Friday, May 20, 2016

XCOM 2 Review

XCOM 2 ဟာ Sci-fi / Turn based strategy game အမျိုးအစားဖြစ်ပြီး 2016 Feburary မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် Sid Meiers game တွေနဲ့ ထင်ရှားတဲ့ Firaxis က ဖန်တီးခဲ့တာဖြစ်ပြီး 2K Interactives က ဖြန့်ချီတာဖြစ်ပါတယ်။

XCOM 2 ဟာ 2012 ခုနှစ် XCOM - Enemy Unknown ရဲ့ ဇာတ်လမ်းအဆက်လည်းဖြစ်သလို feature အသစ်တွေ ရန်သူ Alien အမျိုးအစား အသစ်တွေအပြင် Tatical Map တွေကိုလည်း တစ်ကြိမ်နဲ့ တစ်ကြိမ်မတူရအောင် ဆန်းသစ်စွာဖန်တီးထားပါတယ်။ XCOM 2 ဟာ TBS အမျိုးအစားဖြစ်တာနဲ့အညီ Friaxisဟာ strategyကို ပိုပြီး အသားပေးရန်အတွက် perma death system လည်း ထည့်သွင်းထားပါတယ်။

စစ်သားတွေရဲ့ Hit point တွေဟာ armor research တွေ tech upgrade တွေ မလုပ်ရသေးခင်မှာ ရန်သူနဲ့ ထိတွေ့ပစ်ခတ်မှုတွေအတွက် တစ်ကြိမ်တစ်ခါသာ ရှင်သန်စေဖို့သာ လုံလောက်ပါတယ်။ ဒီနေရာမှာ အားနည်းချက်က ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့ရင် စစ်သားတွေဟာ ဒဏ်ရာရပေမယ့် သူတို့ရဲ့ တိုက်ပွဲတွင်း စွမ်းဆောင်ရည်တွေကို မထိခိုက်စေပဲ တိုက်ပွဲပြီးတဲ့အထိ ကောင်းမွန်စွာတိုက်ခိုက်နိုင်တာပဲဖြစ်ပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တပ်သားတွေကတော့ လုံးဝဆုံးရှုံးရတာဖြစ်ပြီး သူတို့ရဲ့ equipment တွေ upgrade တွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ အပြင်က စစ်မြေပြင်မှာအတိုင်း ကျဆုံးစစ်သည်တွေကို စခန်းဆီပြန်သယ်ဆောင်နိုင်ပြီး သယ်ဆောင်နိုင်ခဲ့ရင် သူတို့ရဲ့ equipment တွေကိုတော့ ပြန်ရနိုင်ပါတယ် ။ ဒီလိုပဲ ရန်သူ alien တွေကို သတ်ဖြတ်နိုင်ရင်လည်း သူတို့ရဲ့ ပစ္စည်းတွေကို ကောက်ယူနိုင်ပြီး အဲ့ဒီပစ္စည်းတွေကနေ alien technologyကို research လုပ်ရင်းကနေ ကိုယ့်စစ်သည်တွေအတွက် လက်နက်အသစ် အသုံးအဆောင်အသစ်တွေဖန်တီးနိုင်ပါတယ်။ ဂြိုလ်သားတွေဟာ များသောအားဖြင့် ကိုယ့်စစ်သားတွေထက် အစွမ်းထက်လေ့ရှိပြီး နည်းပညာပိုမြင့်တဲ့ လက်နက်တွေကိုင်ဆောင်လေ့ရှိတာကြောင့် ထိတွေ့မှုဖြစ်တိုင်းမှာ Strategy ဟာ အရမ်းအရေးပါတဲ့ အနေအထားဖြစ်ပါတယ်။ မကျဆုံးပေမယ့် ကျည်ထိမှန်ခဲ့ရင် ဒဏ်ရာရတယ်လို့ သတ်မှတ်လေ့ရှိပြီး ပြန်နလန်ထဖို့ အရမ်းအချိန်ကြာလေ့ရှိတာကြောင့် နောက် mission တွေမှာမပါဝင်နိုင်စေတာက အထိနာစေပါတယ်။ ဒါ့အပြင် စစ်သားတွေအကုန်လုံးဟာ mission အစ မှာ concealment အနေနဲ့ များသောအားဖြင့် စတင်ရလေ့ရှိပြီး ရန်သူတွေကို ambush လုပ်နိုင်မှာဖြစ်ပါတယ်။ အရင် XCOM တွေကလို ရန်သူတွေဟာ fog of war ကနေ ရုတ်တရက်ပေါ်လာပြီး ကိုယ့်တပ်ဖွဲ့တွေကို တိုက်ခိုက်တာမျိုးထက် အခု XCOM 2 မှာဆို သူတို့ကို ကိုယ့်တပ်ဖွဲ့တွေက ambush လုပ်နိုင်တာက ကောင်းမွန်တဲ့ feature အသစ်တခုဖြစ်ပါတယ်။ Strategy အသားပေးဖြစ်သလို ဂြိုလ်သားတွေဟာ ကိုယ့်စစ်သားတွေထက် အစွမ်းထက်လေ့ရှိတာကြောင့် Ambush တွေမှာ ဘယ်သူ့ကို priority ပစ်သတ်ရမလဲဆိုတာက အဓိကကျလေ့ရှိပါတယ်။ တချို့ ရန်သူတွေ ဥပမာ - Sectoid တွေဆို mind control လုပ်နိုင်တာကြောင့် သူတို့ရှင်ကျန်ခဲ့ရင် mind control တွေနဲ့ friendly fire တွေက ကိုယ့်ကို အထိနာစေပါတယ် ။ ဒီနေရာမှာ overwatch skill ကို ပြောလိုပါသေးတယ်။ Overwatch ဟာ ကိုယ့်စစ်သားတွေကို သူတို့အလှည့်မှာ မပစ်စေပဲ ရန်သူ့အလှည့်မှာမှ ပစ်ကွင်းထဲဝင်ရောက်လှုပ်ရှားလာရင် ပစ်စေတဲ့ skill ဖြစ်ပါတယ်။ ဒီတော့ overwatch နဲ့ concealment ပေါင်းစပ်လိုက်ရင် ရုပ်ရှင်တွေထဲက ambush scene တွေလို ကျည်တစ်တောင့်က အရေးကြီး character ကို ပစ်သတ်လိုက်ပြီး အရပ်မျက်နှာပေါင်းများစွာက ဝိုင်းပစ်ကြသလို ဖန်တီးနိုင်ပါတယ် :3 ။ ရန်သူတွေဟာ ထိတွေ့မှုဖြစ်တာနဲ့ cover ယူတာကြောင့် overwatch မှာ အရပ်မျက်နှာပေါင်းများစွာကနေ ပစ်ခတ်ခံရပြီး slowmothin cam နဲ့ ခြေမှုန်းခံရတာတွေက ကြည့်ရတာ မရိုးနိုင်စေပါဘူး ^_^

