Friday, June 19, 2015

Resident Evil Zero Remastered Review

 

Resident Evil Zero Remastered
စာရေးသူ -RP2

July 23, 1998
ည 8 နာရီနဲ့ 2 မိနစ်

Umbrella အဖွဲ့အစည်း ရဲ့ Ecliptic Expressလို့ခေါ်တဲ့ ကိုယ်ပိုင် ရထားတစ်စင်း . . .
တောတွေ တောင်တွေ ကွေ့ဝိုက်ဖြတ်သန်းရင်းနဲ့ ခရီးသွားနေတယ်၊ ရထားပေါ်မှာပါလာတဲ့လူတွေ ကလည်း အားလုံးအေးအေးလူလူနဲ့ သက်တောင့်သက်သာနဲ့ပေါ့….

ဒါကို တောင်အငူအစွန်းပေါ်မှာကြိုရောက်နေတဲ့ လူငယ်တစ်ယောက် ဟာ မမှိတ်မသုန်နဲ့ ရထားကြီးသွားနေတာကို သွေးအေးအေးနဲ့ ကြည့်နေခဲ့တယ်။

သူဘာလုပ်မှာလဲ၊
ဘယ်လိုအကြံအစဉ်တွေလုပ်ထားသလဲ….
ဘာကြောင့်လဲ... ဘာကြောင့်လဲ....

+++++++++++++++++++

ရထားပေါ်ကလူတွေကတော့ ဘာမှကို မသိကြရှာပါဘူး။

သက်တောင့်သက်သာနဲ့ ခရီးသွားရင်း အစားစားသူ ကစား၊ စကားပြောသူကပြော၊ တောတောင် ရှုခင်းများကို ခံစားတဲ့လူက ငေးမော လွမ်းဖွယ် စဉ်းစားရင်းနဲ့ရှိနေ တုန်း….

ဗြုန်းဆိုပြီး ရထားပြတင်းပေါက်မှန်မှာ လာရောက်ကပ်တွယ်လာကြတဲ့ ချွန်ထက်တဲ့သွားများနဲ့ မျှော့လိုလို အကောင်တွေရာနဲ့ချီပြီး တော့ ရထားပြတင်းပေါက်နဲ့ခေါင်မိုးတွေကို ဖျက်စီးပြီးတော့ လူတွေကိုတိုက်ခိုက်ဖို့ရောက်လာကြပါတော့တယ်။ အားလုံးကမ္ဘာပျက်မတတ်ပါပဲ......
အော်လိုက်ဟစ်လိုက်နဲ့ ပြေးစရာမြေမရှိတဲ့လူတွေလိုမျိုး အသားစားမျှော့များရဲ့ တိုက်ခိုက်မှုကြောင့် သွေးသံ တရဲရဲနဲ့ အတုန်းအရုန်း သေပွဲဝင်ရရှာတာများ မြင်မကောင်းလိုက်တာဗျာ…. တစ်ကယ့် ငရဲတစ်ခုကိုရောက်နေ ရသလိုပါပဲ…..

ရထားကတော့ အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းကောင်းနေဆဲပါပဲ …
ညကလည်း သူ့ဘာသာသူ အမှောင်ကတ္တီဘာစကိုခင်းပြီး ကြယ်စင်များနဲ့ ပျော်လို့ကောင်းနေတုန်းပါပဲ . .

ဇာတ်လမ်းကတော့ အဲ့ဒီကစပါတယ်…..

