Sunday, May 14, 2017

Nier Gestalt (Spoiler include)

 


 Nier Gestalt
------------
* Everything will be SPOILER...

အမှာစာ
=====
Nier Gestalt ပထမပိုင်းရေးပြီး ဒုတိယပိုင်းကို အခုမှရေးဖြစ်တော့တယ်။ ပထမပိုင်းကတော့ Spoiler တစ်ခုမှမပါပဲ ဇာတ်လမ်းအကျဉ်းလေးကို ရေးပြီးအစပျိုးထားခဲ့တယ်။ ဒုတိယပိုင်းဟာတော့ ဇာတ်လမ်းအစမှအဆုံး တတ်နိုင်သလောက် ရှင်းထားမှာဖြစ်တဲ့အတွက် ဇာတ်လမ်းမသိလိုသူများ မဖတ်စေလို။

ပထမပိုင်း ပြန်လည်ဖော်ပြခြင်း
==================
၂၀၄၉ ခုနှစ်မှာစတင်ခဲ့ပါတယ်။ နွေရာသီဖြစ်သော်လည်း နှင်းမုန်တိုင်းကြောင့် အရာရာမှောင်မဲနေသည်။

ခေတ်ကာလမှာတော့ လက်ရှိအချိန်ခေတ်ကာလတစ်ခုအဖြစ်သော်လည်း အရာရာမှာပျက်ဆီးနေပြီး ပြိုကျမတတ်ဖြစ်နေသော စတိုးဆိုင်လေးတစ်ခုမှာ ရရာအစားသောက်များနှင့် အေးလွန်းလှတဲ့ရာသီဥတုဒဏ်ကို ခိုလုံနေရသော ဒုက္ခသည် နှစ်ဦးကိုတွေ့ရချေမည်။ နှစ်ယေက်ထဲတွင် တစ်ယောက်မှာ လူကြီးပုံစံဖြစ်ပြီး နောက်တစ်ယေက်မှာတော့ သူ၏သမီးအရွယ်ကလေးတစ်ယောက် ပဲဖြစ်လေသည်။ ၎င်းတို့ပုံစံများမှာလည်း နွမ်းဖတ်နေပြီး ပင်ပန်းမောဟိုက်နေသည်။ သမီးဖြစ်သူမှာလည်း အဆက်မပြတ်ချောင်းတွေဆိုးကာနေတော့သည်။ ထိုအချိန်မှာပဲ စတိုးဆိုင်အပြင်ဖက်မှာလည်း အရိပ်သဏ္ဍန်ရှိ သတ္တဝါကြီးတွေကစတင်တိုက်ခိုက်ရန်တစ်ရွေ့ေ့ရွလာနေပြီး စတိုးဆိုင်ပတ်ပတ်လည်ကိုဝိုင်းထားကာ ကလေးနှင့်သူ၏ဖခင်ဖြစ်သူ Nier အတွက်ပြေးစရာမြေမရှိတော့ချေ။ သို့သော်လည်း ၎င်းတို့ခိုအောင်းနေသောနေရာရဲ့ ဘေးဖက်မနီးမဝေးရှိ ကြမ်းပြင်ပေါ်က စာအုပ်တစ်အုပ်ကထူးစမ်းစွာ စကားပြောသည်ကို Nier မြင်တွေ့ရခဲ့ရသည်။ ထိုစာအုပ်က မိမိ၏မှော်စွမ်းအင်ကို ယူကာရန်သူများကိုတိုက်ခိုက်ရန်ကမ်းလှမ်းခဲ့လေသည်။ သို့သော်လည်း လောကမှာအယူသက်သက်ပဲလုပ်လိုသော်မရနိုင် ကိုယ်လိုချင်တာရဖို့အတွက်တော့ ကိုယ်ရှိရာကိုလည်း စတေးရစမြဲသာဖြစ်သည်။ မှော်စာအုပ်၏အကူအညီကိုယူဖို့ရာအတွက်တော့ Nier သည် သူ၏အသက်ကိုထိုစာအုပ်အားပေးရပေလိမ့်မည်။ ချောင်းတဟွတ်ဟွတ်ဆိုးနေသော သမီးလေးကလည်းရှိနေသေးတော့ Nier အတွက်ရွေးစရာမရှိပဲ ထိုကမ်းလှမ်းချက်ကိုလက်ခံလိုက်ပြီး မှော်စာအုပ်၏ အကူအညီဖြင့် အပြင်ကဝိုင်းထားသော သတ္တဝါများကိုတိုက်ခိုက်နှိင်ခဲ့သည်။ သို့သော်လည်း Nier တစ်ယောက်ဝမ်းမသာနိုင်ခဲ့ချေ။ အကြောင်းမှာ Nier သူ့သမီးလေးဆီပြန်ရောက်ချိန်တွင် သမီးဖြစ်သူ၏ ရောဂါဝေသနာမှာ တော်တော့်ကိုအခြေအနေဆိုးရွားနေပြီကို ရင်နှင့်မဆံအောင်တွေ့မြင်ခဲ့ရလေသည်။ အရာရာမှာလည်းတစ်ဖြေးဖြေး မှေးမှိန်ကာ ထိုမြင်ကွင်းထံမှ အမဲရောင်တိတိကျကာပျောက်ကွယ်သွားလေသည်။ ထို့နောက်မှာတော့ နှစ်ပေါင်း ၁၃၂၁ နှစ်ကြာသွားပြီးနောက်ဆိုကာ ဇာတ်လမ်းစတင်လာပါတော့သည်။
.
.
ဒုတိယပိုင်း စတင်ခြင်း
-------------------
၁၃၂၁ နှစ်ကြာသွားလေပြီ။ မြင်ကွင်းသည်စိမ်းလန်းသောမြက်ခင်းများနှင့် ချစ်စဖွယ်တောင်တန်း များမှအစချီလာသည်။ အိမ်များ အဆောက်ဦးများကတော့ ယခင်ကကဲ့သို့တိုးတက်ခြင်းမရှိတော့ပေ။ ရွာငယ်လေးသဖွယ် တည်ရှိနေပြီး လူများဟာ ရောင်းဝယ်ဖောက်ကား သွားလာလှုပ်ရှား နေကြသည်။ သို့သော်လည်း Nier အတွက်တော့ရုံးကန်နေရစဲပါ။ သူ၏ သမီးဖြစ်သူမှာလည်း ချောင်းတဟွတ်ဟွတ်ကတော့ဆိုးမြဲဆိုးဆဲပင်။ သို့သော်လည်း ယခုတွေ့မြင်ရတဲ့ အခြေအနေဟာတော့ အရင်ကလို အသက်လု ထွက်ပြေးတိမ်းရှောင် စားရမဲ့သောက်ရမဲ့ မဟုတ်ပဲ သူနှင့်သမီးဖြစ်သူ နေစရာအဆောက်ဦးလေးတစ်ခုတော့ရှိနေသေးသည်က အမြတ်ဟုပင်ဆိုရပေလိမ့်မည်။ Nier ကတော့ ရွာထဲက ရွာသူရွာသားများ လိုအပ်သည်များကို ရှာဖွေဖြည့်ဆီးပြီး အသက်မွေးရသည်။ သူ၏ဆန္ဒကတော့ သူ့သမီးလေး၏ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေချင်သည်သာဖြစ်သည်။ သမီးဖြစ်သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မည့်နည်းလမ်းကို ပေးနိုင်မည့်သူမှာ ရွာထဲတွင် ဗဟုသုတကြွယ်ဝသော Popola နှင့် Devola လို့အမည်တွင်တဲ့ အမွာညီမ ၂ ယောက်ပင်ဖြစ်နိုင်မည်ဟု Nier ကယုံကြည်ထားသည်။ သူတို့နှစ်ယောက်ဟာလည်း Nier ကို အတတ်နိုင်ဆုံး ကူညီလမ်းပြပေး ခဲ့ကြသည်။
