Thursday, July 14, 2016
Uncharted 4 : A Thief's End Review
Uncharted series ဟာ Playstation 3 and Playstaton 4 အတွက် အကောင်းဆုံး Adventure game series ဖြစ်ပါတယ်။ Uncharted ရဲ့ Main ကတော့ Nathan Drake ပါပဲ ....Nathan ရဲ့ Greatess Adventure journey ဖြစ်ပါတယ် ။ Uncharted တွေက ဘာလို့ အရမ်းကောင်းသလဲဆိုတော့ Uncharted Main Character ရဲ့ အသံသရုပ်ဆောင်ဟာ Norland North ဖြစ်ပါတယ် ။ Norland North ရဲ့ မခြေမငံစကားပြောသံတွေနဲ့ adventure တစ်ခုလုံးကို ဆွဲဆောင်သွားပါတယ် ။ adventure ဆိုတိုင်း Adventure တစ်မျိုးထဲ မဟုတ်ပါဘူး လူမှု့ရေးတွေ Hunter တွေကြားမှာ ရှိတဲ့ ဆက်ဆံရေးတွေကို ဖော်ပြထားတာပဲ။ Uncharted 1,2,3 မှာ အများစုဟာ Uncharted 2 ကို အကြိုက်ဆုံးလို့ ပြောကြပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ် Uncharted 2 ဟာ တော်တော်လေးကို ကောင်းတာပါ ။ ဒါပင်မဲ့ အခု Uncharted 4 က ဘာလို့ 10 out of 10 ဖြစ်နေရတာလဲဆိုတာ ကြည့်ရအောင်
Uncharted 4 မှာ Nathan Drake ဟာ Uncharted 3 အ ပြီးမှာ အလုပ်နားပြီး သူရဲ့ချစ်ရဆုံး Elena နဲ့ မင်္ဂလာဆောင်ပြီး ဆိပ်ကမ်းတစ်ခုမှာ သာမန်အလုပ်တစ်ခုလုပ်ပြီး အခြေချကာ သာမန်ဘဝနဲ့နေထိုင်ခဲ့တယ်။ Nathan က နောက်ထပ် Adventure ခရီးလုံးဝမထွက်တော့ဘူးလို့ Elena ကို ကတိပေးနေထိုင်ခဲ့ပါတယ် .... ဒါပင်မဲ့တစ်ညမှာ Adventure ထွက်ဖို့ မဖြစ်မနေ အကြောင်းဖန်လာပါတယ် ..... ဘာလို့ မဖြစ်မနေဖြစ်ရတဲ့ အကြောင်းဖန်လာတာလဲဆိုတော့ သူရဲ့ အကို SAMUAL Drake ဟာ 15 နှစ်လုံးလုံးပျောက်ကွယ်နေခဲ့တာပါ Nathan က သေပြီလို့ကို ထင်ထားတာ ....... .သေသွားလို့ထင်ထားတဲ့ အကိုနေ့တွေ့လိုက်ရတော့ အရမ်းပျော်ပြီ .. သူရဲ့ adventure သွားခဲ့တဲ့အကြောင်းမှန်သမျှကို စကားရည် လူး ပြီ ..... ထိုင်ပြောနေတာ နေထွက်သည် အထိပေါ့ဗျာ ..... ဒါပင်မဲ့ Nathan ရဲ့ အကိုဟာ သူ့ညီကို လာရှာတာ အကြောင်းရှိပါတယ် .... အကြောင်းအရင်ကတော့ ဒီလိုဗျ... Nathan ရယ် SAM ရဲ့ သူတို့ရဲ့ Partner Rafe ရယ် သုံးယောက်ဟာ Panamanian jail မှာ Henry Avery ရဲ့ trasture အတွက် Clue လာရှာတာဖြစ်ပါတယ် ။ Henry Avery ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Pirate ဖြစ် ပြီး 1695 ခုနှစ်မှာ အကြီးမားဆုံး ဓါးပြတိုက်မှု့ပြုလုပ်ခဲ့ပြီး Mughal Ganj-i-Sawai ဆီကနေ 400 million dollars ရှိတဲ့ ရွှေတွေကို လုယူထွက်ပြေးခဲ့ပါတယ် ။ Henry Avery Pirate ကြီးဟာ သူရဲ့ Treasure တွေရှိတဲ့နေရာကိုworld wide နေရာအနှံမှာ Clue အနေနဲ့ မြေပုံကို ဝှက်သိမ်းထားတာပါ ။ ဒါကို Nathan တို့ Brother က ရအောင် ရှာဖွေကျမှာဖြစ်ပါတယ် ။ ဒီတော့ အဲဒီ Panamanian Jail နားမှာရှိတဲ့ ရဲတိုက်ကနေ Clue ကို ရှာဖို့အတွက် ဝင်ရောက်နေကြတာဖြစ်ပါတယ် ။