အဆိုပါ အဖြစ်အပျက်များဖြစ်ပြီး နောက်ထပ် 2 နာရီအကြာမှာတော့
Bravo Team of the Special Tactics Rescue Service (STARS) အဖွဲ့ကို အသားစား ဇွန်ဘီများ နဲ့အသားစားအကောင်များရဲ့ ရန်စွယ်ဟာ ဘာကြောင့်ဖြစ်လာရသလဲဆိုတာကို စုံစမ်းဖို့အတွက် Raccoon City မှာရှိတဲ့ ရဲဌာနချုပ်ကနေပြီးတော့ စေလွှတ်ခဲ့ပါတယ်။ ဒါကတော့ Bravo Teams ပဲဖြစ်ပါတယ်။ Alpha အသင်းအဖွဲ့မှာဖြစ်ခဲ့တာတွေကိုတော့ RE မှာ Chris Redfield နဲ့ Jill Valentine တို့နဲ့အတူတွေ့ရပြီးဖြစ်မယ်ထင်ပါတယ်။ အခုတစ်ခါမှာတော့ ကျွန်တော်တို့တွေဟာ တစ်ဖက်တစ်လမ်းကနေပြီးတော့ဖြစ်ခဲ့တာတွေကို ကစားရမှာဖြစ်နေ ပါတယ်။ အခု Bravo Teams နဲ့အတူ ခရီး ဆက်ပါတော့မယ်။ RE မှာတော့ Bravo Teams ပျောက်သွားလို့ နောက်ကနေပြီး Alpha Team လိုက်လံပြီး တော့ ဖွေရှာရင်းနဲ့ ဇာတ်လမ်းကို ကစားခဲ့ရတာဖြစ်ပါတယ်။ အခုတော့ အဲ့ဒီက ဇာတ်လမ်းအစကို ရောက်ပါပြီ၊ ဒါကြောင့်လည်းပဲ နာမည်ကိုပေးထားတာက Resident Evil Zero ပဲဖြစ်နေတာပါ။

ဇာတ်လမ်းပြန်ဆက်မယ်နော်၊ ဒီလိုနဲ့ ဘရာဗို အသင်းကလူတွေဟာ ဟတ်စကီးနဲ့ ရထားအတိုက်အခိုက်ခံရ တဲ့နေရာကို လိုက်ခဲ့တယ်။ နေရာကတော့ Raccoon City မြို့တော်အပြင်ဘက်မှာရှိတဲ့ Arklay Mountain လို့အမည်ရတဲ့ တောင်တန်းတွေကြားထဲမှာပါ၊ ညပိုင်းဖြစ်နေတာကြောင့် ဖွေရှာရတာအခက်တယ်၊ ဒီလိုနဲ့ အဆိုပါအမှုနောက်ကို လိုက်ရင်းနဲ့ဘရာဗိုအဖွဲ့ရဲ့ ဟတ်စကီးဟာ စက်ချွတ်ယွင်းပြီးတော့ ပျက်ကျပါလေရောလား….

အရေးထဲမှာ အရာပေါ်ဆိုသလိုပါပဲ၊ ဟတ်စကီးပျက်ကျတော့ ကံကောင်းထောက်မစွာနဲ့ အသေအပျောက်မရှိခဲ့ ကြဘူး။ ဒါပေမယ့်လူတွေကတော့ တစ်ကွဲတစ်ပြားစီဖြစ်ပြီး ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ အဖွဲ့တွေကွဲ ကုန်ပါတယ်။ တောထဲမှာ ဖြစ်နေတယ်။ ဒါကြောင့် အဖွဲ့တွေဟာ ခွဲပြီးတော့ ပတ်ဝန်းကျင်မှာဖြစ်နေတာကို စုံစမ်းရင်းနဲ့ medic Rebecca Chambers ဟာ ရထားနားကို သူရောက်သွားခဲ့တယ်၊ ရထားပေါ်တတ်ပြီးတော့ စုံစမ်းတဲ့အခါမှာ မျှော့ အကိုက်ခံထားရတဲ့လူတွေဟာ သေဆုံးနေကြပြီး အသက်ရှင်သူတစ်ယောက်မှ မရှိတော့ တာကိုတွေ့ရသလို လူသေတွေဟာ ဆေးစမ်းမျှော့အကိုက်ခံရမှုကြောင့် ဖုတ်ကောင်ဇွန်ဘီတွေဖြစ်ပြီး medic Rebecca Chambers ကို တိုက်ခိုက်လာပါတော့တယ်။ Rebecca Chambers မကြုံဖူးတာတွေကြုံရပြီး ပထမ ဆုံးအတွေ့အကြုံဖြစ်တာကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ဖုတ်ကောင်တွေကို သေနတ်နဲ့ ပစ်ခတ်ပြီးတော့ ထွက်ပြေးပါတော့တယ်….