.
တစ်နေ့သော် Nier အလုပ်မှပြန်လာချိန်တွင် သမီးဖြစ်သူအားမတွေ့ သောကြောင့် ရွာထဲနီးစပ်ရာလိုက်မေးပြီးရှာရလေသည်။ သမီးဖြစ်သူ Yonah မှာတော့ တစ်ခြားသွားသည်မဟုတ် ဖခင်၏ ပုံပြင်စံစံ ပြောကြားခဲ့သော Luna Tear အမည်ရှိတဲ့ပန်းလေးကို ပထမဆုံး ရှာတွေ့တဲ့သူဟာ ကိုယ် အလိုခြင်ဆုံး ဆုတစ်ခုကိုဖြည့်စီးနိုင်စွမ်းရှိတယ် ဟူသောစကားကြောင့်ပန်းရှာထွက်သွားခြင်းဖြစ်လေသည်။ Nier လည်းသမီးဖြစ်သူ အားလိုက်လံရှာဖွေရင်း Weiss အမည်ရှိသောမှော်စာအုပ်နှင့်တွေ့ဆုံခဲ့သည်။ ဆက်လက်ပြီး Nier နှင့် Weiss တို့အတူ Yonah ကို ရှာဖွေတွေ့ရှိပြီးကယ်တင်ခဲ့လေသည်။ ထို့နောက် Weiss အကူအညီဖြင့် Nier သည် Yonah ခံစားနေရသောရောဂါမှာ သာမာန်မဟုတ် "Black Scrawl" အမည်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပြီး "Shade" ဟုခေါ်သော အရိပ်သဏ္ဍန်ရှိသည့် သတ္တဝါများနှင့်တိုက်ရိုက် ဆက်စပ်မှုရှိနေသည် ဆိုတာကိုသိလိုက်ရသည်။ ဒါကြောင့် Nier သည် အရိပ်သဏ္ဍန်ရှိသည့် သတ္တဝါများကို အမြစ်ပြတ်ခြေမှုန်းပါက သူ၏သမီးရောဂါပျောက်ကင်းမည်ဟု သိရှိလိုက်ကာ မှော်စာအုပ် Weiss နှင့် ၂ယောက်သား ခရီးကြမ်းကိုစတင်ဆက်လေသည်။
.
ခရီးလမ်းတွင် Main Character တစ်ဦးဖြစ်သော Kaine အမည်တွင်သည့် မိန်းကလေးတစ်ဦးနှင့်စတင်ဆုံတွေ့ခဲ့သည်။ Kaine သည်ရုပ်ချော စိတ်ထားကောင်းသော်လည်း အပြောအဆိုမှာတော့အင်မတန်ဆိုးသူဖြစ်သည်။ ထို့နောက် များမကြာမီ Emil အမည်ရှိသည် ကောင်လေးတစ်ယောက်နှင့် ရင်းနှီးခဲ့သည်။ Emil မှာတော့သူ၏မျက်လုံးများကိုအဝတ်ဖြင့်စီးထားရသည်။ အကြောင်းမှာ သူ၏မျက်စိဖြင့်အကြည့်ခံရသည့်သူတိုင်း ကျောက်ရုပ်အဖြစ်သို့ပြောင်းသွားသောကြောင့်ဖြစ်ပေသည်။ ဤသို့ဖြင့် Nier, Grimoire Weiss, Kaine, Emil တို့သည် ကပ်ရောဂါများကို အမြစ်ပြတ်ပြောက်ကင်းစေရန် ရည်ရွယ်ချက်ဖြင့် Shade သတ္တဝါများကို နှိမ်နင်းကာ ခရီးဆက်ခဲ့ကြသည်။
.
ဇာတ်လမ်းအားလုံးစတင်အသက်ဝင်သည့်အချိန်ဟုဆိုရပေမည်။ မမျှော်လင့်ထားသော အချက်တစ်ခုစတင်ဖြစ်ချေပြီ။ Nier တို့ရွာလေးအား ပြန်ရောက်ချိန်တွင် Shade သတ္တဝါများကကြူးကျော်ဝင်ရောက်နှင့်လေပြီ။ လူများလည်း အသက်လုပြေးနေကြသည်ကိုတွေ့ခဲ့ရသည်။ Nier မှာလည်းသူ၏သမီးလေးကို အင်မတန်စိတ်ပူရလေပြီ။ ထို့နောက် ဧရာမ Shade သတ္တဝါကြီးတစ်ကောင်ကို တိုက်ခိုက်ပြီး စာကြည့်တိုက်အောက်တွင် ချုပ်နှောင်ဖို့အတွက်ကို အားလုံးဝိုင်းဝန်းတိုက်ခိုက်ကြပြီး Kaine ကမိမိကိုပါစတေးကာ Emil အား ၎င်း၏ မျက်စိအစွမ်းကိုသုံး၍ အရာအားလုံးကို ကျောက်အတိဖြစ်စေကာသတ္တဝါကြီးကို ချုုပ်စေခဲ့သည်။ ထို့နောက် Kaine ကိုပါကျောက်ရုပ်ဖြစ်သွားသည်ကို တွေ့မြင်ရချေမည်။ ဒါနဲ့တင်မပြီးသေးပါ ထို အရိပ်သတ္တဝါကြီးထက်ကြောက်စရာကောင်းသူသည် အခုမှစတင်တွေလိုက်ရပြီဖြစ်သောကြောင့်ပင်။ Nier အတွက်လည်းထိုမြင်ကွင်းမှာအဆိုးဆုံးအချိန်ဖြစ်ပေလိမ့်မည်။ ဤသည်မှာတစ်ခြားမဟုတ် အရိပ်သဏ္ဍန် သတ္တဝါများကို အုပ်စိုးသော အရိပ်မဲသခင် (Shadow Lord) ဆိုသူပါ်ထွက်လာလေပြီ။ ၎င်းနှင့်အတူ ဘေးတွင်ပါလာသူမှာ Weiss ကဲ့သို့သော အသက်ဝင်နေသည် မှော်စာအုပ်တစ်အုပ် ပင်ဖြစ်လေသည်။ ၎င်း၏နံမည်မှာတော့ Noir ဟူသိခဲ့ရသည်။ Shadow Lord ရဲ့ ပခုံးပေါ်မှာတော့ Nier ၏ သမီးဖြစ်သူအားထမ်းခေါ်ထားသည်ကိုတွေ့ရပြီး Nier ၏မြင်ကွင်းမှပျောက်သွားလေတော့သည်။
.
.
ဇာတ်လမ်းရဲ့အသက်
------------------
