ။ သူ့ကို သတ်ဖြတ်ဖို့စဉ်းစားတဲ့အချိန်မှာပဲ Season 1 က St. John ညီအစ်ကိုတွေကို သတိရစေပါတယ်။ အဲ့ဒီတုန်းက Lee က St.John အငယ်ကို သတ်ဖို့ ဆုံးဖြတ်ပြီး Clementine ကိုမျက်နှာလွှဲနေဖို့ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ Carver ကို သတ်ဖို့ဆုံးဖြတ်ပြီး သူ့ရဲ့သေဆုံးခြင်းကို ကြည့်ဖို့ရွေးချယ်ခဲ့ပါတယ်။ Zombie တွေနဲ့ပြည့်နေတဲ့ လောကကြီးမှာ ရှင်သန်ဖို့အတွက် Sarah လိုကြောက်နေလို့မရဘဲ သေဆုံးခြင်းတွေကိုကြည့်ရဲပြီး ရက်စက်သင့်ရင် ရက်စက်ရမယ်ဆိုတာ သူမကို သိစေချင်လို့ပါ။

Carver သေဆုံးမှုအပြီးမှာတော့ Clementine နဲ့သူ့အဖွဲ့ဟာ အပြင်မှာတွေ့တဲ့ zombie တစ်ကောင်ကို သတ်ဖြတ်ပြီး သူတို့ရဲ့ ကလီစာတွေကို ကိုယ်ခန္ဓာမှာ သုတ်လိမ်းပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ Sarah ကိုအားပေးရင်း စခန်းကို တိုက်ခိုက်ဖို့လာနေတဲ့ Zombie အုပ်စုကြီးကြားထဲက ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဖွဲ့ထဲက Dr.Carlo ဟာ စခန်းထဲက ပစ်လိုက်တဲ့ကျည်ဆန်မှန်သွားပြီး နဂိုကတည်းက သွေးပျက်နေတဲ့ Sarah ဟာ ဖခင်သေဆုံးမှုကြောင့် အော်ဟစ်ရာကနေ Zombie တွေက အဖွဲ့ကို စတင်တိုက်ခိုက်ပါတော့တယ်။ Zombie အုပ်စုကြီးကြားထဲမှာ ရှင်သန်ဖို့တိုက်ခိုက်ကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွေကြားမှာ Sarah ပျောက်ကွယ်သွားပါတယ်။ မကြာခင်မှာပဲ Kenny ရဲ့ ချစ်သူ Sarita ဟာ Zombie တိုက်ခိုကမှုကြားမှာ သူမရဲ့လက်ကို အကိုက်ခံရပါတယ်။ ဒီနေရာမှာ ကစားသူဟာ အကိုက်ခံနေရတဲ့ သူမရဲ့လက်ကို ပုဆိန်နဲ့ဖြတ်ပစ်မလား ဒါမှမဟုတ် ကိုက်ခဲနေတဲ့ Zombie ရဲ့ခေါင်းကို တိုက်ခိုက်မလား ရွေးချယ်ရမှာပါ။ ကျွန်တော်ကတော့ လက်မောင်းကိုဖြတ်ဖို့ရွေးချယ်ခဲ့ပါတယ် Lee ဟာ ထိခိုက်မိတဲ့ လက်ရဲ့ လက်မောင်းကိုဖြတ်ခဲ့ပေမယ့် ဖြတ်ဖို့အချိန်ကြာသွားတဲ့အတွက် အသက်မရှင်ခဲ့ပါဘူး။ Sarita ကတော့ အကိုက်ခံချိန်လေးအတွင်းမှာ ဖြတ်ပစ်လိုက်ရင် အသက်ရှင်ဖို့အတွက် ရာခိုင်နှုန်းပိုများလို့ပါ။ ကျွန်တော်သူမကို နောက်အပိုင်းတွေမှာ မြင်ချင်ပါသေးတယ် ။ Sarita ရဲ့လက်ကိုဖြတ်ဖို့ရွေးချယ်လိုက်ရင်တော့ သူမဟာ သွေးတွေပန်းထွက်နေတဲ့ လက်မောင်းကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေတဲ့ပုံ နဲ့ In Harm's Way ကို ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။