ကျန်တာကိုတော့ ဂိမ်းထဲမှာ ဆက်ပြီးကစားကြည့်ကြပါတော့နော်….

Marine Billy Coen ဘယ်လိုမျိုးတွေ့ခဲ့ရပြီး ပါတနာတွေအဖြစ် ရန်စွယ်များကို သုတ်သင်ရှင်းလင်းကြသလဲဆို တာကိုတော့ ဂိမ်းကစားတဲ့အခါမှာ ဖီလင်အပြည့်နဲ့ ကစားကြည့်စေချင်ပါတယ်။ Albert Wesker နဲ့ဘယ်လိုမျိုး ပတ်သက်လာခဲ့သလဲ ဘယ်လိုမျိုးတွေဆက်လက်ပြီးတော့ဖြစ်လာမလဲ၊ ဘာကြောင့် မျှော့များကို လူငယ်လေး က ထိန်းချုပ်ပြီးတော့ လူတွေသတ်ပစ်ရတာလဲဆိုတာကို သိချင်ရင်တော့ Resident Evil Zero ကို ကစားကြည့်ကြပါနော်။ မကြာခင်မှာ ဒီဂိမ်းကို Capcom ကနေပြီးတော့ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ GameCube, Wii, Microsoft Windows, PlayStation 4, Xbox One မှာ ကစားနိုင်မှာလည်းဖြစ်ပါတယ်။ Survival horror ဂိမ်းဖြစ်တာကြောင့် သရဲဂိမ်းတွေကို သဘောကျတဲ့လူတွေ လက်မလွှတ်သင့်ဘူးလို့ပြောထား ပါရစေနော်။ အရင်ထွက်ခဲ့တုန်းကလည်း 10 မှတ်မှာ 9 မှတ်အထိရခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့တာကြောင့် အခုပြန် ထွက်မယ့် ဂိမ်းမှာလည်းပဲ လူကြိုက်များမယ့်အရာတွေဘယ်လောက်တောင်များပါနေမလဲဆိုတာ သိချင်နေမိပါ တယ်။ ဒီဂိမ်းထွက်ရက်ကိုတော့ မကြာခင်မှာ Capcom ကနေပြီးတော့ပြောကြားပေးမှာလည်းဖြစ်နေပါတယ်။

Resident Evil HD လိုမျိုးပဲ မကြည်မလင်၊ မရှင်းလင်းတာတွေအားလုံးဟာ အခုဆက်လက်ထွက်မယ့်ဂိမ်းထဲမှာတော့ အမြင်ကောင်းအောင်လို့ တောက်ပမှုများနဲ့ အတူ ဂိမ်းကောင်းတစ်ခုအဖြစ်ရှိနေစေပါလိမ့်မယ်ဆိုတာ ပြောထားချင်ပါတယ်။ ဒီတော့ အခုဂိမ်းကို ကစားဖို့ အားလုံးအသင့်ပြင်နိုင်ဖို့ အသိပေးတင်ဆက်လိုက်ပါတယ်ခင်ဗျာ . . .
မြန်မာဂိမ်မာတွေ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေနော်…။

credit to RP2 gamer


Zawgyi

Resident Evil Zero Remastered
စာေရးသူ -RP2

July 23, 1998
ည 8 နာရီနဲ႕ 2 မိနစ္

Umbrella အဖြဲ႕အစည္း ရဲ႕ Ecliptic Expressလို႕ေခၚတဲ့ ကိုယ္ပိုင္ ရထားတစ္စင္း . . .
ေတာေတြ ေတာင္ေတြ ေကြ႕၀ုိက္ျဖတ္သန္းရင္းနဲ႕ ခရီးသြားေနတယ္၊ ရထားေပၚမွာပါလာတဲ့လူေတြ ကလည္း အားလံုးေအးေအးလူလူနဲ႕ သက္ေတာင့္သက္သာနဲ႕ေပါ့….