ထိုအဖြစ်ပျက်များကြုံတွေ့ခဲ့သည်မှာ ယခုဆိုလျှင် ၅ နှစ်မျှပင်ကြာခဲ့လေပြီ။ ရွာလေးသည်လည်း အရင်ကဲ့သို့ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေး စီးပွားရေး များလုပ်ရသွားရသည်က မလွယ်ကူတော့ချေ။ မြို့အဝကိုလည်း သံတစ်ကားကြီးများနှင့် ဂိတ်များလုပ်ကာ အရိပ်သတ္တဝါများထံမှ ကာကွယ်ထားရတဲ့အခြေအနေပင်ဖြစ်နေသည်။ ယခင်က မြို့ပြင်ရှိ စိမ်းလန်းသောမြက်ခင်းများထက်တွင်လည်း Shade သတ္တဝါများ သွားလာနေသည်ကိုတွေ့ရမည်။ Shade သတ္တဝါများမှာလည်း ယခင်ထက်အားပိုမိုကောင်းလာသည်ကိုတွေ့ မြင်ကြရမည်။
Emil သည်လည်း ကျောက်ရုပ်ဖြစ်နေသူများကို လူအဖြစ်လို့ပြန်လည်ပြောင်နိုင်မည့်နည်းလမ်းကို တွေ့ထားကြောင်းကို Nier ကိုပြောလေသည်။ ထိုနည်းလမ်းရဖို့အတွက်မှာ Emil ၏အိမ်တော်ကြီးအောက်တွင်ရှိသော သိပ္ဗံစမ်းသပ်ခန်းတစ်ခုထဲကိုသွားရမည်ဖြစ်သည်။ မြေအောက်စမ်းသပ်ခန်းထဲတွင် Nier ဟာ Emil အမဖြစ်သူ Halua နဲ့တိုက်ခိုက်ခဲ့ရပြီး Side-effect ကြောင့် Emil ဟာ လေပေါ်မှာပျံဝဲနေတဲ့ အရိုးခြောက်သဏ္ဍန် ကောင်ဖြစ်သို့ပြောင်းသွားခဲ့ရသည်။ အမှန်မှာတော့ Emil နှင့် Halua မှာ Ultimated Weapon အဖြစ်အစမ်းသတ်ခံထားရသော Test Subjects များသာဖြစ်သည်။ ကောင်သည့်အချက်တစ်ခုမှာတော့ Emil ဟာအခုဆိုရင် ၎င်းရဲ့ အစွမ်းကိုထိန်းချုပ်နိုင်ပြီဖြစ်ပြီး ၅နှစ်တာ ကျောက်ရုပ်ဖြစ်နေသော Kaine ကိုလူအဖြစ်ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။ထို့နောက် Nier, Weiss, Kaine နှင့် Emil တို့ဟာ အရိပ်မဲသခင် (shadow lord) နှင့် မှော်စာအုပ် Noir ရှိရာနေရာကို ပိုက်စိတ်တိုက်ရှာဖွေကာ တိုက်ခိုက်ရန်သွားလေတော့သည်။
.
နောက်ဆုံးတွင်ကားရောက်လာချေပြီ။ Shadow Lord နှင့် Grimoire Noir တို့၏နေရာကိုပင်ဖြစ်သည်။ သို့သော်လည်း Nier တို့မမျှော်လင့်ထားသည်က Shadow Lord ဆီကိုသွားရန်လမ်းမှာ ပိတ်ဆို့တားဆီးထားသူ ၂ ဦးပင်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်မှာ တစ်ခြားသူမဟုတ် Nier ၏ အားကိုးရသော၊ ၎င်းရွာအတွက် ဗဟုသုတ အကြွယ်ဝဆုံး နှင့် အားအထားရဆုံး၊ မိမိ၏သမီးဖြစ်သူရောဂါအား ကုသပေးနိုင်လိမ့်မည်ဟု ယူဆထားသော Popola နှင့် Devola အမွာနှစ်ယောက်ပင်ဖြစ်ပေသည်။
.
.
ခါးသီးလှသောအမှန်တရား
================
Nier မှာမယုံကြည်နိုင်သေးပေ သူအားကိုးရသောသူနှစ်ယောက်မှာ Shadow Lord ကိုနှိမ်နင်းဖို့ရာ အဘယ်ကြောင့်တားဆီးထားရသနည်း။ ထို့နောက်မှာတော့ Popola နဲ့ Devola က Nier တို့ကို မယုံနိုင်လောက်တဲ့ရာဇဝင်တစ်ပုဒ်ပြောပြလေသည်။
.
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ ကျော်လောက်မှာ ကုမရတဲ့ White Chlorination Syndrome (WCS) လို့ခေါ်တဲ့ရောဂါကြောင့် လူများမျိုးတုံးသည်အထိဖြစ်ခဲ့ရသည်။ ဘယ်လိုမှကုသလို့မရသလို ဆရာဝန်များ သိပ္ဗံပညာရှင်များအားလုံး လက်လျှော့ခဲ့ကြရသည်။ သို့သော်လည်း ထိုရောဂါကို ကုသဖို့နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ ရှိခဲ့ကြသည်။ ထိုနည်းလမ်းကို "Gestalt Project" လို့အမည်ပေးခဲ့ကြသည်။ ထိုနည်းလမ်းမှာ တခြားမဟုတ် ရုပ် နှင့် နာမ် ကိုခွဲထုတ်သည့်နည်းပင်ဖြစ်ပေသည်။ ပင်မခန္တာကိုယ်မှ DNA များကိုဆွဲထုတ်ကာ Shell (သို့) Replicant ခေါ်အစားထိုး ခန္တာကိုယ်များကို စမ်းသပ်ရာမှာ အစပိုင်းတွင်အောင်မြင်ခဲ့သည်။ WCS ရောဂါဆိုးကြီးမှာ နာမ် (သို့) Gestalt အသွင်သဏ္ဍန် ခန္တာကိုယ်အား မကူးစက်နိုင်ပေ။ ထို့ကြောင့် လူသားတို့သည် WCS ရောပါဆိုးကြီးကို ကမ္ဘာပေါ်မှပျောက်ဆုံးသွားမည့်နေ့ရက်ကိုစောင့်စားကာနေပြီး ၎င်းတို့ပြုလုပ်ထားသော Shell (or) Replicant ကိုယ်များထဲသို့ ထိုရောဂါပျောက်သွားသည့်အချိန်တွင်ပြန်လည်ဝင်ရောက်ကာ လူသားဘဝအတိုင်းဆက်လက်ရှင်သန်သွားမည်ဟူ၍ စီစဉ်ထားခြင်းသာဖြစ်ပေသည်။ သို့သော် ကံဆိုးသည့်အချက်တစ်ခုထွက်ပေါ်ခဲ့လေသည်။ ထိုအရာမှာ သိပ္ဗံပညာရှင်များ ကြို၍မခန့်မှန်းမိသော အရာတစ်ခုပင်ဖြစ်သည်။ ၎င်းတို့ပြုလုပ်ခဲ့သော Shell (or) Replicant body များမှာ ၎င်းတို့ကိုယ်တိုင် ခံစားမှုများရှိလာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည်လည်း တခြားသတ္တဝါများကဲ့သို့ အသက်ရှင်ချင်သည်။ ထိုအချိန်တွင် နာမ်အဖြစ်ဖြင့်နေနေသော (or) Gestalt body ဖြင့်ရှိနေသော လူသားအစစ်တို့မှာ ဒုက္ခကြီးစွာဖြစ်ချေပြီ။ မိမိတို့၏ခန္တာကိုယ်အစစ်မှာလည်း ရောဂါကြောင့်ပျက်စီးသွားလေပြီ။ ရှိခဲ့လျှင်လည်း ရောဂါဒဏ်ကြောင့် အသက်ရှင်ရန်အကြာင်းမရှိချေ။ ယခုအချိန်မှာတော့ ၎င်းတို့မှာ လူသဏ္ဍန် ဆိုပြီးလည်းအကောင်အထည်မရှိ အရိပ်လိုလိုသဏ္ဍန် ကြီးဖြင့်သာနေနေကြပြီး။ Shell (or) Replicant ခေါ်အစားထိုးသက်သက်လုပ်ထားသော ခန္တာကိုယ်များရဲ့ Shade ဟူ၍သတ်မှတ်ကာခံရသော အရိပ်သဏ္ဍန် သတ္တဝါများဘဝသို့ရောက်ခဲ့ရလေတော့သည်။ Popola နှင့် Devola တို့မှာလည်း လူသားမဟုတ်၊ ထိုဖြစ်စဉ်များကို စောင့်ကြည့်ပြီးလူသားအစစ်များကိုလမ်းပြဖို့ အတွက်လုပ်ထားသော ဆက်ရုပ် Andriod များသာဖြစ်ကြောင်းရှင်းပြခဲ့ပြီး လက်ရှိကမ္ဘာပေါ်တွင်ရှိနေသောလူများအားလုံးသည်လည်း လူမဟုတ်၊ ပြုလုပ်ထားသော Shell (or) Replicant များသာဖြစ်ကြောင်းပြောပြလေသည်။
.
ထိုအကြောင်းများကြားပြီးသွားသော်လည်း Nier မှာမရပ်တန့်နိုင် သူသမီးဖြစ်သူကို သွားကယ်ရမည်မှာ သူ့တာဝန်ဖြစလေသည်။ ထို့ကြောင့် ရွေးခြယ်စရာမရှိ Popola နှင့် Devola တို့အားထိတ်တိုက် ရင်ဆိုင်ခဲ့လေသည်။ Devola ကျဆုံးပြီးနောက်မှာတော့ Popola မှာမိမိနှင့်အတူအကုန်လုံးကို ဖောက်ခွဲဖို့လုပ်ရာ Emil မှ စတေးခံ၍ Nier, Weiss နှင့် Kaine တို့ကိုရှေဆက်စေခဲ့သည်။
.
ထို့နောက် နောက်ဆုံးတွင် Nier သည် Shadow Lord နှင့်တွေ့ပြီး တိုက်ခိုက်ကာ သူ၏သမီးလေးကို ကယ်တင်ရန်ကြိုးစားတော့သည်။ တော်အသင့်တိုက်ဘခိုက်ပြီးချိန်တွင် Shadow lord ကြမ်းပြင်ပေါ်တွင်ခွေကျကာနေကာ မှော်စာအုပ် Noir မှာတော့ ကျဆုံးသွားလေပြီ။ ထိုအချိန်တွင် နောက်မှာ Yohna ၏ အဖေ ဟူ၍ခါ်သောအသံလေးကို Nier ကြားလိုက်ရသည်။ Nier ကသူ့သမီးကိုပြေးဖက်ရန်အလုပ်မှာတော့ သူသမီးလေးက Nier ကိုကျော်ကာ လဲကျနေသော Shadow lord ဆီကို အဖေဟုခေါ်ကာ တရွေ့ရွေ့ သွားနေသည်ကိုနားမလည်စွာ မြင်ခဲ့ရလေသည်။ Shadow Lord မှာလည်း တခြားမဟုတ် ဇာတ်လမ်းစစခြင်း ၂၀၄၉ ခုနှစ်တွင် နှင်းမုန်တိုင်းများကြား မှာ အသက်လုပြေးရင်း ပြိုကျမတတ်ဖြစ်နေသော စတိုးဆိုင်လေးတစ်ခုမှာ ခိုနားနေခဲ့ကာ Grimoire Noir နှင့်ဆုံခဲ့သည့် Nier ပင်ဖြစ်လေတော့သည်။ သို့သော် Yohna က သူကိုယ်ထဲတွင်မူ ကောင်မလေးတစ်ယောက်ကလည်းသူအဖေကို လွမ်းလို့ ငိုနေတယ်ဆိုတဲ့ကြောင်းကို Shadow Lord ကိုပြောပြနေသည်။ ထိုသို့သူများဝမ်းနည်းပြိးမှ သူဝမ်းသာရတဲ့အလုပ်မျိုးမလုပ်ချင်ပြီး အဖေဖြစ်သူ Shadow Lord ကို တောင်ပန်ကြောင်းပြောပြီး Yohna Replicant ကိုယ်ထဲမှ နာမ် အဖြစ်ဖြင့်ပြန်လည်ထွက်ခွာသွားလေသည်။ ထိုအချိန်မှာတော့ Shadow Lord သည်ယူကြုံးမရဖြစ်ပြီး နောက်ဆုံး တစ်ချိန် Nier နှင့်ထပ်မံတိုက်ခိုက်တော့သည်။ Nier ဖက်မှလည်း မှော်စာအုပ် Weiss မှာ အားကုန်၍ပျောက်ကွယ်သွားသည်။ ထို့နောက် Shadow Lord နှင့် Nier ( Nier:Gestalt နှင့် Nier:Replicant) နှစ်ယောက်တိုက်ခိုက်ပြီး Shadow Lord ရုံးနိမ့်ကာ Nier အနိုင်ရရှိခဲ့သည်။
.
.
ဇာတ်သိမ်း
=======
ပထမတစ်ခေါက် နိုင်သွားလျှင် Shade တွေရဲ့စကားသံများကို ဂိန်းဆော့သူများနားလည်နိုင်လိမ့်မည်။ သတ္တဝါတစ်ကောင်အော်နေသည့်အသံတွေမဟုတ်ပဲ။ တစ်ကယ့်လူစကားနဲ့ကားရ မှာဖြစ်ပါတယ်။ အဲ့အချိန်မှာ သင်ဟာ Shade တွေကို အလွန်သနားစိတ်ဖြစပေါ်လာပါလိမ့်မယ်။ ဥပမာ "မေမေသားတို့ကို ဘာလို့ Replicant တွေက ဒီလောက်မုန်းတီးပြီးသတ်ဖြတ်နေကြတာလည်း" အစရှိတဲ့ငိုကြွေးသံတွေကို အတိုင်းသားကြားရမှာဖြစ်ပါတယ်။

