Friday, May 18, 2018

God of War Review < Spoiler include >

 

God of War 3 ပြီးကတည်းက SantaMonica ပျောက်ချင်းမလှ ပျောက်သွားတာ E3 2016 မှာ New God of War Gameplay Demo နဲ့ ပေါ်ချလာရော ဝေါကနဲ့ ပရိတ်သက်တွေ လက်ခုတ်တီး အားပေးကြတာ ရုံတစ်ခုလုံး အသံလှိုင်ထွက်သွားတာပဲ .... ထူးခြားတာက အရင် God of War လိုကစားတဲ့ပုံစံမျိုးမဟုတ်ပဲ Third Person Shooter စတိုင် Action RPG စတိုင် ဖြစ်နေတာပါပဲ စစ ပြတုန်းက တချို့ကလဲ မကြိုက်ဖူး တစ်ချို့ကလဲ ကြိုက်တယ် နဲ့ အငြင်းအခုန်ဖြစ်နေကြရာကနေ ၂၀၁၈ ဧပရယ် ၂၀ မှာ God of War ထွက်လာပြီ 10 out of 10 ratingနဲ့ Game media Game လောကတစ်ခု လွှမ်းခြုံလိုက်တဲ့အပြင် အခုဆို world wide 3 Million sale အထိ ရောင်းရကြောင်း သိရပါတယ်။

  New God of War မှာတော့ Kratos ဟာ သားတစ်ယောက်ရနေပါပြီ။ Atreus လို့ခေါ်တဲ့ ၁၀ ကျော်သက်အရွယ် ခပ်ဆိုးဆိုးကောင်လေးပေါ့ ပြောစကားနားမထောင်ပဲ ခြေသွက်လက်သွက်လုပ်တတ်တဲ့ အကျင့်လေးကြောင့် Kratos ဒေါသထွက်ရပြီး ထိန်းသိမ်းရတာလည်း ခဏခဏ XD. Kratos တို့ သားအဖ နှစ်ယောက်က ဆုံးသွားတဲ့ Atreus ရဲ့အမေဖြစ်သူ Faye ရဲ့ပြာတွေကို highest peak of the nine realms မှာ သွားကြဲဖို့ ပြောခဲ့ပါတယ်။ Kratos က အရင်တုန်းကလို ကြမ်းတမ်းနေလားဆိုတော့ ကြမ်းတမ်းနေတဲ့သူမဟုတ်တော့ဘူး ..... သားဖြစ်သူကို ချော့တလှဲ့ ငေါက်တစ်လှဲ့နဲ့ ခရီးအတူထွက်ဖို့ ဂိမ်း အစပိုင်းမှာ ပြင်ဆင်ပေးနေတာကို တွေ့ရပါမယ်။ ဒီလိုမျိုး ပြင်ဆင်ပေးနေရင်းနဲ့ တနေ့မှာ မဖိတ်ခေါ်ထားတဲ့ လူစိမ်းဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ် အဲ့မှာ First Boss battle ချရမှာဖြစ်ပြီး အရင်တုန်းကလိုမသန်စွမ်းတော့ဘူးလို့ ထင်ရတဲ့ Kratos က ဝုန်းဒိုင်းကြမ်းပစ်တာကို သွေးသံရဲရဲနဲ့ မြင်တွေ့ရတော့တာပါပဲ။ ထို့နောက် Kratos နဲ့ သားဖြစ်သူ Atreus တို့ nine Realms ကိုမဖြစ်မနေထွက်ရပါတော့တယ် ဘာလို့လဲဆိုတော့ မဖိတ်ခေါ်ပဲ ရောက်လာခဲ့တဲ့ သူစိမ်းဧည့်သည်က သူတို့နေအိမ်လေးကို သိသွားပြီလေ ပြီးတော့ Faye ရဲ့ နောက်ဆုံးဆန္ဒကိုလဲ ဖြည့်ဆည်းပေးရအုံးမှာလေ .... 

ခရီးမှာ the best dad of 2018 လို့ပြောလို့ရတယ် Kratos က သားဖြစ်သူကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပညာသင်ပေးလိုက် ရန်ဖြစ်လိုက်နဲ့ XD . . . Kartos က Atreus ကို Boy လို့ပဲ ခရီးတစ်လျှောက်လုံးခေါ်တယ် တစ်ခါတစ်လေမှ Atreus တို့ son တို့ခေါ်တယ် ..... Kratos new Voice actor ရဲ့ အသံက တော်တော် ကောင်းတယ်ပြောရမလားပဲ သူ့အသံမာမာက တော်တော် နားထောင်လို့ကောင်းတယ် .... ဒီ ဂိမ်း မှာ Blade of Chaos မကိုင်ပဲ Leviathan လို့ခေါ်တဲ့ axe ကို သုံးပြီး တိုက်ခိုက်ရမှာပါ။ Leviathan Axe က Blade of Chaos ( BOC ) မှကြိုက်တယ်ဆိုသူတွေတောင် မငြင်းရက်လောက်အောင် ကောင်းပါတယ် Light attack, Heavy attack တွေရတဲ့ အပြင် Leviathan Axe ကို ကိုင်ပေါက်ပြီး ပြန်လှမ်းခေါ်ရတဲ့ အရသာက တော်တော်လေးကိုမိုက်တာ another version of thor hammer လို့ ပြောရမလားပဲ XD . . . 

အခုကစပြီး spoiler တွေ ပါလာပါတော့မယ် . . . . ကြိုပြောထားတာ ..... ဒီလိုနဲ့ လမ်းခုလက်မှာ Bork လိုခေါ်တဲ့ smith လုပ်သူနဲ့ တွေ့ပါမယ် Leviathan Axe က Bork တို့ညီအကို လုပ်ထားတာဖြစ်ကြောင်ပြောပြီး အဲ့မှာ Leviathan Axe က upgrade လုပ်ခွင့်ရမှာဖြစ်ပါတယ် .... Bork တို့ ညီအကို ရှိတဲ့ နေရာတိုင်းမှာ weapon, armor စတာတွေကို upgrade လုပ်သွားနိုင်မှာဖြစ်ပါတယ်။ Gow ကစားပြီဆိုရင် mission ကို တိုက်ရိုက် မသွားပဲ လမ်းမှာ ရှိရှိသမျှ chest box, item, Lore စတာတွေကို explore လုပ်ပြီးမှ သွားရင် weapon, armor upgrade ရာမှာ တော်တော်လေးကို အသုံးတည့်ပါတယ်။ god of war ရဲ့ Gameplay က အရင် god of war လိုမဟုတ်တော့ဘူး ခုန်ရတာမပါတော့ဘူး လိမ့်ရတာတွေ အများကြီး လုပ်ရပါတယ် Gave me a challenge နဲ့ ကျနော်ကစားတာ အခေါက်ပေါင်းများစွာသေပါတယ် XD . . . . shield က အရင်တုန်းကလို ဘေးနဲ့ နောက်မကာပါဘူး အရှေ့တည့်တည့်ပဲ ကာတာကြောင့် shield သုံးရင်းနဲ့လဲ လှိမ့်သင့်ရင် လိမ့်ရပါတယ်။ Spartan Rage က အရင်ဂိမ်းတုန်းကဆို Blade of Chaos နဲ့ တွဲသုံးရပါတယ် ဒီမှာကတော့ hand on hand combact ဖြစ်သွားပါတယ် ကျနော် spartan rage ကို Health တက်ဖို့အတွက်ပဲ အသုံးများတယ် ဟီးဟီး ... Atreus ကလဲ တော်တော်အသုံး၀င်တဲ့ ကလေးတစ်ယောက်ပါ။ combat တွေမှာ သူ့ရဲ့ မြှားတွေက တော်တော်ထိရောက်ပါတယ် . . နောက်ဆုံးနားမှာရတဲ့ shock arrow က တော်တော်လေးအထောက်အကူပြုပါတယ် ... လမ်းခုလတ်မှာ Lake of Nine ကို ရောက်သွားရင် World Serpent ကြီးနဲ့ တွေ့ပါမယ် ပြီးရင် highest peak of the nine realms ကို သွားဖို့ရာ Realm တစ်ခုနဲ့ တစ်ခု လိုအပ်တဲ့ mission တွေ ရလာမှာဖြစ်ပါတယ်။ Lake of Nine မှာ explore လုပ်ကို လုပ်ရမှာပါ မလုပ်ပဲ story တိုက်ရိုက် သွားလို့ရပေမဲ့ lake of Nine မှာ explore လုပ် chest တွေ ရှာ Lore တွေ ဖတ် puzzle တွေ ဖြေရှင်း၊ သားကို ပုံပြင်လေးတွေပြောပြတဲ့ပုံမျိုးနဲ့ ဆော့ရတာမို့ လုံး၀ မပျင်းစေရပါဘူး။ 