ွThe Walking Dead : Season 2 : Episode 3ဟာဇာတ်ကောင်တွေရဲ့ emotion တွေအပေါ်မှာသာ အခြေခံပြီး ရေးဆွဲထားပေမယ့် နောက်လာမယ့် အပိုင်းတွေအတွက် ဇာတ်လမ်းကို အသေအချာ တည်ဆောက်သွားပါတယ်။ နောက်လာမယ့်အပိုင်းတွေမှာ ဆရာဝန်မရှိတော့တဲ့အတွက် Rebecca ဟာ ကလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ပါ့မလား ? စိတ်ပျက်ဖွယ်ရာ သွေးကြောင်တဲ့ Sarah ဟာ သူမရဲ့ ဖခင်သေဆုံးမှုနဲ့အတူ သူပါလိုက်သေဆုံးသွားမှာလား ? Sarita ကရော အသက်ရှင်ခွင့်ရမှာလား ? ( ကစားတဲ့သူရဲ့ရွေးချယ်မှုအပေါ်မူတည်မယ်ထင်ပါတယ်။ ) ဒါမှမဟုတ် Lee လိုပဲ သွေးထွက်လွန်ပြီး သေဆုံးရမှာလား ? ဇာတ်ကောင်အသစ်တွေဖြစ်တဲ့ အဖွဲ့နဲ့တူတူထွက်ပြေးခဲ့တဲ့ Carver ရဲ့ စခန်းက လူ ၂ယောက်ကရော ဘယ်လိုလူမျိုးတွေလဲ ? 400 Days DLC ထဲက ဇာတ်ကောင်တွေကရော Zombie တိုက်ခိုက်မှုကနေ ရှင်သန်ကြမှာလား ? စတဲ့ ပဟေဌိပေါင်းများစွာနဲ့ နောက်အပိုင်းတွေအတွက် ကစားတဲ့သူကို ဆွဲဆောင်ထားပါတယ် ^_^

~|Genie_zin|~


Zawgyi

" SPOILER ALERT "

Walking Dead Season 2 : Episode 3 : In Harm's Way Review.


Walking Dead Season 2 : Episode 3 : In Harm's Way ကို ကစားၿပီးတဲ့အခါမွာ ငါဘာလုပ္ခဲ့သလဲလို ့ေတြးမိပါတယ္။ Season 1 နဲ ့ Season 2 ရဲ ့ အရင္အပိုင္းေတြနဲ ့မတူပဲ ဒီအပိုင္းမွာ Violence act ေတြကိုပဲ ေရြးခ်ယ္မိခဲ့ပါတယ္။ အရင္အပိုင္းေတြမွာ Clementine ကို စိတ္ထားေကာင္းမြန္တဲ့ မိန္းကေလးတစ္ေယာက္အၿဖစ္ ေဆာ့ကစားေစခဲ့ေပမယ့္ In Harm's Way မွာ ရက္စက္တဲ့ ေရြးခ်ယ္မွဳတစ္ခုကို ၿပဳလုပ္ေစခဲ့မိတာက Episode 3 ရဲ ့ အလွည့္အေၿပာင္းတစ္ခုပါ။

Episode 2 : A House Divided မွာ မိတ္ဆက္ခဲ့တဲ့ Bill Carver ရဲ ့ စခန္းမွာ အက်ဥ္းသားတစ္ဦးအေနနဲ ့In Harm's Way မွာ စကစားရမွာပါ။ Season 1 DLC : 400 Days က ေရြးခ်ယ္မွဳေတြက ဒီေနရာမွာ အသက္၀င္မွာပါ။ 400 Days မွာ Tavia ေခၚလာခဲ့တဲ့သူေတြကို Carver ရဲ ့ ဘက္ေတာ္သားအၿဖစ္နဲ ့ၿမင္ေတြ ့ရမွာၿဖစ္ၿပီး သူတို ့ထဲက တစ္ေယာက္က Clementine တို ့အဖြဲ ့ကို ကူညီမွာၿဖစ္ပါတယ္။