ဇာတ်သိမ်းမှာ ၄ မျိုးရှိပြီး A B C D ဟူ၍ခွဲခြားထားသည်။ ဇာတ်သိမ်း D သည် Nier: Automata နှင့်ချိတ်ဆက်လိမ့်မည်ဖြစ်သည်။

တစ်ချို့ရှင်းသင့်တာ ကျန်တာလေးတွေကိုတော့နောက်တစ်ခေါက်မှာရှင်းပြိးရေးပေးပါဦးမယ်လို့ပြောရင်း

Have Fun,
Phyo (Ed)

 

Zawgyi


 

Nier Gestalt
------------
* Everything will be SPOILER...

အမွာစာ
=====
Nier Gestalt ပထမပိုုင္းေရးျပီး ဒုုတိယပိုုင္းကိုု အခုုမွေရးျဖစ္ေတာ့တယ္။ ပထမပိုုင္းကေတာ့ Spoiler တစ္ခုုမွမပါပဲ ဇာတ္လမ္းအက်ဥ္းေလးကိုု ေရးျပီးအစပ်ိဳးထားခဲ့တယ္။ ဒုုတိယပိုုင္းဟာေတာ့ ဇာတ္လမ္းအစမွအဆံုုး တတ္ႏိုုင္သေလာက္ ရွင္းထားမွာျဖစ္တဲ့အတြက္ ဇာတ္လမ္းမသိလိုုသူမ်ား မဖတ္ေစလိုု။
.
ပထမပိုုင္း ျပန္လည္ေဖာ္ျပျခင္း
==================
၂၀၄၉ ခုုႏွစ္မွာစတင္ခဲ့ပါတယ္။ ေႏြရာသီျဖစ္ေသာ္လည္း ႏွင္းမုုန္တိုုင္းေၾကာင့္ အရာရာေမွာင္မဲေနသည္။ ေခတ္ကာလမွာေတာ့ လက္ရွိအခ်ိန္ေခတ္ကာလတစ္ခုုအျဖစ္ေသာ္လည္း အရာရာမွာပ်က္ဆီးေနျပီး ျပိဳက်မတတ္ျဖစ္ေနေသာ စတိုုးဆိုုင္ေလးတစ္ခုုမွာ ရရာအစားေသာက္မ်ားႏွင့္ ေအးလြန္းလွတဲ့ရာသီဥတုုဒဏ္ကို ခိုလံုုေနရေသာ ဒုုကၡသည္ ႏွစ္ဦးကိုုေတြ႔ရေခ်မည္။ ႏွစ္ေယက္ထဲတြင္ တစ္ေယာက္မွာ လူၾကီးပံုုစံျဖစ္ျပီး ေနာက္တစ္ေယက္မွာေတာ့ သူ၏သမီးအရြယ္ကေလးတစ္ေယာက္ ပဲျဖစ္ေလသည္။ ၄င္းတိုု႔ပံုုစံမ်ားမွာလည္း ႏြမ္းဖတ္ေနျပီး ပင္ပန္းေမာဟိုုက္ေနသည္။ သမီးျဖစ္သူမွာလည္း အဆက္မျပတ္ေခ်ာင္းေတြဆိုုးကာေနေတာ့သည္။ ထိုုအခ်ိန္မွာပဲ စတိုုးဆိုုင္အျပင္ဖက္မွာလည္း အရိပ္သ႑န္ရွိ သတၱ၀ါၾကီးေတြကစတင္တုုိက္ခုုိက္ရန္တစ္ေရြ႔ေ့ရြလာေနျပီး စတိုုးဆိုုင္ပတ္ပတ္လည္ကိုု၀ိုုင္းထားကာ ကေလးႏွင့္သူ၏ဖခင္ျဖစ္သူ Nier အတြက္ေျပးစရာေျမမရွိေတာ့ေခ်။ သိုု႔ေသာ္လည္း ၄င္းတိုု႔ခိုုေအာင္းေနေသာေနရာရဲ႕ ေဘးဖက္မနီးမေ၀းရွိ ၾကမ္းျပင္ေပၚက စာအုုပ္တစ္အုုပ္ကထူးစမ္းစြာ စကားေျပာသည္ကိုု Nier ျမင္ေတြ႔ရခဲ့ရသည္။ ထိုုစာအုုပ္က မိမိ၏ေမွာ္စြမ္းအင္ကိုု ယူကာရန္သူမ်ားကိုုတိုုက္ခိုုက္ရန္ကမ္းလွမ္းခဲ့ေလသည္။ သိုုု႔ေသာ္လည္း ေလာကမွာအယူသက္သက္ပဲလုုပ္လိုုေသာ္မရနိုုင္ ကိုုယ္လိုုခ်င္တာရဖိုု႔အတြက္ေတာ့ ကိုုယ္ရွိရာကိုုလည္း စေတးရစျမဲသာျဖစ္သည္။ ေမွာ္စာအုုပ္၏အကူအညီကိုုယူဖိုု႔ရာအတြက္ေတာ့ Nier သည္ သူ၏အသက္ကိုုထုိစာအုုပ္အားေပးရေပလိမ့္မည္။ ေခ်ာင္းတဟြတ္ဟြတ္ဆိုုးေနေသာ သမီးေလးကလည္းရွိေနေသးေတာ့ Nier အတြက္ေရြးစရာမရွိပဲ ထိုုကမ္းလွမ္းခ်က္ကိုုလက္ခံလိုုက္ျပီး ေမွာ္စာအုုပ္၏ အကူအညီျဖင့္ အျပင္က၀ိုုင္းထားေသာ သတၱ၀ါမ်ားကိုုတုုိက္ခိုုက္ႏွိင္ခဲ့သည္။ သိုု႔ေသာ္လည္း Nier တစ္ေယာက္၀မ္းမသာႏိုုင္ခဲ့ေခ်။ အေၾကာင္းမွာ Nier သူ႔သမီးေလးဆီျပန္ေရာက္ခ်ိန္တြင္ သမီးျဖစ္သူ၏ ေရာဂါေ၀သနာမွာ ေတာ္ေတာ့္ကိုုအေျခအေနဆိုးရြားေနျပီကိုု ရင္ႏွင့္မဆံေအာင္ေတြ႔ျမင္ခဲ့ရေလသည္။ အရာရာမွာလည္းတစ္ေျဖးေျဖး ေမွးမိွန္ကာ ထိုုျမင္ကြင္းထံမွ အမဲေရာင္တိတိက်ကာေပ်ာက္ကြယ္သြားေလသည္။ ထိုု႔ေနာက္မွာေတာ့ ႏွစ္ေပါင္း ၁၃၂၁ ႏွစ္ၾကာသြားျပီးေနာက္ဆိုုကာ ဇာတ္လမ္းစတင္လာပါေတာ့သည္။
.
.
ဒုုတိယပိုုင္း စတင္ျခင္း
-------------------
၁၃၂၁ ႏွစ္ၾကာသြားေလျပီ။ ျမင္ကြင္းသည္စိမ္းလန္းေသာျမက္ခင္းမ်ားႏွင့္ ခ်စ္စဖြယ္ေတာင္တန္း မ်ားမွအစခ်ီလာသည္။ အိမ္မ်ား အေဆာက္ဦးမ်ားကေတာ့ ယခင္ကကဲ့သိုု ႔တိုုးတက္ျခင္းမရွိေတာ့ေပ။ ရြာငယ္ေလးသဖြယ္ တည္ရွိေနျပီး လူမ်ားဟာ ေရာင္း၀ယ္ေဖာက္ကား သြားလာလွဳပ္ရွား ေနၾကသည္။ သိုု႔ေသာ္လည္း Nier အတြက္ေတာ့ရံုးကန္ေနရစဲပါ။ သူ၏ သမီးျဖစ္သူမွာလည္း ေခ်ာင္းတဟြတ္ဟြတ္ကေတာ့ဆိုုးျမဲဆိုုးဆဲပင္။ သိုု႔ေသာ္လည္း ယခုုေတြ႔ျမင္ရတဲ့ အေျခအေနဟာေတာ့ အရင္ကလိုု အသက္လုု ထြက္ေျပးတိမ္းေရွာင္ စားရမဲ့ေသာက္ရမဲ့ မဟုုတ္ပဲ သူႏွင့္သမီးျဖစ္သူ ေနစရာအေဆာက္ဦးေလးတစ္ခုုေတာ့ရွိေနေသးသည္က အျမတ္ဟုုပင္ဆိုုရေပလိမ့္မည္။ Nier ကေတာ့ ရြာထဲက ရြာသူရြာသားမ်ား လိုုအပ္သည္မ်ားကိုု ရွာေဖြျဖည့္ဆီးျပီး အသက္ေမြးရသည္။ သူ၏ဆႏၵကေတာ့ သူ႔သမီးေလး၏ေရာဂါကိုု အျမစ္ျပတ္ေပ်ာက္ကင္းေစခ်င္သည္သာျဖစ္သည္။ သမီးျဖစ္သူ၏ေရာဂါကိုု ေပ်ာက္ကင္းေအာင္ ကုုသႏိုုင္မည့္နည္းလမ္းကိုု ေပးႏိုုင္မည့္သူမွာ ရြာထဲတြင္ ဗဟုုသုုတၾကြယ္၀ေသာ Popola ႏွင့္ Devola လိုု႔အမည္တြင္တဲ့ အမြာညီမ ၂ ေယာက္ပင္ျဖစ္ႏိုုင္မည္ဟုု Nier ကယံုုၾကည္ထားသည္။ သူတိုု႔ႏွစ္ေယာက္ဟာလည္း Nier ကိုု အတတ္ႏိုုင္ဆံုုး ကူညီလမ္းျပေပး ခဲ့ၾကသည္။
