Sunday, July 20, 2014

Mobile အတွက် Simulation Games



Japan ရဲ့ Gaming Industry ဟာ Europe နဲ့ America ထက်ကျယ်ပြန့်တာကိုလည်းသိကြမှာပါ။ သူတို့မှာ အလွန်ကောင်းတဲ့ Game ပေါင်းများစွာရှိပြီး သူတို့ထဲက အချို့အဝက်သာ Europe နဲ့ America ကို Eng version အနေနဲ့ဖြန့်ဖြူးလေ့ရှိပါတယ်။ ဒီနေ့တော့ Japanese Mobile Game Developer တစ်ဦးဖြစ်တဲ့ Kairosoft ရဲ့ Eng version နဲ့ဖြန့်ဖြူးခဲ့တဲ့ အချို့ game လေးတွေအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

Kairosoft ဟာ Android နဲ့ I Os တို့အတွက် Simulation game လေးတွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး 1996ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်း ၉ဦးနဲ့သာ လည်ပတ်နေတာဖြစ်ပါတယ်။ သူ့ရဲ့ game တော်တော်များများဟာ Japan ဈေးကွက်အတွက်ပဲ ထုတ်လုပ်တာဖြစ်ပြီး Game Dev Story ဆိုတဲ့ Game company တစ်ခုကို စီမံခန့်ခွဲရတဲ့ simulation game လေးထုတ်အပြီးမှာတော့ ကမ္ဘာအနှံ့ နာမည်ထင်ရှားလာခဲ့ပါတယ်။

Game Dev Story ဟာ Oct 9, 2010 မှာထုတ်လုပ်ခဲ့ပြီး Game ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရတဲ့ game လေးပါ။ Programmer တွေ Graphic Designerတွေ ခေါ်ယူပြီး console တွေမှာ အောင်မြင်တဲ့ game တစ်ခုထုတ်လုပ်နိုင်ဖို့ကြိုးစားရတာမျိုးပါ။ Game တစ်ခုကိုထုတ်လုပ်ရာမှာ Game ရဲ့ Genre နဲ့ ဦးတည်တဲ့ ရည်ရွယ်ချက်မှန်ကန်ခဲ့ရင် သူသတ်မှတ်ထားတဲ့ Cuteness, Realism , polish, Bugs စတဲ့ Attribute လေးတွေကိုပေါင်းထည့်သွားမှာဖြစ်ပါတယ်။ Bugs တွေအကုန်လုံးကို ရှင်းအပြီးမှာတော့ Game ကိုရောင်းချလို့ရမှာဖြစ်ပြီး Attribute လေးတွေအလိုက် user တွေက 1-10 rating အလိုက် review ပြန်ပေးမှာဖြစ်ပါတယ်။ user review တွေဟာ Game ကိုဈေးကွက်မှာပေါက်ဖို့အရေးပါပြီး တခြား GameDex ကဲ့သို့သော Promotion တွေနဲ့လည်း အရောင်းမြှင့်တင်ဖို့ကြိုးစားလို့ရပါတယ်။ အချိန်ကာလတစ်ခုကြာအပြီးမှာတော့ Development Team ကို ချဲ့နိုင်မှာဖြစ်ပြီး ကိုယ်ပိုင် console တစ်ခုကိုလည်း ထုတ်လုပ်နိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ ဈေးကွက်အတွင်း မပြောင်းမလဲပဲရှိနေတဲ့ တစ်ခုတည်းသော Platform က PC ဖြစ်ပြီး အဲ့ဒီ Platform ပေါ်မှာပဲ game ထုတ်လုပ်ခြင်းက အမြတ်ငွေအနည်းငယ်သာရရှိစေပါတယ်။ တခြား game ကုမ္ပဏီတွေက ထုတ်ထားတဲ့ console တွေနဲ့စာချုပ်ချုပ်ပြီး ထုတ်လုပ်ရင် အမြတ်အစွန်းများစွာရရှိနိုင်ပေမယ့် console ပိုင်ရှင်ကုမ္ပဏီက သူ့ console ကို ဈေးကွက်ကနေဖျက်သိမ်းလိုက်ရင်တော့ အဲ့ဒီ console အပေါ်မှာ game ထုတ်လုပ်ခွင့်ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် quality ကောင်းကောင်း console တစ်ခုထုတ်လုပ်နိုင်မှသာ Game ရဲ့ Goal ကိုပြည့်မှီနိုင်မှာဖြစ်ပါတယ်။ Game ရဲ့ Goal ကတော့ ဈေးကွက်ထဲမှာ အကောင်းဆုံး အမြတ်အများဆုံး Game ကို ထုတ်လုပ်နိုင်ရမှာဖြစ်ပါတယ်။ Game Dev Story ဟာ Android နဲ့ I Os အတွက် ထုတ်လုပ်ပေးထားပြီး PC အတွက် Game Dev Story 2 ဆိုပြီး ထုတ်လုပ်ဖို့ကြော်ငြာခဲ့ပေမယ့် အခုထိတော့ ထွက်ရှိမယ့်ရက်ကို မသိရသေးပါဘူး။

