Monday, May 7, 2018

God of War Review


Personal rating 9/10 

God of War ဆိုရင် Playstation 2 Era ထဲကအားလုံးရင်းနီးပြီးသားဖြစ်ကြပါလိမ့်မယ်။ Greek Mythology ကရှိသမျှ နတ်ဘုရားတွေနဲ့ ပိုးဆိုးပက်ဆက်တိုက်ခိုက် သတ်ဖြတ်ရတဲ့ Game ဖြစ်ပါတယ်။ အရမ်းကောင်းလွန်းလို့ ဆုတွေလည်း မနဲ ရခဲ့တဲ့ Game တစ်ခုပါ။ ကျွန်တော် ၉တန်းတက်နေတဲ့နှစ်လောက်ကဖြစ်မယ် ဒီ Game ကိုစွဲစွဲလန်းလန်း အိမ်မှာကော သူငယ်ချင်းတွေနဲ့ဆိုင်မှာရော ဆော့ဖြစ့်ခဲ့တဲ့ Game ပါ။ ၁၈+ Game ကို အသက် ၁၅ နှစ်လောက်နဲ့ဆော့ခဲ့တယ်ဆိုပါတော့။ XD


အခုကတော့ Greek Mythology က နတ်ဘုရားတွေကို အကုန်အပြုတ်ဖြုတ်ပြီးတော့ ပြီးပြီထင်ထားတဲ့ ဇာတ်လမ်းကို အခု 2018 မှာပြန်အသက်သွင်းလိုက်တော့ အရမ်းကိုဝမ်းသာမိတာပေါ့။ ဒီတစ်ခါကတော့ Greek မဟုတ်တော့ဘူးဗျ။ Kratos တစ်ယောက် Norse Mythology ကိုရောက်လာပါပြီ။ Norse Mythology ကတော့ Odin တို့ Thor တို့ Loki တို့စတဲ့ God တွေရှိတဲ့နေရာပါ။ Marvel က Avenger ဇာတ်ကားတွေကြည့်ထားကြတော့ ဒီ နတ်ဘုရားနံမည်တွေနဲ့တော့ မစိမ်းဘူးလို့ထင်ပါတယ်။ Norse Mythology မှာ Kratos ကြီးတစ်ယောက် ဘယ်လိုပွဲကြမ်းမလဲကတော့ ကိုယ့်ဟာကိုယ်သာပြီးအောင်ဆော့ကြပေတော့ဗျို့ ။

 Rating Given and personal thought
------------------------------------
ကျွန်တော်အနေနဲ့ကတော့ တော်တော်လေးကြိုက်ပါတယ်။ ဒါပေမယ့်သိပ်အားမရတဲ့ အပိုင်းတွေရှိတယ်။ အဲ့ဒါတော့ အောက်ကျဆက်ရေးတာပေါ့။ Gameplay ကတော့လုံး၀ အရင်နဲ့မတူတော့ပါဘူး။ တော်တော်လေးလဲပုံမှန်ထက် ခက်ခက်ခဲခဲလေး ဆော့ရအောင်လုပ်ထားတော့ Challenging ဖြစ်တယ်ခံစားရပါတယ်။ Side Mission တွေကိုပိုပြီးခက်အောင်လုပ်ထားတယ်။ နောက်ဆုံး Epic Armor set ကိုတော့ Darksoul တို့ Nioh တို့ လိုမျိုး style လုပ်ထားတယ်။ ရန်သူတွေကိုချတယ် ဒါပေမယ့် သတ်မှတ်ထားတဲ့နေရာမှာ သွားပြန်မထားပဲ သေသွားရင် စုထားသမျှ Mist Echo တွေအကုန်ပြောင်သွားတယ်။ စိတ်ဒုက္ခပေးတယ်ထင်ရင်တော့ မဆော့လို့လဲဖြစ်ပါတယ်။ Achievement Farm ရင်တော့ မဖြစ်မနေဆော့ရမှာပေါ့။ 

