Tuesday, September 13, 2016
Final Fantasy XV : Kingsglaive Movie Review
Final Fantasy XV : Kingsglaive Movie ဟာတော်တော် နံမည်ကြီးနေတော့ အခုလောက်ဆိုရင် တော်တော်များများလည်းကြည့်ပြီးလောက်ပြီလို့ထင်ပါတယ်။ ဒီဇာတ်လမ်းကို တော်တော်ကိုမှန်းထားခဲ့တာပါ မထွက်ခင်ကထဲကပေါ့။ အခုထွက်လာပြီးတဲ့အချိန်မှာတော့ မှန်းထားသလောက် အားမရခဲ့တာတော့အမှန်ပါ။ ဆိုလိုချင်တာကတော့ ဒီဇာတ်ကားဟာ Game ဆော့မည့် ပုရိတ်သတ်များ အတွက်တော့ကောင်းနိုင်ပါလိမ့်မယ်။ သို့သော် ဒီတိုင်း Movie ကို အရသာခံကြည့်သောသူများ အတွက်တော့ အူတူတူ နဲ့ တစ်ခုခုလိုနေသလို ခံစားရပါလိမ့်မယ်။ တိုက်တာခိုက်တာ action တွပဲကြည့်မယ်ဆိုရင်တော့တစ်မျိုးပေါ့။ ကျွန်တော်စိတ်ပျက်မိတဲ့အချက်လေးတွေကို အောက်မှာ အစဉ်လိုက် ရေးထားပေးပါတယ်။
၁။ အဓိက ဇာတ်ကောင်များမှ လွဲပြီး ကျန်တဲ့ ဇာတ်ကောင်များဟာ အရမ်း Plastic ရုပ်ဆန်လွန်းနေပါတယ်။
၂။ Lucis နိုင်ငံမှာ အတာ်ဆုံး တိုက်ခိုက်ရေး စစ်ဗိုလ်ချုပ်(Marshal) ၃ယောက်ရှိပါတယ်။ အဲ့ထဲက တစ်ယောက် ကတော့ Cor Leonis ဖြစ်ပါတယ်။ အခုလို နှစ်ရှည်လများစွာ တိုက်ခိုက်ခဲ့တဲ့ Niflheim နိုင်ငံ နဲ့ စစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတဲ့နေ့မှာ Lucis နိုင်ငံရဲ့ အတော်ဆုံး တိုက်ခိုက်ရေး စစ်ဗိုလ်ချုပ် ၃ ယောက်စလုံး ဘယ်ကမ္ဘာရောက်နေမှန်းမသိတဲ့ ကိစ္စပါပဲ။ Cor Leonis ကိုဆိုလျှင် Immortal Shogun လို့တောင် တင်စားခေါ်ရလောက်အောင် တော်တယ်လို့ ဆိုပါတယ်။ ဒီ ၃ ယောက်ထဲက အခုလိုအရေးကြီးတဲ့နေ့မျိုးမှာ အနဲဆုံး တစ်ယောက်လောက်တော့ရှိသင့်တယ်လို့ထင်ပါတယ်။ တစ်ကယ်လို့မရှိခဲ့ရင်တောင်မှ ဘယ်သွားတယ်ဆိုတာလောက်တော့ပြောထားသင့်တယ်။ ဒီ ၃ယောက်ကို Kingsglaive movie သာ ကြည့်တဲ့သူတွေ ရှိလို့ရှိမှန်းတောင်သိတာမှမဟုတ်တာ လို့ ပြောစရာရှိပါတယ်။ သို့သော်လည်း ဒီ စစ်ဗိုပ်ချုပ် ၃ ယောက်ရှိတယ်ဆိုတဲ့ အကြောင်းကို FFXV Official Page မှာ ကိုဖော်ပြထားပြီးသားပါ။ အဲ့တော့ကြည့်ရှုသူ ပရိတ်သတ်အတွက် က Lucis နိုင်ငံရဲ့အတော်ဆုံး တိုက်ခိုက်ရေး စစ်ဗိုလ်ချုပ် ၃ယောက်ဘယ်ရောက်နေသလဲဆိုတာ FFXV story အကျဉ်းဖတ်ထားတဲ့ သူတိုင်းအတွက်မေးစရာ မေးခွန်းဖြစ်လာပါတယ်။ ဒီ ၃ ယောက်ဘယ်ရောက်နေတယ်ဆိုတာကို FFXV Game မှာဖော်ပြချင်ဖော်ပြသွားပါလိမ့်မယ်။ ဒီတော့ ဆိုလိုတာက အရှုုပ်တော်တော်များများက FFXV Game မှာသာ ရှင်းသွားလိမ့် မည်ဖြစ်ပါတယ်။
၃။ King Regis က သူလုပ်သမျှတိုင်းသည် အနာဂတ် အတွက် အနာဂတ်ကောင်းဖို့ အတွက်လို့သာ တစ်ကားလုံးပြောသွား ပါတယ်။ သို့သော် KIngsglaive movie သီးသန့်ကြည့်ရှုသူ အတွက်ကတော့ NYX က King Regis ကိုမေးခဲ့သလိုပဲ Lucis နိုင်ငံကို မင်းသား Noctis အတွက်ပဲစတေးခဲ့တာလားဆိုတာပါပဲ။ ဒါကြောင့် King Regis ဘာကြောင့် ဒီလိုစတေးခဲ့တယ်ဆိုတာကို ပုရိတ်သတ်တွေအတွက် အပြောသက်သက်သာဖြစ်ပြီး နားလည်ယူဖို့တော်တော်ခဲရင်းတဲ့ကိစ္စပါ။ အကုန်ရှင်းချင်ရင်တော့ Game ဆက်ဆော့ဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