နောက်တစ်ခုအနေနဲ့ကတော့ Ninja Village ဆိုတဲ့ game လေးပါ။ Ninja Village ဆိုတဲ့အတိုင်း Ninja ရွာလေးကိုတည်ထောင်ရမှာဖြစ်ပြီး မိမိရွာလေးကို တိုးချဲ့အောင်လုပ်ရင်း ပတ်ဝန်းကျင်က ပြိုင်ဘက်ရွာလေးတွေကို သိမ်းသွင်းရမှာပါ။ အားလုံးကို သိမ်းသွင်းလို့ပြီးသွားရင်တော့ Ashikaga Shogunate ကို Shogun ပြန်ဖြစ်စေဖို့ကူညီရမှာဖြစ်ပြီး သမိုင်းဝင် clan တွေဖြစ်တဲ့ Tokugawa, Takeda နဲ့ Oda စတာတွေနဲ့ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ စစ်သားတွေကိုစုဆောင်းပြီး ပြိုင်ဘက် clan တွေကို တိုက်ခိုက်ကာ Ashikaga clan ကို Shogun တဖန်ပြန်ဖြစ်စေဖို့က Game ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Ninja Village ကို Android နဲ့ I Os အတွက် ထုတ်လုပ်ပေးထားပြီး Eng ver အနေနဲ့ရနိုင်ပါတယ်။

နောက်တစ်ခုကတော့ Magazine Mogul ဖြစ်ပါတယ်။ Magazine တိုက်တစ်ခုကို စီမံရမှာဖြစ်ပြီး Game Dev Story နဲ့အလားသဏ္ဍန်တူပါတယ်။ သတင်းရဖို့အတွက် အကြောင်းအရာတွေကိုရွေးချယ်ရမှာဖြစ်ပြီး Town Square, River စတဲ့ နေရာလေးတွေကနေ သတင်းယူရမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ အကြောင်းအရာနဲ့ သတင်းယူဖို့နေရာရယ် ပစ်မှတ်ထားမယ့် လူရယ် ကိုက်ညီမယ်ဆိုရင် အောင်မြင်တဲ့ သတင်းကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေနဲ့ အခန်းဆက်ဝတ္ထုတွေကို ထည့်သွင်းနိုင်မှာဖြစ်ပြီး ဝတ္ထုတွေက လိုအပ်တဲ့ attribute တွေကို ထောက်ပံ့ပေးလေ့ရှိပါတယ်။ ဒါ့အပြင် မြို့ကိုပါ စီမံခွင့်ရမှာဖြစ်ပြီး Project တွေ ဖန်တီးတာမျိုးအပြင် ဆိုင်ခန်းတွေတိုးချဲ့တည်ဆောက်ခွင့်ပေးတာမျိုးတွေလုပ်နိုင်ပါတယ်။ မြို့ထဲမှာ ရှိတဲ့ ဆိုင်တွေနဲ့ ကြော်ငြာစာချုပ်ချုပ်ဆိုနိုင်ပြီး ကြော်ငြာတွေနဲ့ ဝတ္ထုတွေက Magazine ရဲ့ ပစ်မှတ်ထားတဲ့ လူတန်းစားကို ခွဲခြားပေးပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လူတန်းစားနဲ့ ကိုယ်ထုတ်လုပ်တဲ့ သတင်းတွေက ကိုက်ညီမယ်ဆိုရင်တော့ Magazine ရောင်းကောင်းမှာဖြစ်ပြီး Game ရဲ့ အဓိက ရည်ရွယ်ချက်က အအောင်မြင်ဆုံး Magazine ထုတ်လုပ်ဖို့ကြိုးစားရတာပါ။