အခု ဒီ God of War မှာပြောင်းသွားတာ ကတော့အများကြီးပါ။ ဒီထဲကအရင် နဲ့မတူပဲထူးထူးခြားခြားပါလာတာကတော့ သူ့သားလေးပါပဲ။ အရင်တုန်းက solo တစ်ယောက်ထဲ သွားရပေမယ်။ အခုသူ့သားနဲ့အတူတူ ခရီးစရတဲ့သဘောပေါ့. ကျွန်တော်အားမရတဲ့ အကြောင်းတွေကဒါတွေနဲ့ဆက်နေပါတယ်။ God of War First trailer စထွက်ကထဲက သူ့သားကိုစမိတ်ဆက်လိုက်တယ်။ အဲ့ကထဲကတော့ ထင်တယ် ကလေးပါလာပြီဆိုရင်တော့ လူသားစံလာရတော့မယ်ဆိုပြီးတော့ပေါ့ အရင်လိုမှ ရက်ရက်ဆက်ဆက်လုပ်ပါဦးမလားပေါ့။ အခုတော့ထင်တဲ့အတိုင်းပါပဲ Kratos တို့ အရင်ကပုံစံလားလားမှ မဟုတ်တော့ပါဘူး။ တော်တော်ကြီးကို အရင်ထက်စာရင် စိတ်ထားကအစ နူးညံ့သွားတာကိုတွေ့ရလိမ့်မယ်။ နုတာတော့နုတာပေါ့လေ။ ဇာတ်လမ်းသဘောအရ ဒီလိုပဲဖြစ်သင့်ပေမယ်။ ဆော့ရတဲ့ အခါကျတော့ နည်းနည်းလေးအား သိပ်မရဘူးဗျာ။ သတ်ရင်လည်း အလွန်းဆုံး ခေါင်းကို ပုဆိန်နဲ့ ခုတ်ပြီးသတ်ရုံလောက်ပဲ ဒီထက်ကိုဘာမှပိုမလုပ်တာ အစ အလယ် အဆုံး။ အရင်က ဆို Boss တစ်ကောင်ကိုချပြီဟေ့ဆိုရင် Finishing တွေကထပ်ကိုမထပ်တာ Hydra မျက်လုံးကြီးကို သူ့ Chain ကြိုးဓားကြီးနဲ့ဆွဲ လှေနံရံနဲ့ပြစ်တိုက်၊ ပါးစပ်တွေဆွဲဖြဲ၊ မျိုးစုံ weak အောင်လုပ်ပြီးမှကို သတ်တာ။ ဒါတောင် HYdra တစ်ကောင်ပဲရှိသေးတယ်နော်။ ဒင်းပတ်သတ်လာတာ Olympus တောင်ပေါ်က နတ်ဘုရားတွေတစ်ယောက်မှမလွတ်ဘူး။ အခုတော့ ပွဲဦးထွက် Game မို့လို့လားတော့မသိ အဲ့လိုတွေတော့မကြမ်းသေးတာတော့အမှန်ပဲ (ကလေးကလဲပါနေသေးသကိုးဗျ)
နောက်တစ်ခုကတော့ ဇာတ်လမ်းပါ။ ဒီ Game မှာက အခုမှ Norse Mythology ကိုစတင်မိတ်ဆက်တာဆိုတော့ အစပျိုးတဲ့အဆင့်လိုပဲပေါ့ ထူးထူးထွေထွေ ဇာတ်လမ်းတော့မရှိသေးပါဘူး။ လိုက်ပြီး အခုမှ God History အကျဉ်းလေးတွေ မိတ်ဆက်တဲ့အဆင့်ဆိုပါတော့လေ။ အဲ့တော့ အရမ်းတော့ နန်းမဆန်ဘူးပေါ့ဗျာ။ XD ဒါပေမယ့် နောက် Series တွေမှာတော့ ဒီထက်ပိုအားရလိမ့်မယ်လို့ထင်ပါတယ်။

ဒါကြောင့် ကျွန်တော့အတွက်ကတော့ 9/10 ပါ။ သိပ်ပြီး အားမရတဲ့အပိုင်းလေးတွေရှိလို့ပါ မဟုတ်ရင် 10/10 ပေးလို့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲပြောပြော Game of the Year စရင်းဝင်တဲ့ Game ကောင်းတစ်ခုဆိုတာကတော့ ဘယ်လိုမှ ငြင်းမရတဲ့အချက်ပါ။ ဒက်ထိမမှန်းရဲသေးဘူးဆိုတာကတော့ ကမ္ဘာ့ဝင်ငွေစံချိန်ချိုးတဲ့ Rockstar ရဲ့  Red Dead Redemption II ကရှိနေသေးလို့ပါပဲ အဲ့ဒီ Game ထွက်ပြီးပြီဆိုရင်တော့ မှန်းလို့တော့ရလောက်ပါပြီ။

Anyway, this is one of the best game for this Year and evey person who love video games should taste this awesome feel.
Have Fun,
Ed

 

Zawgyi


 