XCOM 2 ဟာ ကမ္ဘာမြေကြီးကို သိမ်းပိုက်ထားတဲ့ ဂြိုလ်သားတွေကို တော်လှန်နေတဲ့ XCOM ဆိုတဲ့ အဖွဲ့ရဲ့ commander နေရာကနေကစားရမှာဖြစ်ပါတယ်။ Base Building တွေ သိပ္ပံပညာရှင်တွေသုံးပြီး ကျဆုံးဂြိုလ်သားအလောင်းတွေကနေ သူတို့ရဲ့ နည်းပညာတွေကို သိရှိဖို့ ခွဲစိတ်ရတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရရှိလာတဲ့ နည်းပညာတွေကနေ enginner တွေက ကိုယ့်တပ်ဖွဲ့တွေအတွက် လက်နက်အသစ်တွေ ပစ္စည်းအသစ်တွေဖန်တီးပေးနိုင်ပြီး တိုက်ပွဲဝင်စွမ်းရည်တွေကို မြှင့်တင်စေနိုင်ပါတယ်။ ရန်သူ့ mind controling attack တွေကို immune ဖြစ်စေတဲ့ ပစ္စည်းတွေဆို အရမ်းတန်ဖိုးရှိပါတယ် ( ထိတွေ့မှုတိုင်းမှာ စစ်သားတွေဟာ အန္တရာယ်ရှိနေတာဖြစ်ပြီး mind control လုပ်ခံရလို့ friendly fire ဖြစ်ပြီး ကိုယ့်လူတွေသေရတာက အရမ်း ခံပြင်းစရာကောင်းပါတယ် :3 )

