Saturday, May 31, 2014

Contract War Review

 


 ကျွန်တော်တို့ Call of Duty series တွေ Battle Field series တွေ ဆော့ပြီးရင် Multiplayer server တွေမှာ onlineဝင်ကစားလိုစိတ်တွေဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် Multiplayer ကစားဖို့က official game copy ရှိရမှာ ဖြစ်သလို လုံးဝမ lag ပဲ ကောင်းကောင်းမွန်မွန်ကစားနိုင်ဖို့ 1mb/s အင်တာနက်လိုင်းရှိဖို့ညွှန်းဆိုကြပါတယ်။ ကျွန်တော်တို့နိုင်ငံလို တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့နိုင်ငံအဖို့ Payment အခက်အခဲတွေရှိသလို Game တစ်ခုကို $50/60 ပေးဆော့ရမှာ ဈေးကြီးလွန်းလှပါတယ်။ ထို့အတူ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသာဖြစ်တာမို့ အင်တာနက်မြန်နှုန်းကလည်း အကန့်အသတ်နဲ့သာရရှိတာကြောင့် online game တွေဆော့ဖို့ဆိုတာ အတော့်ကိုခက်ခဲပါတယ်။

ဒီလိုမျိုး COD နဲ့ BF လိုမျိုး online အတွေ့အကြုံရချင်တဲ့ gamer များအနေနဲ့ Facebook ပေါ်က Contract War ဆိုတဲ့ F2P ( Free to play ) First Person Shooter game ကို စမ်းဆော့ကြည့်စေချင်ပါတယ်။

Contract War ဟာ November, 2010 ကတည်းက စတင်ဆော့ကစားနိုင်ခဲ့တာမို့ သိပြီးတဲ့သူတွေလည်းရှိမှာပါ။ Unity 3D Engine ကို အသုံးပြုထားပြီး CW မှာ မြေပုံ ၁၂ခုအတွက် ကစားဟန် ၅မျိုးရှိပြီး အမြင့်ဆုံး level ရောက်သွားရင်တော့ အပြင်လောကနဲ့အနီးစပ်ဆုံးတူအောင်ဖန်တီးထားတဲ့ Hard Core mode ဆိုတာရှိပါတယ်။ G-36c မှသည် M16 ကို အဆင့်မြှင့်တင်ထားတဲ့ Scar-L အထိပါဝင်ပြီး ယနေ့ခေတ် NATO Standard စစ်လက်နက်ပစ္စည်းအားလုံးနီးပါးပါဝင်ပါတယ်။

CW မှာ ကစားသူတွေအတွက် Carrierist နဲ့Gun Smith ဆိုတဲ့ Role ၂ ခု Scout, Assault, Destroyer နဲ့ Sniper ဆိုတဲ့ Class ၄ခုရှိပါတယ်။ ကစားသူတွေဟာ အထက်ပါ class တွေ role တွေကို အချိုးကျကျပေါင်းစပ်ပြီး လက်နက်မျိုးစုံကို ထိရောက်စွာအသုံးချနိုင်ပါတယ်။ လက်နက်တွေတော်တော်များများဟာ In-game currency ဖြစ်တဲ့ Credit( Cr ) နဲ့ဝယ်ယူရရှိနိုင်ပြီး လက်နက်တွေဟာ Far Cry မှာလိုမျိုး ပစ်ခတ်တာကြာရှည်လာတာနဲ့အမျှ ( accuracy ကျဆင်းမှု ) စတဲ့ အသုံးဝင်မှုတွေကျဆင်းလာပါတယ်။ ဒါပေမယ့် Cr တွေကိုအသုံးပြုပြီး ပြန်ပြင်ဆင်နိုင်ပါသေးတယ်။ Gold point ( GP ) ကိုတော့ တကယ့်အပြင်က ပိုက်ဆံနဲ့ဝယ်ယူနိုင်ပါတယ်။ GP ဟာ Premium သေနတ်တွေ Skill တွေ ဝယ်ယူဖို့ဖြစ်ပြီး Premium သေနတ်တွေဟာ ဘယ်တော့မှ ပြန်ပြင်စရာမလိုပါဘူး။ ကစားသူတစ်ဦးဟာ ပွဲတစ်ပွဲကို အဆုံးထိကစားရင် သတ်မှတ်ထားတဲ့ Credit နဲ့ Experience (exp) ရမှာဖြစ်ပြီး စွမ်းဆောင်ရည်အလိုက်နဲ့ ရရှိတဲ့ အဆင့်အလိုက် Cr နဲ့ Exp တွေ ထပ်ဆောင်းရရှိဦးမှာပါ။ သတ်မှတ်ထားတဲ့ Exp ပမာဏတစ်ခုကိုရောက်တာနဲ့ level တက်သွားမှာဖြစ်ပြီး Level 10 ခုတက်တိုင်း ပိုကောင်းတဲ့ Weapon set တစ်ခုကို ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။