.
တစ္ေန႔ေသာ္ Nier အလုုပ္မွျပန္လာခ်ိန္တြင္ သမီးျဖစ္သူအားမေတြ႕ ေသာေၾကာင့္ ရြာထဲနီးစပ္ရာလိုုက္ေမးျပီးရွာရေလသည္။ သမီးျဖစ္သူ Yonah မွာေတာ့ တစ္ျခားသြားသည္မဟုုတ္ ဖခင္၏ ပံုုျပင္စံစံ ေျပာၾကားခဲ့ေသာ Luna Tear အမည္ရွိတဲ့ပန္းေလးကိုု ပထမဆံုုး ရွာေတြ႕တဲ့သူဟာ ကိုုယ္ အလိုုျခင္ဆံုုး ဆုုတစ္ခုုကိုုျဖည့္စီးႏိုုင္စြမ္းရွိတယ္ ဟူေသာစကားေၾကာင့္ပန္းရွာထြက္သြားျခင္းျဖစ္ေလသည္။ Nier လည္းသမီးျဖစ္သူ အားလိုုက္လံရွာေဖြရင္း Weiss အမည္ရွိေသာေမွာ္စာအုုပ္ႏွင့္ေတြ႔ဆံုုခဲ့သည္။ ဆက္လက္ျပီး Nier ႏွင့္ Weiss တိုု႔အတူ Yonah ကိုု ရွာေဖြေတြ႔ရွိျပီးကယ္တင္ခဲ့ေလသည္။ ထိုု႔ေနာက္ Weiss အကူအညီျဖင့္ Nier သည္ Yonah ခံစားေနရေသာေရာဂါမွာ သာမာန္မဟုုတ္ "Black Scrawl" အမည္ရွိတဲ့ေရာဂါတစ္မ်ိဳးျဖစ္ျပီး "Shade" ဟုုေခၚေသာ အရိပ္သ႑န္ရွိသည့္ သတၱ၀ါမ်ားႏွင့္တိုုက္ရိုုက္ ဆက္စပ္မွဳရွိေနသည္ ဆိုုတာကိုုသိလုုိက္ရသည္။ ဒါေၾကာင့္ Nier သည္ အရိပ္သ႑န္ရွိသည့္ သတၱ၀ါမ်ားကိုု အျမစ္ျပတ္ေျခမွဳန္းပါက သူ၏သမီးေရာဂါေပ်ာက္ကင္းမည္ဟုု သိရွိလုုိက္ကာ ေမွာ္စာအုုပ္ Weiss ႏွင့္ ၂ေယာက္သား ခရီးၾကမ္းကိုုစတင္ဆက္ေလသည္။
.
ခရီးလမ္းတြင္ Main Character တစ္ဦးျဖစ္ေသာ Kaine အမည္တြင္သည့္ မိန္းကေလးတစ္ဦးႏွင့္စတင္ဆံုုေတြ႕ခဲ႔သည္။ Kaine သည္ရုုပ္ေခ်ာ စိတ္ထားေကာင္းေသာ္လည္း အေျပာအဆိုုမွာေတာ့အင္မတန္ဆိုုးသူျဖစ္သည္။ ထိုု႔ေနာက္ မ်ားမၾကာမီ Emil အမည္ရွိသည္ ေကာင္ေလးတစ္ေယာက္ႏွင့္ ရင္းႏွီးခဲ့သည္။ Emil မွာေတာ့သူ၏မ်က္လံုုးမ်ားကိုုအ၀တ္ျဖင့္စီးထားရသည္။ အေၾကာင္းမွာ သူ၏မ်က္စိျဖင့္အၾကည့္ခံရသည့္သူတိုုင္း ေက်ာက္ရုုပ္အျဖစ္သိုု႔ေျပာင္းသြားေသာေၾကာင့္ျဖစ္ေပသည္။ ဤသိုု႔ျဖင့္ Nier, Grimoire Weiss, Kaine, Emil တိုု႔သည္ ကပ္ေရာဂါမ်ားကိုု အျမစ္ျပတ္ေျပာက္ကင္းေစရန္ ရည္ရြယ္ခ်က္ျဖင့္ Shade သတၱ၀ါမ်ားကိုု ႏွိမ္နင္းကာ ခရီးဆက္ခဲ့ၾကသည္။
.
ဇာတ္လမ္းအားလံုုးစတင္အသက္၀င္သည့္အခ်ိန္ဟုုဆိုုရေပမည္။ မေမွ်ာ္လင့္ထားေသာ အခ်က္တစ္ခုုစတင္ျဖစ္ေခ်ျပီ။ Nier တိုု႔ရြာေလးအား ျပန္ေရာက္ခ်ိန္တြင္ Shade သတၱ၀ါမ်ားကၾကဴးေက်ာ္၀င္ေရာက္ႏွင့္ေလျပီ။ လူမ်ားလည္း အသက္လုုေျပးေနၾကသည္ကိုုေတြ႕ခဲ႔ရသည္။ Nier မွာလည္းသူ၏သမီးေလးကိုု အင္မတန္စိတ္ပူရေလျပီ။ ထိုု႔ေနာက္ ဧရာမ Shade သတၱ၀ါၾကီးတစ္ေကာင္ကိုု တုုိက္ခိုုက္ျပီး စာၾကည့္တိုုက္ေအာက္တြင္ ခ်ဳပ္ေႏွာင္ဖိုု႔အတြက္ကိုု အားလံုုး၀ိုုင္း၀န္းတိုုက္ခိုုက္ၾကျပီး Kaine ကမိမိကိုုပါစေတးကာ Emil အား ၄င္း၏ မ်က္စိအစြမ္းကိုုသံုုး၍ အရာအားလံုုးကိုု ေက်ာက္အတိျဖစ္ေစကာသတၱ၀ါၾကီးကိုု ခ်ုဳပ္ေစခဲ့သည္။ ထိုု႔ေနာက္ Kaine ကိုုပါေက်ာက္ရုုပ္ျဖစ္သြားသည္ကိုု ေတြ႔ျမင္ရေခ်မည္။ ဒါနဲ႔တင္မျပီးေသးပါ ထိုု အရိပ္သတၱ၀ါၾကီးထက္ေၾကာက္စရာေကာင္းသူသည္ အခုုမွစတင္ေတြလိုုက္ရျပီျဖစ္ေသာေၾကာင့္ပင္။ Nier အတြက္လည္းထုိျမင္ကြင္းမွာအဆိုုးဆံုုးအခ်ိန္ျဖစ္ေပလိမ့္မည္။ ဤသည္မွာတစ္ျခားမဟုုတ္ အရိပ္သ႑န္ သတၱ၀ါမ်ားကိုု အုုပ္စိုုးေသာ အရိပ္မဲသခင္ (Shadow Lord) ဆိုုသူပၚထြက္လာေလျပီ။ ၄င္းႏွင့္အတူ ေဘးတြင္ပါလာသူမွာ Weiss ကဲ့သိုု႔ေသာ အသက္၀င္ေနသည္ ေမွာ္စာအုုပ္တစ္အုုပ္ ပင္ျဖစ္ေလသည္။ ၄င္း၏နံမည္မွာေတာ့ Noir ဟူသိခဲ့ရသည္။ Shadow Lord ရဲ႕ ပခံုုးေပၚမွာေတာ့ Nier ၏ သမီးျဖစ္သူအားထမ္းေခၚထားသည္ကိုုေတြ႕ရျပီး Nier ၏ျမင္ကြင္းမွေပ်ာက္သြားေလေတာ့သည္။
.
.
ဇာတ္လမ္းရဲ႕အသက္
------------------