 God of War Review
--------------------
Personal rating 9/10
God of War ဆိုုရင္ Playstation 2 Era ထဲကအားလံုုးရင္းနီးျပီးသားျဖစ္ၾကပါလိမ့္မယ္။ Greek Mythology ကရွိသမွ် နတ္ဘုုရားေတြနဲ႔ ပိုုးဆိုုးပက္ဆက္တုုိက္ခိုုက္ သတ္ျဖတ္ရတဲ့ Game ျဖစ္ပါတယ္။ အရမ္းေကာင္းလြန္းလိုု႔ ဆုုေတြလည္း မနဲ ရခဲ့တဲ့ Game တစ္ခုုပါ။ ကြ်န္ေတာ္ ၉တန္းတက္ေနတဲ့ႏွစ္ေလာက္ကျဖစ္မယ္ ဒီ Game ကိုုစြဲစြဲလန္းလန္း အိမ္မွာေကာ သူငယ္ခ်င္းေတြနဲ႔ဆိုုင္မွာေရာ ေဆာ့ျဖစ့္ခဲ့တဲ့ Game ပါ။ ၁၈+ Game ကိုု အသက္ ၁၅ ႏွစ္ေလာက္နဲ႔ေဆာ့ခဲ့တယ္ဆိုုပါေတာ့။ XD 


အခုုကေတာ့ Greek Mythology က နတ္ဘုုရားေတြကိုု အကုုန္အျပဳတ္ျဖဳတ္ျပီးေတာ့ ျပီးျပီထင္ထားတဲ့ ဇာတ္လမ္းကိုု အခုု 2018 မွာျပန္အသက္သြင္းလိုုက္ေတာ့ အရမ္းကိုု၀မ္းသာမိတာေပါ့။ ဒီတစ္ခါကေတာ့ Greek မဟုုတ္ေတာ့ဘူးဗ်။ Kratos တစ္ေယာက္ Norse Mythology ကိုုေရာက္လာပါျပီ။ Norse Mythology ကေတာ့ Odin တိုု႔ Thor တိုု႔ Loki တိုု႔စတဲ့ God ေတြရွိတဲ့ေနရာပါ။ Marvel က Avenger ဇာတ္ကားေတြၾကည့္ထားၾကေတာ့ ဒီ နတ္ဘုုရားနံမည္ေတြနဲ႔ေတာ့ မစိမ္းဘူးလိုု႔ထင္ပါတယ္။ Norse Mythology မွာ Kratos ၾကီးတစ္ေယာက္ ဘယ္လိုုပြဲၾကမ္းမလဲကေတာ့ ကိုုယ့္ဟာကိုုယ္သာျပီးေအာင္ေဆာ့ၾကေပေတာ့ဗ်ိဳ႕ ။

 Rating Given and personal thought
------------------------------------
ကြ်န္ေတာ္အေနနဲ႔ကေတာ့ ေတာ္ေတာ္ေလးၾကိဳက္ပါတယ္။ ဒါေပမယ့္သိပ္အားမရတဲ့ အပိုုင္းေတြရွိတယ္။ အဲ့ဒါေတာ့ ေအာက္က်ဆက္ေရးတာေပါ့။ Gameplay ကေတာ့လံုုး၀ အရင္နဲ႔မတူေတာ့ပါဘူး။ ေတာ္ေတာ္ေလးလဲပံုုမွန္ထက္ ခက္ခက္ခဲခဲေလး ေဆာ့ရေအာင္လုုပ္ထားေတာ့ Challenging ျဖစ္တယ္ခံစားရပါတယ္။ Side Mission ေတြကိုုပိုုျပီးခက္ေအာင္လုုပ္ထားတယ္။ ေနာက္ဆံုုး Epic Armor set ကိုုေတာ့ Darksoul တိုု႔ Nioh တိုု႔ လိုုမ်ိဳး style လုုပ္ထားတယ္။ ရန္သူေတြကိုုခ်တယ္ ဒါေပမယ့္ သတ္မွတ္ထားတဲ့ေနရာမွာ သြားျပန္မထားပဲ ေသသြားရင္ စုုထားသမွ် Mist Echo ေတြအကုုန္ေျပာင္သြားတယ္။ စိတ္ဒုုကၡေပးတယ္ထင္ရင္ေတာ့ မေဆာ့လိုု႔လဲျဖစ္ပါတယ္။ Achievement Farm ရင္ေတာ့ မျဖစ္မေနေဆာ့ရမွာေပါ့။ 