Contract War ဟာ COD လိုမျိုး point & shoot style မဟုတ်ပဲ Tatical Shooter ဖြစ်တာကြောင့် ကျည်ကွယ် မျက်ကွယ်ရွေးချယ်မှုတွေ မိမိနှင့် ရန်သူ၏ အကွာအဝေး ၊ မိမိ၏ပစ်ခတ်မှုပုံစံ ၊ ကိုင်ဆောင်ထားသော သေနတ်အမျိုးအစား ၊ လက်နက်၏ accuracy ၊ လက်နက်၏ recoil တန်ပြန်မှု စတာတွေကို ထည့်တွက်ရတာကြောင့် ကစားသူတစ်ဦးနှင့်တစ်ဦးကြား စိန်ခေါ်မှုတွေတိုးစေပါတယ်။ ပုံမှန်အားဖြင့် ရန်သူတစ်ဦးကိုသတ်နိုင်ဖို့အတွက် သူ့ကို ၄ချက်ပဲ ထိစရာလိုပါတယ်။ ဒါပေမယ့် အနီးကပ်ပစ်ခတ်ကြရမှုတွေမှာ Fire rate နဲ့ reload speed က အဖြေပေးပါတယ်။ ကစားသူတစ်ဦးဟာ ရန်သူတွေကို ကိုယ့်အသက်မသေဆုံးစေပဲ ဆက်တိုက်သတ်နိုင်ရင် Arm Streaks ရပါတယ်။ Arm Streaks မှာ Sonar နဲ့ Motor Strike တွေပါဝင်ပါတယ်။ Sonar ဟာ နေရာချပြီးရင် radius တစ်ခုအတွင်း အချိန်အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမှုမှန်သမျှကို mini map ကနေတစ်ဆင့်မြင်ရစေပါတယ်။ ဒီအချက်ဟာ Sniper တွေ accuracy ကောင်းကောင်းပါတဲ့ သေနတ်ကိုင်ပြီး ချောင်းမြောင်းပစ်ခတ်လိုသူတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ CW မှာ Sniper တွေကို Skilled player တွေလို့အသိအမှတ်ပြု ကြပါတယ်။ ဘာလို့လဲဆိုရင် game ရဲ့ scope system ဟာ ထူးခြားလွန်းတာကြောင့် sniper တွေအနေနဲ့ ကောင်းမွန်တဲ့ ပစ်ချက်ကိုရရှိဖို့ ခက်ခဲလွန်းလို့ပါ။ လက်နက်တွေဟာ ကျည်အမျိုးအစား ၊ accuracy ၊ damage ၊ recoil ၊ ammo cap တွေ မတူတာကြောင့် အခြေအနေတိုင်းမှာ လက်နက်တွေရဲ့ စွမ်းဆောင်ရည်ဟာ တူနိုင်မှာ မဟုတ်ပါဘူး။ ကျဉ်းတဲ့ မြေပုံတွေမှာ SMG တွေက အောင်ပွဲခံပြီး ကျယ်ပြန့်တဲ့ မြေပုံတွေမှာတော့ Sniper တွေနဲ့ Assault Rifle တွေက အသာစီးရစေပါတယ်။