ဒါကို ေတာင္အငူအစြန္းေပၚမွာႀကိဳေရာက္ေနတဲ့ လူငယ္တစ္ေယာက္ ဟာ မမွိတ္မသုန္နဲ႕ ရထားႀကီးသြားေနတာကို ေသြးေအးေအးနဲ႕ ၾကည့္ေနခဲ့တယ္။

သူဘာလုပ္မွာလဲ၊
ဘယ္လုိအႀကံအစဥ္ေတြလုပ္ထားသလဲ….
ဘာေၾကာင့္လဲ... ဘာေၾကာင့္လဲ....

+++++++++++++++++++

ရထားေပၚကလူေတြကေတာ့ ဘာမွကို မသိၾကရွာပါဘူး။
သက္ေတာင့္သက္သာနဲ႕ ခရီးသြားရင္း အစားစားသူ ကစား၊ စကားေျပာသူကေျပာ၊ ေတာေတာင္ ရႈခင္းမ်ားကို ခံစားတဲ့လူက ေငးေမာ လြမ္းဖြယ္ စဥ္းစားရင္းနဲ႕ရွိေန တုန္း….

ျဗဳန္းဆုိၿပီး ရထားျပတင္းေပါက္မွန္မွာ လာေရာက္ကပ္တြယ္လာၾကတဲ့ ခၽြန္ထက္တဲ့သြားမ်ားနဲ႕ ေမွ်ာ့လိုလို အေကာင္ေတြရာနဲ႕ခ်ီၿပီး ေတာ့ ရထားျပတင္းေပါက္နဲ႕ေခါင္မိုးေတြကို ဖ်က္စီးၿပီးေတာ့ လူေတြကိုတိုက္ခုိက္ဖို႕ေရာက္လာၾကပါေတာ့တယ္။ အားလံုးကမာၻပ်က္မတတ္ပါပဲ......

ေအာ္လိုက္ဟစ္လိုက္နဲ႕ ေျပးစရာေျမမရွိတဲ့လူေတြလုိမ်ိဳး အသားစားေမွ်ာ့မ်ားရဲ႕ တုိက္ခုိက္မႈေၾကာင့္ ေသြးသံ တရဲရဲနဲ႕ အတုန္းအရုန္း ေသပြဲ၀င္ရရွာတာမ်ား ျမင္မေကာင္းလိုက္တာဗ်ာ…. တစ္ကယ့္ ငရဲတစ္ခုကိုေရာက္ေန ရသလိုပါပဲ…..

ရထားကေတာ့ အရွိန္ျပင္းျပင္းနဲ႕ ခုတ္ေမာင္းေကာင္းေနဆဲပါပဲ …
ညကလည္း သူ႕ဘာသာသူ အေမွာင္ကတီၱဘာစကိုခင္းၿပီး ၾကယ္စင္မ်ားနဲ႕ ေပ်ာ္လို႕ေကာင္းေနတုန္းပါပဲ . .
ဇာတ္လမ္းကေတာ့ အဲ့ဒီကစပါတယ္…..

အဆိုပါ အျဖစ္အပ်က္မ်ားျဖစ္ၿပီး ေနာက္ထပ္ 2 နာရီအၾကာမွာေတာ့
Bravo Team of the Special Tactics Rescue Service (STARS) အဖြဲ႕ကို အသားစား ဇြန္ဘီမ်ား နဲ႕အသားစားအေကာင္မ်ားရဲ႕ ရန္စြယ္ဟာ ဘာေၾကာင့္ျဖစ္လာရသလဲဆိုတာကို စံုစမ္းဖို႕အတြက္ Raccoon City မွာရွိတဲ့ ရဲဌာနခ်ဳပ္ကေနၿပီးေတာ့ ေစလႊတ္ခဲ့ပါတယ္။ ဒါကေတာ့ Bravo Teams ပဲျဖစ္ပါတယ္။ Alpha အသင္းအဖြဲ႕မွာျဖစ္ခဲ့တာေတြကိုေတာ့ RE မွာ Chris Redfield နဲ႕ Jill Valentine တို႕နဲ႕အတူေတြ႕ရၿပီးျဖစ္မယ္ထင္ပါတယ္။ အခုတစ္ခါမွာေတာ့ ကၽြန္ေတာ္တုိ႕ေတြဟာ တစ္ဖက္တစ္လမ္းကေနၿပီးေတာ့ျဖစ္ခဲ့တာေတြကို ကစားရမွာျဖစ္ေန ပါတယ္။ အခု Bravo Teams နဲ႕အတူ ခရီး ဆက္ပါေတာ့မယ္။ RE မွာေတာ့ Bravo Teams ေပ်ာက္သြားလို႕ ေနာက္ကေနၿပီး Alpha Team လိုက္လံၿပီး ေတာ့ ေဖြရွာရင္းနဲ႕ ဇာတ္လမ္းကို ကစားခဲ့ရတာျဖစ္ပါတယ္။ အခုေတာ့ အဲ့ဒီက ဇာတ္လမ္းအစကို ေရာက္ပါၿပီ၊ ဒါေၾကာင့္လည္းပဲ နာမည္ကိုေပးထားတာက Resident Evil Zero ပဲျဖစ္ေနတာပါ။

