Saturday, May 17, 2014

Gravity Rush Review



MMGF မှာ PS Vita Gamer တွေပါကောင်းပါ သလို့ ဝယ်ဖို့စိတ်ကူးနေပင်မဲ့ ဘာဂိမ်းကောင်းတွေ ရှိလဲ? ဘာဂိမ်းတွေ အချိန်ပေးကစားသင့်လဲဆိုတာ မသိဖြစ်နေတဲ့ လူတွေရှိမှာပါ။ Vita က Jailbreak မရသေးတာကြောင့် ထွက်သမျှ Game အခွေတိုင်း ဝယ်ဆော့ဖို့ဆို မဖြစ်နိုင်ပါဘူး (ချွင်းချက်---ပိုက်ဆံရှိတဲ့ အခွေ ဖိုးတတ်နိုင်တဲ့ Vita ပိုင်ရှင်တွေမပါ)။ ဒါကြောင့် Game ကောင်းလေးရွေးချယ် ကစားဖြစ်သွားအောင် ဒီ Game လေးကို Review အဖြစ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။
Gravity Rush ရဲ့ Storyline လေးက ဒီလိုပါ------

အလွန့်အလွန် သာယာလှပမှု့တွေနဲ့ လွင့်မျောနေတဲ ခေတ်လွန်မြို့တော်ကြီး ဖြစ်တဲ့ Hekseville မြို့ကြီးမှာ Kat ဆိုတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့တယ်။ ထိုမိန်းကလေး Kat ဟာ သူ့ဘဝနောက်ကြောင်းကို လုံး၀ မမှတ်မိတဲ့ အတိတ်မေ့နေတဲ့ ကောင်မလေးပါ။ တစ်ရက် Kat ဟာ လမ်းကြားတစ်ခုမှာ
ထူးဆန်းစွာ အိပ်ပျော်နေခဲ့တယ်။ ပြီးတော့ထူးဆန်းတဲ့ကြောင်မည်းလေးတစ်ကောင်နဲ့အတူရှိနေခဲ့တာလဲဖြစ်ပါတယ်။ သူ နိုးထလာတဲ့အချိန်မှာပဲ Kat ရဲ့ မြို့တော်ကြီးဖြစ်တဲ့ Hekseville မှာ ဆွဲငင်အားမုန်တိုင်း ကျရောက်နေပီး .... ထို မုန်းတိုင်းကြီးကြောင့် အဖိုးအို တစ်ယောက်ဟာ သူသားလေး မုန်တိုင်းထဲပါသွားမှာစိုးလို့ Kat ကို လာရောက် အကူအညီတောင်းလာပါတော့တယ်။ Kat ဟာ အဖိုးအို နောက်ကို ယောင်လည်လည်နဲ့ တောက်လျှောက်လိုက်သွားပြီးနောက် သူသားလေး ဆွဲငင်အားမုန်တိုင်း ထဲပါတော့မယ့် ဆဲဆဲအခြေအနေကို တွေ့လိုက်ရပါတော့တယ်။ kat နဲ့ အတူပါလာတဲ့ ထူးဆန်းတဲ့ ကြောင်မည်းလေးဟာ Kat ကို ဆွဲငင်အားကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်းတွေ ပေးပြီး ထိုကလေးငယ်လေးကို
ကယ်တင်စေပါတော့တယ် -------- Kat ဟာ ထိုကြောင်လေးဆီက ရရှိတဲ့စွမ်းအားကိုသုံးပြီး ကလေးငယ်အပြင် ဆွဲငင်အားမုန်တိုင်းကြီးနှင့် ထိုမုန်တိုင်းနှင့်တကွ ပါလာတဲ့ Nevi monsters တွေရဲ့ရန်မှ Hekseville မြို့သူ/သားတွေကိုဆက်လက် ကာကွယ်ပါတော့တယ်. .............................

Gameplay of Gravity Rush----->>>


Player ဟာ ပြုတ်ထွက်လာတဲ့ နံရံတွေပေါ်မှာ
လမ်းလျှောက်နိုင်သလို လေပေါ်တွင်လည်း လှပစွာ ပျံသန်းခွင့်ရမှာဖြစ်ပါတယ်။
နောက်ပြီး Nevi monsters တွေကိုလဲ စွမ်းအားပြင်းထန်စွာ ကန်ပြီး
တိုက်ခိုက်နိုင်အုံးမှာဖြစ်ပါတယ်။ (ကျွန်နော်သိသလောက်ကတော့ Japan ကထုတ်တဲ့ Game တွေဟာ မကောင်းတဲ့game ရှားပါတယ်။ အခု ဒီ Gravity Rush ရုပ်ထွက်ဟာ Anime ဆန်ဆန်လေးဖြစ်သလို Kat နဲ့ အတူတွဲပါလာတဲ့ Black Cat လေးဟာလဲ Gravity Rush ကစားသူကို စိတ်ပျော်မွေ့မှု့ပေးဆောင်မှာဖြစ်ပါတယ်)
ဒါဆို Gameplay ဆက်ပြောမယ်နော် ....... Player ဟာ Vita's Gryoscope (Meaning----Gryoscope=လေယာဉ်ထဲမှာ မလူးအောင်ထိန်းသည့်ကိရိယာ) စွမ်းဆောင်မှုကောင်းချက်ကြောင့် ကစားတဲ့အချိန်မှာ မူးနောက်ခြင်းမရှိ ကစားနိုင်မှာဖြစ်ပါတယ် ။ နောက်ပြီး Gravity Rush ဟာ Open World game ဖြစ်သလို JRPG (Japan Role-Play-Game) တွေထဲမှာ မိမိ power တွေကို
upgrades လုပ်လို့ရမယ် နောက်ပြီး လူဆိုးနိုမ်နှင်းဖို့ Quests တွေကိုလဲ
လိုက်လံဖြေရှင်းတိုက်ခိုက်ရအုံးမှာဖြစ်ပါတယ်။

ဒီ Gravity Rush လေးဟာ Game Reactor တွေရဲ့ 10/10 အထိရခဲ့တဲ့ Vita Game လေးပဲဖြစ်ပါတယ်။ ဒါကြောင့် PS Vita ပိုင်ရှင် သစ်တွေနှင့် Gravity Rush မကစားရသေးတဲ့ Vita ပိုင်ရှင် Gamer တို့ မဖြစ်မနေ ဝယ်ဆော့ရမဲ့Game ကောင်းလေးဖြစ်ကြောင်း MMGF admins တွေထဲ့က တစ်ယောက်ဖြစ်သူကျနော် ------ #Nathan ကနေ ဒီGame လေးကစားပါလို့ပြောချင်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်နှစ်သက်စွာ ကစားပြီး ကိုယ်တိုင် Screen Shoot ရိုက်ထားတဲ့ Gravity Rush လေးလဲဖြစ်တာမို့လို့ပါ .......................... ဟဲဟဲ



Zawgyi

Gravity Rush------PS Vita (Review__Story & Gameplay)









No comments:

Post a Comment