ႈIn Harm's Way ဟာ ပေဟဌိေတြ က်ယ္ေၿပာတဲ့ပတ္၀န္းက်င္စူးစမ္းမွဳေတြ အားနည္းေပမယ့္ ဇာတ္ေကာင္ေတြရဲ ့ စိတ္ပိုင္းဆိုင္ရာခံစားမွဳေတြနဲ ့ ေနာက္လာမယ့္ အပိုင္းေတြအတြက္ အေကာင္းဆံုး ပံုေဖာ္ထားပါတယ္။ Bill Carver ရဲ ့ အစြန္းေရာက္မွဳေတြ က ဇာတ္လမ္းကို အၿမင့္ဆံုးေရာက္ေအာင္ စြဲေဆာင္သြားၿပီး ကစားတဲ့သူရဲ ့စိတ္ကို ဆိုးသြမ္းတဲ့ေရြးခ်ယ္မွဳေတြၿပဳလုပ္ေအာင္ လွံဳ ့ေဆာ္ေပးပါတယ္။ Episode 3 တစ္ေလွ်ာက္လံုး ကြ်န္ေတာ္သူ ့ကိုေသေစခ်င္ခဲ့ပါတယ္။ အရင္အပိုင္းေတြမွာ ကိုယ့္အဖြဲ ့အေပၚ စိမ္းကားစြာဆက္ဆံခဲ့ရင္ေတာင္မွ ဒီအပိုင္းမွာ Carver ေၾကာင့္ ( Reggie ကို သတ္ၿဖတ္မွဳ Kenny ကို မ်က္လံုးကန္းေအာင္ လုပ္မွဳ ေတြေၾကာင့္ ) သူတုိ ့အေပၚေႏြးေထြးစြာ ဆက္ဆံလာေစပါတယ္။

Carver ဆီကေန Clementine နဲ ့ သူ ့အဖြဲ ့ရဲ ့ ညသန္းေခါင္ယံအခ်ိန္ထြက္ေၿပးရန္ ၾကံစည္မွဳဟာ Carver နဲ ့သူ ့အဖြဲ ့တင္မကပဲ မိမိအဖြဲ ့ကိုပါ အႏၱရာယ္က်ေရာက္ေစခဲ့ပါတယ္။ Carver ကို အႏိုင္ရၿပီးခ်ိန္မွာေတာ့ သူ ့ကို ကြ်န္ေတာ့္ရဲ ့ေသေစခ်င္တဲ့ ဆႏၵေတြက အမွန္ၿဖစ္လာခဲ့ပါၿပီ။ သူ ့ကို သတ္ၿဖတ္ဖို ့စဥ္းစားတဲ့အခ်ိန္မွာပဲ Season 1 က St. John ညီအစ္ကိုေတြကို သတိရေစပါတယ္။ အဲ့ဒီတုန္းက Lee က St.John အငယ္ကို သတ္ဖို ့ ဆံုးၿဖတ္ၿပီး Clementine ကိုမ်က္ႏွာလႊဲေနဖို ့ေၿပာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ Carver ကို သတ္ဖို ့ဆံုးၿဖတ္ၿပီး သူ ့ရဲ ့ေသဆံုးၿခင္းကို ၾကည့္ဖို ့ေရြးခ်ယ္ခဲ့ပါတယ္။ Zombie ေတြနဲ ့ၿပည့္ေနတဲ့ ေလာကၾကီးမွာ ရွင္သန္ဖို ့အတြက္ Sarah လိုေၾကာက္ေနလို ့မရဘဲ ေသဆံုးၿခင္းေတြကိုၾကည့္ရဲၿပီး ရက္စက္သင့္ရင္ ရက္စက္ရမယ္ဆိုတာ သူမကို သိေစခ်င္လို ့ပါ။