အမှန်တိုင်းပြောရရင် ဒီ god of war က God of War 3 ရဲ့ အဆက်ပါ. . . ဟုတ်ကဲ့ . . . . Kratos မသေပါဘူး Midgard မှာ မိန်းမရ ကလေးရပြီး low profile အနေနဲ့ နေနေတာပါ။ ပြီးတော့ ဒီ god of war က လုံး၀ plot of the game ဖြစ်သေးတာကြောင့် God of war 3 လို Large skill boss battle ကြီးတွေ အများကြီး မမျှော်လင့်ထားပါနဲ့ . . . ဒါပေမဲ့ 2 big boss battle ပါတာကြောင့် စိတ်ချမ်းသာရပါတယ်။ Blade of Chaos ပြန်ရတဲ့အခန်းကနေစပြီး Blade of choas ပဲ ကျနော် ဆက်တိုက် ချနေမိတယ် ကိုယ်တိုင်ကကို BOC fan ဖြစ်နေတော့ Leviathan Axe ကိုပြန်မသုံးဖြစ်တော့ဘူး BOC က အရင်တုန်းက movement တွေ တော်တော်များများ skill upgrade မှာ ထည့်ပေးထားတာကို တွေ့ရတယ်။
 

ဒီ God of war မှာ Gameplay, sound track, Graphic ဘာတစ်ခုမှ အပြစ်ပြောစရာမရှိဘူး။ PS4 pro မှာ Graphic mod နဲ့ပဲ ကစားတာကြောင့် 4K HDR နဲ့ Norse Mythology ကို ကောင်းကောင်းခံစားရခဲ့ပါတယ်။ 30FPS lock ဖြစ်ပေမဲ့ တစ်ချက် တစ်ချက် FPS 25 27 လောက်ထိ တစ်ခါတစ်လေ ထိုးကျတာလေးတွေ ရှိပါတယ်။ God of War နောက်ဆုံးအခန်းပြီးရင် အိမ်ပြန်လိုက်ပါ။ True ending ကို ရရှိမှာဖြစ်ပါတယ်။ အဲ့ကျမှ ခေါင်းထဲ မေးခွန်းတွေ တစ်ပုံကြီး ၀င်လာလိမ့်မယ် XD နောက်တစ်ခုက Valkyrie တွေ အကုန် လိုက်သတ်ပါ။ အဲ့မှာ တစ်ခုသိလာရပါလိမ့်မယ်။ God of War ခေါ် God of War 4 ဟာ တကယ်ကိုပဲ 10 out of 10 ဖြစ်တဲ့ ဂိမ်းကောင်းတစ်ခုပါ။ story ကော Norse Mythology lore ကော Graphic ကော Gameplay ကော ဘာမှ အနာအဆာမရှိဘူးလို့ ပြောလို့ရပါတယ်။ Game story ကိုက 25 နာရီလောက် ကြာမြင့်မှာဖြစ်ပြီ side quest , explore တွေ ၁၀၀% ရဖို့ ကစားမယ်ဆို 100hour အထက် ကစားမှ ရနိုင်မှာဖြစ်ပါတယ်။ New game plus ရယ်လို့မပါပေမဲ့ ဂိမ်းပြီးရင် explore လုပ် mission တွေလုပ်ဖို့ အတွက် လက်ရှိတင်ထားတဲ့ weapon armor level တွေနဲ့ သွားပြီစ ချလို့ရပါတယ်။ PS4 တစ်လုံးရှိပြီဆိုမှ god of war မကစားဘူးဆိုရင် PS4 ကြီး လွှင့်ပစ်လိုက်ပါလို့ပဲ ကျနော်ပြောလိုက်ချင်ပါတော့တယ် XD စကားမစပ် God of War Director က 5 more game လုပ်ဖို့ ရည်ရွက်ချက်ရှိကြောင်း ပြောသွားပါတယ်။
Article Writer - Jame
မေ ၁၈ ၂၀၁၈

Zawgyi 

God of War Review < Spoiler include >

============================




Article Writer - Jame
မေ ၁၈ ၂၀၁၈

No comments:

Post a Comment