ဇာတ္လမ္းျပန္ဆက္မယ္ေနာ္၊ ဒီလိုနဲ႕ ဘရာဗို အသင္းကလူေတြဟာ ဟတ္စကီးနဲ႕ ရထားအတိုက္အခိုက္ခံရ တဲ့ေနရာကို လုိက္ခဲ့တယ္။ ေနရာကေတာ့ Raccoon City ၿမိဳ႕ေတာ္အျပင္ဘက္မွာရွိတဲ့ Arklay Mountain လို႕အမည္ရတဲ့ ေတာင္တန္းေတြၾကားထဲမွာပါ၊ ညပိုင္းျဖစ္ေနတာေၾကာင့္ ေဖြရွာရတာအခက္တယ္၊ ဒီလိုနဲ႕ အဆိုပါအမႈေနာက္ကို လုိက္ရင္းနဲ႕ဘရာဗိုအဖြဲ႕ရဲ႕ ဟတ္စကီးဟာ စက္ခၽြတ္ယြင္းၿပီးေတာ့ ပ်က္က်ပါေလေရာလား….

အေရးထဲမွာ အရာေပၚဆိုသလိုပါပဲ၊ ဟတ္စကီးပ်က္က်ေတာ့ ကံေကာင္းေထာက္မစြာနဲ႕ အေသအေပ်ာက္မရွိခဲ့ ၾကဘူး။ ဒါေပမယ့္လူေတြကေတာ့ တစ္ကြဲတစ္ျပားစီျဖစ္ၿပီး ဟိုတစ္ေယာက္ ဒီတစ္ေယာက္နဲ႕ အဖြဲ႕ေတြကြဲ ကုန္ပါတယ္။ ေတာထဲမွာ ျဖစ္ေနတယ္။ ဒါေၾကာင့္ အဖြဲ႕ေတြဟာ ခြဲၿပီးေတာ့ ပတ္၀န္းက်င္မွာျဖစ္ေနတာကို စံုစမ္းရင္းနဲ႕ medic Rebecca Chambers ဟာ ရထားနားကို သူေရာက္သြားခဲ့တယ္၊ ရထားေပၚတတ္ၿပီးေတာ့ စံုစမ္းတဲ့အခါမွာ ေမွ်ာ့ အကိုက္ခံထားရတဲ့လူေတြဟာ ေသဆံုးေနၾကၿပီး အသက္ရွင္သူတစ္ေယာက္မွ မရွိေတာ့ တာကိုေတြ႕ရသလို လူေသေတြဟာ ေဆးစမ္းေမွ်ာ့အကိုက္ခံရမႈေၾကာင့္ ဖုတ္ေကာင္ဇြန္ဘီေတြျဖစ္ၿပီး medic Rebecca Chambers ကို တုိက္ခုိက္လာပါေတာ့တယ္။ Rebecca Chambers မႀကံဳဖူးတာေတြႀကံဳရၿပီး ပထမ ဆံုးအေတြ႕အႀကံဳျဖစ္တာေၾကာင့္ ေၾကာက္ေၾကာက္လန္႕လန္႕နဲ႕ ဖုတ္ေကာင္ေတြကို ေသနတ္နဲ႕ ပစ္ခတ္ၿပီးေတာ့ ထြက္ေျပးပါေတာ့တယ္….