Carver ေသဆံုးမွဳအၿပီးမွာေတာ့ Clementine နဲ ့သူ ့အဖြဲ ့ဟာ အၿပင္မွာေတြ ့တဲ့ zombie တစ္ေကာင္ကို သတ္ၿဖတ္ၿပီး သူတို ့ရဲ ့ ကလီစာေတြကို ကိုယ္ခႏၶာမွာ သုတ္လိမ္းၿပီး ေၾကာက္ရြံ ့တုန္လွဳပ္ေနတဲ့ Sarah ကိုအားေပးရင္း စခန္းကို တိုက္ခိုက္ဖို ့လာေနတဲ့ Zombie အုပ္စုၾကီးၾကားထဲက ထြက္ေၿပးဖို ့ၾကိဳးစားၾကပါတယ္။ ဒါေပမယ့္ ကံဆုိးစြာနဲ ့ပဲ အဖြဲ ့ထဲက Dr.Carlo ဟာ စခန္းထဲက ပစ္လိုက္တဲ့က်ည္ဆန္မွန္သြားၿပီး နဂိုကတည္းက ေသြးပ်က္ေနတဲ့ Sarah ဟာ ဖခင္ေသဆံုးမွဳေၾကာင့္ ေအာ္ဟစ္ရာကေန Zombie ေတြက အဖြဲ ့ကို စတင္တိုက္ခိုက္ပါေတာ့တယ္။ Zombie အုပ္စုၾကီးၾကားထဲမွာ ရွင္သန္ဖို ့တိုက္ခိုက္ၾကရင္း ရုန္းရင္းဆန္ခတ္ၿဖစ္စဥ္ေတြၾကားမွာ Sarah ေပ်ာက္ကြယ္သြားပါတယ္။ မၾကာခင္မွာပဲ Kenny ရဲ ့ ခ်စ္သူ Sarita ဟာ Zombie တိုက္ခိုကမွဳၾကားမွာ သူမရဲ ့လက္ကို အကိုက္ခံရပါတယ္။ ဒီေနရာမွာ ကစားသူဟာ အကိုက္ခံေနရတဲ့ သူမရဲ ့လက္ကို ပုဆိန္နဲ ့ၿဖတ္ပစ္မလား ဒါမွမဟုတ္ ကိုက္ခဲေနတဲ့ Zombie ရဲ ့ေခါင္းကို တိုက္ခိုက္မလား ေရြးခ်ယ္ရမွာပါ။ ကြ်န္ေတာ္ကေတာ့ လက္ေမာင္းကိုၿဖတ္ဖို ့ေရြးခ်ယ္ခဲ့ပါတယ္ Lee ဟာ ထိခိုက္မိတဲ့ လက္ရဲ ့ လက္ေမာင္းကိုၿဖတ္ခဲ့ေပမယ့္ ၿဖတ္ဖို ့အခ်ိန္ၾကာသြားတဲ့အတြက္ အသက္မရွင္ခဲ့ပါဘူး။ Sarita ကေတာ့ အကိုက္ခံခ်ိန္ေလးအတြင္းမွာ ၿဖတ္ပစ္လိုက္ရင္ အသက္ရွင္ဖို ့အတြက္ ရာခိုင္ႏွဳန္းပိုမ်ားလို ့ပါ။ ကြ်န္ေတာ္သူမကို ေနာက္အပိုင္းေတြမွာ ၿမင္ခ်င္ပါေသးတယ္ ။ Sarita ရဲ ့လက္ကိုၿဖတ္ဖို ့ေရြးခ်ယ္လိုက္ရင္ေတာ့ သူမဟာ ေသြးေတြပန္းထြက္ေနတဲ့ လက္ေမာင္းကို ေၾကာက္ရြံ ့တုန္လွဳပ္စြာ စိုက္ၾကည့္ေနတဲ့ပံု နဲ ့ In Harm's Way ကို ဇာတ္သိမ္းမွာ ၿဖစ္ပါတယ္။

ြThe Walking Dead : Season 2 : Episode 3ဟာဇာတ္ေကာင္ေတြရဲ ့ emotion ေတြအေပၚမွာသာ အေၿခခံၿပီး ေရးဆြဲထားေပမယ့္ ေနာက္လာမယ့္ အပိုင္းေတြအတြက္ ဇာတ္လမ္းကို အေသအခ်ာ တည္ေဆာက္သြားပါတယ္။ ေနာက္လာမယ့္အပိုင္းေတြမွာ ဆရာ၀န္မရွိေတာ့တဲ့အတြက္ Rebecca ဟာ ကေလးကို ေအာင္ေအာင္ၿမင္ၿမင္ေမြးဖြားႏိုင္ပါ့မလား ? စိတ္ပ်က္ဖြယ္ရာ ေသြးေၾကာင္တဲ့ Sarah ဟာ သူမရဲ ့ ဖခင္ေသဆံုးမွဳနဲ ့အတူ သူပါလိုက္ေသဆံုးသြားမွာလား ? Sarita ကေရာ အသက္ရွင္ခြင့္ရမွာလား ? ( ကစားတဲ့သူရဲ ့ေရြးခ်ယ္မွဳအေပၚမူတည္မယ္ထင္ပါတယ္။ ) ဒါမွမဟုတ္ Lee လိုပဲ ေသြးထြက္လြန္ၿပီး ေသဆံုးရမွာလား ? ဇာတ္ေကာင္အသစ္ေတြၿဖစ္တဲ့ အဖြဲ ့နဲ ့တူတူထြက္ေၿပးခဲ့တဲ့ Carver ရဲ ့ စခန္းက လူ ၂ေယာက္ကေရာ ဘယ္လိုလူမ်ိဳးေတြလဲ ? 400 Days DLC ထဲက ဇာတ္ေကာင္ေတြကေရာ Zombie တိုက္ခိုက္မွဳကေန ရွင္သန္ၾကမွာလား ? စတဲ့ ပေဟဌိေပါင္းမ်ားစြာနဲ ့ ေနာက္အပိုင္းေတြအတြက္ ကစားတဲ့သူကို ဆြဲေဆာင္ထားပါတယ္ ^_^

~|Genie_zin|~

No comments:

Post a Comment