ထုုိအျဖစ္ပ်က္မ်ားၾကံဳေတြ႔ခဲ့သည္မွာ ယခုုဆိုုလွ်င္ ၅ ႏွစ္မွ်ပင္ၾကာခဲ့ေလျပီ။ ရြာေလးသည္လည္း အရင္ကဲ့သိုု႔ သြားေရးလာေရး လမ္းပန္းဆက္သြယ္ေရး စီးပြားေရး မ်ားလုုပ္ရသြားရသည္က မလြယ္ကူေတာ့ေခ်။ ျမိဳ႕အ၀ကိုုလည္း သံတစ္ကားၾကီးမ်ားႏွင့္ ဂိတ္မ်ားလုုပ္ကာ အရိပ္သတၱ၀ါမ်ားထံမွ ကာကြယ္ထားရတဲ့အေျခအေနပင္ျဖစ္ေနသည္။ ယခင္က ျမိဳ႔ျပင္ရွိ စိမ္းလန္းေသာျမက္ခင္းမ်ားထက္တြင္လည္း Shade သတၱ၀ါမ်ား သြားလာေနသည္ကိုုေတြ႔ရမည္။ Shade သတၱ၀ါမ်ားမွာလည္း ယခင္ထက္အားပိုုမိုုေကာင္းလာသည္ကိုုေတြ႕ ျမင္ၾကရမည္။
Emil သည္လည္း ေက်ာက္ရုုပ္ျဖစ္ေနသူမ်ားကိုု လူအျဖစ္လိုု႔ျပန္လည္ေျပာင္ႏိုုင္မည့္နည္းလမ္းကိုု ေတြ႔ထားေၾကာင္းကိုု Nier ကိုုေျပာေလသည္။ ထိုုနည္းလမ္းရဖိုု႔အတြက္မွာ Emil ၏အိမ္ေတာ္ၾကီးေအာက္တြင္ရွိေသာ သိပၺံစမ္းသပ္ခန္းတစ္ခုုထဲကိုုသြားရမည္ျဖစ္သည္။ ေျမေအာက္စမ္းသပ္ခန္းထဲတြင္ Nier ဟာ Emil အမျဖစ္သူ Halua နဲ႔တိုုက္ခိုုက္ခဲ့ရျပီး Side-effect ေၾကာင့္ Emil ဟာ ေလေပၚမွာပ်ံ၀ဲေနတဲ့ အရိုုးေျခာက္သ႑န္ ေကာင္ျဖစ္သိုု႔ေျပာင္းသြားခဲ့ရသည္။ အမွန္မွာေတာ့ Emil ႏွင့္ Halua မွာ Ultimated Weapon အျဖစ္အစမ္းသတ္ခံထားရေသာ Test Subjects မ်ားသာျဖစ္သည္။ ေကာင္သည့္အခ်က္တစ္ခုုမွာေတာ့ Emil ဟာအခုုဆိုုရင္ ၄င္းရဲ႕ အစြမ္းကိုုထိန္းခ်ဳပ္ႏိုုင္ျပီျဖစ္ျပီး ၅ႏွစ္တာ ေက်ာက္ရုုပ္ျဖစ္ေနေသာ Kaine ကိုုလူအျဖစ္ျပန္လည္ျပဳလုုပ္ႏိုုင္ခဲ့သည္။ထိုု႔ေနာက္ Nier, Weiss, Kaine ႏွင့္ Emil တိုု႔ဟာ အရိပ္မဲသခင္ (shadow lord) ႏွင့္ ေမွာ္စာအုုပ္ Noir ရွိရာေနရာကိုု ပိုုက္စိတ္တိုုက္ရွာေဖြကာ တိုုက္ခိုုက္ရန္သြားေလေတာ့သည္။
.
ေနာက္ဆံုုးတြင္ကားေရာက္လာေခ်ျပီ။ Shadow Lord ႏွင့္ Grimoire Noir တိုု႔၏ေနရာကိုုပင္ျဖစ္သည္။ သိုု႔ေသာ္လည္း Nier တိုု႔မေမွ်ာ္လင့္ထားသည္က Shadow Lord ဆီကိုုသြားရန္လမ္းမွာ ပိတ္ဆိုု႔တားဆီးထားသူ ၂ ဦးပင္ျဖစ္သည္။ ၄င္းတိုု႔ႏွစ္ေယာက္မွာ တစ္ျခားသူမဟုုတ္ Nier ၏ အားကိုုးရေသာ၊ ၄င္းရြာအတြက္ ဗဟုုသုုတ အၾကြယ္၀ဆံုုး ႏွင့္ အားအထားရဆံုုး၊ မိမိ၏သမီးျဖစ္သူေရာဂါအား ကုုသေပးႏိုုင္လိမ့္မည္ဟုု ယူဆထားေသာ Popola ႏွင့္ Devola အမြာႏွစ္ေယာက္ပင္ျဖစ္ေပသည္။
.
.
ခါးသီးလွေသာအမွန္တရား
================
Nier မွာမယံုုၾကည္ႏိုုင္ေသးေပ သူအားကိုုးရေသာသူႏွစ္ေယာက္မွာ Shadow Lord ကိုုႏွိမ္နင္းဖိုု႔ရာ အဘယ္ေၾကာင့္တားဆီးထားရသနည္း။ ထိုု႔ေနာက္မွာေတာ့ Popola နဲ႔ Devola က Nier တိုု႔ကိုု မယံုုႏိုုင္ေလာက္တဲ့ရာဇ၀င္တစ္ပုုဒ္ေျပာျပေလသည္။
.
လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၃၀၀ ေက်ာ္ေလာက္မွာ ကုုမရတဲ့ White Chlorination Syndrome (WCS) လိုု႔ေခၚတဲ့ေရာဂါေၾကာင့္ လူမ်ားမ်ိဳးတံုုးသည္အထိျဖစ္ခဲ့ရသည္။ ဘယ္လိုုမွကုုသလိုု႔မရသလိုု ဆရာ၀န္မ်ား သိပၺံပညာရွင္မ်ားအားလံုုး လက္ေလွ်ာ့ခဲ့ၾကရသည္။ သိုု႔ေသာ္လည္း ထိုုေရာဂါကိုု ကုုသဖိုု႔နည္းလမ္းတစ္ခုုကိုု ရွာေဖြေတြ႕ ရွိခဲ့ၾကသည္။ ထိုုနည္းလမ္းကိုု "Gestalt Project" လိုု႔အမည္ေပးခဲ့ၾကသည္။ ထိုုနည္းလမ္းမွာ တျခားမဟုုတ္ ရုုပ္ ႏွင့္ နာမ္ ကိုုခြဲထုုတ္သည့္နည္းပင္ျဖစ္ေပသည္။ ပင္မခႏၱာကိုုယ္မွ DNA မ်ားကိုုဆြဲထုုတ္ကာ Shell (သိုု႔) Replicant ေခၚအစားထိုုး ခႏၱာကိုုယ္မ်ားကိုု စမ္းသပ္ရာမွာ အစပိုုင္းတြင္ေအာင္ျမင္ခဲ့သည္။ WCS ေရာဂါဆိုုးၾကီးမွာ နာမ္ (သိုု႔) Gestalt အသြင္သ႑န္ ခႏၱာကိုုယ္အား မကူးစက္ႏိုုင္ေပ။ ထိုု႔ေၾကာင့္ လူသားတိုု႔သည္ WCS ေရာပါဆိုုးၾကီးကိုု ကမာၻေပၚမွေပ်ာက္ဆံုုးသြားမည့္ေန႔ရက္ကိုုေစာင့္စားကာေနျပီး ၄င္းတိုု႔ျပဳလုုပ္ထားေသာ Shell (or) Replicant ကိုုယ္မ်ားထဲသိုု႔ ထိုုေရာဂါေပ်ာက္သြားသည့္အခ်ိန္တြင္ျပန္လည္၀င္ေရာက္ကာ လူသားဘ၀အတိုုင္းဆက္လက္ရွင္သန္သြားမည္ဟူ၍ စီစဥ္ထားျခင္းသာျဖစ္ေပသည္။ သိုု႔ေသာ္ ကံဆိုုးသည့္အခ်က္တစ္ခုုထြက္ေပၚခဲ့ေလသည္။ ထိုုအရာမွာ သိပၺံပညာရွင္မ်ား ၾကိဳ၍မခန္႔မွန္းမိေသာ အရာတစ္ခုုပင္ျဖစ္သည္။ ၄င္းတိုု႔ျပဳလုုပ္ခဲ့ေသာ Shell (or) Replicant body မ်ားမွာ ၎တိုု႔ကိုုယ္တိုုင္ ခံစားမွဳမ်ားရွိလာျခင္းပင္ျဖစ္သည္။ ၄င္းတိုု႔သည္လည္း တျခားသတၱ၀ါမ်ားကဲ့သိုု႔ အသက္ရွင္ခ်င္သည္။ ထိုုအခ်ိန္တြင္ နာမ္အျဖစ္ျဖင့္ေနေနေသာ (or) Gestalt body ျဖင့္ရွိေနေသာ လူသားအစစ္တိုု႔မွာ ဒုုကၡၾကီးစြာျဖစ္ေခ်ျပီ။ မိမိတိုု႔၏ခႏၱာကိုုယ္အစစ္မွာလည္း ေရာဂါေၾကာင့္ပ်က္စီးသြားေလျပီ။ ရွိခဲ့လွ်င္လည္း ေရာဂါဒဏ္ေၾကာင့္ အသက္ရွင္ရန္အၾကာင္းမရွိေခ်။ ယခုုအခ်ိန္မွာေတာ့ ၎တိုု႔မွာ လူသ႑န္ ဆိုုျပီးလည္းအေကာင္အထည္မရွိ အရိပ္လိုုလိုုသ႑န္ ၾကီးျဖင့္သာေနေနၾကျပီး။ Shell (or) Replicant ေခၚအစားထုိးသက္သက္လုုပ္ထားေသာ ခႏၱာကိုုယ္မ်ားရဲ႕ Shade ဟူ၍သတ္မွတ္ကာခံရေသာ အရိပ္သ႑န္ သတၱ၀ါမ်ားဘ၀သိုု႔ေရာက္ခဲ့ရေလေတာ့သည္။ Popola ႏွင့္ Devola တိုု႔မွာလည္း လူသားမဟုုတ္၊ ထိုုျဖစ္စဥ္မ်ားကိုု ေစာင့္ၾကည့္ျပီးလူသားအစစ္မ်ားကိုုလမ္းျပဖိုု႔ အတြက္လုုပ္ထားေသာ ဆက္ရုုပ္ Andriod မ်ားသာျဖစ္ေၾကာင္းရွင္းျပခဲ့ျပီး လက္ရွိကမာၻေပၚတြင္ရွိေနေသာလူမ်ားအားလံုုးသည္လည္း လူမဟုုတ္၊ ျပဳလုုပ္ထားေသာ Shell (or) Replicant မ်ားသာျဖစ္ေၾကာင္းေျပာျပေလသည္။
.
ထိုုအေၾကာင္းမ်ားၾကားျပီးသြားေသာ္လည္း Nier မွာမရပ္တန္႔ႏိုုင္ သူသမီးျဖစ္သူကိုု သြားကယ္ရမည္မွာ သူ႔တာ၀န္ျဖစေလသည္။ ထိုု႔ေၾကာင့္ ေရြးျခယ္စရာမရွိ Popola ႏွင့္ Devola တိုု႔အားထိတ္တိုုက္ ရင္ဆိုုင္ခဲ့ေလသည္။ Devola က်ဆံုုးျပီးေနာက္မွာေတာ့ Popola မွာမိမိႏွင့္အတူအကုုန္လံုုးကိုု ေဖာက္ခြဲဖိုု႔လုုပ္ရာ Emil မွ စေတးခံ၍ Nier, Weiss ႏွင့္ Kaine တိုု႔ကိုုေရွဆက္ေစခဲ့သည္။
.
ထိုု႔ေနာက္ ေနာက္ဆံုုးတြင္ Nier သည္ Shadow Lord ႏွင့္ေတြ႔ျပီး တိုုက္ခိုုက္ကာ သူ၏သမီးေလးကိုု ကယ္တင္ရန္ၾကိဳးစားေတာ့သည္။ ေတာ္အသင့္တိုုက္ဘခိုုက္ျပီးခ်ိန္တြင္ Shadow lord ၾကမ္းျပင္ေပၚတြင္ေခြက်ကာေနကာ ေမွာ္စာအုုပ္ Noir မွာေတာ့ က်ဆံုုးသြားေလျပီ။ ထိုုအခ်ိန္တြင္ ေနာက္မွာ Yohna ၏ အေဖ ဟူ၍ခၚေသာအသံေလးကိုု Nier ၾကားလုုိုုက္ရသည္။ Nier ကသူ႔သမီးကိုုေျပးဖက္ရန္အလုုပ္မွာေတာ့ သူသမီးေလးက Nier ကိုုေက်ာ္ကာ လဲက်ေနေသာ Shadow lord ဆီကိုု အေဖဟုုေခၚကာ တေရြ႕ေရြ႕ သြားေနသည္ကိုုနားမလည္စြာ ျမင္ခဲ့ရေလသည္။ Shadow Lord မွာလည္း တျခားမဟုုတ္ ဇာတ္လမ္းစစျခင္း ၂၀၄၉ ခုုႏွစ္တြင္ ႏွင္းမုုန္တိုုင္းမ်ားၾကား မွာ အသက္လုုေျပးရင္း ျပိဳက်မတတ္ျဖစ္ေနေသာ စတိုုးဆိုုင္ေလးတစ္ခုုမွာ ခိုုနားေနခဲ့ကာ Grimoire Noir ႏွင့္ဆံုုခဲ့သည့္ Nier ပင္ျဖစ္ေလေတာ့သည္။ သိုု႔ေသာ္ Yohna က သူကိုုယ္ထဲတြင္မူ ေကာင္မေလးတစ္ေယာက္ကလည္းသူအေဖကိုု လြမ္းလိုု႔ ငိုုေနတယ္ဆိုုတဲ့ေၾကာင္းကိုု Shadow Lord ကိုုေျပာျပေနသည္။ ထိုုသိုု႔သူမ်ား၀မ္းနည္းျပိးမွ သူ၀မ္းသာရတဲ့အလုုပ္မ်ိဳးမလုုပ္ခ်င္ျပီး အေဖျဖစ္သူ Shadow Lord ကိုု ေတာင္ပန္ေၾကာင္းေျပာျပီး Yohna Replicant ကိုုယ္ထဲမွ နာမ္ အျဖစ္ျဖင့္ျပန္လည္ထြက္ခြာသြားေလသည္။ ထိုုအခ်ိန္မွာေတာ့ Shadow Lord သည္ယူၾကံဳးမရျဖစ္ျပီး ေနာက္ဆံုုး တစ္ခ်ိန္ Nier ႏွင့္ထပ္မံတိုုက္ခိုုက္ေတာ့သည္။ Nier ဖက္မွလည္း ေမွာ္စာအုုပ္ Weiss မွာ အားကုုန္၍ေပ်ာက္ကြယ္သြားသည္။ ထိုု႔ေနာက္ Shadow Lord ႏွင့္ Nier ( Nier:Gestalt ႏွင့္ Nier:Replicant) ႏွစ္ေယာက္တိုုက္ခိုုက္ျပီး Shadow Lord ရံုုးနိမ့္ကာ Nier အနိုုင္ရရွိခဲ့သည္။
.
.
ဇာတ္သိမ္း
=======
ပထမတစ္ေခါက္ ႏိုုင္သြားလ်ွင္ Shade ေတြရဲ႔စကားသံမ်ားကိုု ဂိန္းေဆာ့သူမ်ားနားလည္ႏိုုင္လိမ့္မည္။ သတၱ၀ါတစ္ေကာင္ေအာ္ေနသည့္အသံေတြမဟုုုတ္ပဲ။ တစ္ကယ့္လူစကားနဲ႔ကားရ မွာျဖစ္ပါတယ္။ အဲ့အခ်ိန္မွာ သင္ဟာ Shade ေတြကိုု အလြန္သနားစိတ္ျဖစေပၚလာပါလိမ့္မယ္။ ဥပမာ "ေမေမသားတုုိ႔ကိုု ဘာလိုု႔ Replicant ေတြက ဒီေလာက္မုုန္းတီးျပီးသတ္ျဖတ္ေနၾကတာလည္း" အစရွိတဲ့ငိုုေၾကြးသံေတြကိုု အတိုုင္းသားၾကားရမွာျဖစ္ပါတယ္။

ဇာတ္သိမ္းမွာ ၄ မ်ိဳးရွိျပီး A B C D ဟူ၍ခြဲျခားထားသည္။ ဇာတ္သိမ္း D သည္ Nier: Automata ႏွင့္ခ်ိတ္ဆက္လိမ့္မည္ျဖစ္သည္။

တစ္ခ်ိဳ႔ရွင္းသင့္တာ က်န္တာေလးေတြကိုုေတာ့ေနာက္တစ္ေခါက္မွာရွင္းျပိးေရးေပးပါဦးမယ္လိုု႔ေျပာရင္း

Have Fun,
Phyo (Ed)

No comments:

Post a Comment