Contract War မှာ Player တွေအတွက် တစ်နေ့ကို Contract 3 ခုပေးပြီး အောင်မြင်အောင် လုပ်နိုင်ရင်တော့ cr နဲ့ skill point တွေပေးပါတယ်။ အချို့ခက်ခဲတဲ့ contract တွေဆိုရင် GP ပါ ပေးပါသေးတယ်။ Contract War ရဲ့ ပျော်စရာအကောင်းဆုံးကတော့ Death Match ပဲဖြစ်ပါတယ်။ မြေပုံပေါ်မှာ သတ်မှတ်ထားတဲ့ spawn point တွေရှိပြီး တွေ့သမျှလူတိုင်းဟာ ရန်သူပါ။ ရန်သူဟာ ရှေ့ကနေ ပေါ်လာနိုင်သလို နောက်ကနေလည်း ပေါ်လာနိုင်တာကြောင့် death match မှာ ဘေးကင်းမှုကို ခံစားရမှာမဟုတ်ပါဘူး။ တကယ်လို့ Death Match ကို ငြီးငွေ့လာမယ်ဆိုရင် Team Elimination ဆိုတာရှိပါသေးတယ်။ Team Elimination မှာ တစ်ဖက်ကို ကစားသမား ၁၂ ယောက်စီ ဝင်ကစားနိုင်ပြီး တစ်ကြိမ်မှာ တစ်ဖက်ကို VIP တစ်ယောက်ပေးပါတယ်။ ကစားသမားတွေဟာ မိမိဘက်က VIP ကို အစွမ်းကုန်ကာကွယ်ရမှာဖြစ်ပြီး တစ်ဖက်အဖွဲ့ကတော့ VIP ကို သတ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Kill count ရတဲ့အဖွဲ့က အနိုင်ရမှာဖြစ်ပါတယ်။ ဒီ ၂ မျိုးအပြင် တခြား game mode တွေလည်းရှိပါသေးတယ်။

Contract War ဟာ Free to play ဖြစ်ပြီး ရုပ်ထွက်ပိုင်းမှာတော့ COD game တွေ ကို မသာရင်တောင်မှ မနိမ့်ကျလောက်တဲ့အနေအထားပါ။ F2P game တစ်ခုအနေနဲ့ Publisher မရှိပဲ ဒီလိုအရည်အချင်းမျိုးပိုင်ဆိုင်ထားနိုင်တာက အထင်ကြီးစရာတစ်ချက်ပါပဲ။Contract War ဟာ Unity 3D Engine ကို အသုံးပြုထားပြီး ဘာမှ download လုပ်စရာမလိုပဲ ဆော့ကစားနိုင်ပါတယ်။ အင်တာနက်အမြန်နှုန်းအနေနဲ့လည်း 60kb/s to 100kb/s ရရင် ကစားနိုင်တာမို့ အဆင်ပြေမှာပါ။ Contract War မှာ Premium Skill တွေ သေနတ်တွေပါဝင်သော်ငြားလည်း ကိုင်ဆောင်သူအပေါ်မှာသာ မူတည်တဲ့အတွက် game ရဲ့ အတွေ့အကြုံကို တခြား F2P game တွေမှာလိုမျိုး Premium content တွေက ဖျက်ဆီးပစ်တာမျိုးမရှိတာက သူ့ရဲ့ကောင်းမွန်တဲ့ အချက်တစ်ချက်ပါပဲ။

တကယ်လို့ကစားချင်တယ်ဆိုရင်တော့ အောက်ပါ link ကနေ သွားနိုင်ပါတယ်။ ^_^

https://apps.facebook.com/contractwars/?fb_source=timeline

~|Genie_zin|~

#Genie_zin


 

Zawgyi

 

ကြ်န္ေတာ္တို ့ Call of Duty series ေတြ Battle Field series ေတြ ေဆာ့ၿပီးရင္ Multiplayer server ေတြမွာ online၀င္ကစားလိုစိတ္ေတြၿဖစ္ၾကပါလိမ့္မယ္။ ဒါေပမယ့္ Multiplayer ကစားဖို ့က official game copy ရွိရမွာ ၿဖစ္သလို လံုး၀မ lag ပဲ ေကာင္းေကာင္းမြန္မြန္ကစားႏိုင္ဖို ့ 1mb/s အင္တာနက္လိုင္းရွိဖို ့ညႊန္းဆိုၾကပါတယ္။ ကြ်န္ေတာ္တို ့ႏိုင္ငံလို တစ္ဦးခ်င္း၀င္ေငြနည္းပါးတဲ့ႏိုင္ငံအဖို ့ Payment အခက္အခဲေတြရွိသလို Game တစ္ခုကို $50/60 ေပးေဆာ့ရမွာ ေစ်းၾကီးလြန္းလွပါတယ္။ ထို ့အတူ ဖြံ ့ၿဖိဳးဆဲႏိုင္ငံတစ္ခုသာၿဖစ္တာမို ့ အင္တာနက္ၿမန္ႏွဳန္းကလည္း အကန္ ့အသတ္နဲ ့သာရရွိတာေၾကာင့္ online game ေတြေဆာ့ဖို ့ဆိုတာ အေတာ့္ကိုခက္ခဲပါတယ္။