XCOM 2 မှာ စစ်သားတွေအတွက် Ranger ( Recon & Close Combat) , Specialist ( hackers & combat medic ) , Grenadiers ( Demolation expert ), Sharp Shooter ဆိုပြီး class 4ခုရှိပါတယ်။ စစချင်းမှာ squad size ဟာ 4 ယောက်အတွက်ရတာဖြစ်ပြီး upgrade တွေလုပ်အပြီးမှာတော့ 6ယောက်အထိ တိုးမြှင့်နိုင်မှာပါ။ စစ်သားတိုင်းဟာ Rookie အနေနဲ့ စတင်ရမှာဖြစ်ပါတယ်။ စစ်သားတစ်ယောက်ဟာ သတ်မှတ်ရန်သူအရေအတွက်ကို သတ်နိုင်ရင် promotion ရပြီး class 4ခုထဲက တစ်ခုဖြစ်လာတတ်ပါတယ်။ Class တွေကို ရွေးချယ်မှုက Random ဖြစ်ပြီး လိုချင်ရာကိုရွေးချယ်ဖို့ကတော့ Base Building တွေကနေတဆင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်သားတိုင်းကို စိတ်တိုင်းကျ ဆင်ယင်ပေးလို့ရသလို နာမည်ပေးလို့လည်း ရတာကြောင့် စစ်သားတိုင်းဟာ တိုက်ပွဲမှာ ကစားသူအတွက် တစ်စုံတစ်ရာတန်ဖိုးရှိစေပါတယ် ။

XCOM 2 ဟာ Strategy ကို အသားပေးလွန်းပြီး Sci-fi နဲ့ Turn based strategy တွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဆော့လို့ကောင်းမယ့် video game ဖြစ်ပါတယ်။ XCOM 2 ကို steam မှာတော့ မြန်မာပြည်ကနေ ဝယ်ယူခွင့်ကိုပိတ်ထားပါတယ် :3
တခြား Turn based strategy game အနေနဲ့ကတော့ Banner Saga 1 နဲ့ှ 2 ကို ညွှန်းလိုပါတယ် 


Zawgyi


XCOM 2 ဟာ Sci-fi / Turn based strategy game အမ်ိဳးအစားျဖစ္ျပီး 2016 Feburary မွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ နာမည္ေက်ာ္ Sid Meiers game ေတြနဲ႔ ထင္ရွားတဲ့ Firaxis က ဖန္တီးခဲ့တာျဖစ္ျပီး 2K Interactives က ျဖန္႔ခ်ီတာျဖစ္ပါတယ္။