၄။ FFXV ရဲ့အဓိက မင်းသမီး Lunafreya ကိုတော့တော်တော့်ကို စိတ်ပျက်မိပါတယ်။ မင်းသမီးရဲ့ဇာတ်ရုပ်ကို သတ္တိ ရှိရှိနဲ့ အရာရာကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ပုံစံမျိုးဖန်တီးထားခဲ့တာပါ။ သို့သော်လည်း Nyx နဲ့ အတူတူ လေယာဉ်နဲ့ပြန်လာစဉ် သူအသက်အတွက် လူဘယ်လောက်သေခဲ့ရတယ်ဆိုတာမစဉ်းစား သူ့အသက်ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မတွေးပဲ Nyx တားတဲ့ကြားကမရ လေယာဉ်ပေါ်က ခုန်ချတဲ့အကွက်ကြီးဖြစ်ပါတယ်။ ကိုယ်တွေတော်တော်ကို ကြောင်သွားတယ် ဒီမိန်းမဘာလဲဟပေါ့ XD... Nyx သာမကယ်ရင် အဲ့နေရာမှာတင်ပွဲချင်းပြီး့ပြီ။ သတ္တိရှိတယ်ဆိုတာကို နားလည်နိုင်ပေမယ့် အခုလိုလုပ်တာကြီးကတော ရူးတာသက်သက်သာဖြစ်ပါတယ်။
၅။ ကျွန်တော့်နေနဲ့ Lunafreya ကို Harley Quinn အစား suicide squard ထဲမှာထိတ်ဆုံးက သုံးဖို့ရဲရဲကြီး DC ကိုတိုက်တွန်းချင်ပါတယ်။ ထပ်ပြောရင်တော့ အများကြီးပါ အခုနောက်ဆုံးတစ်ခုနဲ့ပဲ ရပ်လိုက်တော့မယ်။ ဒီတစ်ချက်ကတော့ နောက်ဆုံးခန်းဖြစ်ပါတယ်။ ဒီလောက် မင်းသမီး Lunafreya ဟာအရေးကြီးတဲ့ဇာတ်ကောင်ဖြစ်ပါလျှက်နဲ့ နောက်ဆုံး ဒင်းက တစ်ယောက်ထဲ secretly သွားမှလုံခြုံမယ်ဆိုပြီး တစ်စုံတစ်ယောက်အကူအညီမပါပဲ နန်းဝတ်နန်းစားဖြင့် (သာမန်ပြည်သူ အဝတ်အစားတောင်မလဲ) Insomnia မြို့ကနေ လမ်းလျှောက်ကာ မားမားမတ်မတ်ကြီးထွက်သွးရဲတာကိုပဲလေးစာရမလိုပင်။ Niflheim က တစ်စုံတစ်ယောက်တွေ့သွားမည်ကိုနဲနဲမှစိတ်မပူချေ။  Libertus ဆိုသောသတ္တဝါ သည်လည်း သူကို Nyx က သေချာ Luna ကိုစောင့်ရှောက်ဖို့မှာကာမှ နောက်ဆုံး Luna က တစ်ယေက်ထဲသွားတာ ပိုလုံခြုံတယ်လို့ ပြောလာတာကို ပြန်အထွန့်တက်မနေပဲ တစ်ချက်ထဲ လက်ခံပြိး မင်းသမီးအား တစ်ယောက်ထဲ ဒိုးစေခဲ့ပါတယ်။ (ဟိုကလည်းနန်းဝတ်နန်းစားကြီးနဲ့ သေမယ့်အကွက်ဖန်လေတော့ လူလယ် Libertus ကဘယ်လိုလုပ်လိုက်တော့မလဲ)
အချုပ်ပြောရရင်တော့ ဒီ Movie ဟာ FFXV Game ဆော့မယ်ပရိတ်သတ်များ အတွက်သာ ကောင်းနိုင်ပါလိမ့်မယ်။ ဒီတိုင်း stand alone ကြည့်ရှုသူများ အတွက်တော့ ဘာတစ်ခုမှမရှင်းမလင်း ဟာတာတာ နဲ့ series ကြည့်ပြီး တစ်ဝက်မှာ ရပ်သွားသလို ဖြစ်နေပါလိမ့်မည်။ ကျွန်တော့်အတွက်တော့ မျှော်လင့်ထားသလိုတော့ စိတ်ကြေနပ်မှုမရ ဘူးလို့ပြောချင်ပါတယ်။ rating ပေးရမယ် ဆို ရင် 10 မှာ 6.5 လောက်သာ ပေးမည်ဖြစ်ပါတယ်။
Have Fun....
Phyo
Zawgyi
Final Fantasy XV : Kingsglaive Movie
(Spoiler Alert)
Have Fun....
Phyo
No comments:
Post a Comment