ဒီလိုမ်ိဳး COD နဲ ့ BF လိုမ်ိဳး online အေတြ ့အၾကံဳရခ်င္တဲ့ gamer မ်ားအေနနဲ ့ Facebook ေပၚက Contract War ဆိုတဲ့ F2P ( Free to play ) First Person Shooter game ကို စမ္းေဆာ့ၾကည့္ေစခ်င္ပါတယ္။

Contract War ဟာ November, 2010 ကတည္းက စတင္ေဆာ့ကစားႏိုင္ခဲ့တာမို ့ သိၿပီးတဲ့သူေတြလည္းရွိမွာပါ။ Unity 3D Engine ကို အသံုးၿပဳထားၿပီး CW မွာ ေၿမပံု ၁၂ခုအတြက္ ကစားဟန္ ၅မ်ိဳးရွိၿပီး အၿမင့္ဆံုး level ေရာက္သြားရင္ေတာ့ အၿပင္ေလာကနဲ ့အနီးစပ္ဆံုးတူေအာင္ဖန္တီးထားတဲ့ Hard Core mode ဆိုတာရွိပါတယ္။ G-36c မွသည္ M16 ကို အဆင့္ၿမွင့္တင္ထားတဲ့ Scar-L အထိပါ၀င္ၿပီး ယေန ့ေခတ္ NATO Standard စစ္လက္နက္ပစၥည္းအားလံုးနီးပါးပါ၀င္ပါတယ္။

CW မွာ ကစားသူေတြအတြက္ Carrierist နဲ ့Gun Smith ဆိုတဲ့ Role ၂ ခု Scout, Assault, Destroyer နဲ ့ Sniper ဆိုတဲ့ Class ၄ခုရွိပါတယ္။ ကစားသူေတြဟာ အထက္ပါ class ေတြ role ေတြကို အခ်ိဳးက်က်ေပါင္းစပ္ၿပီး လက္နက္မ်ိဳးစံုကို ထိေရာက္စြာအသံုးခ်ႏိုင္ပါတယ္။ လက္နက္ေတြေတာ္ေတာ္မ်ားမ်ားဟာ In-game currency ၿဖစ္တဲ့ Credit( Cr ) နဲ ့၀ယ္ယူရရွိႏိုင္ၿပီး လက္နက္ေတြဟာ Far Cry မွာလိုမ်ိဳး ပစ္ခတ္တာၾကာရွည္လာတာနဲ ့အမွ် ( accuracy က်ဆင္းမွဳ ) စတဲ့ အသံုး၀င္မွဳေတြက်ဆင္းလာပါတယ္။ ဒါေပမယ့္ Cr ေတြကိုအသံုးၿပဳၿပီး ၿပန္ၿပင္ဆင္ႏိုင္ပါေသးတယ္။ Gold point ( GP ) ကိုေတာ့ တကယ့္အၿပင္က ပိုက္ဆံနဲ ့၀ယ္ယူႏိုင္ပါတယ္။ GP ဟာ Premium ေသနတ္ေတြ Skill ေတြ ၀ယ္ယူဖို ့ၿဖစ္ၿပီး Premium ေသနတ္ေတြဟာ ဘယ္ေတာ့မွ ၿပန္ၿပင္စရာမလိုပါဘူး။ ကစားသူတစ္ဦးဟာ ပြဲတစ္ပြဲကို အဆံုးထိကစားရင္ သတ္မွတ္ထားတဲ့ Credit နဲ ့ Experience (exp) ရမွာၿဖစ္ၿပီး စြမး္ေဆာင္ရည္အလိုက္နဲ ့ ရရွိတဲ့ အဆင့္အလိုက္ Cr နဲ ့ Exp ေတြ ထပ္ေဆာင္းရရွိဦးမွာပါ။ သတ္မွတ္ထားတဲ့ Exp ပမာဏတစ္ခုကိုေရာက္တာနဲ ့ level တက္သြားမွာၿဖစ္ၿပီး Level 10 ခုတက္တိုင္း ပိုေကာင္းတဲ့ Weapon set တစ္ခုကို ၀ယ္ယူခြင့္ရမွာၿဖစ္ပါတယ္။