အခုု ဒီ God of War မွာေျပာင္းသြားတာ ကေတာ့အမ်ားၾကီးပါ။ ဒီထဲကအရင္ နဲ႔မတူပဲထူးထူးျခားျခားပါလာတာကေတာ့ သူ႔သားေလးပါပဲ။ အရင္တုုန္းက solo တစ္ေယာက္ထဲ သြားရေပမယ္။ အခုုသူ႔သားနဲ႔အတူတူ ခရီးစရတဲ့သေဘာေပါ့. ကြ်န္ေတာ္အားမရတဲ့ အေၾကာင္းေတြကဒါေတြနဲ႔ဆက္ေနပါတယ္။ God of War First trailer စထြက္ကထဲက သူ႔သားကိုုစမိတ္ဆက္လိုုက္တယ္။ အဲ့ကထဲကေတာ့ ထင္တယ္ ကေလးပါလာျပီဆိုုရင္ေတာ့ လူသားစံလာရေတာ့မယ္ဆိုုျပီးေတာ့ေပါ့ အရင္လိုုမွ ရက္ရက္ဆက္ဆက္လုုပ္ပါဦးမလားေပါ့။ အခုုေတာ့ထင္တဲ့အတိုုင္းပါပဲ Kratos တိုု႔ အရင္ကပံုုစံလားလားမွ မဟုုတ္ေတာ့ပါဘူး။ ေတာ္ေတာ္ၾကီးကိုု အရင္ထက္စာရင္ စိတ္ထားကအစ ႏူးညံ့သြားတာကိုုေတြ႕ရလိမ့္မယ္။ ႏုုတာေတာ့ႏုုတာေပါ့ေလ။ ဇာတ္လမ္းသေဘာအရ ဒီလိုုပဲျဖစ္သင့္ေပမယ္။ ေဆာ့ရတဲ့ အခါက်ေတာ့ နည္းနည္းေလးအား သိပ္မရဘူးဗ်ာ။ သတ္ရင္လည္း အလြန္းဆံုုး ေခါင္းကိုု ပုုဆိန္နဲ႔ ခုုတ္ျပီးသတ္ရံုုေလာက္ပဲ ဒီထက္ကိုုဘာမွပိုုမလုုပ္တာ အစ အလယ္ အဆံုုး။ အရင္က ဆိုု Boss တစ္ေကာင္ကုုိခ်ျပီေဟ့ဆိုုရင္ Finishing ေတြကထပ္ကိုုမထပ္တာ Hydra မ်က္လံုုးၾကီးကိုု သူ႔ Chain ၾကိဳးဓားၾကီးနဲ႔ဆြဲ ေလွနံရံနဲ႔ျပစ္တိုုက္၊ ပါးစပ္ေတြဆြဲျဖဲ၊ မ်ိဳးစံုု weak ေအာင္လုုပ္ျပီးမွကိုု သတ္တာ။ ဒါေတာင္ HYdra တစ္ေကာင္ပဲရွိေသးတယ္ေနာ္။ ဒင္းပတ္သတ္လာတာ Olympus ေတာင္ေပၚက နတ္ဘုုရားေတြတစ္ေယာက္မွမလြတ္ဘူး။ အခုုေတာ့ ပြဲဦးထြက္ Game မိုု႔လိုု႔လားေတာ့မသိ အဲ့လိုုေတြေတာ့မၾကမ္းေသးတာေတာ့အမွန္ပဲ (ကေလးကလဲပါေနေသးသကိုုးဗ်)
ေနာက္တစ္ခုုကေတာ့ ဇာတ္လမ္းပါ။ ဒီ Game မွာက အခုုမွ Norse Mythology ကိုုစတင္မိတ္ဆက္တာဆိုုေတာ့ အစပ်ိဳးတဲ့အဆင့္လိုုပဲေပါ့ ထူးထူးေထြေထြ ဇာတ္လမ္းေတာ့မရွိေသးပါဘူး။ လိုုက္ျပီး အခုုမွ God History အက်ဥ္းေလးေတြ မိတ္ဆက္တဲ့အဆင့္ဆိုုပါေတာ့ေလ။ အဲ့ေတာ့ အရမ္းေတာ့ နန္းမဆန္ဘူးေပါ့ဗ်ာ။ XD ဒါေပမယ့္ ေနာက္ Series ေတြမွာေတာ့ ဒီထက္ပိုုအားရလိမ့္မယ္လိုု႔ထင္ပါတယ္။

ဒါေၾကာင့္ ကြ်န္ေတာ့အတြက္ကေတာ့ 9/10 ပါ။ သိပ္ျပီး အားမရတဲ့အပိုုင္းေလးေတြရွိလိုု႔ပါ မဟုုတ္ရင္ 10/10 ေပးလိုု႔ရပါတယ္။ ဒါေပမယ့္ ဘယ္လိုုပဲေျပာေျပာ Game of the Year စရင္း၀င္တဲ့ Game ေကာင္းတစ္ခုုဆိုုတာကေတာ့ ဘယ္လိုုမွ ျငင္းမရတဲ့အခ်က္ပါ။ ဒက္ထိမမွန္းရဲေသးဘူးဆိုုတာကေတာ့ ကမာၻ႔၀င္ေငြစံခိ်န္ခ်ိဳးတဲ့ Rockstar ရဲ႕  Red Dead Redemption II ကရွိေနေသးလိုု႔ပါပဲ အဲ့ဒီ Game ထြက္ျပီးျပီဆိုုရင္ေတာ့ မွန္းလိုု႔ေတာ့ရေလာက္ပါျပီ။

Anyway, this is one of the best game for this Year and evey person who love video games should taste this awesome feel.
Have Fun,
Ed

No comments:

Post a Comment