အထက်မှာပြောခဲ့တဲ့ Game တွေအကုန်လုံးဟာ in game 20 year မှာ သူတို့ရဲ့ Goal တွေကို ပြည့်မှီအောင် လုပ်ရတာဖြစ်ပြီး 20 year ပြည့်တာနဲ့ High Score တစ်ခုသတ်မှတ်ပေးပါတယ်။ Player အနေနဲ့ ဆက်ဆော့လို့ရနိုင်ပေမယ့် ရရှိတဲ့ point တွေဟာ HIgh score ကို ထပ်ပေါင်းတော့မှာမဟုတ်ပါဘူး။ New Game ဆော့ရင်တော့ secret character/staff တွေရွေးချယ်ခွင့်ရနိုင်မှာဖြစ်သလို အရင် game ရဲ့ stat တွေလည်း ပါလာနိုင်မှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ game တွေအပြင်အခြား ဆော့လို့ကောင်းတဲ့ Oh! Edo Town ၊ Pocket Academy ၊ Venture Town စတဲ့ Game လေးတွေလည်းရှိပါသေးတယ်။ သူတို့ရဲ့ Japan လိုထုတ်ထားတဲ့ game တွေမှာလည်း game ကောင်းလေးတွေအများကြီးရှိပြီး သူတို့ရဲ့ official site ဖြစ်တဲ့ http://kairopark.jp/android/en/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် :)

Kairosoft ရဲ့ game လေးတွေဟာ Requirement အများကြီးမလိုပဲ ဖုန်းတိုင်းနဲ့ဆော့ကစားနိုင်တာမို့ Simulation game တွေကို ဝါသနာပါတဲ့ Gamer အနေနဲ့ မသိသေးရင် စမ်းသပ်ဆော့ကစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ^_^

#Genie_zin
~|Genie_zin|~


Zawgyi

Japan ရဲ ့ Gaming Industry ဟာ Europe နဲ ့ America ထက္က်ယ္ၿပန္ ့တာကိုလည္းသိၾကမွာပါ။ သူတို ့မွာ အလြန္ေကာင္းတဲ့ Game ေပါင္းမ်ားစြာရွိၿပီး သူတို ့ထဲက အခ်ိဳ ့အ၀က္သာ Europe နဲ ့ America ကို Eng version အေနနဲ ့ၿဖန္ ့ၿဖဴးေလ့ရွိပါတယ္။ ဒီေန ့ေတာ့ Japanese Mobile Game Developer တစ္ဦးၿဖစ္တဲ့ Kairosoft ရဲ ့ Eng version နဲ ့ၿဖန္ ့ၿဖဴးခဲ့တဲ့ အခ်ိဳ ့ game ေလးေတြအေၾကာင္းကို မိတ္ဆက္ေပးခ်င္ပါတယ္။