XCOM 2 ဟာ 2012 ခုႏွစ္ XCOM - Enemy Unknown ရဲ႕ ဇာတ္လမ္းအဆက္လည္းျဖစ္သလို feature အသစ္ေတြ ရန္သူ Alien အမ်ိဳးအစား အသစ္ေတြအျပင္ Tatical Map ေတြကိုလည္း တစ္ၾကိမ္နဲ႔ တစ္ၾကိမ္မတူရေအာင္ ဆန္းသစ္စြာဖန္တီးထားပါတယ္။ XCOM 2 ဟာ TBS အမ်ိဳးအစားျဖစ္တာနဲ႔အညီ Friaxisဟာ strategyကို ပိုျပီး အသားေပးရန္အတြက္ perma death system လည္း ထည့္သြင္းထားပါတယ္။ စစ္သားေတြရဲ႕ Hit point ေတြဟာ armor research ေတြ tech upgrade ေတြ မလုပ္ရေသးခင္မွာ ရန္သူနဲ႔ ထိေတြ႕ပစ္ခတ္မွဳေတြအတြက္ တစ္ၾကိမ္တစ္ခါသာ ရွင္သန္ေစဖို႔သာ လံုေလာက္ပါတယ္။ ဒီေနရာမွာ အားနည္းခ်က္က ပစ္ခတ္မွဳမွာ က်ည္ထိမွန္ခဲ့ရင္ စစ္သားေတြဟာ ဒဏ္ရာရေပမယ့္ သူတို႔ရဲ႕ တိုက္ပြဲတြင္း စြမ္းေဆာင္ရည္ေတြကို မထိခိုက္ေစပဲ တိုက္ပြဲျပီးတဲ့အထိ ေကာင္းမြန္စြာတိုက္ခိုက္ႏိုင္တာပဲျဖစ္ပါတယ္။ တိုက္ပြဲမွာ က်ဆံုးသြားတဲ့ တပ္သားေတြကေတာ့ လံုးဝဆံုးရွံဳးရတာျဖစ္ျပီး သူတို႔ရဲ႕ equipment ေတြ upgrade ေတြကို ဆံုးရွံဳးရမွာျဖစ္ပါတယ္။ အျပင္က စစ္ေျမျပင္မွာအတိုင္း က်ဆံုးစစ္သည္ေတြကို စခန္းဆီျပန္သယ္ေဆာင္ႏိုင္ျပီး သယ္ေဆာင္ႏိုင္ခဲ့ရင္ သူတို႔ရဲ႕ equipment ေတြကိုေတာ့ ျပန္ရႏိုင္ပါတယ္ ။ ဒီလိုပဲ ရန္သူ alien ေတြကို သတ္ျဖတ္ႏိုင္ရင္လည္း သူတို႔ရဲ႕ ပစၥည္းေတြကို ေကာက္ယူႏိုင္ျပီး အဲ့ဒီပစၥည္းေတြကေန alien technologyကို research လုပ္ရင္းကေန ကိုယ့္စစ္သည္ေတြအတြက္ လက္နက္အသစ္ အသံုးအေဆာင္အသစ္ေတြဖန္တီးႏိုင္ပါတယ္။ ျဂိဳလ္သားေတြဟာ မ်ားေသာအားျဖင့္ ကိုယ့္စစ္သားေတြထက္ အစြမ္းထက္ေလ့ရွိျပီး နည္းပညာပိုျမင့္တဲ့ လက္နက္ေတြကိုင္ေဆာင္ေလ့ရွိတာေၾကာင့္ ထိေတြ႕မွဳျဖစ္တိုင္းမွာ Strategy ဟာ အရမ္းအေရးပါတဲ့ အေနအထားျဖစ္ပါတယ္။ မက်ဆံုးေပမယ့္ က်ည္ထိမွန္ခဲ့ရင္ ဒဏ္ရာရတယ္လို႔ သတ္မွတ္ေလ့ရွိျပီး ျပန္နလန္ထဖို႔ အရမ္းအခ်ိန္ၾကာေလ့ရွိတာေၾကာင့္ ေနာက္ mission ေတြမွာမပါဝင္ႏိုင္ေစတာက အထိနာေစပါတယ္။ ဒါ့အၿပင္ စစ္သားေတြအကုန္လံုးဟာ mission အစ မွာ concealment အေနနဲ႔ မ်ားေသာအားၿဖင့္ စတင္ရေလ့ရွိၿပီး ရန္သူေတြကို ambush လုပ္ႏိုင္မွာၿဖစ္ပါတယ္။ အရင္ XCOM ေတြကလို ရန္သူေတြဟာ fog of war ကေန ရုတ္တရက္ေပၚလာၿပီး ကိုယ့္တပ္ဖြဲ႕ေတြကို တိုက္ခိုက္တာမ်ိဳးထက္ အခု XCOM 2 မွာဆို သူတို႔ကို ကိုယ့္တပ္ဖြဲ႕ေတြက ambush လုပ္ႏိုင္တာက ေကာင္းမြန္တဲ့ feature အသစ္တခုၿဖစ္ပါတယ္။ Strategy အသားေပးၿဖစ္သလို ၿဂိဳလ္သားေတြဟာ ကိုယ့္စစ္သားေတြထက္ အစြမ္းထက္ေလ့ရွိတာေၾကာင့္ Ambush ေတြမွာ ဘယ္သူ႔ကို priority ပစ္သတ္ရမလဲဆိုတာက အဓိကက်ေလ့ရွိပါတယ္။ တခ်ိဳ႔ ရန္သူေတြ ဥပမာ - Sectoid ေတြဆို mind control လုပ္ႏိုင္တာေၾကာင့္ သူတို႔ရွင္က်န္ခဲ့ရင္ mind control ေတြနဲ႔ friendly fire ေတြက ကိုယ့္ကို အထိနာေစပါတယ္ ။ ဒီေနရာမွာ overwatch skill ကို ေၿပာလိုပါေသးတယ္။ Overwatch ဟာ ကိုယ့္စစ္သားေတြကို သူတို႔အလွည့္မွာ မပစ္ေစပဲ ရန္သူ႔အလွည့္မွာမွ ပစ္ကြင္းထဲ၀င္ေရာက္လွဳပ္ရွားလာရင္ ပစ္ေစတဲ့ skill ၿဖစ္ပါတယ္။ ဒီေတာ့ overwatch နဲ႔ concealment ေပါင္းစပ္လိုက္ရင္ ရုပ္ရွင္ေတြထဲက ambush scene ေတြလို က်ည္တစ္ေတာင့္က အေရးၾကီး character ကို ပစ္သတ္လိုက္ၿပီး အရပ္မ်က္ႏွာေပါင္းမ်ားစြာက ၀ိုင္းပစ္ၾကသလို ဖန္တီးႏိုင္ပါတယ္ :3 ။ ရန္သူေတြဟာ ထိေတြ႕မွဳၿဖစ္တာနဲ႔ cover ယူတာေၾကာင့္ overwatch မွာ အရပ္မ်က္ႏွာေပါင္းမ်ားစြာကေန ပစ္ခတ္ခံရၿပီး slowmothin cam နဲ႔ ေၿခမွဳန္းခံရတာေတြက ၾကည့္ရတာ မရိုးႏိုင္ေစပါဘူး ^_^