Contract War ဟာ COD လိုမ်ိဳး point & shoot style မဟုတ္ပဲ Tatical Shooter ၿဖစ္တာေၾကာင့္ က်ည္ကြယ္ မ်က္ကြယ္ေရြးခ်ယ္မွဳေတြ မိမိႏွင့္ ရန္သူ၏ အကြာအေ၀း ၊ မိမိ၏ပစ္ခတ္မွဳပံုစံ ၊ ကိုင္ေဆာင္ထားေသာ ေသနတ္အမ်ိဳးအစား ၊ လက္နက္၏ accuracy ၊ လက္နက္၏ recoil တန္ၿပန္မွဳ စတာေတြကို ထည့္တြက္ရတာေၾကာင့္ ကစားသူတစ္ဦးႏွင့္တစ္ဦးၾကား စိန္ေခၚမွဳေတြတိုးေစပါတယ္။ ပံုမွန္အားၿဖင့္ ရန္သူတစ္ဦးကိုသတ္ႏိုင္ဖို ့အတြက္ သူ ့ကို ၄ခ်က္ပဲ ထိစရာလိုပါတယ္။ ဒါေပမယ့္ အနီးကပ္ပစ္ခတ္ၾကရမွဳေတြမွာ Fire rate နဲ ့ reload speed က အေၿဖေပးပါတယ္။ ကစားသူတစ္ဦးဟာ ရန္သူေတြကို ကိုယ့္အသက္မေသဆံုးေစပဲ ဆက္တိုက္သတ္ႏိုင္ရင္ Arm Streaks ရပါတယ္။ Arm Streaks မွာ Sonar နဲ ့ Motor Strike ေတြပါ၀င္ပါတယ္။ Sonar ဟာ ေနရာခ်ၿပီးရင္ radius တစ္ခုအတြင္း အခ်ိန္အတိုင္းအတာတစ္ခုအထိ လွဳပ္ရွားမွဳမွန္သမွ်ကို mini map ကေနတစ္ဆင့္ၿမင္ရေစပါတယ္။ ဒီအခ်က္ဟာ Sniper ေတြ accuracy ေကာင္းေကာင္းပါတဲ့ ေသနတ္ကိုင္ၿပီး ေခ်ာင္းေၿမာင္းပစ္ခတ္လိုသူေတြအတြက္ အလြန္အေထာက္အကူၿပဳပါတယ္။ CW မွာ Sniper ေတြကို Skilled player ေတြလို ့အသိအမွတ္ၿပဳ ၾကပါတယ္။ ဘာလို ့လဲဆိုရင္ game ရဲ ့ scope system ဟာ ထူးၿခားလြန္းတာေၾကာင့္ sniper ေတြအေနနဲ ့ ေကာင္းမြန္တဲ့ ပစ္ခ်က္ကိုရရွိဖို ့ ခက္ခဲလြန္းလို ့ပါ။ လက္နက္ေတြဟာ က်ည္အမ်ိဳးအစား ၊ accuracy ၊ damage ၊ recoil ၊ ammo cap ေတြ မတူတာေၾကာင့္ အေၿခအေနတိုင္းမွာ လက္နက္ေတြရဲ ့ စြမ္းေဆာင္ရည္ဟာ တူႏိုင္မွာ မဟုတ္ပါဘူး။ က်ဥ္းတဲ့ ေၿမပံုေတြမွာ SMG ေတြက ေအာင္ပြဲခံၿပီး က်ယ္ၿပန္ ့တဲ့ ေၿမပံုေတြမွာေတာ့ Sniper ေတြနဲ ့ Assault Rifle ေတြက အသာစီးရေစပါတယ္။