Kairosoft ဟာ Android နဲ ့ I Os တို ့အတြက္ Simulation game ေလးေတြထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုၿဖစ္ၿပီး 1996ခုႏွစ္မွာစတင္တည္ေထာင္ခဲ့ၿပီး ၀န္ထမ္း ၉ဦးနဲ ့သာ လည္ပတ္ေနတာၿဖစ္ပါတယ္။ သူ ့ရဲ ့ game ေတာ္ေတာ္မ်ားမ်ားဟာ Japan ေစ်းကြက္အတြက္ပဲ ထုတ္လုပ္တာၿဖစ္ၿပီး Game Dev Story ဆိုတဲ့ Game company တစ္ခုကို စီမံခန္ ့ခြဲရတဲ့ simulation game ေလးထုတ္အၿပီးမွာေတာ့ ကမာၻအႏွံ ့ နာမည္ထင္ရွားလာခဲ့ပါတယ္။

Game Dev Story ဟာ Oct 9, 2010 မွာထုတ္လုပ္ခဲ့ၿပီး Game ကုမၸဏီတစ္ခုကို စီမံခန္ ့ခြဲရတဲ့ game ေလးပါ။ Programmer ေတြ Graphic Designerေတြ ေခၚယူၿပီး console ေတြမွာ ေအာင္ၿမင္တဲ့ game တစ္ခုထုတ္လုပ္ႏိုင္ဖို ့ၾကိဳးစားရတာမ်ိဳးပါ။ Game တစ္ခုကိုထုတ္လုပ္ရာမွာ Game ရဲ ့ Genre နဲ ့ ဦးတည္တဲ့ ရည္ရြယ္ခ်က္မွန္ကန္ခဲ့ရင္ သူသတ္မွတ္ထားတဲ့ Cuteness, Realism , polish, Bugs စတဲ့ Attribute ေလးေတြကိုေပါင္းထည့္သြားမွာၿဖစ္ပါတယ္။ Bugs ေတြအကုန္လံုးကို ရွင္းအၿပီးမွာေတာ့ Game ကိုေရာင္းခ်လို ့ရမွာၿဖစ္ၿပီး Attribute ေလးေတြအလိုက္ user ေတြက 1-10 rating အလိုက္ review ၿပန္ေပးမွာၿဖစ္ပါတယ္။ user review ေတြဟာ Game ကိုေစ်းကြက္မွာေပါက္ဖို ့အေရးပါၿပီး တၿခား GameDex ကဲ့သို ့ေသာ Promotion ေတြနဲ ့လည္း အေရာင္းၿမွင့္တင္ဖို ့ၾကိဳးစားလို ့ရပါတယ္။ အခ်ိန္ကာလတစ္ခုၾကာအၿပီးမွာေတာ့ Development Team ကို ခ်ဲ ့ႏိုင္မွာၿဖစ္ၿပီး ကိုယ္ပိုင္ console တစ္ခုကိုလည္း ထုတ္လုပ္ႏိုင္ခြင့္ရွိလာမွာၿဖစ္ပါတယ္။ ေစ်းကြက္အတြင္း မေၿပာင္းမလဲပဲရွိေနတဲ့ တစ္ခုတည္းေသာ Platform က PC ၿဖစ္ၿပီး အဲ့ဒီ Platform ေပၚမွာပဲ game ထုတ္လုပ္ၿခင္းက အၿမတ္ေငြအနည္းငယ္သာရရွိေစပါတယ္။ တၿခား game ကုမၸဏီေတြက ထုတ္ထားတဲ့ console ေတြနဲ ့စာခ်ဳပ္ခ်ဳပ္ၿပီး ထုတ္လုပ္ရင္ အၿမတ္အစြန္းမ်ားစြာရရွိႏိုင္ေပမယ့္ console ပိုင္ရွင္ကုမၸဏီက သူ ့ console ကို ေစ်းကြက္ကေနဖ်က္သိမ္းလိုက္ရင္ေတာ့ အဲ့ဒီ console အေပၚမွာ game ထုတ္လုပ္ခြင့္ေပ်ာက္ဆံုးသြားမွာၿဖစ္ပါတယ္။ ဒါေၾကာင့္ quality ေကာင္းေကာင္း console တစ္ခုထုတ္လုပ္ႏိုင္မွသာ Game ရဲ ့ Goal ကိုၿပည့္မွီႏိုင္မွာၿဖစ္ပါတယ္။ Game ရဲ ့ Goal ကေတာ့ ေစ်းကြက္ထဲမွာ အေကာင္းဆံုး အၿမတ္အမ်ားဆံုး Game ကို ထုတ္လုပ္ႏိုင္ရမွာၿဖစ္ပါတယ္။ Game Dev Story ဟာ Android နဲ ့ I Os အတြက္ ထုတ္လုပ္ေပးထားၿပီး PC အတြက္ Game Dev Story 2 ဆိုၿပီး ထုတ္လုပ္ဖို ့ေၾကာ္ၿငာခဲ့ေပမယ့္ အခုထိေတာ့ ထြက္ရွိမယ့္ရက္ကို မသိရေသးပါဘူး။