အဲလိုနဲ့ ရှာရင်း ဖွေရင်း နဲ့ St.Dismas cross ကို Clue အဖြစ်ရရှိသွားတော့ ထောင်ထဲကနေ ထွက်ပြေးကျတာပေါ့ဗျာ နောက်ဆုံးထွက်ပြေးလို့ လွတ်ခါနီးလေးမှာ သူ့ရဲ့အကို သေနတ်အပစ်ခံလိုက်ရသဖြင့် Rafe နဲ့ Nathan တို့ပဲ လွတ်မြောက်ခဲ့တာပေါ့..... SAM ဟာ တကယ်တော့ မသေပဲ ထောင်ထဲမှာ ၁၅ နှစ်တိတိ နေခဲ့ရပြီး နောက်ဆုံး ထောင်ဖော်လူဆိုးရဲ့ အကူအညီနဲ့ လွတ်မြောက်ခဲ့သော်လဲ ထောင်ဖော်လူဆိုးက ထောင်အပြင်လဲရောက်ရော Sam လည်ပင်းအားဓါးနဲ့ထောက်ပြီး Henry Avery ရဲ့ Treasure ကို သူအတွက် 70% လောက်ပေးရမယ် ၃ လပဲအချိန်ပေးမယ် တစ်ခုခု ကာကွယ်ဖို့ကြိုးစားရင် လိုက်သတ်မယ်လို့ ခြမ်းခြောက်လွှတ်လိုက်ပါတယ် ...... ဒီတော့ Sam တို့ညီအကိုရဲ့ target ကလဲ Henry Avery ပဲဆိုတော့ SAM ဟာ Nathan ကို လာရှာတော့တာပဲ ..... ဒီလိုနဲ့ Nathan ရဲ့ Adventure ဟာ စခဲ့ပါတော့တယ်. ...... Uncharted 4 မှာ ထူးခြားချက်က Nathan တို့ ငယ်ဘ၀ အကြောင်းအရင်း ပါတာကြောင့် Nathan Drake ရဲ့ ငယ်စရိုက်ကို သေသေချာချာ သိသွားမှာပါ .... Uncharted 3 မှာတုန်းက ပါပင်မဲ့ နည်းနည်းလေးဆိုတော့ အားမလိုအားမရပါပဲ။ တစ်ခုမေ့သွားတယ် XD
Sully ...... နာမည်အရင်းကတော့ Victor Sullivan ပေါ့ ...... Sully ဟာ Nathan ရဲ့ adventure မွေးစားဖခင်ပါ .... Sully ဟာ Uncharted 1 ကတည်းက Nathan နဲ့ အတူ Great Adventure ကို အတူတူသွားခဲ့ပြီ ။ always got Nathan back ဆိုရင်လဲ မမှားပါဘူး....ညီအစ်ကိုကြားမှာ ချစ်ခြင်းတွေယုံကြည့်မှုတွေကို မြင်တွေ့ရမှာဖြစ်သလို သဘောထားကွဲလွဲတာတွေလဲ မြင်တွေ့ရအုံးမယ် Nathan ရဲ့ Big threat က ဘယ်သူဆိုတာပေါ်လာမဲ့အပြင် Nathan
စွန့်စားခန်း ခံစားခန်းတွေနဲ့ ဝေဝေဆာဆာတွေ့မြင့်ရမှာပါ ... .ပြောလို့ရရင် တစ်ဂိမ်းလုံးကို ပြောပြချင်တာ ဒါပင်မဲ့ကိုယ်တိုင် ကစားမှ အရသာက ပိုကောင်းမှာပေါ့ ။ ဒါကြောင့် ပထမပိုင်းလောက်ပဲ ကျနော် ပြောပြတော့မယ်နော် ........ ဒါဆို Gameplay, Graphic အကြောင်းလေးပြေးကြည့်ကြည့်ရအောင်
Gameplay အနေနဲ့ ပြောရရင် အရင် Uncharted ကစားဖူးသူတိုင်းအတွက် ပုံမှန်ပါပဲ ။ တောင်ပေါ်တက်မယ် .... ခုန်မယ် .... .ရေကူးမယ် ..... သေနတ်ပစ်မယ် လက်ဝှေ့ထိုးမယ် စတာတွေပေါ့။ Uncharted 4 မှာ Gameplay က အရမ်းကို smooth ပါတယ် ။ အရင် series တွေထပ်ကို smooth ပါတယ် ။ fighting mechanic မှာ တော်တော် လေးကို smooth ပြီး ထိုးရတာ တော်တော် ကောင်းပါတယ် ...... Gun shooting ပိုင်းတွေမှာ တကယ်ပစ်ခတ်နေသလိုပဲ ပြေးလိုက် ပုန်းလိုက် ပစ်လိုက်နဲ့ပေါ့ဗျာ။ Car driving အခန်းတွေမှာလဲ တကယ်ကားမောင်းနေရသလို ခံစားမှုကို ပေးပါတယ် ။ ဂိမ်းတစ်ခုလုံးမှာ Nathan ကို လိုက်ပစ်ခတ်နေမဲ့ လူဆိုးတွေ တစ်ပုံကြီးကြားထဲက Nathan ဟာ Henry Avery ရဲ့ Treasure ကို ရအောင်ရှာရမှာဖြစ်ပါတယ် ။ Gamplay အပိုင်းက ဒါတင်လား မဟုတ်သေးပါဘူး ။ Stealth gameplay လေးတွေပါသေးပါတယ် လူဆိုးတွေကို ဝုန်းဒိုင်း သေနတ်နဲ့မပစ်ချင်ရင် Steath လုပ်ပြီး တိုက်ခိုက်နိုင်ပါသေးတယ် ။
Graphic အပိုင်းပြောရအောင် Graphic အပိုင်းက ဒဲ့ပဲပြောမယ်ဗျာ ....... ဒီဂိမ်းလောက် လှတဲ့ Detail Graphic တစ်ဂိမ်းမှ မမြင်ဖူးဘူး ..... သစ်ရွက်တစ်ရွက်က အစ Detail လုပ်ထား .... Environment တစ်ခုလုံးကို မခွဲခွာပဲ ထိုင်ကြည့်ချင်လောက်အောင် လှတာပါ ။ ကျနော်ဆို ကစားနေရင် Environment ကို ၁၅ မိနစ်လောက် အေးအေးဆေးဆေး Camera နဲ့ပါ ပတ်ကြည့်တာ လှလွန်းလို့ ပါးစပ်က လှတယ်ကွာ ..... မိုက်တယ်ကွာ ...... တဖွဖွပြောနေတာ XD
Unchatred series မှာနောက်တစ်ခု အကောင်းဆုံးကရှိသေးတယ် အဲဒါဘာလဲဆိုတော့ in game Dialogue ပြောတဲ့စကားတွေပါ .... Nathan နဲ့ SAM ညီအစ်ကိုအချင်းချင်း ဟာသပြောလိုက် ကူးလိုက် စလိုက်နောက်လိုက်နဲ့ Game ကစားနေတာလား ညီအစ်ကိုတွေရဲ့ သဘာဝကို ကြည့်နေတာလားလို့ မသဲကွဲအောင် ဆွဲဆောင်နေတာပါ ။ Nathan နဲ့ Elena တို့ပြောတဲ့စကားတွေ Sully နဲ့ပြောတဲ့ စကားတွေကလဲ တကယ်ကို သဘာ၀ ကျပါတယ် ။ Game နောက်ပိုင်းရောက်လေလေ Environment အလှတွေကို ပိုခံစားရလေ Nathan တို့ရဲ့ relationship ကို ပိုစိတ်ဝင်စားစွာ သိခွင့်ရလေလေ ဖြစ်ပါတယ်။ Adventure ဆိုတဲ့အတိုင်း တောင်တက်တာတွေက မပါမဝင်မဖြစ် ပါဝင်ပါတယ် ဒါပင်မဲ့ တောင်တက်ရတဲ့ အခန်းတွေ မှာ လုံး၀ မပျင်းရိသွားအေင် Nathan ရဲ့ Dialgoue တွေနဲ့ ဖြည့်စွက်ပြီး player ရဲ့ မျက်နာတွင် အပြုံးတစ်စုံနဲ့ ဆွဲဆောင်သွားအုံးမှာပါ ။ ဒီဂိမ်းထဲမှာ အချစ်လဲပါမယ် .... ယုံကြည့်မှု့နဲ့ ပါတ်သတ်တာလဲပါမယ် ... နားလည်မှုတွေလဲ ပါမယ် .... မယုံကြည်နိုင်လောက်အောင် အံသြသင့်စရာလေးတွေပါမယ် ...... ရှင်းရှင်းပြောရရင် Player ကို အရသာစုံနဲ့ စွဲဆောင်သွားမဲ့ ဂိမ်းဟာ Uncharted 4 : A Thief's End ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ် ။
Uncharted 4 : A Thief's end ဟာ PlayStation 4 exclusive game ဖြစ်ပြီး 10 out of 10 rating ရထားတဲ့ ဂိမ်းဖြစ်တာကြောင့် PS4 owner တိုင်းလက်မလွတ်သင့်တဲ့ ဂိမ်းပါ Uncharted 4 ကို ပိုပြီး adore ဖြစ်သွားအောင် Uncharted Collection ကို အရင် ကစားပါလို့လဲ တိုက်တွန်းချင်ပါတယ်ခင်ဗျာ ......
JameSam
Zawgyi
Uncharted 4 : A Thief's End Review ( Less spoiler )
No comments:
Post a Comment