က်န္တာကိုေတာ့ ဂိမ္းထဲမွာ ဆက္ၿပီးကစားၾကည့္ၾကပါေတာ့ေနာ္….

Marine Billy Coen ဘယ္လိုမ်ိဳးေတြ႕ခဲ့ရၿပီး ပါတနာေတြအျဖစ္ ရန္စြယ္မ်ားကို သုတ္သင္ရွင္းလင္းၾကသလဲဆို တာကိုေတာ့ ဂိမ္းကစားတဲ့အခါမွာ ဖီလင္အျပည့္နဲ႕ ကစားၾကည့္ေစခ်င္ပါတယ္။ Albert Wesker နဲ႕ဘယ္လိုမ်ိဳး ပတ္သက္လာခဲ့သလဲ ဘယ္လုိမ်ိဳးေတြဆက္လက္ၿပီးေတာ့ျဖစ္လာမလဲ၊ ဘာေၾကာင့္ ေမွ်ာ့မ်ားကို လူငယ္ေလး က ထိန္းခ်ဳပ္ၿပီးေတာ့ လူေတြသတ္ပစ္ရတာလဲဆိုတာကို သိခ်င္ရင္ေတာ့ Resident Evil Zero ကို ကစားၾကည့္ၾကပါေနာ္။ မၾကာခင္မွာ ဒီဂိမ္းကို Capcom ကေနၿပီးေတာ့ ထုတ္လုပ္ေပးမွာျဖစ္ပါတယ္။ GameCube, Wii, Microsoft Windows, PlayStation 4, Xbox One မွာ ကစားႏုိင္မွာလည္းျဖစ္ပါတယ္။ Survival horror ဂိမ္းျဖစ္တာေၾကာင့္ သရဲဂိမ္းေတြကို သေဘာက်တဲ့လူေတြ လက္မလႊတ္သင့္ဘူးလို႕ေျပာထား ပါရေစေနာ္။ အရင္ထြက္ခဲ့တုန္းကလည္း 10 မွတ္မွာ 9 မွတ္အထိရခဲ့တဲ့ ဂိမ္းတစ္ခုျဖစ္ခဲ့တာေၾကာင့္ အခုျပန္ ထြက္မယ့္ ဂိမ္းမွာလည္းပဲ လူႀကိဳက္မ်ားမယ့္အရာေတြဘယ္ေလာက္ေတာင္မ်ားပါေနမလဲဆိုတာ သိခ်င္ေနမိပါ တယ္။ ဒီဂိမ္းထြက္ရက္ကိုေတာ့ မၾကာခင္မွာ Capcom ကေနၿပီးေတာ့ေျပာၾကားေပးမွာလည္းျဖစ္ေနပါတယ္။

Resident Evil HD လိုမ်ိဳးပဲ မၾကည္မလင္၊ မရွင္းလင္းတာေတြအားလံုးဟာ အခုဆက္လက္ထြက္မယ့္ဂိမ္းထဲမွာေတာ့ အျမင္ေကာင္းေအာင္လုိ႕ ေတာက္ပမႈမ်ားနဲ႕ အတူ ဂိမ္းေကာင္းတစ္ခုအျဖစ္ရွိေနေစပါလိမ့္မယ္ဆိုတာ ေျပာထားခ်င္ပါတယ္။ ဒီေတာ့ အခုဂိမ္းကို ကစားဖို႕ အားလံုးအသင့္ျပင္ႏုိင္ဖို႕ အသိေပးတင္ဆက္လိုက္ပါတယ္ခင္ဗ်ာ . . .
ျမန္မာဂိမ္မာေတြ အားလံုး ရႊင္လန္းခ်မ္းေျမ႕ၾကပါေစေနာ္…။

credit to RP2 gamer

No comments:

Post a Comment