ေနာက္တစ္ခုအေနနဲ ့ကေတာ့ Ninja Village ဆိုတဲ့ game ေလးပါ။ Ninja Village ဆိုတဲ့အတိုင္း Ninja ရြာေလးကိုတည္ေထာင္ရမွာၿဖစ္ၿပီး မိမိရြာေလးကို တိုးခ်ဲ ့ေအာင္လုပ္ရင္း ပတ္၀န္းက်င္က ၿပိဳင္ဘက္ရြာေလးေတြကို သိမ္းသြင္းရမွာပါ။ အားလံုးကို သိမ္းသြင္းလို ့ၿပီးသြားရင္ေတာ့ Ashikaga Shogunate ကို Shogun ၿပန္ၿဖစ္ေစဖို ့ကူညီရမွာၿဖစ္ၿပီး သမိုင္း၀င္ clan ေတြၿဖစ္တဲ့ Tokugawa, Takeda နဲ ့ Oda စတာေတြနဲ ့ယွဥ္ၿပိဳင္တိုက္ခိုက္ရမွာၿဖစ္ပါတယ္။ လုိအပ္တဲ့ စစ္သားေတြကိုစုေဆာင္းၿပီး ၿပိဳင္ဘက္ clan ေတြကို တိုက္ခိုက္ကာ Ashikaga clan ကို Shogun တဖန္ၿပန္ၿဖစ္ေစဖို ့က Game ရဲ ့ ရည္ရြယ္ခ်က္ၿဖစ္ပါတယ္။ Ninja Village ကို Android နဲ ့ I Os အတြက္ ထုတ္လုပ္ေပးထားၿပီး Eng ver အေနနဲ ့ရႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ Magazine Mogul ၿဖစ္ပါတယ္။ Magazine တိုက္တစ္ခုကို စီမံရမွာၿဖစ္ၿပီး Game Dev Story နဲ ့အလားသ႑န္တူပါတယ္။ သတင္းရဖို ့အတြက္ အေၾကာင္းအရာေတြကိုေရြးခ်ယ္ရမွာၿဖစ္ၿပီး Town Square, River စတဲ့ ေနရာေလးေတြကေန သတင္းယူရမွာၿဖစ္ပါတယ္။ ကိုယ္ေရြးခ်ယ္ထားတဲ့ အေၾကာင္းအရာနဲ ့ သတင္းယူဖို ့ေနရာရယ္ ပစ္မွတ္ထားမယ့္ လူရယ္ ကိုက္ညီမယ္ဆိုရင္ ေအာင္ၿမင္တဲ့ သတင္းကိုဖန္တီးႏိုင္မွာၿဖစ္ပါတယ္။ ဒါ့အၿပင္ ေၾကာ္ၿငာေတြနဲ ့ အခန္းဆက္၀တၳဳေတြကို ထည့္သြင္းႏိုင္မွာၿဖစ္ၿပီး ၀တၳဳေတြက လုိအပ္တဲ့ attribute ေတြကို ေထာက္ပံ့ေပးေလ့ရွိပါတယ္။ ဒါ့အၿပင္ ၿမဳိ ့ကိုပါ စီမံခြင့္ရမွာၿဖစ္ၿပီး Project ေတြ ဖန္တီးတာမ်ိဳးအၿပင္ ဆိုင္ခန္းေတြတိုးခ်ဲ ့တည္ေဆာက္ခြင့္ေပးတာမ်ိဳးေတြလုပ္ႏိုင္ပါတယ္။ ၿမိဳ ့ထဲမွာ ရွိတဲ့ ဆိုင္ေတြနဲ ့ ေၾကာ္ၿငာစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ၿပီး ေၾကာ္ၿငာေတြနဲ ့ ၀တၳဳေတြက Magazine ရဲ ့ ပစ္မွတ္ထားတဲ့ လူတန္းစားကို ခြဲၿခားေပးပါတယ္။ ကိုယ္ပစ္မွတ္ထားတဲ့ လူတန္းစားနဲ ့ ကိုယ္ထုတ္လုပ္တဲ့ သတင္းေတြက ကိုက္ညီမယ္ဆိုရင္ေတာ့ Magazine ေရာင္းေကာင္းမွာၿဖစ္ၿပီး Game ရဲ ့ အဓိက ရည္၇ြယ္ခ်က္က အေအာင္ၿမင္ဆံုး Magazine ထုတ္လုပ္ဖို ့ၾကိဳးစားရတာပါ။