XCOM 2 ဟာ ကမာၻေျမၾကီးကို သိမ္းပိုက္ထားတဲ့ ျဂိဳလ္သားေတြကို ေတာ္လွန္ေနတဲ့ XCOM ဆိုတဲ့ အဖြဲ႕ရဲ႕ commander ေနရာကေနကစားရမွာျဖစ္ပါတယ္။ Base Building ေတြ သိပၸံပညာရွင္ေတြသံုးျပီး က်ဆံုးျဂိဳလ္သားအေလာင္းေတြကေန သူတို႔ရဲ႕ နည္းပညာေတြကို သိရွိဖို႔ ခြဲစိတ္ရတာေတြက စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ရရွိလာတဲ့ နည္းပညာေတြကေန enginner ေတြက ကိုယ့္တပ္ဖြဲ႕ေတြအတြက္ လက္နက္အသစ္ေတြ ပစၥည္းအသစ္ေတြဖန္တီးေပးႏိုင္ျပီး တိုက္ပြဲဝင္စြမ္းရည္ေတြကို ျမွင့္တင္ေစႏိုင္ပါတယ္။ ရန္သူ႔ mind controling attack ေတြကို immune ျဖစ္ေစတဲ့ ပစၥည္းေတြဆို အရမ္းတန္ဖိုးရွိပါတယ္ ( ထိေတြ႕မွဳတိုင္းမွာ စစ္သားေတြဟာ အႏၱရာယ္ရွိေနတာျဖစ္ျပီး mind control လုပ္ခံရလို႔ friendly fire ျဖစ္ျပီး ကိုယ့္လူေတြေသရတာက အရမ္း ခံျပင္းစရာေကာင္းပါတယ္ :3 )

XCOM 2 မွာ စစ္သားေတြအတြက္ Ranger ( Recon & Close Combat) , Specialist ( hackers & combat medic ) , Grenadiers ( Demolation expert ), Sharp Shooter ဆိုျပီး class 4ခုရွိပါတယ္။ စစခ်င္းမွာ squad size ဟာ 4 ေယာက္အတြက္ရတာျဖစ္ျပီး upgrade ေတြလုပ္အျပီးမွာေတာ့ 6ေယာက္အထိ တိုးျမွင့္ႏိုင္မွာပါ။ စစ္သားတိုင္းဟာ Rookie အေနနဲ႔ စတင္ရမွာျဖစ္ပါတယ္။ စစ္သားတစ္ေယာက္ဟာ သတ္မွတ္ရန္သူအေရအတြက္ကို သတ္ႏိုင္ရင္ promotion ရျပီး class 4ခုထဲက တစ္ခုျဖစ္လာတတ္ပါတယ္။ Class ေတြကို ေရြးခ်ယ္မွဳက Random ျဖစ္ျပီး လိုခ်င္ရာကိုေရြးခ်ယ္ဖို႔ကေတာ့ Base Building ေတြကေနတဆင့္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ စစ္သားတိုင္းကို စိတ္တိုင္းက် ဆင္ယင္ေပးလို႔ရသလို နာမည္ေပးလို႔လည္း ရတာေၾကာင့္ စစ္သားတိုင္းဟာ တိုက္ပြဲမွာ ကစားသူအတြက္ တစ္စံုတစ္ရာတန္ဖိုးရွိေစပါတယ္ ။

XCOM 2 ဟာ Strategy ကို အသားေပးလြန္းျပီး Sci-fi နဲ႔ Turn based strategy ေတြကို ၾကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ ေဆာ့လို႔ေကာင္းမယ့္ video game ျဖစ္ပါတယ္။ XCOM 2 ကို steam မွာေတာ့ ျမန္မာျပည္ကေန ဝယ္ယူခြင့္ကိုပိတ္ထားပါတယ္ :3
တျခား Turn based strategy game အေနနဲ႔ကေတာ့ Banner Saga 1 နဲ႔ွ 2 ကို ညႊန္းလိုပါတယ္

No comments:

Post a Comment