Contract War မွာ Player ေတြအတြက္ တစ္ေန ့ကို Contract 3 ခုေပးၿပီး ေအာင္ၿမင္ေအာင္ လုပ္ႏိုင္ရင္ေတာ့ cr နဲ ့ skill point ေတြေပးပါတယ္။ အခ်ိဳ ့ခက္ခဲတဲ့ contract ေတြဆိုရင္ GP ပါ ေပးပါေသးတယ္။ Contract War ရဲ ့ ေပ်ာ္စရာအေကာင္းဆံုးကေတာ့ Death Match ပဲၿဖစ္ပါတယ္။ ေၿမပံုေပၚမွာ သတ္မွတ္ထားတဲ့ spawn point ေတြရွိၿပီး ေတြ ့သမွ်လူတိုင္းဟာ ရန္သူပါ။ ရန္သူဟာ ေရွ ့ကေန ေပၚလာႏိုင္သလို ေနာက္ကေနလည္း ေပၚလာႏိုင္တာေၾကာင့္ death match မွာ ေဘးကင္းမွဳကို ခံစားရမွာမဟုတ္ပါဘူး။ တကယ္လို ့ Death Match ကို ၿငီးေငြ ့လာမယ္ဆိုရင္ Team Elimination ဆိုတာရွိပါေသးတယ္။ Team Elimination မွာ တစ္ဖက္ကို ကစားသမား ၁၂ ေယာက္စီ ၀င္ကစားႏိုင္ၿပီး တစ္ၾကိမ္မွာ တစ္ဖက္ကို VIP တစ္ေယာက္ေပးပါတယ္။ ကစားသမားေတြဟာ မိမိဘက္က VIP ကို အစြမ္းကုန္ကာကြယ္ရမွာၿဖစ္ၿပီး တစ္ဖက္အဖြဲ ့ကေတာ့ VIP ကို သတ္ဖို ့ၾကိဳးစားရမွာၿဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ Kill count ရတဲ့အဖြဲ ့က အႏိုင္ရမွာၿဖစ္ပါတယ္။ ဒီ ၂ မ်ိဳးအၿပင္ တၿခား game mode ေတြလည္းရွိပါေသးတယ္။

Contract War ဟာ Free to play ၿဖစ္ၿပီး ရုပ္ထြက္ပိုင္းမွာေတာ့ COD game ေတြ ကို မသာရင္ေတာင္မွ မနိမ့္က်ေလာက္တဲ့အေနအထားပါ။ F2P game တစ္ခုအေနနဲ ့ Publisher မရွိပဲ ဒီလိုအရည္အခ်င္းမ်ိဳးပိုင္ဆိုင္ထားႏိုင္တာက အထင္ၾကီးစရာတစ္ခ်က္ပါပဲ။Contract War ဟာ Unity 3D Engine ကို အသံုးၿပဳထားၿပီး ဘာမွ download လုပ္စရာမလိုပဲ ေဆာ့ကစားႏိုင္ပါတယ္။ အင္တာနက္အၿမန္ႏွဳန္းအေနနဲ ့လည္း 60kb/s to 100kb/s ရရင္ ကစားႏိုင္တာမို ့ အဆင္ေၿပမွာပါ။ Contract War မွာ Premium Skill ေတြ ေသနတ္ေတြပါ၀င္ေသာ္ၿငားလည္း ကိုင္ေဆာင္သူအေပၚမွာသာ မူတည္တဲ့အတြက္ game ရဲ ့ အေတြ ့အၾကံဳကို တၿခား F2P game ေတြမွာလိုမ်ိဳး Premium content ေတြက ဖ်က္ဆီးပစ္တာမ်ိဳးမရွိတာက သူ ့ရဲ ့ေကာင္းမြန္တဲ့ အခ်က္တစ္ခ်က္ပါပဲ။

တကယ္လို ့ကစားခ်င္တယ္ဆိုရင္ေတာ့ ေအာက္ပါ link ကေန သြားႏိုင္ပါတယ္။ ^_^

https://apps.facebook.com/contractwars/?fb_source=timeline

~|Genie_zin|~

#Genie_zin

No comments:

Post a Comment