အထက္မွာေၿပာခဲ့တဲ့ Game ေတြအကုန္လံုးဟာ in game 20 year မွာ သူတို ့ရဲ ့ Goal ေတြကို ၿပည့္မွီေအာင္ လုပ္ရတာၿဖစ္ၿပီး 20 year ၿပည့္တာနဲ ့ High Score တစ္ခုသတ္မွတ္ေပးပါတယ္။ Player အေနနဲ ့ ဆက္ေဆာ့လို ့ရႏိုင္ေပမယ့္ ရရွိတဲ့ point ေတြဟာ HIgh score ကို ထပ္ေပါင္းေတာ့မွာမဟုတ္ပါဘူး။ New Game ေဆာ့ရင္ေတာ့ secret character/staff ေတြေရြးခ်ယ္ခြင့္ရႏိုင္မွာၿဖစ္သလို အရင္ game ရဲ ့ stat ေတြလည္း ပါလာႏိုင္မွာၿဖစ္ပါတယ္။ အထက္မွာေၿပာခဲ့တဲ့ game ေတြအၿပင္အၿခား ေဆာ့လို ့ေကာင္းတဲ့ Oh! Edo Town ၊ Pocket Academy ၊ Venture Town စတဲ့ Game ေလးေတြလည္းရွိပါေသးတယ္။ သူတို ့ရဲ ့ Japan လိုထုတ္ထားတဲ့ game ေတြမွာလည္း game ေကာင္းေလးေတြအမ်ားၾကီးရွိၿပီး သူတို ့ရဲ ့ official site ၿဖစ္တဲ့ http://kairopark.jp/android/en/ မွာ ၀င္ေရာက္ၾကည့္ရွဳႏိုင္ပါတယ္ :)

Kairosoft ရဲ ့ game ေလးေတြဟာ Requirement အမ်ားၾကီးမလိုပဲ ဖုန္းတိုင္းနဲ ့ေဆာ့ကစားႏိုင္တာမို ့ Simulation game ေတြကို ၀ါသနာပါတဲ့ Gamer အေနနဲ ့ မသိေသးရင္ စမ္းသပ္ေဆာ့ကစားၾကည့္ဖို ့ တိုက္တြန္းလိုက္ပါတယ္ ^_^

#Genie_zin
~|Genie_zin|~

No comments:

Post a Comment